[Zawgyi]

ေခါင္းဘီးေလးေတြ ေဆးတတ္ၿပီးလား

လူေတာ္ေတာ္မ်ားမ်ားက မိတ္ကပ္ဘရပ္ရွ္ေတြကို ပံုမွန္ေလးေဆးေၾကာရမယ္ဆိုတာကို ေကာင္းေကာင္းသိၾကေပမယ္႔ ေခါင္းဘီးေတြကိုေတာ့ ေဆးေၾကာဖို႔ ေမ႔ေနတတ္ၾကပါတယ္။ မိတ္ကပ္ဘရပ္ရွ္ေတြလိုမ်ိဳးပဲ ေခါင္းဘီးေတြကလည္း ထပ္ခါထပ္ခါအသံုးျပဳထားရင္ ဆီေတြ၊ အညစ္အေၾကးေတြနဲ႔ ညစ္ပတ္လာတတ္ပါတယ္။ အထူးသျဖင္႔ ဆံပင္ပံုသြင္း Product ေတြကို အသံုးျပဳၿပီးရင္ ပိုၿပီးညစ္ပတ္လာတတ္ပါတယ္လို႔ အေရးျပားခဲြစိတ္အထူးကုဆရာဝန္လည္းျဖစ္ၿပီး Real Self Website ကိုတည္ေထာင္ထားသူလည္းျဖစ္တဲ႔ Sejal Shah က ေျပာဖူးပါတယ္။

ဆံပင္ပံုသြင္း Product ေတြကို အသံုးျပဳၿပီးလုိ႔ ၾကြင္းက်န္ခဲ႔တဲ႔ အၾကြင္းအက်န္ေတြ၊ ဖုန္႔မႈန္ေတြ၊ ဆဲလ္္ေသေတြနဲ႔ အဆီေတြေၾကာင္႔ ဆံပင္ေတြရႈပ္ေထြးကာ ရွင္းမရျဖစ္တတ္ၾကပါတယ္။ အဲဒီလို ဆံပင္ရႈပ္ေနတာကို ရွင္းဖိို႔အတြက္ ေခါင္းဘီးေတြကို အသံုးျပဳလိုက္တဲ႔အခါမွာ ေခါင္းဘီးေတြမွာ ဘက္တီးရီးယားေတြနဲ႔ မႈိေတြမ်ားစြာေပါက္ဖြားလာကာ ေရာဂါပိုးေတြဝင္လာတတ္တယ္လို႔ Dr.Shah က သတိေပးေျပာၾကားထားတာျဖစ္ပါတယ္။ ဒါေၾကာင္႔မို႔ အမ်ဳိးမ်ဳိးေသာ ေခါင္းဘီးေတြကို ပံုမွန္ေလး သန္႔စင္မႈျပဳလုပ္သင့္ပါတယ္။ အဲလို ပံုမွန္သန္႔စင္မႈမလုပ္ဘဲထားမယ္ဆိုရင္ ေဗာက္ေတြျဖစ္လာေစသလို အဆီေတြနဲ႔ ေစးကပ္ကပ္ျဖစ္ကာ ပံုမက်ပန္းမက် ျဖစ္လာႏိုင္ပါတယ္။ ေခါင္းဘီးေတြကလည္း ေစ်းကြက္ထဲမွာ ပံုစံအမ်ဳိးမ်ဳိးရွိေနတဲ႔အတြက္ အမ်ဳိးမ်ဳိးေသာ ေခါင္းဘီးေတြကို သန္႔စင္ပံုကလည္း ကဲြျပားပါတယ္။ ကဲြျပားတဲ႔သန္႔စင္နည္းေလးေတြကို သိရွိႏိုင္ေစဖို႔အတြက္ ဒီမွာေလ႔လာၾကည္႔ပါ။

ေခါင္းဘီးေတြကို မသန္႔စင္ခင္ ပထမဦးဆံုးအဆင္႔အေနနဲ႔ ကိုယ္ေခါင္းဘီးက ဘယ္လိုအမ်ဳိးအစားေတြလဲဆိုေတာ့ သိဖို႔လုိပါတယ္။ အမ်ဳိးအစားသိမွသာ မွန္ကန္တဲ့ သန္႔စင္ပံု သန္႔စင္နည္းနဲ႔ ထိေရာက္စြာ သန္႔စင္ႏိုင္မွာ ျဖစ္ပါတယ္။ ေခါင္းဘီးေတြကို သန္႔စင္တဲ႔အခါမွာ အနည္းဆံုးတစ္ပတ္ကို တစ္ႀကိမ္ေလာက္ သန္႔စင္ေပးသင့္ပါတယ္။

