[Zawgyi]

ျမန္မာ့ႏွစ္သစ္ကူးအခါသမယအခ်ိန္အခါ အိမ္ရာတစ္ဖန္အသစ္

ျမန္မာ့ႏွစ္သစ္အခ်ိန္အခါကိုေရာက္လာတဲ့အခ်ိန္မွာ ႏွစ္ေဟာင္းက အညစ္အေၾကးေတြအားလံုး သၾကၤန္ေရနဲ႔ ေဆးခ်ခဲ့ျပီးပါျပီ။ လူတိုင္းအားလံုး စိတ္သစ္လူသစ္နဲ႔ ပန္းတိုင္ေတြဆီကို ေလွ်ာက္လွမ္းၾကျပီ။ စိတ္ေဟာင္းလူေဟာင္းကို သၾကၤန္ေရနဲ႔ ေဆးေၾကာသလို ကိုယ့္ေနရာအိမ္ရာကိုလည္း အိမ္သစ္ရာသစ္ျဖစ္ေအာင္ ဖန္တီးဖို႔လိုအပ္ပါတယ္။

မလိုအပ္တဲ့ပစၥည္းမ်ားကို စိစစ္ပါ။

Manage your properties

Manage your properties

ကိုယ္ေနထိုင္ရာအိမ္ရာဝင္းအတြင္းမွာ လိုအပ္တာနဲ႔ မလိုအပ္တာေတြကို ရွင္းထုတ္လုိက္ပါ။ ကိုယ့္ အဝတ္အစား၊ စာအုပ္စာတမ္း၊ အရုပ္ေတြ၊ မိတ္ကပ္ပစၥည္းေတြ၊ ေက်ာပိုးအိတ္နဲ႔ လက္ကိုင္အိတ္ေတြ၊ Accessories နဲ႔ နာရီေတြ ထြက္လာႏုိင္ပါတယ္။ ရွင္းထုတ္တဲ့အခါ ထြက္လာတဲ့ပစၥည္းေတြထဲမွာမွ အေကာင္းအတိုင္းရွိေနေသးရင္လညး္ရွိေနႏိုင္ေသးတဲ႔ ပစၥည္းေတြပါလာပါလိမ့္မယ္။ ဒီပစၥည္းေတြကို အသံုးလိုေနတဲ႔သူေတြဆီ စြန္႔ၾကဲလိုက္ပါ။ စြန္႔ၾကဲတဲ့အခါ အျခားတစ္ဖက္ကို ေလးစားသမႈအေနနဲ႔ အေသအခ်ာသန္႔ရွင္းျပီးမွ ထုပ္ပိုးျပီး ေပးေပးပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ရွငး္ထုတ္ျပီးသြားတဲ့အခါ အသံုးလိုတဲ႔ပစၥည္းမ်ား စာရင္းခ်ေရးပါ။

Write it down

Write it down

ကိုယ္ကိုယ္တိုင္မသံုးျဖစ္တဲ့ပစၥည္းေတြနဲ႔ ပစၥည္းအေဟာင္းေတြကို ရွင္းထုတ္ျပီးတဲ့အခါ ကိုယ္တကယ္အသံုးျပဳျပီး အသံုးလိုတဲ႔ပစၥည္းေတြ ေခါင္းထဲဝင္လာပါလိမ့္မယ္။ ဥပမာ – အိပ္ရာခင္းေတြ၊ ေခါင္းအုံးစြပ္ေတြ၊ ထိုင္ခံုစြပ္ေတြ၊ မီးဖိုေခ်ာင္သံုးပစၥည္းေတြ၊ စာေရးကိရိယာေတြနဲ႔ အဝတ္အစားေတြပဲျဖစ္ပါတယ္။ အဲဒါေတြကို စာရင္းျပဳစုျပီး ခ်ေရးပါ။ အရင္ႏွစ္ကလို ရွိတာနဲ႔ ျဖစ္သလိုေနထိုင္မယ္ဆိုျပီး မေနထိုင္ပါနဲ႔ေနာ္။ ကုိယ့္ရဲ႕စိတ္ကို ထံုထိုင္းေစပါတယ္။ ပံုမွန္ေနေနက်ပတ္ဝန္းက်င္ကေန ရုန္းမထြက္ႏိုင္ခဲ့ရင္ အေတြးသစ္အျမင္သစ္ေတြမရနုိင္ေတာ့ပါဘူး

