[ZawGyi]

မ်က္ႏွာအေနအထားေပၚမူတည္ၿပီး အလိုက္ဖက္ဆံုး မ်က္မွန္ကုိ ဘယ္လုိေရြးခ်ယ္မလဲ

ေနေရာင္ျပင္းျပင္းက်ေရာက္တဲ့ ေႏြရာသီမ်ိဳးမွာ အေရျပားအတြက္ ထိခိုက္ေစတဲ့ UV Rays ေတြကေန ကာကြယ္ဖို႔ပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ ေႏြရာသီ Fashion ေလးကို ၿပီးျပည့္စံုဖို႔ပဲျဖစ္ျဖစ္ ထသြားထလာ သယ္ေနက် ကိုယ့္ရဲ႕ အိတ္ထဲမွာ ေနကာမ်က္မွန္ေလးတစ္လက္ေလာက္ေတာ့ လိုအပ္မွာပဲေနာ္။ ခက္တာက မ်က္မွန္ေလးဝတ္ၿပီး ေနေရာင္လည္းကာ၊ Fashion လည္းက်ဖို႔ဆို အဲ့မ်က္မွန္က ကိုယ့္မ်က္ႏွာက်ေပၚမူတည္ၿပီး လိုက္ဖက္တဲ့ အေနအထားရွိဦးမွ မဟုတ္လား? ဒီေတာ့ကာ မိန္းကေလး၊ ေယာက္်ားေလးတိုင္းအတြက္ မရွိမျဖစ္ လိုကိုလိုအပ္တဲ့ Fashion က်က် မ်က္မွန္ေလးေတြကို ကိုယ့္မ်က္ႏွာက်ေပၚမူတည္ၿပီး ဘယ္လိုေရြးၾကမလည္း ၾကည့္လိုက္ၾကရေအာင္။

HP Spectre 13                                               HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

မ်က္ႏွာက်ေပၚ မူတည္ၿပီး ေရြးမွာဆိုေတာ့ ပထမဦးဆံုး ကိုယ့္မ်က္ႏွာက်ကို အရင္သိေအာင္ ပံုေဖာ္ၾကည့္ၾကရေအာင္။ ကိုယ့္ရဲ႕ ဆံသားလိုင္းက က်ယ္က်ယ္ဝိုင္းဝိုင္းျဖစ္ေနတာမ်ိဳး၊ နဖူးျပင္က ကႀကီးပံု က်ယ္ျပန္႔တာမ်ိဳး၊ ေမး႐ိုးခြ်န္တာမ်ိဳးဆို အသည္းပံုပါတဲ့။ မ်က္ႏွာက်အေနအထား ဖူးျပည့္ေနၿပီး အလ်ားေရာ ေဒါင္လိုက္ေရာ ခြ်န္ထက္ျခင္းမရွိဘဲ ေမး႐ိုးဝိုင္းဝိုင္းေလးေတြ ဆိုရင္ေတာ့ ဝိုင္းတဲ့မ်က္ႏွာသြင္ျပင္ပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ေမး႐ိုးေရာ၊ ဆံသားလိုင္းေရာ က်ယ္က်ယ္ဝန္းဝိုင္းၿပီး မ်က္ႏွာက် အခ်ိဳးညီရင္ေတာ့ ေလးေထာင့္က်တဲ့ မ်က္ႏွာက်ပါ။ မ်က္မွန္လွလွေလးဝတ္ဖို႔ ကံအေကာင္းဆံုး မ်က္ႏွာက်ပိုင္ရွင္ေတြကေတာ့ ဘဲဥပံု မ်က္ႏွာက်ပိုင္ရွင္ေတြပါ။ ဆံသားလိုင္း ရွည္ၿပီး မ်က္ႏွာက်တစ္ခုလံုးသြယ္ကာ ေမး႐ိုးခြ်န္တဲ့ မ်က္ႏွာပိုင္ရွင္ေတြျဖစ္ပါတယ္။ ဒါဆို ဒီလိုမ်က္ႏွာက်ေလးေတြအလိုက္ ဘယ္လိုမ်က္မွန္ပံုစံေလးေတြက အသင့္ေတာ္ဆံုးလဲဆိုတာ ပံုဥပမာေလးေတြၾကည့္ၿပီး ေရြးခ်ယ္ဝယ္ယူႏိုင္ပါၿပီ။

