[Zawgyi]

ပေရာ္ဖက္ရွင္နယ္က်ၿပီး ဒိတ္ဒိတ္ၾကဲေအာင္ျမင္ဖို႔အတြက္ ဒီလိုျပဳျပင္ေနထိုင္ပါ

လူေတာ္ေတာ္မ်ားမ်ားဟာ မွန္ကန္ေကာင္းမြန္တဲ႔ လူေနမႈပံုစံနဲ႔ ရွင္သန္ေနထိုင္ျခင္းက ေအာင္ျမင္မႈကို ပိုမိုရရွိေစၿပီး ဝင္ေငြေတြလည္း ပိုေကာင္းလာေစႏုိင္တယ္လို႔ ထင္ၾကပါတယ္။ ဘဝမွာပိုမိုတိုးတက္ေအာင္ျမင္လာဖို႔အတြက္ဆိုရင္ေတာ့ နည္းလမ္းမ်ဳိးစံုသံုးၿပီး ေနပံုထိုင္ပံုကို စနစ္တက်ေလး ျပဳျပင္ေျပာင္းလဲလိုက္မယ္ဆိုရင္ မလဲြမေသြ ေအာင္ျမင္မႈကို ဆြတ္ခူးႏိုင္မွာေတာ့ အေသအခ်ာပါပဲ။ ဘဝမွာ ျပဳျပင္ေျပာင္းလဲမႈ ျပဳလုပ္ျခင္းကလည္း ကိုယ္ရဲ႕ Career မွာ ပေရာ္ဖက္ရွင္နယ္က်က် ေအာင္ျမင္လာေစဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။ ပေရာ္ဖက္ရွင္နယ္က်ၿပီး လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ဖို႔အတြက္ဆိုရင္ ဒီအခ်က္ေလးေတြကိုပဲ ျပဳျပင္ေျပာင္းလဲလိုက္ရုံနဲ႔ ရည္မွန္းထားတဲ႔ အနာဂတ္ေအာင္ျမင္မႈပန္းတိုင္ကုိ အခ်က္ကုန္သက္သာစြာနဲ႔ ရရွိပိုင္ဆိုင္ႏိုင္ေစမွာပါ။

(၁) အနာဂတ္အတြက္အလုပ္လုပ္ပါ

အလုပ္လုပ္ေနၾကတဲ႔ လူေတာ္ေတာ္မ်ားကို အလုပ္လုပ္တဲ႔ခါမွာ ဘာကုိ အဓိကအာရုံစိုက္ၿပီး ျပဳလုပ္လဲလို႔ ေမးျမန္းၾကည္႔တဲ႔အခါ လက္ရွိအခ်ိန္ကိုသာ အမွား ကင္းကင္းနဲ႔ ေက်ာ္ျဖတ္ႏိုင္ဖို႔ အာရုံစုိက္ၾကပါတယ္လို႔ ေျဖဆိုၾကပါတယ္။ အမွားကင္းကင္းနဲ႔ လက္ရွိအခ်ိန္ကုိ ေက်ာ္ျဖတ္ႏ္ိုင္ဖုိ႔ႀကိဳးစားတာ မွန္ေပမယ့္လည္း အနာဂတ္ အစီအစဥ္ေသေသခ်ာမရွိရင္ ေအာင္ျမင္မႈက ေရရွည္တည္တံ့ေနမွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။