Plastic (သို႔) Ceramic Brush

ဒီလို Brush ေတြက ေျခာက္လြယ္တဲ႔အတြက္ လစဥ္သန္႔စင္ေပးလို႔ ရပါတယ္။ ပန္းကန္ေဆးတဲ႔ေနရာ (သို႔) ဇလံုေတြထဲကို ေရေႏြးေႏြးေလးျဖည္႔ၿပီး ေခါင္းေလွ်ာ္ရည္အေပ်ာ႔စားေလးထည္႔ကာ ေသေသခ်ာခ်ာေလး သန္႔စင္ေပးလို႔ ရပါတယ္။ အဲလိုသန္႔စင္ေပးၿပီးရင္ေတာ့ ေရနဲ႔ေသခ်ာေလးေျပာင္ေအာင္ေဆးကာ သဘာဝအတိုင္းေျခာက္ေသြ႔ေအာင္ ေလသလပ္ခံၿပီး အေျခာက္ခံေပးပါ။

Plastic Brush

Plastic Brush

Paddle Brush

Paddle Brush ကို သန္႔စင္မယ္ဆိုရင္ ဘီးအေခ်ာင္းေလးေတြထဲကို လက္ေခ်ာင္းေလးေတြ(သို႔) ခဲတံေလးေတြသြင္းကာ ဆံပင္ေတြကိုရစ္ၿပီး အရင္ဖယ္ရွားေပးပါ။ ဘီးမွာကပ္ညိွေနတဲ႔ ဆံပင္ေတြကို ဖယ္ရွားေပးၿပီးရင္ ဇလံုထဲကို ေရေႏြးေႏြးေလး ျဖည္႔ေပးပါ။ ဇလံုၾကီးၾကီးေလးေတာ႔လုိပါတယ္။ ဇလံုထဲကို Shampoo တစ္စက္ေလာက္ထည့္ၿပီး လက္ေခ်ာင္းေလးနဲ႔ ေမႊေပးပါ။ ေရေႏြးနဲ႔ Shampoo ေရာေႏွာထားတဲ့ ဇလံုထဲမွာ Brush ကို ႏွစ္နာရီေလာက္ၾကာေအာင္ စိမ္ထားေပးပါ။ အဲလိုစိမ္ထားျခင္းအားျဖင့္ ဘီးမွာရွိတဲ႔ Hair Spray ေတြ အပါအဝင္ အညစ္အေၾကးေတြ အကုန္လံုးကို သန္႔စင္သြားေစႏိုင္ပါတယ္။ ဇလံုထဲကထုတ္ၿပီးသြားရင္ ဘီးရဲ႕ ေအာက္ခံကူရွင္မွာ က်န္ရွိေနတဲ့ ေရေတြကုန္စင္သြားေအာင္ ခါေပးပါ။ လံုးဝေျခာက္ေသြ႔သြားေအာင္ အေျခာက္ခံၿပီးမွ ျပန္္လည္အသံုးျပဳေပးပါ။

Paddle Brush

Paddle Brush

Wooden Brush

Wooden Brush ေတြကို ေဆးေၾကာတဲ႔အခါမွာ သစ္သားလက္ကိုင္ေတြကို သတိထားၿပီး ေဆးသင့္ပါတယ္။ Wooden Brush ကို ဆပ္ျပာနဲ႔ေရ အသံုးျပဳၿပီး သန္႔စင္မိရင္ ပ်က္စီးသြားႏိုင္ပါတယ္။ ဒီလို Brush ေတြကို ေဆးေၾကာတဲ႔အခါမွာ ညႊန္ၾကားခ်က္ေတြအတိုင္း သတိထားျပီးေဆးေၾကာေပးပါ။ Wooden Brush ေတြကို ေရနဲ႔ေဆးေၾကာမယ္႔အစား ေရစိုအဝတ္ေလးနဲ႔ ညင္ညင္သာသာေလး သန္႔စင္ေပးသင့္ပါတယ္။ ဘယ္ေတာ႔မွ ေရထဲႏွစ္ၿပီး မသန္႔စင္ပါနဲ႔။