(၁) အသည္းပံုမ်က္ႏွာပိုင္ရွင္

အသည္းပံုမ်က္ႏွာပိုင္ရွင္ေတြရဲ႕ မ်က္မွန္ေရြးခ်ယ္ပံု စံႏႈန္းကေတာ့ ေမး႐ိုးခြ်န္ခြ်န္ နဲ႔ နဖူးက်ယ္က်ယ္ကို လိုက္ဖက္ညီေစတဲ့ မ်က္မွန္ Frame မ်ိဳး အထူးသျဖင့္ အေပၚပိုင္း Frame ကားကား Cat Eye ပံုစံ၊ အေပၚ Frame ပဲပါတဲ့ Brow Line ပံုစံမ်ိဳးနဲ႕ ေလးေထာင့္ဆန္တဲ့ Retro Square ပံုစံမ်ိဳးေတြကအသင့္ေတာ္ဆံုးပါပဲ။

heart shaped face and right sunglasses

heart shaped face and right sunglasses

(၂) မ်က္ႏွာက် ဝိုင္းဝိုင္းပိုင္ရွင္

မ်က္ႏွာက် ဝိုင္းသူေတြအတြက္ေတာ့ မ်က္ႏွာကိုပိုေသးသြယ္ေစမယ့္ Frame ႀကီးၿပီးကားတဲ့ မ်က္မွန္ပံုစံေတြ၊ Cat Eye ပံုစံေတြ၊ အဓိကက မ်က္မွန္ေထာင့္ကိုေပၚေစတဲ့ Frame မ်ိဳးေတြကိုေရြးခ်ယ္တတ္ဖို႔ပါပဲ။ ကိုင္းသားေပၚတဲ့ ေလးေထာင့္ဆန္တာမ်ိဳးေတြ၊ Upsweat Frame မ်ိဳးေတြလည္း အဆင္ေျပပါတယ္။

round shaped face and right sunglasses

round shaped face and right sunglasses

(၃) ေလးေထာင့္ဆန္တဲ့ မ်က္ႏွာက်ပိုင္ရွင္

ေလးေထာင့္ဆန္တဲ့ မ်က္ႏွာက်ေတြအတြက္ေတာ့ အဲ့လိုေလးေထာင့္ဆန္တာမ်ိဳးကို ဖံုးဖို႔ ဆန္႔က်င္ဘက္ Frame မ်ိဳးေတြျဖစ္တဲ့ ဘဲဥပံု Frame မ်ိဳး၊ Frame အဝိုင္းမ်ိဳးကို ေရြးခ်ယ္လို႔ရပါတယ္။

square shaped face and right sunglasses

heart shaped face and right sunglasses

(၄) ဘဲဥပံုမ်က္ႏွာက်ပိုင္ရွင္

သူတို႔အတြက္ကေတာ့ မ်က္ႏွာအသြင္ျပင္အေနအထားကိုက ပံုက်လွပၿပီးသားျဖစ္ေနတာမို႔ ဘယ္လို Frame မ်ိဳးနဲ႔မဆို လိုက္ဖက္သူပါ။ အထူး Recommend ေပးခ်င္တာဆို Geometric Shapes ေတြျဖစ္တဲ့ စတုရန္းပံုစံ၊ ေလးေထာင့္ပံုစံေတြေရြးႏိုင္ပါတယ္။ မ်က္လံုးသားတစ္ဝိုက္နားမွာ ပိုက်ယ္ျပန္႔ေစတဲ့ ပံုစံကိုေရြးခ်ယ္ဖို႔ေတာ့လိုပါတယ္။ ကိုယ့္ဆံပင္သားနဲ႔ မ်က္လံုးသားအေရာင္ကိုၾကည့္ၿပီး လိုက္ဖက္တဲ့ Frame အေရာင္ေရြးခ်ယ္တာလည္း ပိုအဆင္ေျပပါတယ္။

oval shaped face and right sunglasses

oval shaped face and right sunglasses

ဒီေလာက္ဆို ကိုယ့္မ်က္ႏွာအေနအထားအရ လိုက္ဖက္မယ့္ မ်က္မွန္ပံုစံေလးေတြကို စာဖတ္ၿပီးဘဲျဖစ္ျဖစ္၊ ပံုေလးေတြၾကည့္ၿပီးဘဲ ျဖစ္ျဖစ္ ေရြးခ်ယ္ဝယ္ယူၿပီး ကိုယ့္ရဲ႕ Summer Look ေလးကို ၿပီးျပည့္စံုေအာင္ ဖန္တီးႏိုင္ပါၿပီေနာ္။