အနာဂတ္မွာ ေအာင္ျမင္မႈ ရဖို႔အတြက္ အစီအစဥ္ေတြခ်ၿပီး အလုပ္လုပ္ရသလို နည္းလမ္းေကာင္းေတြလည္း က်င္႔သံုးရပါတယ္။ ေလ့လာမႈေတြအရ မိနစ္ ၉၀ ပံုစံကို က်င့္သံုးၿပီး အလုပ္လုပ္တဲ႔သူေတြက ပိုမိုေအာင္ျမင္ျဖစ္ထြန္းတယ္လုိ႔ ေတြ႔ရွိထားၾကပါတယ္။ မိနစ္ ၉၀ ပံုစံဆိုတာ အလုပ္ကို အဆက္မျပတ္ တထိုင္တည္း ျပဳလုပ္တာမ်ဳိးမဟုတ္ဘဲ တစ္နာရီခဲြၾကာရင္ ခဏေလးအနားယူၿပီးမွ အလုပ္ေပၚမွာ အာရုံျပန္စူးစိုက္တာမ်ဳိးကို ဆိုလိုပါတယ္။ ဒါ့အျပင္ မိနစ္ ၉၀ ပံုစံနဲ႔ အလုပ္လုပ္ၾကတဲ႔အခါ ခႏၶာကိုယ္က ပိုမိုတက္ၾကြလန္းဆန္းလာတာ ေတြ႔ရၿပီး အလုပ္ ပိုတြင္လာတာကိုလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔ အလုပ္ေတြ ပိုမိုၿပီးေျမာက္ေအာင္ျမင္ျဖစ္ထြန္းၿပီး အနာဂတ္မွာ ေအာင္ျမင္ဖို႔အတြက္ဆုိ အစီအစဥ္ဆဲြၿပီး မိနစ္ ၉၀ ပံုစံ က်င္႔သံုးဖို႔ မေမ့ပါနဲ႔႔ေနာ္။

(၂) ေအာင္ျမင္မႈမ်ားမ်ားရွိတဲ႔ေနရာမွာ ေနထိုင္ပါ

တစ္ခါတစ္ရံက်ရင္ ကိုယ္ကမသိေပမယ့္ ကိုယ္ရဲ႕ေဘးပတ္ဝန္းက်င္မွာ ေအာင္ျမင္မႈေတြတစ္ေပြ႔တစ္ပိုက္ရရွိထားတဲ႔သူေတြက ကိုယ္ကို လႊမ္းမိုးေနတတ္ၾကပါတယ္္။ မသိေပမယ့္လည္း အဲဒီလို လႊမ္းမိုမႈေအာက္မွာ ေနရတဲ႔အတြက္ ဘဝႀကီးကို ပိုမိုတိုးတက္ေအာင္ ႀကိဳးစားခ်င္စိတ္ ကိန္းေအာင္းေနတတ္ၾကပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ့ ကိုယ္ပတ္ဝန္းက်င္မွာ ေအာင္ျမင္ေက်ာ္ၾကားတဲ႔သူေတြက ဝန္းရံထားတဲ႔အတြက္ တိုးတက္လိုစိတ္အခံက စိတ္ထဲမွာ ရွိိေနတဲ႔အတြက္ ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြ သိမ္းပိုက္ႏိုင္ဖို႔အတြက္ဆို ဘဝရဲ႕သံုးပံုတစ္ပံုကို ေအာင္ျမင္မႈ လႊမ္းျခံဳေနတဲ႔သူေတြရဲ႕ေဘးမွာ ေနထိုင္ျဖတ္သန္းဖို႔ လုိအပ္ပါတယ္။ အဲဒီသူေတြဆီကေန အက်င္႔ေကာင္းေတြကို အတုခိုးႏိုင္သလို စိတ္ဓာတ္ခြန္အားေတြလည္း ရရွိႏိုင္ေစပါတယ္။ အဲဒီသူေတြဟာ လမ္းျပေကာင္းေတြလည္း ျဖစ္ႏိုင္တဲ႔အတြက္ ေအာင္ျမင္မႈကို ပံုေဖာ္တဲ့ေနရာမွာ အေထာက္အပံ့ေကာင္းေတြ ရရွိေစမွာေသခ်ာပါတယ္။