ေျပာင္းလဲတဲ့အခါ စိတ္လန္းဆန္းေစတဲ့အေရာင္မ်ိဳး အဓိကထား ဝယ္ယူပါ။

Fresh and Bright Colors

Fresh and Bright Colors

အသံုးလိုတဲ႔ပစၥည္းေတြကို စာရငး္ျပဳစုျပီးတဲ့အခါမွာ မြဲျပာတဲ့အေရာင္မ်ိဳး၊ တက္ၾကြမႈမရွိတဲ့အေရာင္မ်ဳိး ဝယ္ယူျခင္းေရွာင္ၾကဥ္ပါ။ စိတ္ကုိလန္းဆန္းေစတဲ့အေရာင္မ်ား၊ အေတြးသစ္အျမင္သစ္မ်ားေတြးေခၚနိုင္စြမ္းတို႔ကို ျမွင့္တင္ေပးႏိုင္တဲ့အေရာင္မ်ိဳးကို ဝယ္ယူပါ။ ဥပမာ – အျပာႏုေရာင္၊ အဝါေရာင္၊ ေရႊေရာင္၊ ေငြေရာင္၊ လိေမၼာ္ေရာင္နဲ႔ အစိမ္းေရာင္္စတဲ႔ သဘာဝနဲ႔ လိုက္ဖက္မႈရွိတဲ့အေရာင္ေလးေတြကို အဓိကထားဝယ္ယူပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

အခန္းထဲမွာရွိတဲ႔ ပရိေဘာဂပစၥည္းေတြကိုေျပာင္းလဲျပဳျပင္ျပီးရင္ေတာ့ ေလေကာင္းေလသန္႔ရဖို႔အတြက္ သစ္ပင္ပန္းပင္ေလးမ်ား စုိက္ပ်ိဳးပါ။

Air Cleaning Plants

Air Cleaning Plants

ပတ္ဝန္းက်င္စိမ္းလန္းစိုေျပေနရင္ လူသားေတြရဲ႕ အသက္ရွဴလမ္းေၾကာင္းဟာ ပိုျပီးမွန္ကန္သလို စိတ္ကိုလည္းပိုျပီးလန္းဆန္းေနေစပါတယ္။ ဒီအတြက္ အခန္းတြင္း ေနေရာင္ရရွိတဲ့ေနရာမွာ သစ္ပင္ပန္းပင္ေလးေတြ ထားရွိပါ။ အခန္းအတြင္းမွာ စိုက္ပ်ိဳးဖို႔အေကာင္းဆံုး သစ္ပင္ေလးေတြကေတာ့ English Ivy ၊ Lady Palm ၊ Rubber Plant ၊ Lilypurf ၊ Barberton Daisy ၊ Bamboo Palm ႏွင့္ အျခားအပင္မ်ားလည္းရွိပါေသးတယ္။ သူတို႔ေလးေတြက အခန္းတြင္းမွာရွိတဲ႔ေလထုကိုပါ သန္႔စင္ေပးတဲ့အတြက္ အျမဲလိုလို ကုိယ့္အခန္းထဲမွာ ေလေကာင္းေလသန္႔ရေနမွာျဖစ္ပါတယ္။

ေနာက္ဆံုးအခ်က္အေနနဲ႔ အခန္းေလးကို အလွဆင္ေပးပါ။

Decorate your room with these items

Decorate your room with these items

ကိုယ့္အခန္းထဲမွာရွိတဲ့ ပရိေဘာဂပစၥည္းေလးေတြကို အသစ္လဲလွယ္ျပီးသြားျပီဆုိရင္ေတာ့ အခန္းအလွဆင္ျခင္းစခန္းကို စတင္ပါ။ အခန္းအလွဆင္တဲ့အခါ Fairy Lights ေလးေတြ၊ Photo Prints ေလးေတြ၊ Tapestires လို႔ေခၚတဲ့ အခန္းအလွဆင္ပိတ္စေလးေတြ၊ အေမြးပြေခါင္းအံုးေလးေတြနဲ႔ အလွဆင္သင့္ပါတယ္။

