[Zawgyi]

Crush က ျပန္မႀကိဳက္ရင္ ဘယ္လိုေျဖသိမ့္ရမလဲ…

ေပးဆပ္ခ်စ္တာကမွ အခ်စ္စစ္လို႔ လက္ခံထားသူေတြအတြက္ေတာ့ ပိုင္ဆိုင္ရယူခြင့္မရရင္ေတာင္ အေဝးက ခ်စ္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ ကိုယ္မခ်စ္တဲ့သူက ကိုယ့္ကိုျပန္မခ်စ္ရင္ အနည္းနဲ႔အမ်ားေတာ့ ခံစားရမွာပါပဲ။ အထူးသျဖင့္ အခ်စ္ဆိုတာ ပိုင္ဆိုင္ရယူျခင္းလို႔ လက္ခံထားသူအတြက္ေတာ့ ကိုယ့္ရဲ႕ Crush ေလးက ကိုယ့္ကိုျပန္မေၾကြရင္ အသည္းကြဲတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ Crush က သင့္ကိုျပန္မႀကိဳက္ဘူးဆိုရင္ အသည္းကြဲေနမယ့္အစား အခုေဖာ္ျပေပးမယ့္အခ်က္ေတြအတုိင္း ေျဖသိမ့္လိုက္ပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

(၁) အေျဖမရွာပါနဲ႔ေတာ့

သင့္ကိုျပန္မႀကိဳက္ႏုိင္တာကို လက္ခံႏုိင္ရပါမယ္။ ဘာ့ေၾကာင့္မႀကိဳက္တာလဲ၊ ငါဘာခ်ိဳ႕ယြင္းခ်က္ရွိေနလို႔လဲဆိုၿပီး ေလွ်ာက္ေတြးမေနပါနဲ႔။ လူတစ္ဦးနဲ႔တစ္ဦးက အႀကိဳက္ခ်င္းမတူတဲ့အတြက္ ဒါမွမဟုတ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင့္ကိုုျပန္မခ်စ္ႏုိင္တာကို အေျဖရွာေတြးၿပီး ေဆြးမေနသင့္ပါဘူး။ သူျပန္မခ်စ္တာကို အတင္းလုပ္ယူခ်စ္ခုိင္းၿပီး မရရေအာင္ယူတာမ်ိဳး မႀကိဳးစားေတာ့ဘဲ လက္ခံႏုိင္ေအာင္ ႀကိဳးစားပါ။

(၂) ကိစၥရပ္တုိင္းနဲ႔မေရာလိုက္ပါနဲ႔

Crush က ျပန္မႀကိဳက္တာနဲ႔ပဲ အရာရာတုိင္းကို အဆိုးျမင္လာတဲ့အခါ လူမႈဆက္ဆံေရးပိုင္းမွာလည္း အခက္အခဲေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ ကိစၥရပ္တုိင္းကို ေရာေတြးပစ္တာမ်ိဳး မျပဳလုပ္သင့္ပါဘူး။ Crush က ျပန္မခ်စ္လို႔ သူ႔ရဲ႕သူငယ္ခ်င္းေတြကို ျပႆနာလိုက္ရွာတာ၊ သူ႔အသိုင္းအဝိုင္းကို အေႏွာင့္အယွက္လိုက္ေပးတာက စိတ္ဓာတ္ေပ်ာ့ညံ႔သူေတြရဲ႕ လုပ္ရပ္ပါ။

(၃) အမွန္တရားကိုလက္ခံပါ

Crush က ျပန္မခ်စ္လို႔ ရွက္ရြံ႕တာ၊ မာနထိခိုက္သြားတယ္ဆိုတာမ်ိဳး အေတြးဝင္ၿပီး ေပါက္ကြဲမေနဘဲ ငိုခ်လိုက္ပါ။ တစ္ခ်ိဳ႕က အသည္းကြဲသြားတာကို ဟန္ေဆာင္ၿပီး မာနႀကီးေနတတ္ပါတယ္။ ဒါက သင့္ကို ပိုခံစားရေစပါတယ္။ ဒါေၾကာင့္ ခံစားရတဲ့အတိုင္း ငိုခ်လိုက္ၿပီး ေမ့ပစ္သင့္တာကို ေမ့လိုက္ပါေတာ့။

(၄) အေဆြးဒရာမာဇုန္ထဲကရုန္းထြက္ပါ

သူကိုယ့္ကို ျပန္မခ်စ္ႏုိင္တဲ့အေၾကာင္းကိုပဲ မၾကာခဏဆိုသလို ေတြးေတာၿပီး ဝမ္းနည္းေနတဲ့ အေျခအေနကေန ရုန္းထြက္ႏုိင္ေအာင္ ႀကိဳးစားပါ။ ဒီစိတ္နဲ႔သြား ဒီစိတ္နဲ႔စား လုပ္ေနရင္ သင့္ရဲ႕ လူမႈဆက္ဆံေရးကိုလည္း ထိခိုက္လာႏုိင္ပါတယ္။ ဒီအေၾကာင္းအရာကိုပဲ ထပ္တလဲလဲေတြးၿပီး အေဆြးဇာတ္မခင္းခ်င္ပါနဲ႔ေနာ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၅) မိမိကုိယ္ကုိယံုၾကည္မႈရွိပါ