(၃) အနားယူရမယ္႔အခ်ိန္ကုိေကာင္းေကာင္းသိဖို႔လိုအပ္ပါတယ္

ေအာင္ျမင္ဖို႔အတြက္ ႀကိဳးစားေနပါတ

ယ္ဆိုမွ အနားယူဖို႔ အခ်ိန္ကို ေကာင္းေကာင္းသိဖို႔ လိုအပ္တယ္လို႔ ေျပာတယ္ဆိုေတာ့ ဟုတ္ေရာ ဟုတ္ပါ့မလားလို႔ ေတြးမိပါလိမ္႔မယ္။ အမွန္ကေတာ့ ေအာင္ျမင္ဖို႔အတြက္ဆို အနားေကာင္းေကာင္းယူဖို႔ လိုအပ္တယ္ဆိုတာ အမွန္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ လူသားေတြဟာ သံပတ္ေပးထားတဲ႔ စက္ရုံေတြ မဟုတ္တဲ႔အတြက္ ေအာင္ျမင္မႈအတြက္ကိုပဲ တစ္ခ်ိန္လံုးၾကည္႔ၿပီး အားသြန္ခြန္စုိက္ေျပးေနရရင္ လမ္းခုလတ္မွာ ေျခကုန္လက္ပန္းက်ၿပီး ေရွ႕ဆက္မေလွ်ာက္ခ်င္ေတာ့ေလာက္ေအာင္ ျဖစ္သြားပါလိမ္႔မယ္။ အဲဒီလိုမျဖစ္ေစဖို႔အတြက္ အနားယူခ်ိန္တန္ အနားယူၿပီး စိတ္ေရာခႏၶာ ေပါ့ပါးလန္းဆန္းေအာင္ လုပ္ၿပီးမွ အလုပ္ေတြကို ျပန္လည္လုပ္ကိုင္ရင္ အလုပ္ေတြ အခ်ိန္တိုအတြင္း ၿပီးေျမာက္ၿပီး သူတစ္ပါးနဲ႔မတူတဲ႔ အေတြးအေခၚသစ္ေတြလည္း ရရွိလာႏိုင္မွာပါ။ အနားယူပါလို႔ေျပာေပမယ့္လည္း အပတ္တိုင္းပင္ပန္းလို႔ ခရီးသြားၿပီး အနားယူေနရမယ္ ဆိုလိုတာ မဟုတ္ပါဘူးေနာ္။ တကယ္ကို ေျခကုန္လက္ပန္းက်ေနၿပီ ဘယ္လိုမွ မလုပ္ႏိုင္ေတာ့ဘူးဆိုမွ အနားေကာင္းေကာင္းယူကာ အားအင္သစ္ေတြ ျပန္ျဖည္႔သင္႔ပါတယ္။

ဘဝမွာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚမွာ အျမဲတမ္းရွိေနဖို႔အတြက္ ပံုေသသတ္မွတ္ထားတဲ႔ သတ္မွတ္ခ်က္ေတြရယ္လုိ႔ တိတိက်က် မရွိေပမယ့္ ဒီေနထုိင္မႈ ပံုစံ(၃)မ်ဳိးကေတာ့ ေအာင္ျမင္မႈ ေျပးလမ္းေပၚ ေရာက္ရွိေစဖို႔ ကူညီေပးႏိုင္မွာပါ။ ကဲ…..ဒီေန႔ကစၿပီး ဘဝမွာ ေပ်ာ္ရႊင္ေအာင္ျမင္ဖို႔အတြက္ ေနထိုင္မႈပံုစံေလးေတြ တျဖည္းျဖည္းခ်င္း ေျပာင္းလဲယူၾကည္႔လိုက္ၾကရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

ပရော်ဖက်ရှင်နယ်ကျပြီး ဒိတ်ဒိတ်ကြဲအောင်မြင်ဖို့အတွက် ဒီလိုပြုပြင်နေထိုင်ပါ

လူတော်တော်များများဟာ မှန်ကန်ကောင်းမွန်တဲ့ လူနေမှုပုံစံနဲ့ ရှင်သန်နေထိုင်ခြင်းက အောင်မြင်မှုကို ပိုမိုရရှိစေပြီး ဝင်ငွေတွေလည်း ပိုကောင်းလာစေနိုင်တယ်လို့ ထင်ကြပါတယ်။ ဘဝမှာပိုမိုတိုးတက်အောင်မြင်လာဖို့အတွက်ဆိုရင်တော့ နည်းလမ်းမျိုးစုံသုံးပြီး နေပုံထိုင်ပုံကို စနစ်တကျလေး ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် မလွဲမသွေ အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာတော့ အသေအချာပါပဲ။ ဘဝမှာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းကလည်း ကိုယ်ရဲ့ Career မှာ ပရော်ဖက်ရှင်နယ်ကျကျ အောင်မြင်လာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပရော်ဖက်ရှင်နယ်ကျပြီး လျှမ်းလျှမ်းတောက်အောင်မြင်ဖို့အတွက်ဆိုရင် ဒီအချက်လေးတွေကိုပဲ ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ ရည်မှန်းထားတဲ့ အနာဂတ်အောင်မြင်မှုပန်းတိုင်ကို အချက်ကုန်သက်သာစွာနဲ့ ရရှိပိုင်ဆိုင်နိုင်စေမှာပါ။

