Akhayar-Tech ရဲ့ Fans တွေအတွက် ဒီတစ်ခေါက်မှာတော့ ကိုယ်ပိုင် Website တစ်ခုကို အခမဲ့ဘယ်လိုဖန်တီးနိုင်မလဲဆိုတဲ့နည်းလမ်းလေးဝေမျှပေးသွားမှာပါ။
“ဘာကြောင့် ကိုယ်ပိုင် Website တစ်ခုလုပ်ကြည့်သင့်တာလဲ” နည်းပညာကို စိတ်ဝင်စားတဲ့သူတစ်ယောက်အနေနဲ့ Website တစ်ခုတော့ ဖန်တီးဘူးမယ်၊ ကိုယ့်ရဲ့ နည်းပညာမှတ်စုတွေပဲကိုသိမ်းထားဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်ဟာ ခရီးသွားတစ်ဦးဖြစ်နေလို့ ကိုယ့်ရဲ့ခရီးသွားမှတ်တမ်းအတွေ့အကြုံတွေဝေမျှထားချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်နေလို့ ကိုယ့်ရဲ့ဆေးပညာဆိုင်ရာမှတ်တမ်းတွေ နဲ့ အတွေ့အကြုံတွေကိုဝေမျှသိမ်းဆည်းထားချင်ရင်ပဲဖြစ်ဖြစ် စတဲ့ အချိန်မရွေးပြန်ကြည့်နိုင်မယ့် Data တွေကို Website ပေါ်မှာသိမ်းဆည်းနိုင်ပါတယ်။ Facebook ပေါ်မှာလည်းအလွယ်တစ်ကူသိမ်းလို့ရတယ်ဆိုပေမယ့် ကိုယ့် Website ပေါ်မှာ ကိုယ်စိတ်ထဲကဖြစ်ချင်တဲ့အတိုင်း မှတ်စုတွေကို ခင်းကျင်းပြသနိုင်တာ ကိုယ့်စိတ်ကြိုက် Color နဲ့ Format တွေပြောင်းလဲဖော်ပြနိုင်တာ၊ ဓါတ်ပုံနဲ့ Video တွေကို အစီအစဉ်တကျ Quality ကောင်းကောင်းနဲ့ စနစ်တကျဖော်ပြနိုင်တာဟာ Website တွေရဲ့အားသာချက်တစ်ခုပါ။

ဒီတော့ Website နဲ့ပတ်သက်တဲ့ အဓိကအားသာချက်တွေကိုသိပြီးတဲ့အခါ ကိုယ်တိုင်အသုံးချနိုင်ဖို့အတွက် Subdomain Site လိပ်စာတွေကိုညွှန်ပြပေးသွားမှာပါ။

အခမဲ့ပြုလုပ်နိုင်တဲ့ Website တွေကရှာနိုင်သလောက်ရှိပေမယ့် တစ်ကယ်တမ်းရေရှည်အသုံးပြုလို့အဆင်ပြေပြီး User တွေအတွက်လည်း အလွယ်တကူသုံးနိုင်အောင်လုပ်ပေးထားတဲ့ Site တွေကတော့နည်းနည်းရှားပါတယ်။ အဲ့ထဲကမှ ကျနော်တို့အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် ဆိုဒ်တချို့ကတော့