Wooden Brush

Wooden Brush

ဘီးအမ်ဳိးမ်ဳိးသန္႔စင္ပံုကိုသိၿပီးဆိုေတာ႔ ကိုယ္ေန႔စဥ္ၿဖီးတဲ႔ ဘီးေလးေတြသန္႔စင္္သြားေအာင္ မိတ္ကပ္ဘရပ္ရွ္ေလးေတြ သန္႔စင္ေပးသလိုမ်ဳိး ဘီးေလးေတြကိုလည္း ႏွစ္ပတ္တစ္ႀကိမ္ သန္႔စင္ေပးဖို႔ မေမ့ၾကပါနဲ႔ေနာ္။ သန္႔စင္တ႔ဲဘီးေလးေတြကို အသံုးျပဳၿပီး လူတုိင္းေငးေမာရတဲ႔ ပံုက်လွပတဲ႔ ဆံပင္ပံုစံေလးေတြ ဖန္တီးလိုက္ၾကပါေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခေါင်းဘီးလေးတွေ ဆေးတတ်ပြီးလား

လူတော်တော်များများက မိတ်ကပ်ဘရပ်ရှ်တွေကို ပုံမှန်လေးဆေးကြောရမယ်ဆိုတာကို ကောင်းကောင်းသိကြပေမယ့် ခေါင်းဘီးတွေကိုတော့ ဆေးကြောဖို့ မေ့နေတတ်ကြပါတယ်။ မိတ်ကပ်ဘရပ်ရှ်တွေလိုမျိုးပဲ ခေါင်းဘီးတွေကလည်း ထပ်ခါထပ်ခါအသုံးပြုထားရင် ဆီတွေ၊ အညစ်အကြေးတွေနဲ့ ညစ်ပတ်လာတတ်ပါတယ်။ အထူးသဖြင့် ဆံပင်ပုံသွင်း Product တွေကို အသုံးပြုပြီးရင် ပိုပြီးညစ်ပတ်လာတတ်ပါတယ်လို့ အရေးပြားခွဲစိတ်အထူးကုဆရာဝန်လည်းဖြစ်ပြီး Real Self Website ကိုတည်ထောင်ထားသူလည်းဖြစ်တဲ့ Sejal Shah က ပြောဖူးပါတယ်။

ဆံပင်ပုံသွင်း Product တွေကို အသုံးပြုပြီးလို့ ကြွင်းကျန်ခဲ့တဲ့ အကြွင်းအကျန်တွေ၊ ဖုန့်မှုန်တွေ၊ ဆဲလ်သေတွေနဲ့ အဆီတွေကြောင့် ဆံပင်တွေရှုပ်ထွေးကာ ရှင်းမရဖြစ်တတ်ကြပါတယ်။ အဲဒီလို ဆံပင်ရှုပ်နေတာကို ရှင်းဖို့အတွက် ခေါင်းဘီးတွေကို အသုံးပြုလိုက်တဲ့အခါမှာ ခေါင်းဘီးတွေမှာ ဘက်တီးရီးယားတွေနဲ့ မှိုတွေများစွာပေါက်ဖွားလာကာ ရောဂါပိုးတွေဝင်လာတတ်တယ်လို့ Dr.Shah က သတိပေးပြောကြားထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမျိုးမျိုးသော ခေါင်းဘီးတွေကို ပုံမှန်လေး သန့်စင်မှုပြုလုပ်သင့်ပါတယ်။ အဲလို ပုံမှန်သန့်စင်မှုမလုပ်ဘဲထားမယ်ဆိုရင် ဗောက်တွေဖြစ်လာစေသလို အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်ကာ ပုံမကျပန်းမကျ ဖြစ်လာနိုင်ပါတယ်။ ခေါင်းဘီးတွေကလည်း ဈေးကွက်ထဲမှာ ပုံစံအမျိုးမျိုးရှိနေတဲ့အတွက် အမျိုးမျိုးသော ခေါင်းဘီးတွေကို သန့်စင်ပုံကလည်း ကွဲပြားပါတယ်။ ကွဲပြားတဲ့သန့်စင်နည်းလေးတွေကို သိရှိနိုင်စေဖို့အတွက် ဒီမှာလေ့လာကြည့်ပါ။

ခေါင်းဘီးတွေကို မသန့်စင်ခင် ပထမဦးဆုံးအဆင့်အနေနဲ့ ကိုယ်ခေါင်းဘီးက ဘယ်လိုအမျိုးအစားတွေလဲဆိုတော့ သိဖို့လိုပါတယ်။ အမျိုးအစားသိမှသာ မှန်ကန်တဲ့ သန့်စင်ပုံ သန့်စင်နည်းနဲ့ ထိရောက်စွာ သန့်စင်နိုင်မှာ ဖြစ်ပါတယ်။ ခေါင်းဘီးတွေကို သန့်စင်တဲ့အခါမှာ အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်လောက် သန့်စင်ပေးသင့်ပါတယ်။