EiEiKhineMinn ( Akhayar )

[Unicode]

မျက်နှာအနေအထားပေါ်မူတည်ပြီး အလိုက်ဖက်ဆုံး မျက်မှန်ကို ဘယ်လိုရွေးချယ်မလဲ

နေရောင်ပြင်းပြင်းကျရောက်တဲ့ နွေရာသီမျိုးမှာ အရေပြားအတွက် ထိခိုက်စေတဲ့ UV Rays တွေကနေ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ နွေရာသီ Fashion လေးကို ပြီးပြည့်စုံဖို့ပဲဖြစ်ဖြစ် ထသွားထလာ သယ်နေကျ ကိုယ့်ရဲ့ အိတ်ထဲမှာ နေကာမျက်မှန်လေးတစ်လက်လောက်တော့ လိုအပ်မှာပဲနော်။ ခက်တာက မျက်မှန်လေးဝတ်ပြီး နေရောင်လည်းကာ၊ Fashion လည်းကျဖို့ဆို အဲ့မျက်မှန်က ကိုယ့်မျက်နှာကျပေါ်မူတည်ပြီး လိုက်ဖက်တဲ့ အနေအထားရှိဦးမှ မဟုတ်လား? ဒီတော့ကာ မိန်းကလေး၊ ယောက်ျားလေးတိုင်းအတွက် မရှိမဖြစ် လိုကိုလိုအပ်တဲ့ Fashion ကျကျ မျက်မှန်လေးတွေကို ကိုယ့်မျက်နှာကျပေါ်မူတည်ပြီး ဘယ်လိုရွေးကြမလည်း ကြည့်လိုက်ကြရအောင်။

HP Spectre 13                                               HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

မျက်နှာကျပေါ် မူတည်ပြီး ရွေးမှာဆိုတော့ ပထမဦးဆုံး ကိုယ့်မျက်နှာကျကို အရင်သိအောင် ပုံဖော်ကြည့်ကြရအောင်။ ကိုယ့်ရဲ့ ဆံသားလိုင်းက ကျယ်ကျယ်ဝိုင်းဝိုင်းဖြစ်နေတာမျိုး၊ နဖူးပြင်က ကကြီးပုံ ကျယ်ပြန့်တာမျိုး၊ မေးရိုးချွန်တာမျိုးဆို အသည်းပုံပါတဲ့။ မျက်နှာကျအနေအထား ဖူးပြည့်နေပြီး အလျားရော ဒေါင်လိုက်ရော ချွန်ထက်ခြင်းမရှိဘဲ မေးရိုးဝိုင်းဝိုင်းလေးတွေ ဆိုရင်တော့ ဝိုင်းတဲ့မျက်နှာသွင်ပြင်ပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

မေးရိုးရော၊ ဆံသားလိုင်းရော ကျယ်ကျယ်ဝန်းဝိုင်းပြီး မျက်နှာကျ အချိုးညီရင်တော့ လေးထောင့်ကျတဲ့ မျက်နှာကျပါ။ မျက်မှန်လှလှလေးဝတ်ဖို့ ကံအကောင်းဆုံး မျက်နှာကျပိုင်ရှင်တွေကတော့ ဘဲဥပုံ မျက်နှာကျပိုင်ရှင်တွေပါ။ ဆံသားလိုင်း ရှည်ပြီး မျက်နှာကျတစ်ခုလုံးသွယ်ကာ မေးရိုးချွန်တဲ့ မျက်နှာပိုင်ရှင်တွေဖြစ်ပါတယ်။ ဒါဆို ဒီလိုမျက်နှာကျလေးတွေအလိုက် ဘယ်လိုမျက်မှန်ပုံစံလေးတွေက အသင့်တော်ဆုံးလဲဆိုတာ ပုံဥပမာလေးတွေကြည့်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

