[Zawgyi]

ကိုယ့္စိတ္ကူးထဲကအတိုင္း စာၾကည့္စားပြဲေလးကို အလွဆင္ၾကမယ္

ကိုယ္ကိုယ္တိုင္ ေက်ာင္းသားပဲျဖစ္ေစ၊ အလုပ္လုပ္ကိုင္ေနတဲ့သူပဲျဖစ္ေနပါေစ ကိုယ့္ရဲ႕ စာၾကည့္စားပြဲေလးကို “ဒါဟာ စာအုပ္ေတြတင္ထားတဲ့ စားပြဲတစ္ခု၊ အလုပ္ဖိုင္လ္ေတြထင္ထားတဲ့စားပြဲ သက္သက္ပဲ” လို႔ သတ္မွတ္ၾကပါတယ္။ ပစၥည္းေတြတင္ထားပံုထားလို႔ရတဲ့ စားပြဲတစ္ခုဟုတ္ေပမယ့္ ကိုယ့္ရဲ႕ စာေတြ၊ ကိုယ့္ရဲ႕ အလုပ္ေတြကို တစ္ေနရာတည္းမွာ တစ္ထိုင္တည္းနဲ႔ျပီးေအာင္ အာရံုစူးစိုက္ႏိုင္ေအာင္လုပ္ေပးတဲ့ ေနရာေလးတစ္ခုပဲျဖစ္ပါတယ္။ ေတြးထားမိတဲ့ စားပြဲတစ္ခုသက္သက္ထက္ အမ်ားၾကီး တန္ဖိုးရွိပါတယ္။

ဒီလို တန္ဖိုးရွိတဲ့ေနရာေလးတစ္ခုကို အားလံုးက ျဖစ္သလို ပစ္ထားၾကပါတယ္။ အင္တာနက္က ပံုေလးေတြေတြ႔ရင္ေတာ့ အားက်ၾကျပီး တကယ္တမ္းကိုယ့္ရဲ႕ စာၾကည့္စားပြဲကို စိတ္ကူးထဲကပံုစံအတိုင္း ပံုမေဖာ္ျဖစ္ၾကပါဘူး။ ခ်က္ခ်င္းထမလုပ္ျဖစ္တာေၾကာင့္နဲ႔၊ ဘယ္လို စလုပ္ရမယ္ဆိုတာကို မသိၾကလို႔ပါ။

အခု နည္းလမး္ေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

စာၾကည့္စားပြဲ

Working Table

Working Table

အသင့္အေနအထားျမင့္တဲ့ စားပြဲကို အရင္ဆံုး ၀ယ္ဖို႔လိုအပ္ပါတယ္။ ကိုယ္အေသအခ်ာအာရံုစူးစိုက္နိုင္ဖို႔က စားပြဲအျမင့္က ကိုယ္ရဲ႕လက္တံေတာင္ဆစ္ ပံုမွန္အေနအထားတင္လို႔ရတဲ့အေနအထားမွာ ရွိေနသင့္ပါတယ္။ ဒါမွလည္း ပိုျပီး ျမန္ျမန္နဲ႔ မွန္မွန္ စာလည္း က်က္နိုင္မွာျဖစ္သလို အလုပ္လည္း ျပီးနိုင္မွာျဖစ္ပါတယ္။ ေကာ္စားပြဲနဲ႔ သံစားပြဲေတြကို မဝယ္ဖို႔ တားျမစ္ပါရေစ။ သစ္သားစာၾကည့္စားပြဲသာ ပိုတာရွည္ခံပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Book End

