[Zawgyi]

ကိုယ့္အိမ္ကို အနက္ေရာင္ေတြနဲ႔ ဘယ္လိုျပင္ဆင္ၾကမလဲ

အနက္ေရာင္အေၾကာင္းေျပာရမယ္ဆိုရင္ေတာ့ အနက္ေရာင္ဟာ လူႀကိဳက္မ်ားသလို လူႀကိဳက္လည္းနည္းပါတယ္။ ေနရာတိုင္းမွာ သံုးေလ့မရွိသလို ေမွာင္တဲ့အေရာင္ျဖစ္တဲ့အတြက္ေၾကာင့္ အ၀တ္အစားအျပင္အဆင္ကလြဲလို႔ အိမ္တြင္းျပင္ဆင္မႈပံုစံေတြမွာ သူ႔ကို အမ်ားႀကီးေနရာေပးအသံုးျပဳေလ့မရွိပါဘူး။ ဒါေပမယ့္ အနက္ေရာင္ကို အိမ္တြင္းအျပင္အဆင္ေတြမွာ ညွပ္သံုးလိုက္မယ္ဆိုရင္ သာမန္ထက္ပိုၿပီး တင့္တယ္ခမ္းနားတဲ့အျပင္အဆင္မ်ိဳးေတြကို ရရွိႏုိင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ အိမ္တြင္းအျပင္အဆင္ကို လွပၿပီး ခမ္းနားေအာင္ အနက္ေရာင္ကို သံုးျဖစ္ေအာင္ ထည့္သံုးရပါလိမ့္မယ္ေနာ္။ ဒါေပမယ့္ သူက မ်ားလြန္းလည္းမေကာင္း၊ နည္းလြန္းလည္းမေကာင္းဆိုေတာ့ ဘယ္လုိပံုစံမ်ိဳးသံုးရင္ေကာင္းမလဲဆိုတာကေတာ့ ၾကည့္ရမွာပါပဲ။

အနက္ေရာင္ၾကမ္းျပင္ေတြ

Black Colour Floor Decoration

Black Colour Floor Decoration

အနက္ေရာင္က ၾကမ္းျပင္မွာ အလွဆင္မယ္ဆိုရင္ ေတာ္ေတာ္ခမ္းနားတဲ့အျပင္အဆင္ကို ရရွိႏုိင္ပါတယ္။ အနက္ေရာင္အျပည့္ခင္းထားတဲ့သစ္သားၾကမ္းခင္းျပင္ကို အသံုးျပဳမွာလား။ ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ အနက္ေရာင္ေကာ္ေဇာေတြခင္းၾကည့္မလား။ ဒါမွမဟုတ္လည္း ေက်ာက္ျပားေၾကြျပားအနက္ေရာင္ပဲျဖစ္ျဖစ္။ စမ္းၾကည့္ပါ။ အနက္ေရာင္က ၾကမ္းခင္းမွာဆို အဆင္ေျပၿပီး ခန္႔ညားတဲ့အေရာင္တစ္ေရာင္ပါ။

Black Colour Floor Decoration

Black Colour Floor Decoration

အနက္ေရာင္တံခါးေတြ

Black Colour Door Decoration

Black Colour Door Decoration

အနက္ေရာင္ေတြဖံုးလႊမ္းေနတာကို သေဘာမက်ဘူးဆိုရင္ေတာ့ တံခါးအနက္ေရာင္ေတြက သင့္ကို စိတ္ေက်နပ္မႈေပးေစမွာပါ။ အခန္းေတြရဲ႕ တံခါးေတြကို အနက္ေရာင္ေျပာင္ ဒါမွမဟုတ္ အနက္ေရာင္နဲ႔ မွန္နဲ႔ေရာထားတဲ့ တံခါးေတြအသံုးျပဳမယ္ဆိုရင္ေတာ့ ထူးျခားၿပီးလွပတဲ့ အသြင္အျပင္ကို ေတြ႕ရပါလိမ့္မယ္။