Plastic (သို့) Ceramic Brush

ဒီလို Brush တွေက ခြောက်လွယ်တဲ့အတွက် လစဉ်သန့်စင်ပေးလို့ ရပါတယ်။ ပန်းကန်ဆေးတဲ့နေရာ (သို့) ဇလုံတွေထဲကို ရေနွေးနွေးလေးဖြည့်ပြီး ခေါင်းလျှော်ရည်အပျော့စားလေးထည့်ကာ သေသေချာချာလေး သန့်စင်ပေးလို့ ရပါတယ်။ အဲလိုသန့်စင်ပေးပြီးရင်တော့ ရေနဲ့သေချာလေးပြောင်အောင်ဆေးကာ သဘာဝအတိုင်းခြောက်သွေ့အောင် လေသလပ်ခံပြီး အခြောက်ခံပေးပါ။

Plastic Brush

Plastic Brush

Paddle Brush

Paddle Brush ကို သန့်စင်မယ်ဆိုရင် ဘီးအချောင်းလေးတွေထဲကို လက်ချောင်းလေးတွေ(သို့) ခဲတံလေးတွေသွင်းကာ ဆံပင်တွေကိုရစ်ပြီး အရင်ဖယ်ရှားပေးပါ။ ဘီးမှာကပ်ညှိနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးပြီးရင် ဇလုံထဲကို ရေနွေးနွေးလေး ဖြည့်ပေးပါ။ ဇလုံကြီးကြီးလေးတော့လိုပါတယ်။ ဇလုံထဲကို Shampoo တစ်စက်လောက်ထည့်ပြီး လက်ချောင်းလေးနဲ့ မွှေပေးပါ။ ရေနွေးနဲ့ Shampoo ရောနှောထားတဲ့ ဇလုံထဲမှာ Brush ကို နှစ်နာရီလောက်ကြာအောင် စိမ်ထားပေးပါ။ အဲလိုစိမ်ထားခြင်းအားဖြင့် ဘီးမှာရှိတဲ့ Hair Spray တွေ အပါအဝင် အညစ်အကြေးတွေ အကုန်လုံးကို သန့်စင်သွားစေနိုင်ပါတယ်။ ဇလုံထဲကထုတ်ပြီးသွားရင် ဘီးရဲ့ အောက်ခံကူရှင်မှာ ကျန်ရှိနေတဲ့ ရေတွေကုန်စင်သွားအောင် ခါပေးပါ။ လုံးဝခြောက်သွေ့သွားအောင် အခြောက်ခံပြီးမှ ပြန်လည်အသုံးပြုပေးပါ။

Paddle Brush

Paddle Brush

Wooden Brush

Wooden Brush တွေကို ဆေးကြောတဲ့အခါမှာ သစ်သားလက်ကိုင်တွေကို သတိထားပြီး ဆေးသင့်ပါတယ်။ Wooden Brush ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး သန့်စင်မိရင် ပျက်စီးသွားနိုင်ပါတယ်။ ဒီလို Brush တွေကို ဆေးကြောတဲ့အခါမှာ ညွှန်ကြားချက်တွေအတိုင်း သတိထားပြီးဆေးကြောပေးပါ။ Wooden Brush တွေကို ရေနဲ့ဆေးကြောမယ့်အစား ရေစိုအဝတ်လေးနဲ့ ညင်ညင်သာသာလေး သန့်စင်ပေးသင့်ပါတယ်။ ဘယ်တော့မှ ရေထဲနှစ်ပြီး မသန့်စင်ပါနဲ့။

Wooden Brush

Wooden Brush

ဘီးအမျိုးမျိုးသန့်စင်ပုံကိုသိပြီးဆိုတော့ ကိုယ်နေ့စဉ်ဖြီးတဲ့ ဘီးလေးတွေသန့်စင်သွားအောင် မိတ်ကပ်ဘရပ်ရှ်လေးတွေ သန့်စင်ပေးသလိုမျိုး ဘီးလေးတွေကိုလည်း နှစ်ပတ်တစ်ကြိမ် သန့်စင်ပေးဖို့ မမေ့ကြပါနဲ့နော်။ သန့်စင်တဲ့ဘီးလေးတွေကို အသုံးပြုပြီး လူတိုင်းငေးမောရတဲ့ ပုံကျလှပတဲ့ ဆံပင်ပုံစံလေးတွေ ဖန်တီးလိုက်ကြပါနော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။