Book Ends

Book Ends

အမ်ားက သိၾကတာေတာ့ စာအုပ္ေထာက္တံ (Book End) ေလးေတြျဖစ္ပါတယ္။ စာအုပ္ေလးေတြကို ေထာင္ရက္ထားထားျပီး အစဘက္နဲ႔ အဆံုးဘက္ၾကားမွာ ညွပ္ထားလို႔ရပါတယ္။ မျဖစ္မေနဖတ္ရမယ့္ စာအုပ္ပဲျဖစ္ျဖစ္ မ်က္စိရွိမွာ ရွိေနမွျဖစ္တဲ့ အေရးတၾကီး ဖိုင္လ္ေတြပဲျဖစ္ျဖစ္ အလြယ္တကူ A4 ပံုးထဲ ျဖစ္သလို မထည့္ပါနဲ႔ေတာ့ေနာ္။ အဲဒီအစား Book End ေလးေတြ၊ Book Holder ေလးေတြ စားပြဲေပၚမွာထားျပီး စီစီရီရီနဲ႔ တင္ထားပါ။ မ်က္စိရွင္းျပီး ကိုယ္လိုတဲ့အခါ အခ်ိန္မေရြးရွာလို႔ရနိုင္သြားပါတယ္။

Notice Board

Notice Board

Notice Board

စာၾကည့္စားပြဲအနီးတစ္၀ိုက္မွာ Notice Board တစ္ခုထားရွိေပးပါ။ Notice Board ဆိုတာ ကတ္ထူျပားအခ်ပ္အၾကီးေပၚမွာ Pin ေလးေတြနဲ႔ ကိုယ္လုပ္စရာရွိတာ၊ ကိုယ္မွာစရာရွိတဲ့ Notes ေလးေတြကို စိုက္ထားလို႔ရတဲ့ Board ေလးပဲျဖစ္ပါတယ္။ ဒီလုိထားျခင္းက ကိုယ္လုပ္စရာရွိတာေတြကို Notebooks ေပါင္းစံုမွာ ရႈပ္ပြေနေအာင္မွတ္ေနစရာမလုိေတာ့ဘူးေလ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Stationary Stand

stationary-stand

Stationary Stand

စာေရးကိရိယာေတြ စာအုပ္ေတြေရာ၊ Notes ေတြေရာ စုျပံဳျပီး ထားမလုိ႔လား? အဲဒီလိုဆိုရင္ မ်က္စိရႈပ္ျပီး အာရံုစိုက္နိုင္မွာ မဟုတ္ေတာ့ဘူးေနာ္။ ဒီအတြက္ ကိုယ္စာၾကည့္စားပြဲရဲ႕ နံရံမွာ Stationary Stand အေသးေလး ရိုက္ျပီးတင္ထားလိုက္ပါ။ စာေရးကိရိယာေလးေတြကို အဲဒီ Stand ေလးေပၚတင္ထားျပီး လိုတဲ့အခ်ိန္ေလာက္မွ ထယူပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ စားပြဲေပၚမွာ မ်က္စိလည္း ရႈပ္မေနေတာ့ဘူး။ ကိုယ့္စားပြဲက သပ္ရပ္ျပီး လွပေနမွာ။

စာအုပ္ေတြေရာ၊ စာေရးကိရိယာနဲ႔ Notes ေတြ အားလံုးကို ရွင္းျပီးသြားရင္ေတာ့ စားပြဲေပၚမွာ ရွင္းျပီးသေလာက္ျဖစ္သြားမွာပါ။ ဘာမွ က်န္ေတာ့မယ္မထင္ပါဘူး။ အဲဒီအခ်ိန္က်ရင္ ကိုယ္လုပ္စရာရွိတဲ့စာ (သို႔) လုပ္စရာရွိတဲ့ အလုပ္ကိစၥကိုသာ အာရံုစူးစူးစိုက္စိုက္နဲ႔ လုပ္နိုင္မွာျဖစ္ပါတယ္။

အခုေျပာျပေပးခ်င္တာကေတာ့ Additional Tips ေလးပါ။ စာလုပ္တဲ့အခါ၊ အလုပ္လုပ္တဲ့အခါ အိပ္ငိုက္တတ္တဲ့သူေတြရွိခဲ့ရင္ စားပြဲေပၚမွာ ခ်ိဳခ်ဥ္ဘူးအေသးေလးနဲ႔ စားပြဲတင္စိုက္လို႔ရနိုင္တဲ့ အပင္ေလးကို ထားထား ေပးပါ။ အပင္ေလးကထုတ္တဲ့ ေအာက္ဆီဂ်င္ေလးက အိပ္ခ်င္တဲ့စိတ္ကို ေျဖေဖ်ာက္ေပးပါလိမ့္မယ္။ စိတ္ကိုလည္း အာရံုစိုက္မႈပိုေကာင္းေအာင္ ဖန္တီးေပးနိုင္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Photo Source : pinterest.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်စိတ်ကူးထဲကအတိုင်း စာကြည့်စားပွဲလေးကို အလှဆင်ကြမယ်