Black Colour Door Decoration

Black Colour Door Decoration

အနက္ေရာင္စာအုပ္စင္ေတြ

Black Colour Bookshelf Decoration

Black Colour Bookshelf Decoration

စာအုပ္စင္အနက္ေရာင္ေလးေတြကေတာ့ လူႀကိဳက္မ်ားပါတယ္။ ေနာက္ၿပီး အေရာင္စံုစာအုပ္ေတြ ထည့္သိမ္းထားဖို႔ဆိုတာ ဘာအေရာင္နဲ႔ပဲျဖစ္ျဖစ္လိုက္ဖက္တဲ့ အနက္ေရာင္ကို အသံုးျပဳေစခ်င္ပါတယ္။ အနက္ေရာင္စာအုပ္စင္ေလးေတြက တင့္တယ္တယ္။ မ်က္စိရွင္းေစတယ္။ ဒါေၾကာင့္ စာအုပ္စင္နဲ႔ အနက္ေရာင္ကေတာ့ ေျပာစရာမလိုေအာင္ လိုက္ဖက္ေနတဲ့အေရာင္တစ္ေရာင္လို႔ ေျပာရပါလိမ့္မယ္။

Black Colour Bookshelf Decoration

Black Colour Bookshelf Decoration

အနက္ေရာင္ေလွကားေတြ

Black Colour Stair Decoration

Black Colour Stair Decoration

သင့္ရဲ႕ အိမ္ သို႔မဟုတ္ ရံုးခန္းက ႏွစ္ထပ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ေလွကားေလးေတြကို အလွဆင္ဖို႔ေတာ့ လိုအပ္မယ္ေနာ္။ ေလွကားေလးေတြကို ဘယ္လိုအေရာင္မ်ိဳးေတြသံုးေလ့ရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အသားေရာင္နဲ႔ အျဖဴေရာင္ကို ေရြးခ်ယ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ေျခေထာက္နဲ႔နင္းၿပီးတက္ရတဲ့ေနရာမို႔လို႔ ညစ္ပတ္ေပေရမႈေတြကို ကာကြယ္ၿပီး ခန္႔ညားတဲ့အသြင္အျပင္ကိုလုိခ်င္တယ္ဆိုရင္ေတာ့ အနက္ေရာင္က ကူညီေပးႏုိင္ပါတယ္ေနာ္။

Black Colour Stair Decoration

Black Colour Stair Decoration

အနက္ေရာင္အလွဆင္ပစၥည္းေတြ

Black Colour Decoration Items

Black Colour Decoration Items

တစ္အိမ္လံုး တျခားအေရာင္ေတြသံုးထားလို႔ အနက္ေရာင္ကို ဘယ္နားထည့္သံုးရမွန္းမသိရင္ေတာ့ အိမ္တြင္းအလွဆင္ပစၥည္းေတြျဖစ္တဲ့ မီးအုပ္ေတြ၊ အရုပ္ေတြ၊ ပန္းခ်ီကားေတြနဲ႔ တျခားအလွဆင္ပစၥည္းေလးေတြကို အနက္ေရာင္အသံုးျပဳလုိ႔ရႏုိင္ပါေသးတယ္။ ဒါကလည္း သင့္ရဲ႕ အခန္းအေရာင္ကို ပိုၿပီးသက္၀င္လႈပ္ရွားေစလို႔ပါေနာ္။

Black Colour Decoration Items

Black Colour Decoration Items

ဒီေလာက္ဆို အခန္းတြင္အျပင္အဆင္အတြက္ အနက္ေရာင္ကို မရိုင္းေအာင္၊ မေမွာင္ေအာင္ ဘယ္လိုညွပ္သံုးရမလဲဆိုတာ သိသြားၿပီးထင္တယ္ေနာ္။ သတိေပးခ်င္တာတစ္ခုကေတာ့ အနက္ေရာင္ကို လႊမ္းေအာင္မ်ားမ်ားသံုးခ်င္တယ္ဆိုရင္ေတာ့ ျပတင္းေပါက္မ်ားမ်ားနဲ႔ လင္းေအာင္ ဒါမွမဟုတ္ မီးအလင္းေရာင္ျပည့္၀ေအာင္ လုပ္ဖို႔ေတာ့ လုိအပ္ပါတယ္။ မဟုတ္ရင္ေတာ့ ေမွာင္ကုပ္ကုပ္နဲ႔ ၾကည့္ရဆိုးပါတယ္။ ေနာက္ၿပီး အနက္ေရာင္နဲ႔တြဲသံုးခ်င္တယ္ဆိုရင္ ေရႊေရာင္၊ သစ္သားနဲ႔ အျဖဴေရာင္ေလးေတြက အတြဲညီညီလွပေစမွာပါ။