(၁) အသည်းပုံမျက်နှာပိုင်ရှင်

အသည်းပုံမျက်နှာပိုင်ရှင်တွေရဲ့ မျက်မှန်ရွေးချယ်ပုံ စံနှုန်းကတော့ မေးရိုးချွန်ချွန် နဲ့ နဖူးကျယ်ကျယ်ကို လိုက်ဖက်ညီစေတဲ့ မျက်မှန် Frame မျိုး အထူးသဖြင့် အပေါ်ပိုင်း Frame ကားကား Cat Eye ပုံစံ၊ အပေါ် Frame ပဲပါတဲ့ Brow Line ပုံစံမျိုးနဲ့ လေးထောင့်ဆန်တဲ့ Retro Square ပုံစံမျိုးတွေကအသင့်တော်ဆုံးပါပဲ။

heart shaped face and right sunglasses

heart shaped face and right sunglasses

(၂) မျက်နှာကျ ဝိုင်းဝိုင်းပိုင်ရှင်

မျက်နှာကျ ဝိုင်းသူတွေအတွက်တော့ မျက်နှာကိုပိုသေးသွယ်စေမယ့် Frame ကြီးပြီးကားတဲ့ မျက်မှန်ပုံစံတွေ၊ Cat Eye ပုံစံတွေ၊ အဓိကက မျက်မှန်ထောင့်ကိုပေါ်စေတဲ့ Frame မျိုးတွေကိုရွေးချယ်တတ်ဖို့ပါပဲ။ ကိုင်းသားပေါ်တဲ့ လေးထောင့်ဆန်တာမျိုးတွေ၊ Upsweat Frame မျိုးတွေလည်း အဆင်ပြေပါတယ်။

round shaped face and right sunglasses

round shaped face and right sunglasses

(၃) လေးထောင့်ဆန်တဲ့ မျက်နှာကျပိုင်ရှင်

လေးထောင့်ဆန်တဲ့ မျက်နှာကျတွေအတွက်တော့ အဲ့လိုလေးထောင့်ဆန်တာမျိုးကို ဖုံးဖို့ ဆန့်ကျင်ဘက် Frame မျိုးတွေဖြစ်တဲ့ ဘဲဥပုံ Frame မျိုး၊ Frame အဝိုင်းမျိုးကို ရွေးချယ်လို့ရပါတယ်။

square shaped face and right sunglasses

heart shaped face and right sunglasses

(၄) ဘဲဥပုံမျက်နှာကျပိုင်ရှင်

သူတို့အတွက်ကတော့ မျက်နှာအသွင်ပြင်အနေအထားကိုက ပုံကျလှပပြီးသားဖြစ်နေတာမို့ ဘယ်လို Frame မျိုးနဲ့မဆို လိုက်ဖက်သူပါ။ အထူး Recommend ပေးချင်တာဆို Geometric Shapes တွေဖြစ်တဲ့ စတုရန်းပုံစံ၊ လေးထောင့်ပုံစံတွေရွေးနိုင်ပါတယ်။ မျက်လုံးသားတစ်ဝိုက်နားမှာ ပိုကျယ်ပြန့်စေတဲ့ ပုံစံကိုရွေးချယ်ဖို့တော့လိုပါတယ်။ ကိုယ့်ဆံပင်သားနဲ့ မျက်လုံးသားအရောင်ကိုကြည့်ပြီး လိုက်ဖက်တဲ့ Frame အရောင်ရွေးချယ်တာလည်း ပိုအဆင်ပြေပါတယ်။

oval shaped face and right sunglasses

oval shaped face and right sunglasses

ဒီလောက်ဆို ကိုယ့်မျက်နှာအနေအထားအရ လိုက်ဖက်မယ့် မျက်မှန်ပုံစံလေးတွေကို စာဖတ်ပြီးဘဲဖြစ်ဖြစ်၊ ပုံလေးတွေကြည့်ပြီးဘဲ ဖြစ်ဖြစ် ရွေးချယ်ဝယ်ယူပြီး ကိုယ့်ရဲ့ Summer Look လေးကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ပါပြီနော်။

EiEiKhineMinn ( Akhayar )