ကိုယ်ကိုယ်တိုင် ကျောင်းသားပဲဖြစ်စေ၊ အလုပ်လုပ်ကိုင်နေတဲ့သူပဲဖြစ်နေပါစေ ကိုယ့်ရဲ့ စာကြည့်စားပွဲလေးကို “ဒါဟာ စာအုပ်တွေတင်ထားတဲ့ စားပွဲတစ်ခု၊ အလုပ်ဖိုင်လ်တွေထင်ထားတဲ့စားပွဲ သက်သက်ပဲ” လို့ သတ်မှတ်ကြပါတယ်။ ပစ္စည်းတွေတင်ထားပုံထားလို့ရတဲ့ စားပွဲတစ်ခုဟုတ်ပေမယ့် ကိုယ့်ရဲ့ စာတွေ၊ ကိုယ့်ရဲ့ အလုပ်တွေကို တစ်နေရာတည်းမှာ တစ်ထိုင်တည်းနဲ့ပြီးအောင် အာရုံစူးစိုက်နိုင်အောင်လုပ်ပေးတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ တွေးထားမိတဲ့ စားပွဲတစ်ခုသက်သက်ထက် အများကြီး တန်ဖိုးရှိပါတယ်။

ဒီလို တန်ဖိုးရှိတဲ့နေရာလေးတစ်ခုကို အားလုံးက ဖြစ်သလို ပစ်ထားကြပါတယ်။ အင်တာနက်က ပုံလေးတွေတွေ့ရင်တော့ အားကျကြပြီး တကယ်တမ်းကိုယ့်ရဲ့ စာကြည့်စားပွဲကို စိတ်ကူးထဲကပုံစံအတိုင်း ပုံမဖော်ဖြစ်ကြပါဘူး။ ချက်ချင်းထမလုပ်ဖြစ်တာကြောင့်နဲ့၊ ဘယ်လို စလုပ်ရမယ်ဆိုတာကို မသိကြလို့ပါ။

အခု နည်းလမ်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

စာကြည့်စားပွဲ

Working Table

Working Table

အသင့်အနေအထားမြင့်တဲ့ စားပွဲကို အရင်ဆုံး ဝယ်ဖို့လိုအပ်ပါတယ်။ ကိုယ်အသေအချာအာရုံစူးစိုက်နိုင်ဖို့က စားပွဲအမြင့်က ကိုယ်ရဲ့လက်တံတောင်ဆစ် ပုံမှန်အနေအထားတင်လို့ရတဲ့အနေအထားမှာ ရှိနေသင့်ပါတယ်။ ဒါမှလည်း ပိုပြီး မြန်မြန်နဲ့ မှန်မှန် စာလည်း ကျက်နိုင်မှာဖြစ်သလို အလုပ်လည်း ပြီးနိုင်မှာဖြစ်ပါတယ်။ ကော်စားပွဲနဲ့ သံစားပွဲတွေကို မဝယ်ဖို့ တားမြစ်ပါရစေ။ သစ်သားစာကြည့်စားပွဲသာ ပိုတာရှည်ခံပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Book End

