[Zawgyi]

ၿပီးျပည့္စံုတဲ့ လက္ထပ္မဂၤလာလက္စြပ္ေလးဆိုတာ

သီတင္းကၽြတ္ၿပီေနာ္။ သီတင္းကၽြတ္ၿပီဆိုတဲ့အတြက္ မၾကာခင္ လက္ထပ္ထိမ္းျမားဖို႔ ျပင္ဆင္ေနၾကၿပီမလား။ အခုေလာက္ဆို ေတာ္ေတာ္ေလးမွ အဆင္သင့္ျဖစ္ေနၾကၿပီထင္ပါတယ္။ ဒါေပမယ့္ တစ္ခု သတိေပးခ်င္တာရွိေသးပါတယ္ေနာ္။ ၿပီးျပည့္စံုတဲ့မဂၤလာပြဲတစ္ခုျဖစ္ဖို႔က လက္ထပ္လက္စြပ္မွာလည္း တာ၀န္ရွိပါတယ္။ လက္ထပ္လက္စြပ္က မဂၤလာပြဲအတြင္းမွာ သိပ္မထင္ေပၚရွာဘူးဆိုေပမယ့္ သင္တို႔ႏွစ္ဦး အတူတူေနၾကသလိုပဲ သင္တို႔တစ္ေယာက္ခ်င္းဆီနဲ႔ အတူတူေနမယ့္ပစၥည္းေလးျဖစ္လို႔ မွားယြင္းမႈေတြမျဖစ္ရေလေအာင္ ဂရုစိုက္ရပါဦးမယ္ေလ။

အာမခံရွိတဲ့ေနရာကေန မွာယူပါ

ပိုက္ဆံကုန္ဖို႔ မႏွေျမာရမယ့္ေနရာမွာ လက္ထပ္လက္စြပ္၀ယ္တာလည္း ပါပါတယ္။ သူက တစ္သက္လံုးရွိေနမယ့္ပစၥည္းပါ။ သင့္ရဲ႕လက္တြဲေဖာ္မရွိေတာ့တဲ့အခ်ိန္အထိေတာင္ သူက ရွိေနႏိုင္လို႔ပါပဲ။ ဒီေလာက္ဆိုရင္ေတာ့ ဘယ္ေလာက္အေရးပါတဲ့ပစၥည္းလည္း ဆိုတာကို နားလည္ေလာက္ၿပီထင္ပါတယ္။ ဒါေၾကာင့္ အာမခံခ်က္ရွိတဲ့ေနရာက ၀ယ္ယူဖို႔လိုအပ္ပါတယ္။ ေရႊပဲျဖစ္ျဖစ္၊ တျခားေက်ာက္ျမတ္ရတနာပဲျဖစ္ျဖစ္ ဘာပဲ၀ယ္၀ယ္ ေစ်းနႈန္းအနည္းငယ္ ကြာဟတာကို မၾကည့္ပဲ အရည္အေသြးေကာင္းၿပီး အာမခံခ်က္ရွိတဲ့ေနရာကို ေရြးခ်ယ္ပါ။

လိုအပ္တဲ့ထိန္းသိမ္းမႈေတြလုပ္ပါ

၀ယ္ၿပီးၿပီဆိုရင္လည္း ဘယ္ႏွလတစ္ခါ သန္႔ရွင္းေရးလုပ္ရမယ္။ ဘယ္ႏွႏွစ္တစ္ႀကိမ္ ပံုမွန္ေဆးေၾကာရမယ္စတဲ့ လိုအပ္တဲ့ထိန္းသိမ္းမႈေတြကို လုပ္ႏိုင္ဖို႔အတြက္ တစ္ခါတည္းေမးခဲ့ပါ။ ေနာက္ၿပီးရင္လည္း ကိုယ့္ရဲ႕ လက္ထပ္လက္စြပ္အရည္အေသြး က်ဆင္းသြားတာမ်ိဳးမရွိေအာင္လို႔ ညႊန္ၾကားတဲ့အတိုင္း ပံုမွန္လုပ္ေပးဖို႔ လိုအပ္ပါတယ္။ စံုတြဲအမ်ားစု သတိမထားမိၾကတာက ၀ယ္ယူၿပီးရင္ၿပီးေရာ ထိန္းသိမ္းမႈျပဳလုပ္ကဖို႔ လိုအပ္တယ္ဆိုတာကိုပါပဲ။