WordPress.com
blogger.com (Google Blog)
weebly.com ဆိုတဲ့ ဆိုဒ် ၃ဆိုဒ်ပါ။

WordPress

WordPress ကတော့ ကမ္ဘာပေါ်မှာလူသုံးအများဆုံး easy to use CMS Site တစ်ခုပါ။ CMS ဆိုတာကတော့ Content Management System ကိုပြောတာပါ။ WordPress မှာ အခမဲ့ ဆိုဒ်တွေ Subdomain နဲ့ဖန်တီးနိုင်သလို လွတ်လပ်တဲ့ကိုယ်ပိုင် Domain တစ်ခုဝယ်ယူပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအပိုင်းကိုတော့ နောက်တစ်ခေါက်မှာ အသေးစိတ်ထပ်ရှင်းပြပေးပါမယ်။ WordPress Website ကိုအသုံးပြုဖို့အတွက် https://login.wordpress.com မှာ Email အကောင့်နဲ့ Sign-Up ပြုလုပ်ပြီးအလွယ်တစ်ကူ Website တစ်ခုပြုလုပ်နိုင်ပါတယ်။ Theme တွေအများကြီးစိတ်ကြိုက်ရွေးချယ်နိုင်သလို Customize ထဲကနေလည်း Real Time ပြင်ဆင်နိုင်တာကြောင့် ဘာ Code အကြောင်းမှနားမလည်ဘူးဆိုရင်တောင် အလွယ်တစ်ကူအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် https://www.wpbeginner.com/ လို အခုမှစသုံးမယ့်သူတွေအတွက် လိုလေသေးမရှိရှာဖွေနိုင်တဲ့ Support Forum တွေလည်းရှိသေးတာကြောင့် အခက်အခဲရှိတဲ့အခါမှာလည်းဝင်ရောက်မေးမြန်းဆွေးနွေးနိုင်ပါသေးတယ်။

Blogger.com


Blogger ဆိုတာကတော့ Google ရဲ့ဝန်ဆောင်မှုတစ်ခုပါပဲ။ Website တစ်ခုဖြစ်ပေမယ့် Google Blog လို့လည်းလူသိများပါတယ်။ သူကတော့ ကိုယ်ပိုင် Site တစ်ခုဖန်တီးဖို့အတွက် ထွေထွေထူးထူးဘာမှမလိုပါဘူး။ Google Account တစ်ကောင့်ရှိရုံနဲ့ Blog Site ပေါင်းများစွာကိုစိတ်ကြိုက်ဖွင့်နိုင်ပါတယ်။ သူလည်းပဲ Theme တွေစုံစုံလင်လင်နဲ့ ကိုယ်လေ့လာအားကောင်းရင်ကောင်းသလောက် စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ HTML Code တွေကိုစိတ်ကြိုက်ပြင်ဆင်ပြီး Theme တွေကို Customize လုပ်နိုင်ပါသေးတယ်။ ကုဒ်တွေအကြောင်းဘာမှ နားမလည်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ Facebook မှာ Post တင်သလောက်ပဲ လွယ်ကူပါတယ်။

Weebly.com


သူကတော့ လုပ်ပိုင်ခွင့်နည်းပေမယ့် အသုံးပြုရတာ အလွယ်ဆုံးဆိုဒ်တစ်ခုပါ။ Drag & Drop နည်းလမ်းနဲ့အလွယ်တစ်ကူ Site ရဲ့ UI ကိုပြင်ဆင်နိုင်ပါတယ်။ Free ပေးထားပေမယ့် အရမ်းအသုံးဝင်တဲ့ Plugin တွေပါပြီးသားပါ။ Paid Feature တွေလည်းပါဝင်ပြီး ကိုယ်ပိုင် Domain တစ်ခုကိုလည်းအလွယ်တစ်ခု ပြောင်းလဲနိုင်ပါတယ်။ စမ်းသပ်အသုံးပြုချင်ရင်တော့ weebly.com မှာ Register ပြုလုပ်အသုံးပြုနိုင်ပါတယ်။

Subdomain ဖြစ်တဲ့အတွက် ကိုယ်အသုံးပြုချင်တဲ့ domain လိပ်စာရဲ့နောက်မှာ သက်ဆိုင်ရာ Hosted Site ရဲ့ Domain နာမည်တော့ပါနေမှာပါ။ ဥပမာ WordPress နဲ့သုံးမယ်ဆိုရင် akhayar.wordpress.com ၊ Blog နဲ့ဆို akhayar.blogspot.com ၊ WordPress နဲ့ဆိုရင် akhayar.wordpress.com ဆိုပြီးတွေ့ရမှာပါ။ akhayar.com ဆိုတဲ့ ကိုယ်ပိုင် Domain အသုံးပြုချင်ရင်တော့ အခကြေးငွေနဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ နောက်လာမယ့်တစ်ပတ်မှာ ဆက်ပြီးဝေမျှပေးသွားပါဦးမယ်။

Phone Hay Ko(Akhayar)
www.akhayar.com