ဒီအခ်က္ေလးေတြနဲ႔ဆိုရင္ ကိုယ့္ရဲ႕ ေနအိမ္ေလးကို ႏွစ္သစ္မွာ အိမ္သစ္ရာသစ္ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ျပီျဖစ္ပါတယ္။ စိတ္သစ္လူသစ္ျဖစ္ေနဖို႔လိုအပ္ေပမယ့္ ကိုယ္ေနထိုင္တဲ့ ေနရာရပ္ဝန္းျဖစ္တဲ့ ေနအိမ္ေလးဟာလည္း သစ္လြင္ျပီး သန္႔ရွင္းေနဖို႔လိုအပ္ပါတယ္ေနာ္။ အားလံုးပဲ ႏွစ္သစ္အခ်ိန္အခါမွာ က်န္းမာျခင္းနဲ႔ လာဘ္လာဘမ်ားျပည့္စံုပါေစလို႔ Akhayar မိသားစုအားလံုးကိုယ္စား ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Photo Source : pinterest.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြန်မာ့နှစ်သစ်ကူးအခါသမယအချိန်အခါ အိမ်ရာတစ်ဖန်အသစ်

မြန်မာ့နှစ်သစ်အချိန်အခါကိုရောက်လာတဲ့အချိန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေအားလုံး သင်္ကြန်ရေနဲ့ ဆေးချခဲ့ပြီးပါပြီ။ လူတိုင်းအားလုံး စိတ်သစ်လူသစ်နဲ့ ပန်းတိုင်တွေဆီကို လျှောက်လှမ်းကြပြီ။ စိတ်ဟောင်းလူဟောင်းကို သင်္ကြန်ရေနဲ့ ဆေးကြောသလို ကိုယ့်နေရာအိမ်ရာကိုလည်း အိမ်သစ်ရာသစ်ဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။

မလိုအပ်တဲ့ပစ္စည်းများကို စိစစ်ပါ။

Manage your properties

Manage your properties

ကိုယ်နေထိုင်ရာအိမ်ရာဝင်းအတွင်းမှာ လိုအပ်တာနဲ့ မလိုအပ်တာတွေကို ရှင်းထုတ်လိုက်ပါ။ ကိုယ့် အဝတ်အစား၊ စာအုပ်စာတမ်း၊ အရုပ်တွေ၊ မိတ်ကပ်ပစ္စည်းတွေ၊ ကျောပိုးအိတ်နဲ့ လက်ကိုင်အိတ်တွေ၊ Accessories နဲ့ နာရီတွေ ထွက်လာနိုင်ပါတယ်။ ရှင်းထုတ်တဲ့အခါ ထွက်လာတဲ့ပစ္စည်းတွေထဲမှာမှ အကောင်းအတိုင်းရှိနေသေးရင်လည်းရှိနေနိုင်သေးတဲ့ ပစ္စည်းတွေပါလာပါလိမ့်မယ်။ ဒီပစ္စည်းတွေကို အသုံးလိုနေတဲ့သူတွေဆီ စွန့်ကြဲလိုက်ပါ။ စွန့်ကြဲတဲ့အခါ အခြားတစ်ဖက်ကို လေးစားသမှုအနေနဲ့ အသေအချာသန့်ရှင်းပြီးမှ ထုပ်ပိုးပြီး ပေးပေးပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ရှင်းထုတ်ပြီးသွားတဲ့အခါ အသုံးလိုတဲ့ပစ္စည်းများ စာရင်းချရေးပါ။

Write it down

Write it down

ကိုယ်ကိုယ်တိုင်မသုံးဖြစ်တဲ့ပစ္စည်းတွေနဲ့ ပစ္စည်းအဟောင်းတွေကို ရှင်းထုတ်ပြီးတဲ့အခါ ကိုယ်တကယ်အသုံးပြုပြီး အသုံးလိုတဲ့ပစ္စည်းတွေ ခေါင်းထဲဝင်လာပါလိမ့်မယ်။ ဥပမာ – အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ ထိုင်ခုံစွပ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ စာရေးကိရိယာတွေနဲ့ အဝတ်အစားတွေပဲဖြစ်ပါတယ်။ အဲဒါတွေကို စာရင်းပြုစုပြီး ချရေးပါ။ အရင်နှစ်ကလို ရှိတာနဲ့ ဖြစ်သလိုနေထိုင်မယ်ဆိုပြီး မနေထိုင်ပါနဲ့နော်။ ကိုယ့်ရဲ့စိတ်ကို ထုံထိုင်းစေပါတယ်။ ပုံမှန်နေနေကျပတ်ဝန်းကျင်ကနေ ရုန်းမထွက်နိုင်ခဲ့ရင် အတွေးသစ်အမြင်သစ်တွေမရနိုင်တော့ပါဘူး