ရိုးရွင္းတာကို ေရြးခ်ယ္ပါ

ဒီလက္ထပ္လက္စြပ္ေလးနဲ႔ပဲ ႏွစ္ေပါင္းအမ်ားႀကီးျဖတ္သန္းၾကမွာပါ။ ဒါဆို ဘယ္လိုဒီဇိုင္းမ်ိဳးက အသင့္ေတာ္ဆံုးျဖစ္မလဲဆိုတာကို စဥ္းစားမိရဲ႕လား။ အေကာင္းဆံုးကေတာ့ အရိုးရွင္းဆံုးပဲျဖစ္ပါတယ္ေနာ္။ Simply is perfect ဆိုတဲ့အတိုင္း အရိုးရွင္းဆံုးကို ေရြးခ်ယ္လိုက္တာမမွားပါဘူး။ ဘာေၾကာင့္လဲဆိုရင္ေတာ့ အခုေခတ္မွာ ေခတ္စားေနတဲ့ အလွဆံုးဒီဇိုင္းေတြက ေနာက္တစ္ေခတ္က အရမ္းရုပ္ဆိုးတဲ့ဒီဇိုင္းေတြလည္း ျဖစ္ခ်င္ျဖစ္ေနႏုိင္ပါတယ္။ ဒါေၾကာင့္ အရုိးရွင္းဆံုးဒီဇိုင္းကို ေရြးခ်ယ္လိုက္တာက ေခတ္တိုင္းႏွစ္တိုင္း လွေနႏိုင္ပါတယ္။

ႏွစ္ေယာက္စလံုးအႀကိဳက္ျဖစ္ပါေစ

အဓိကေတာ့ ဒီလက္ထပ္လက္စြပ္က တစ္ေယာက္တည္း၀တ္ထားရမွာ မဟုတ္ပါဘူး။ ႏွစ္ေယာက္အတူတူ၀တ္ထားရမွာပါ။ ဒါေၾကာင့္ ႏွစ္ေယာက္စလံုးႀကိဳက္တဲ့ပံုစံေလးျဖစ္ဖို႔လည္း လိုအပ္ပါေသးတယ္။ ကိုယ့္အႀကိဳက္ကိုပဲ ေရြးခ်ယ္မိလို႔ တစ္ေယာက္က ေအာင့္သက္သက္ႀကီးနဲ႔ စြပ္ေနရတယ္ဆိုရင္ ဒါ ႏွစ္ေယာက္စလံုးအတြက္ မေကာင္းပါဘူး။ သူေရာကိုယ္ေရာ တိုင္ပင္ပါ။ ကိုယ့္အႀကိဳက္ႀကီးပဲ ဇြတ္မလုပ္ဘဲ ညွိညွိႏႈိင္းႏႈိင္းလုပ္ေစခ်င္ပါတယ္။

လက္ထပ္လက္စြပ္လုပ္ေတာ့မယ္ဆိုရင္ေတာ့ မယ္ေရာ၊ ေမာင္ေရာ အခုေျပာတဲ့အခ်က္ေလးေတြကို ဂရုစိုက္ၿပီး ညွိညွိႏႈိင္းႏိႈင္းလုပ္ၾကဖို႔ တိုက္တြန္းပါတယ္ေနာ္။ ဒါမွပဲ တစ္သက္လံုး လက္ထပ္လက္စြပ္ေလးေတြကို ၾကည့္တိုင္း စိတ္ၾကည္ႏူးမႈေလးေတြကို ရရွိေနႏိုင္မွာပဲျဖစ္ပါတယ္ေနာ္။ မၾကာခင္ လက္ထပ္ၾကေတာ့မယ့္ စံုတြဲေတြအားလံုးပဲ ေရႊလက္တြဲလို႔ ၿမဲႏိုင္ၾကပါေစလို႔ အခရာက ဆုေတာင္းေပးလိုက္ပါတယ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ပြီးပြည့်စုံတဲ့ လက်ထပ်မင်္ဂလာလက်စွပ်လေးဆိုတာ

သီတင်းကျွတ်ပြီနော်။ သီတင်းကျွတ်ပြီဆိုတဲ့အတွက် မကြာခင် လက်ထပ်ထိမ်းမြားဖို့ ပြင်ဆင်နေကြပြီမလား။ အခုလောက်ဆို တော်တော်လေးမှ အဆင်သင့်ဖြစ်နေကြပြီထင်ပါတယ်။ ဒါပေမယ့် တစ်ခု သတိပေးချင်တာရှိသေးပါတယ်နော်။ ပြီးပြည့်စုံတဲ့မင်္ဂလာပွဲတစ်ခုဖြစ်ဖို့က လက်ထပ်လက်စွပ်မှာလည်း တာဝန်ရှိပါတယ်။ လက်ထပ်လက်စွပ်က မင်္ဂလာပွဲအတွင်းမှာ သိပ်မထင်ပေါ်ရှာဘူးဆိုပေမယ့် သင်တို့နှစ်ဦး အတူတူနေကြသလိုပဲ သင်တို့တစ်ယောက်ချင်းဆီနဲ့ အတူတူနေမယ့်ပစ္စည်းလေးဖြစ်လို့ မှားယွင်းမှုတွေမဖြစ်ရလေအောင် ဂရုစိုက်ရပါဦးမယ်လေ။