Moethaesay (Akhayar)

[Unicode]

ကိုယ့်အိမ်ကို အနက်ရောင်တွေနဲ့ ဘယ်လိုပြင်ဆင်ကြမလဲ

အနက်ရောင်အကြောင်းပြောရမယ်ဆိုရင်တော့ အနက်ရောင်ဟာ လူကြိုက်များသလို လူကြိုက်လည်းနည်းပါတယ်။ နေရာတိုင်းမှာ သုံးလေ့မရှိသလို မှောင်တဲ့အရောင်ဖြစ်တဲ့အတွက်ကြောင့် အဝတ်အစားအပြင်အဆင်ကလွဲလို့ အိမ်တွင်းပြင်ဆင်မှုပုံစံတွေမှာ သူ့ကို အများကြီးနေရာပေးအသုံးပြုလေ့မရှိပါဘူး။ ဒါပေမယ့် အနက်ရောင်ကို အိမ်တွင်းအပြင်အဆင်တွေမှာ ညှပ်သုံးလိုက်မယ်ဆိုရင် သာမန်ထက်ပိုပြီး တင့်တယ်ခမ်းနားတဲ့အပြင်အဆင်မျိုးတွေကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိမ်တွင်းအပြင်အဆင်ကို လှပပြီး ခမ်းနားအောင် အနက်ရောင်ကို သုံးဖြစ်အောင် ထည့်သုံးရပါလိမ့်မယ်နော်။ ဒါပေမယ့် သူက များလွန်းလည်းမကောင်း၊ နည်းလွန်းလည်းမကောင်းဆိုတော့ ဘယ်လိုပုံစံမျိုးသုံးရင်ကောင်းမလဲဆိုတာကတော့ ကြည့်ရမှာပါပဲ။

အနက်ရောင်ကြမ်းပြင်တွေ

Black Colour Floor Decoration

Black Colour Floor Decoration

အနက်ရောင်က ကြမ်းပြင်မှာ အလှဆင်မယ်ဆိုရင် တော်တော်ခမ်းနားတဲ့အပြင်အဆင်ကို ရရှိနိုင်ပါတယ်။ အနက်ရောင်အပြည့်ခင်းထားတဲ့သစ်သားကြမ်းခင်းပြင်ကို အသုံးပြုမှာလား။ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ အနက်ရောင်ကော်ဇောတွေခင်းကြည့်မလား။ ဒါမှမဟုတ်လည်း ကျောက်ပြားကြွေပြားအနက်ရောင်ပဲဖြစ်ဖြစ်။ စမ်းကြည့်ပါ။ အနက်ရောင်က ကြမ်းခင်းမှာဆို အဆင်ပြေပြီး ခန့်ညားတဲ့အရောင်တစ်ရောင်ပါ။

Black Colour Floor Decoration

Black Colour Floor Decoration

အနက်ရောင်တံခါးတွေ

Black Colour Door Decoration

Black Colour Door Decoration

အနက်ရောင်တွေဖုံးလွှမ်းနေတာကို သဘောမကျဘူးဆိုရင်တော့ တံခါးအနက်ရောင်တွေက သင့်ကို စိတ်ကျေနပ်မှုပေးစေမှာပါ။ အခန်းတွေရဲ့ တံခါးတွေကို အနက်ရောင်ပြောင် ဒါမှမဟုတ် အနက်ရောင်နဲ့ မှန်နဲ့ရောထားတဲ့ တံခါးတွေအသုံးပြုမယ်ဆိုရင်တော့ ထူးခြားပြီးလှပတဲ့ အသွင်အပြင်ကို တွေ့ရပါလိမ့်မယ်။