(၁) အနာဂတ်အတွက်အလုပ်လုပ်ပါ

အလုပ်လုပ်နေကြတဲ့ လူတော်တော်များကို အလုပ်လုပ်တဲ့ခါမှာ ဘာကို အဓိကအာရုံစိုက်ပြီး ပြုလုပ်လဲလို့ မေးမြန်းကြည့်တဲ့အခါ လက်ရှိအချိန်ကိုသာ အမှား ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ဖို့ အာရုံစိုက်ကြပါတယ်လို့ ဖြေဆိုကြပါတယ်။ အမှားကင်းကင်းနဲ့ လက်ရှိအချိန်ကို ကျော်ဖြတ်နိုင်ဖို့ကြိုးစားတာ မှန်ပေမယ့်လည်း အနာဂတ် အစီအစဉ်သေသေချာမရှိရင် အောင်မြင်မှုက ရေရှည်တည်တံ့နေမှာ မဟုတ်တာတော့ သေချာပါတယ်။

အနာဂတ်မှာ အောင်မြင်မှု ရဖို့အတွက် အစီအစဉ်တွေချပြီး အလုပ်လုပ်ရသလို နည်းလမ်းကောင်းတွေလည်း ကျင့်သုံးရပါတယ်။ လေ့လာမှုတွေအရ မိနစ် ၉၀ ပုံစံကို ကျင့်သုံးပြီး အလုပ်လုပ်တဲ့သူတွေက ပိုမိုအောင်မြင်ဖြစ်ထွန်းတယ်လို့ တွေ့ရှိထားကြပါတယ်။ မိနစ် ၉၀ ပုံစံဆိုတာ အလုပ်ကို အဆက်မပြတ် တထိုင်တည်း ပြုလုပ်တာမျိုးမဟုတ်ဘဲ တစ်နာရီခွဲကြာရင် ခဏလေးအနားယူပြီးမှ အလုပ်ပေါ်မှာ အာရုံပြန်စူးစိုက်တာမျိုးကို ဆိုလိုပါတယ်။ ဒါ့အပြင် မိနစ် ၉၀ ပုံစံနဲ့ အလုပ်လုပ်ကြတဲ့အခါ ခန္ဓာကိုယ်က ပိုမိုတက်ကြွလန်းဆန်းလာတာ တွေ့ရပြီး အလုပ် ပိုတွင်လာတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့ အလုပ်တွေ ပိုမိုပြီးမြောက်အောင်မြင်ဖြစ်ထွန်းပြီး အနာဂတ်မှာ အောင်မြင်ဖို့အတွက်ဆို အစီအစဉ်ဆွဲပြီး မိနစ် ၉၀ ပုံစံ ကျင့်သုံးဖို့ မမေ့ပါနဲ့နော်။

(၂) အောင်မြင်မှုများများရှိတဲ့နေရာမှာ နေထိုင်ပါ

တစ်ခါတစ်ရံကျရင် ကိုယ်ကမသိပေမယ့် ကိုယ်ရဲ့ဘေးပတ်ဝန်းကျင်မှာ အောင်မြင်မှုတွေတစ်ပွေ့တစ်ပိုက်ရရှိထားတဲ့သူတွေက ကိုယ်ကို လွှမ်းမိုးနေတတ်ကြပါတယ်။ မသိပေမယ့်လည်း အဲဒီလို လွှမ်းမိုမှုအောက်မှာ နေရတဲ့အတွက် ဘဝကြီးကို ပိုမိုတိုးတက်အောင် ကြိုးစားချင်စိတ် ကိန်းအောင်းနေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပတ်ဝန်းကျင်မှာ အောင်မြင်ကျော်ကြားတဲ့သူတွေက ဝန်းရံထားတဲ့အတွက် တိုးတက်လိုစိတ်အခံက စိတ်ထဲမှာ ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ဖို့အတွက်ဆို ဘဝရဲ့သုံးပုံတစ်ပုံကို အောင်မြင်မှု လွှမ်းခြုံနေတဲ့သူတွေရဲ့ဘေးမှာ နေထိုင်ဖြတ်သန်းဖို့ လိုအပ်ပါတယ်။ အဲဒီသူတွေဆီကနေ အကျင့်ကောင်းတွေကို အတုခိုးနိုင်သလို စိတ်ဓာတ်ခွန်အားတွေလည်း ရရှိနိုင်စေပါတယ်။ အဲဒီသူတွေဟာ လမ်းပြကောင်းတွေလည်း ဖြစ်နိုင်တဲ့အတွက် အောင်မြင်မှုကို ပုံဖော်တဲ့နေရာမှာ အထောက်အပံ့ကောင်းတွေ ရရှိစေမှာသေချာပါတယ်။