Book Ends

Book Ends

အများက သိကြတာတော့ စာအုပ်ထောက်တံ (Book End) လေးတွေဖြစ်ပါတယ်။ စာအုပ်လေးတွေကို ထောင်ရက်ထားထားပြီး အစဘက်နဲ့ အဆုံးဘက်ကြားမှာ ညှပ်ထားလို့ရပါတယ်။ မဖြစ်မနေဖတ်ရမယ့် စာအုပ်ပဲဖြစ်ဖြစ် မျက်စိရှိမှာ ရှိနေမှဖြစ်တဲ့ အရေးတကြီး ဖိုင်လ်တွေပဲဖြစ်ဖြစ် အလွယ်တကူ A4 ပုံးထဲ ဖြစ်သလို မထည့်ပါနဲ့တော့နော်။ အဲဒီအစား Book End လေးတွေ၊ Book Holder လေးတွေ စားပွဲပေါ်မှာထားပြီး စီစီရီရီနဲ့ တင်ထားပါ။ မျက်စိရှင်းပြီး ကိုယ်လိုတဲ့အခါ အချိန်မရွေးရှာလို့ရနိုင်သွားပါတယ်။

Notice Board

Notice Board

Notice Board

စာကြည့်စားပွဲအနီးတစ်ဝိုက်မှာ Notice Board တစ်ခုထားရှိပေးပါ။ Notice Board ဆိုတာ ကတ်ထူပြားအချပ်အကြီးပေါ်မှာ Pin လေးတွေနဲ့ ကိုယ်လုပ်စရာရှိတာ၊ ကိုယ်မှာစရာရှိတဲ့ Notes လေးတွေကို စိုက်ထားလို့ရတဲ့ Board လေးပဲဖြစ်ပါတယ်။ ဒီလိုထားခြင်းက ကိုယ်လုပ်စရာရှိတာတွေကို Notebooks ပေါင်းစုံမှာ ရှုပ်ပွနေအောင်မှတ်နေစရာမလိုတော့ဘူးလေ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Stationary Stand

stationary-stand

Stationary Stand

စာရေးကိရိယာတွေ စာအုပ်တွေရော၊ Notes တွေရော စုပြုံပြီး ထားမလို့လား? အဲဒီလိုဆိုရင် မျက်စိရှုပ်ပြီး အာရုံစိုက်နိုင်မှာ မဟုတ်တော့ဘူးနော်။ ဒီအတွက် ကိုယ်စာကြည့်စားပွဲရဲ့ နံရံမှာ Stationary Stand အသေးလေး ရိုက်ပြီးတင်ထားလိုက်ပါ။ စာရေးကိရိယာလေးတွေကို အဲဒီ Stand လေးပေါ်တင်ထားပြီး လိုတဲ့အချိန်လောက်မှ ထယူပါ။ ဒီလိုလုပ်ခြင်းအားဖြင့် စားပွဲပေါ်မှာ မျက်စိလည်း ရှုပ်မနေတော့ဘူး။ ကိုယ့်စားပွဲက သပ်ရပ်ပြီး လှပနေမှာ။

စာအုပ်တွေရော၊ စာရေးကိရိယာနဲ့ Notes တွေ အားလုံးကို ရှင်းပြီးသွားရင်တော့ စားပွဲပေါ်မှာ ရှင်းပြီးသလောက်ဖြစ်သွားမှာပါ။ ဘာမှ ကျန်တော့မယ်မထင်ပါဘူး။ အဲဒီအချိန်ကျရင် ကိုယ်လုပ်စရာရှိတဲ့စာ (သို့) လုပ်စရာရှိတဲ့ အလုပ်ကိစ္စကိုသာ အာရုံစူးစူးစိုက်စိုက်နဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။

အခုပြောပြပေးချင်တာကတော့ Additional Tips လေးပါ။ စာလုပ်တဲ့အခါ၊ အလုပ်လုပ်တဲ့အခါ အိပ်ငိုက်တတ်တဲ့သူတွေရှိခဲ့ရင် စားပွဲပေါ်မှာ ချိုချဉ်ဘူးအသေးလေးနဲ့ စားပွဲတင်စိုက်လို့ရနိုင်တဲ့ အပင်လေးကို ထားထား ပေးပါ။ အပင်လေးကထုတ်တဲ့ အောက်ဆီဂျင်လေးက အိပ်ချင်တဲ့စိတ်ကို ဖြေဖျောက်ပေးပါလိမ့်မယ်။ စိတ်ကိုလည်း အာရုံစိုက်မှုပိုကောင်းအောင် ဖန်တီးပေးနိုင်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Photo Source : pinterest.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။