Black Colour Door Decoration

Black Colour Door Decoration

အနက်ရောင်စာအုပ်စင်တွေ

Black Colour Bookshelf Decoration

Black Colour Bookshelf Decoration

စာအုပ်စင်အနက်ရောင်လေးတွေကတော့ လူကြိုက်များပါတယ်။ နောက်ပြီး အရောင်စုံစာအုပ်တွေ ထည့်သိမ်းထားဖို့ဆိုတာ ဘာအရောင်နဲ့ပဲဖြစ်ဖြစ်လိုက်ဖက်တဲ့ အနက်ရောင်ကို အသုံးပြုစေချင်ပါတယ်။ အနက်ရောင်စာအုပ်စင်လေးတွေက တင့်တယ်တယ်။ မျက်စိရှင်းစေတယ်။ ဒါကြောင့် စာအုပ်စင်နဲ့ အနက်ရောင်ကတော့ ပြောစရာမလိုအောင် လိုက်ဖက်နေတဲ့အရောင်တစ်ရောင်လို့ ပြောရပါလိမ့်မယ်။

Black Colour Bookshelf Decoration

Black Colour Bookshelf Decoration

အနက်ရောင်လှေကားတွေ

Black Colour Stair Decoration

Black Colour Stair Decoration

သင့်ရဲ့ အိမ် သို့မဟုတ် ရုံးခန်းက နှစ်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ လှေကားလေးတွေကို အလှဆင်ဖို့တော့ လိုအပ်မယ်နော်။ လှေကားလေးတွေကို ဘယ်လိုအရောင်မျိုးတွေသုံးလေ့ရှိပါတယ်။ တော်တော်များများကတော့ အသားရောင်နဲ့ အဖြူရောင်ကို ရွေးချယ်လေ့ရှိပါတယ်။ ဒါပေမယ့် ခြေထောက်နဲ့နင်းပြီးတက်ရတဲ့နေရာမို့လို့ ညစ်ပတ်ပေရေမှုတွေကို ကာကွယ်ပြီး ခန့်ညားတဲ့အသွင်အပြင်ကိုလိုချင်တယ်ဆိုရင်တော့ အနက်ရောင်က ကူညီပေးနိုင်ပါတယ်နော်။

Black Colour Stair Decoration

Black Colour Stair Decoration

အနက်ရောင်အလှဆင်ပစ္စည်းတွေ

Black Colour Decoration Items

Black Colour Decoration Items

တစ်အိမ်လုံး တခြားအရောင်တွေသုံးထားလို့ အနက်ရောင်ကို ဘယ်နားထည့်သုံးရမှန်းမသိရင်တော့ အိမ်တွင်းအလှဆင်ပစ္စည်းတွေဖြစ်တဲ့ မီးအုပ်တွေ၊ အရုပ်တွေ၊ ပန်းချီကားတွေနဲ့ တခြားအလှဆင်ပစ္စည်းလေးတွေကို အနက်ရောင်အသုံးပြုလို့ရနိုင်ပါသေးတယ်။ ဒါကလည်း သင့်ရဲ့ အခန်းအရောင်ကို ပိုပြီးသက်ဝင်လှုပ်ရှားစေလို့ပါနော်။

Black Colour Decoration Items

Black Colour Decoration Items

ဒီလောက်ဆို အခန်းတွင်အပြင်အဆင်အတွက် အနက်ရောင်ကို မရိုင်းအောင်၊ မမှောင်အောင် ဘယ်လိုညှပ်သုံးရမလဲဆိုတာ သိသွားပြီးထင်တယ်နော်။ သတိပေးချင်တာတစ်ခုကတော့ အနက်ရောင်ကို လွှမ်းအောင်များများသုံးချင်တယ်ဆိုရင်တော့ ပြတင်းပေါက်များများနဲ့ လင်းအောင် ဒါမှမဟုတ် မီးအလင်းရောင်ပြည့်ဝအောင် လုပ်ဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ မှောင်ကုပ်ကုပ်နဲ့ ကြည့်ရဆိုးပါတယ်။ နောက်ပြီး အနက်ရောင်နဲ့တွဲသုံးချင်တယ်ဆိုရင် ရွှေရောင်၊ သစ်သားနဲ့ အဖြူရောင်လေးတွေက အတွဲညီညီလှပစေမှာပါ။

Moethaesay (Akhayar)