ပြောင်းလဲတဲ့အခါ စိတ်လန်းဆန်းစေတဲ့အရောင်မျိုး အဓိကထား ဝယ်ယူပါ။

Fresh and Bright Colors

Fresh and Bright Colors

အသုံးလိုတဲ့ပစ္စည်းတွေကို စာရင်းပြုစုပြီးတဲ့အခါမှာ မွဲပြာတဲ့အရောင်မျိုး၊ တက်ကြွမှုမရှိတဲ့အရောင်မျိုး ဝယ်ယူခြင်းရှောင်ကြဉ်ပါ။ စိတ်ကိုလန်းဆန်းစေတဲ့အရောင်များ၊ အတွေးသစ်အမြင်သစ်များတွေးခေါ်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်တဲ့အရောင်မျိုးကို ဝယ်ယူပါ။ ဥပမာ – အပြာနုရောင်၊ အဝါရောင်၊ ရွှေရောင်၊ ငွေရောင်၊ လိမ္မော်ရောင်နဲ့ အစိမ်းရောင်စတဲ့ သဘာဝနဲ့ လိုက်ဖက်မှုရှိတဲ့အရောင်လေးတွေကို အဓိကထားဝယ်ယူပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေကိုပြောင်းလဲပြုပြင်ပြီးရင်တော့ လေကောင်းလေသန့်ရဖို့အတွက် သစ်ပင်ပန်းပင်လေးများ စိုက်ပျိုးပါ။

Air Cleaning Plants

Air Cleaning Plants

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေနေရင် လူသားတွေရဲ့ အသက်ရှူလမ်းကြောင်းဟာ ပိုပြီးမှန်ကန်သလို စိတ်ကိုလည်းပိုပြီးလန်းဆန်းနေစေပါတယ်။ ဒီအတွက် အခန်းတွင်း နေရောင်ရရှိတဲ့နေရာမှာ သစ်ပင်ပန်းပင်လေးတွေ ထားရှိပါ။ အခန်းအတွင်းမှာ စိုက်ပျိုးဖို့အကောင်းဆုံး သစ်ပင်လေးတွေကတော့ English Ivy ၊ Lady Palm ၊ Rubber Plant ၊ Lilypurf ၊ Barberton Daisy ၊ Bamboo Palm နှင့် အခြားအပင်များလည်းရှိပါသေးတယ်။ သူတို့လေးတွေက အခန်းတွင်းမှာရှိတဲ့လေထုကိုပါ သန့်စင်ပေးတဲ့အတွက် အမြဲလိုလို ကိုယ့်အခန်းထဲမှာ လေကောင်းလေသန့်ရနေမှာဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ အခန်းလေးကို အလှဆင်ပေးပါ။

Decorate your room with these items

Decorate your room with these items

ကိုယ့်အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းလေးတွေကို အသစ်လဲလှယ်ပြီးသွားပြီဆိုရင်တော့ အခန်းအလှဆင်ခြင်းစခန်းကို စတင်ပါ။ အခန်းအလှဆင်တဲ့အခါ Fairy Lights လေးတွေ၊ Photo Prints လေးတွေ၊ Tapestires လို့ခေါ်တဲ့ အခန်းအလှဆင်ပိတ်စလေးတွေ၊ အမွေးပွခေါင်းအုံးလေးတွေနဲ့ အလှဆင်သင့်ပါတယ်။

ဒီအချက်လေးတွေနဲ့ဆိုရင် ကိုယ့်ရဲ့ နေအိမ်လေးကို နှစ်သစ်မှာ အိမ်သစ်ရာသစ်ဖြစ်အောင် ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ စိတ်သစ်လူသစ်ဖြစ်နေဖို့လိုအပ်ပေမယ့် ကိုယ်နေထိုင်တဲ့ နေရာရပ်ဝန်းဖြစ်တဲ့ နေအိမ်လေးဟာလည်း သစ်လွင်ပြီး သန့်ရှင်းနေဖို့လိုအပ်ပါတယ်နော်။ အားလုံးပဲ နှစ်သစ်အချိန်အခါမှာ ကျန်းမာခြင်းနဲ့ လာဘ်လာဘများပြည့်စုံပါစေလို့ Akhayar မိသားစုအားလုံးကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Photo Source : pinterest.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။