[Zawgyi]
Primer
CC Cream
Chanel CC Cream
Chanel CC Cream
Concealer
Setting Powder
Transcend Myanmar
Transcend Myanmar
Highlight
  • Prismatic Amethyst
Redrose (Akhayar)
www.akhayar.com
[Unicode]
Trend ဖြစ်လာတဲ့ Unicorn Makeup Look လိမ်းခြယ်နည်း
မိန်းကလေးတွေအားလုံးက Makeup ကို ပိုပြီး လိမ်းခြယ်လာကြတယ်။ လိမ်းခြယ်လာတာထက် လိုက်စားလာကြတယ်ဆိုပိုပြီးမှန်ပါလိမ့်မယ်။ တကယ်တမ်း Makeup ဆိုတာ Art တစ်ခုပါပဲ။ Canvas မှာ ကိုယ့်အတွေးထဲကစိတ်ကူးအတိုင်းကို လိုချင်တဲ့ ဆေးအရောင်ရအောင် ရေးစပ်ပြီး အနုစိတ်ရေးဆွဲသလိုပဲ Makeup လိမ်းတယ်ဆိုတာလည်း ကိုယ့်စိတ်တိုင်းကျ အနုစိတ်လိမ်းခြယ်ကြတာပဲဖြစ်ပါတယ်။ Makeup ဆိုတာ လိမ်းခြယ်ရမှဖြစ်မှာမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ပျိုမေလေးတွေအားလုံးက ကိုယ်ရဲ့ အလှကို ကိုယ်ဖော်ကြူးချင်ခဲ့တဲ့အတွက် Makeup ကိုလိမ်းခြယ်ကြပါတယ်။
ဒီလိုမျိုး လိမ်းခြယ်လာရာကနေ တဖြည်းဖြည်းနဲ့ Makeup Look တွေက ပိုပြီး Art ဆန်လို့လာတယ်။ ဖန်တီးမှုလက်ရာတွေပိုကောင်းလာတယ်။ ဒီလို Flawless Makeup Look ၊ Prom Makeup Look ၊ Drug Queen Makeup Look တွေအပြင် အဆုံးအစွန် Special FX Makeup Look တွေပါရှိပါတယ်။ ဒီထဲမှာမှ Unicorn Makeup Look ဟာပိုပြီး Trend ဖြစ်လို့နေတယ်။
ဒီအတွက် Unicorn Makeup Look တွေကို Quality ကောင်းကောင်းနဲ့ Makeup အသားညပ်နေအောင် ဘယ်လို Makeup Products လေးတွေ လိမ်းရမယ်ဆိုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Primer
Becca First Light Priming Filter
Becca First Light Priming Filter
Makeup ကို အရင်စမလိမ်းခင်မှာ Primer ကိုအရင်ခံလိမ်းဖို့လိုအပ်ပါတယ်။ ဒီအတွက် Becca First Light Priming Filter ကိုလိမ်းပါ။ သူက Shimmer လေးတွေပါဝင်တယ်။ ပါဝင်တဲ့ Shimmer လေးတွေက ခရမ်းရောင်လေးတွေသန်းနေတဲ့အတွက် Makeup မလိမ်းခင် ကိုယ့်ရဲ့ အသားအရေလေးက Unicorn Skin လေးဖြစ်နှင့်ပြီးပါပြီ။
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်
CC Cream
Chanel CC Cream
Chanel CC Cream
Unicorn Makeup Look ရဖို့အတွက် Sheer Foundation ကိုလိမ်းတာက ပိုပြီးအလှပေါ်စေပါတယ်။ လိမ်းနေကျ Full Coverage Foundation ကိုလိမ်းလိုက်မယ်ဆိုရင် အောက်ခံ Makeup ကထူနေတဲ့အတွက် Unicorn Look ကို မရစေပါဘူး။ ဒီအတွက် CC Cream ထဲမှာ အကောင်းဆုံးနဲ့ Sheer ဖြစ်ပြီး Glow ဖြစ်စေတဲ့ Brand ကို ညွှန်းပေးပါဆိုရင် Chanel CC Cream ကို ညွှန်းပေးပါရစေ။ သူက Glow အရမ်းဖြစ်လွန်းတဲ့အတွက် Dry Skin သမားတွေအတွက် သင့်တော်ပါတယ်။ Oily Skin သမားတွေလိမ်းမယ်ဆိုရင်တော့ Primer ခံလိမ်းတာ ပိုအဆင်ပြေပါတယ်။
Concealer
Full Coverage Concealer
Full Coverage Concealer