အာမခံရှိတဲ့နေရာကနေ မှာယူပါ

ပိုက်ဆံကုန်ဖို့ မနှမြောရမယ့်နေရာမှာ လက်ထပ်လက်စွပ်ဝယ်တာလည်း ပါပါတယ်။ သူက တစ်သက်လုံးရှိနေမယ့်ပစ္စည်းပါ။ သင့်ရဲ့လက်တွဲဖော်မရှိတော့တဲ့အချိန်အထိတောင် သူက ရှိနေနိုင်လို့ပါပဲ။ ဒီလောက်ဆိုရင်တော့ ဘယ်လောက်အရေးပါတဲ့ပစ္စည်းလည်း ဆိုတာကို နားလည်လောက်ပြီထင်ပါတယ်။ ဒါကြောင့် အာမခံချက်ရှိတဲ့နေရာက ဝယ်ယူဖို့လိုအပ်ပါတယ်။ ရွှေပဲဖြစ်ဖြစ်၊ တခြားကျောက်မြတ်ရတနာပဲဖြစ်ဖြစ် ဘာပဲဝယ်ဝယ် ဈေးနှုန်းအနည်းငယ် ကွာဟတာကို မကြည့်ပဲ အရည်အသွေးကောင်းပြီး အာမခံချက်ရှိတဲ့နေရာကို ရွေးချယ်ပါ။

လိုအပ်တဲ့ထိန်းသိမ်းမှုတွေလုပ်ပါ

ဝယ်ပြီးပြီဆိုရင်လည်း ဘယ်နှလတစ်ခါ သန့်ရှင်းရေးလုပ်ရမယ်။ ဘယ်နှနှစ်တစ်ကြိမ် ပုံမှန်ဆေးကြောရမယ်စတဲ့ လိုအပ်တဲ့ထိန်းသိမ်းမှုတွေကို လုပ်နိုင်ဖို့အတွက် တစ်ခါတည်းမေးခဲ့ပါ။ နောက်ပြီးရင်လည်း ကိုယ့်ရဲ့ လက်ထပ်လက်စွပ်အရည်အသွေး ကျဆင်းသွားတာမျိုးမရှိအောင်လို့ ညွှန်ကြားတဲ့အတိုင်း ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ စုံတွဲအများစု သတိမထားမိကြတာက ဝယ်ယူပြီးရင်ပြီးရော ထိန်းသိမ်းမှုပြုလုပ်ကဖို့ လိုအပ်တယ်ဆိုတာကိုပါပဲ။

ရိုးရှင်းတာကို ရွေးချယ်ပါ

ဒီလက်ထပ်လက်စွပ်လေးနဲ့ပဲ နှစ်ပေါင်းအများကြီးဖြတ်သန်းကြမှာပါ။ ဒါဆို ဘယ်လိုဒီဇိုင်းမျိုးက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို စဉ်းစားမိရဲ့လား။ အကောင်းဆုံးကတော့ အရိုးရှင်းဆုံးပဲဖြစ်ပါတယ်နော်။ Simply is perfect ဆိုတဲ့အတိုင်း အရိုးရှင်းဆုံးကို ရွေးချယ်လိုက်တာမမှားပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ အခုခေတ်မှာ ခေတ်စားနေတဲ့ အလှဆုံးဒီဇိုင်းတွေက နောက်တစ်ခေတ်က အရမ်းရုပ်ဆိုးတဲ့ဒီဇိုင်းတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အရိုးရှင်းဆုံးဒီဇိုင်းကို ရွေးချယ်လိုက်တာက ခေတ်တိုင်းနှစ်တိုင်း လှနေနိုင်ပါတယ်။

နှစ်ယောက်စလုံးအကြိုက်ဖြစ်ပါစေ

အဓိကတော့ ဒီလက်ထပ်လက်စွပ်က တစ်ယောက်တည်းဝတ်ထားရမှာ မဟုတ်ပါဘူး။ နှစ်ယောက်အတူတူဝတ်ထားရမှာပါ။ ဒါကြောင့် နှစ်ယောက်စလုံးကြိုက်တဲ့ပုံစံလေးဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ့်အကြိုက်ကိုပဲ ရွေးချယ်မိလို့ တစ်ယောက်က အောင့်သက်သက်ကြီးနဲ့ စွပ်နေရတယ်ဆိုရင် ဒါ နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။ သူရောကိုယ်ရော တိုင်ပင်ပါ။ ကိုယ့်အကြိုက်ကြီးပဲ ဇွတ်မလုပ်ဘဲ ညှိညှိနှိုင်းနှိုင်းလုပ်စေချင်ပါတယ်။

လက်ထပ်လက်စွပ်လုပ်တော့မယ်ဆိုရင်တော့ မယ်ရော၊ မောင်ရော အခုပြောတဲ့အချက်လေးတွေကို ဂရုစိုက်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ တိုက်တွန်းပါတယ်နော်။ ဒါမှပဲ တစ်သက်လုံး လက်ထပ်လက်စွပ်လေးတွေကို ကြည့်တိုင်း စိတ်ကြည်နူးမှုလေးတွေကို ရရှိနေနိုင်မှာပဲဖြစ်ပါတယ်နော်။ မကြာခင် လက်ထပ်ကြတော့မယ့် စုံတွဲတွေအားလုံးပဲ ရွှေလက်တွဲလို့ မြဲနိုင်ကြပါစေလို့ အခရာက ဆုတောင်းပေးလိုက်ပါတယ်။

Moethaesay (Akhayar)

www.akhayar.com