(၃) အနားယူရမယ့်အချိန်ကိုကောင်းကောင်းသိဖို့လိုအပ်ပါတယ်

အောင်မြင်ဖို့အတွက် ကြိုးစားနေပါတ

ယ်ဆိုမှ အနားယူဖို့ အချိန်ကို ကောင်းကောင်းသိဖို့ လိုအပ်တယ်လို့ ပြောတယ်ဆိုတော့ ဟုတ်ရော ဟုတ်ပါ့မလားလို့ တွေးမိပါလိမ့်မယ်။ အမှန်ကတော့ အောင်မြင်ဖို့အတွက်ဆို အနားကောင်းကောင်းယူဖို့ လိုအပ်တယ်ဆိုတာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လူသားတွေဟာ သံပတ်ပေးထားတဲ့ စက်ရုံတွေ မဟုတ်တဲ့အတွက် အောင်မြင်မှုအတွက်ကိုပဲ တစ်ချိန်လုံးကြည့်ပြီး အားသွန်ခွန်စိုက်ပြေးနေရရင် လမ်းခုလတ်မှာ ခြေကုန်လက်ပန်းကျပြီး ရှေ့ဆက်မလျှောက်ချင်တော့လောက်အောင် ဖြစ်သွားပါလိမ့်မယ်။ အဲဒီလိုမဖြစ်စေဖို့အတွက် အနားယူချိန်တန် အနားယူပြီး စိတ်ရောခန္ဓာ ပေါ့ပါးလန်းဆန်းအောင် လုပ်ပြီးမှ အလုပ်တွေကို ပြန်လည်လုပ်ကိုင်ရင် အလုပ်တွေ အချိန်တိုအတွင်း ပြီးမြောက်ပြီး သူတစ်ပါးနဲ့မတူတဲ့ အတွေးအခေါ်သစ်တွေလည်း ရရှိလာနိုင်မှာပါ။ အနားယူပါလို့ပြောပေမယ့်လည်း အပတ်တိုင်းပင်ပန်းလို့ ခရီးသွားပြီး အနားယူနေရမယ် ဆိုလိုတာ မဟုတ်ပါဘူးနော်။ တကယ်ကို ခြေကုန်လက်ပန်းကျနေပြီ ဘယ်လိုမှ မလုပ်နိုင်တော့ဘူးဆိုမှ အနားကောင်းကောင်းယူကာ အားအင်သစ်တွေ ပြန်ဖြည့်သင့်ပါတယ်။

ဘဝမှာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အမြဲတမ်းရှိနေဖို့အတွက် ပုံသေသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရယ်လို့ တိတိကျကျ မရှိပေမယ့် ဒီနေထိုင်မှု ပုံစံ(၃)မျိုးကတော့ အောင်မြင်မှု ပြေးလမ်းပေါ် ရောက်ရှိစေဖို့ ကူညီပေးနိုင်မှာပါ။ ကဲ…..ဒီနေ့ကစပြီး ဘဝမှာ ပျော်ရွှင်အောင်မြင်ဖို့အတွက် နေထိုင်မှုပုံစံလေးတွေ တဖြည်းဖြည်းချင်း ပြောင်းလဲယူကြည့်လိုက်ကြရအောင်။

H.H(Akhayar)

www.akhayar.com