တစ်ချို့လူတွေ ဝက်ခြံနဲ့ အမည်းစက်တွေရှိနေတဲ့သူတွေအတွက် CC Cream လိမ်းပြီးတာနဲ့ Concealer ကိုအသုံးပြုပေးပါ။ Concealer ကိုအသုံးပြုတဲ့အခါ Full Coverage ပေးနိုင်တဲ့ Concealer ကို အသုံးပြုပြီး Sponge နဲ့ သာ ပုတ်ပုတ်ပြီး ဖြီပေးပါ။ အဲဒါဆိုရင် Full Coverage Foundation ကို မလိမ်းလည်းပဲ ဝက်ခြံတွေကို မမြင်ရနိုင်တော့ဘူးလေ။
Setting Powder
MAC Mineralize Skinfinish Natural
MAC Mineralize Skinfinish Natural
ဒီ Makeup Look မှာ Baking လုပ်ဖို့အရမ်းမလိုလှပါဘူး။ Translucent Setting Powder လို့ခေါ်တဲ့ အရောင်မပါတဲ့ ပေါင်ဒါအမှုန့်ကိုသာအသုံးပြုပေးပါ။ MAC Mineralize Skinfinish Natural ဟာ Translucent အဖြစ်ဆုံး Setting Powder ဆိုပြီး နိုင်ငံကောျ် Beauty Blogger များကတောင် Recommend ပေးထားတဲ့ Setting Powder ဖြစ်ပါတယ်။
Transcend Myanmar
Transcend Myanmar
Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်
Highlight
Too Faced Rainbow Strobe Highlighter
Too Faced Rainbow Strobe Highlighter
အရေးအကြီးဆုံး အခန်းကဏ္ဍကိုရောက်လာပါပြီ။ Highlight ဟာ Unicorm Makeup Look ရဲ့ အသက်လို့တောင်ပြောလို့ရပါတယ်။ Pink Shade ၊ Purple Shade ၊ Green Shade တို့ပါဝင်တဲ့ Highlight Color များနဲ့ လိမ်းခြယ်တာဟာ ကိုယ့်ရဲ့ Unicorn Makeup Look ကို တစ်ခဏအတွင်း ပေါ်စေပါတယ်။ Highlight မှာ Liquid Type ၊ Cream Type နဲ့ Powder Type ဆိုပြီး သုံးမျျိုးရှိပါတယ်။ အဲလို သုံးမျိုးရှိတဲ့အထဲမှာမှ ဒီ Brand တွေက Rating အတက်ဆုံးဖြစ်လို့နေပါတယ်။
  • Becca Shimmering Skin Perfector Pressed in
  • Prismatic Amethyst
  • Kat Von D Alchemist Holographic Palette
  • Zoeva Winter Strobe Spectrum Palette
  • Anastasia Beverly Hill Moonchild Glow Kit
  • Too Faced Rainbow Strobe Highlighter
  • Stila Heaven’s Hue Highlighter in Transcendence
Eye Makeup ကတော့ ကိုယ့်စိတ်ကြိုက်ခြယ်သနိုင်ပါတယ်။ ကျန်တဲ့ Makeup တွေအားလုံးလိမ်းခြယ်ပြီးရင်တော့ Makeup Setting Spray ကို ဖြန်းပေးဖို့မမေ့ပါနဲ့။ နောက်ဆုံးအဆင့်မှာလည်း ထိုနည်းတူပဲ Shimmer ပါတဲ့ Makeup Setting Spray ကို ဖြန်းပေးပါ။ ဘယ် Brand ကို အသုံးပြုရမလဲဆိုရင် MAC ရဲ့ Collection အသစ်တစ်ခုဖြစ်တဲ့ PREP + PRIME FIX+ (SHIMMER) ကို အသုံးပြုလိုက်ပါ။ သူ့ကို ရောင်းချနေတဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆ကျပ်ရှိပါတယ်။
ကဲ… အဲဒါဆိုရင်တော့ အရမ်းကို Trend ဖြစ်နေတဲ့ Unicorn Makeup Look လေးကို ခြယ်သနိုင်ပါပြီ။ အခုလိုမျိုးပဲ တင်စေချင်တဲ့ Makeup Look လေးရှိရင်လည်း စာလေးချန်ခဲ့ပေးပါဦးနော်။ Unicorn Crazy ဖြစ်တဲ့ ကိုယ့်သူငယ်ချင်းတွေရှိရင်လည်း လက်တို့လိုက်ကြဦးနော်။
Redrose (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။