သူက ကိုယ့္ကိုျပန္မခ်စ္ရံုနဲ႔ ဘဝပ်က္သြားတာ မဟုတ္ပါဘူး။ တျခားသူေတြကို မခ်စ္ရဲေတာ့တာမ်ိဳး၊ တစ္ေယာက္ထဲပဲေနေတာ့မယ္လို႔ ေတြးေနမိတယ္ဆိုရင္ေတာ့ သင္က မိမိကိုယ္ကုိ ယံုၾကည္မႈေလ်ာ့နည္းသြားတဲ့သူ ျဖစ္သြားပါၿပီ။ ဒ့ါေၾကာင့္ မိမိကိုယ္ကိုယံုၾကည္မႈအျပည့္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဘဝကိုေရွ႕ဆက္သြားပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Crush က ပြန်မကြိုက်ရင် ဘယ်လိုဖြေသိမ့်ရမလဲ…

ပေးဆပ်ချစ်တာကမှ အချစ်စစ်လို့ လက်ခံထားသူတွေအတွက်တော့ ပိုင်ဆိုင်ရယူခွင့်မရရင်တောင် အဝေးက ချစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်မချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်ရင် အနည်းနဲ့အများတော့ ခံစားရမှာပါပဲ။ အထူးသဖြင့် အချစ်ဆိုတာ ပိုင်ဆိုင်ရယူခြင်းလို့ လက်ခံထားသူအတွက်တော့ ကိုယ့်ရဲ့ Crush လေးက ကိုယ့်ကိုပြန်မကြွေရင် အသည်းကွဲတတ်ကြပါတယ်။ ဒါ့ကြောင့် Crush က သင့်ကိုပြန်မကြိုက်ဘူးဆိုရင် အသည်းကွဲနေမယ့်အစား အခုဖော်ပြပေးမယ့်အချက်တွေအတိုင်း ဖြေသိမ့်လိုက်ပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

(၁) အဖြေမရှာပါနဲ့တော့

သင့်ကိုပြန်မကြိုက်နိုင်တာကို လက်ခံနိုင်ရပါမယ်။ ဘာ့ကြောင့်မကြိုက်တာလဲ၊ ငါဘာချို့ယွင်းချက်ရှိနေလို့လဲဆိုပြီး လျှောက်တွေးမနေပါနဲ့။ လူတစ်ဦးနဲ့တစ်ဦးက အကြိုက်ချင်းမတူတဲ့အတွက် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သင့်ကိုုပြန်မချစ်နိုင်တာကို အဖြေရှာတွေးပြီး ဆွေးမနေသင့်ပါဘူး။ သူပြန်မချစ်တာကို အတင်းလုပ်ယူချစ်ခိုင်းပြီး မရရအောင်ယူတာမျိုး မကြိုးစားတော့ဘဲ လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ကိစ္စရပ်တိုင်းနဲ့မရောလိုက်ပါနဲ့

Crush က ပြန်မကြိုက်တာနဲ့ပဲ အရာရာတိုင်းကို အဆိုးမြင်လာတဲ့အခါ လူမှုဆက်ဆံရေးပိုင်းမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိစ္စရပ်တိုင်းကို ရောတွေးပစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ Crush က ပြန်မချစ်လို့ သူ့ရဲ့သူငယ်ချင်းတွေကို ပြဿနာလိုက်ရှာတာ၊ သူ့အသိုင်းအဝိုင်းကို အနှောင့်အယှက်လိုက်ပေးတာက စိတ်ဓာတ်ပျော့ညံ့သူတွေရဲ့ လုပ်ရပ်ပါ။

(၃) အမှန်တရားကိုလက်ခံပါ

Crush က ပြန်မချစ်လို့ ရှက်ရွံ့တာ၊ မာနထိခိုက်သွားတယ်ဆိုတာမျိုး အတွေးဝင်ပြီး ပေါက်ကွဲမနေဘဲ ငိုချလိုက်ပါ။ တစ်ချို့က အသည်းကွဲသွားတာကို ဟန်ဆောင်ပြီး မာနကြီးနေတတ်ပါတယ်။ ဒါက သင့်ကို ပိုခံစားရစေပါတယ်။ ဒါကြောင့် ခံစားရတဲ့အတိုင်း ငိုချလိုက်ပြီး မေ့ပစ်သင့်တာကို မေ့လိုက်ပါတော့။

(၄) အဆွေးဒရာမာဇုန်ထဲကရုန်းထွက်ပါ

သူကိုယ့်ကို ပြန်မချစ်နိုင်တဲ့အကြောင်းကိုပဲ မကြာခဏဆိုသလို တွေးတောပြီး ဝမ်းနည်းနေတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ ဒီစိတ်နဲ့သွား ဒီစိတ်နဲ့စား လုပ်နေရင် သင့်ရဲ့ လူမှုဆက်ဆံရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ဒီအကြောင်းအရာကိုပဲ ထပ်တလဲလဲတွေးပြီး အဆွေးဇာတ်မခင်းချင်ပါနဲ့နော်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၅) မိမိကိုယ်ကိုယုံကြည်မှုရှိပါ

သူက ကိုယ့်ကိုပြန်မချစ်ရုံနဲ့ ဘဝပျက်သွားတာ မဟုတ်ပါဘူး။ တခြားသူတွေကို မချစ်ရဲတော့တာမျိုး၊ တစ်ယောက်ထဲပဲနေတော့မယ်လို့ တွေးနေမိတယ်ဆိုရင်တော့ သင်က မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းသွားတဲ့သူ ဖြစ်သွားပါပြီ။ ဒ့ါကြောင့် မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုရှေ့ဆက်သွားပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။