
Gigabyte Aero 15X







Gigabyte Aero 15X






Asus ROG


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Gaming Laptop ကို ဝယ်ယူဖို့ စိတ်ကူးနေတဲ့သူတွေအတွက် အခုအချိန်မှာ ဘယ်လိုရွေးချယ်မလဲဆိုတာကို ပြောပြသွားပေးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလောလောဆယ်မှာ Gaming Desktop ဆင်ဖို့လည်း စိတ်မဝင်စားပဲ Gaming Laptop နဲ့ပဲ တခါတည်းဂိမ်းဆော့ချင်တဲ့သူတွေရှိတယ်ဆိုရင် အခု Article က တစ်ဖက်တလမ်းကနေ အထောက်အကူပေးနိုင်မှာပါ။

Gigabyte Aero 15X

Gaming Laptop လို့ဆိုလိုက်တာနဲ့ Nvidia Graphic Card နဲ့ Intel i7 Processor ပါတယ်ဆိုရင် အဆင်ပြေပြီလို့ ယူဆလိုက်တတ်ကြပါတယ်။ တကယ်တမ်းက Intel Processor တွေနဲ့ Nvidia Graphic Card ဆိုတာထက် ပိုပြီး သိထားသင့်တဲ့အချက်တွေရှိပါသေးတယ်။

Intel 8th Gen Processor

အရင်ဆုံး Intel Processor တွေမှာဆိုရင် Generation – မျိုးဆက်က အရေးကြီးပါတယ်။ လက်ရှိအချိန်မှာဆိုရင် Intel ကနေ 8th Generation – Coffee Lake Chip တွေကို နောက်ဆုံးထုတ်လုပ်ထားတာဖြစ်ပြီးတော့ Laptop Processor တွေမှာဆိုရင် U Series Processor တွေနဲ့ H Series Processor တွေဆိုပြီး ထွက်ရှိထားပြီးတော့ U Series Processor တွေကတော့ Ultra Low Voltage CPU တွေဖြစ်တဲ့အတွက် သာမန် Laptop တွေနဲ့ Ultrabook တွေမှာ အသုံးပြုတာဖြစ်ပြီးတော့ H Series Processor တွေက High Performance ဖြစ်တဲ့အတွက် Gaming Laptop တွေမှာ အသုံးပြုတာပဲဖြစ်ပါတယ်။

Intel 8th Gen U Series Processor

Intel 8th Gen H Series Processor

အခုအချိန်မှာ Laptop ဝယ်မယ်ဆိုရင် အခု 8th Gen Processor တွေက မဖြစ်မနေကို ရွေးချယ်သင့်တဲ့ Processor တွေဖြစ်နေပါပြီ။ နောက်ဆုံး Generation ဖြစ်သွားတာကလည်း တစ်ခုအပါအဝင်ဖြစ်ပေမယ့် ပထမဆုံးအနေနဲ့ Intel ဟာ သူရဲ့ Laptop တွေအတွက် U Series Processor တွေကို Quad Core ၊ 8 Threads ကို အဆင့်တိုးမြှင့်ပေးခဲ့သလို Gaming အတွက် ရည်ရွယ်တဲ့ H Series i7 Processor တွေဆိုရင် 6 Cores ၊ 12 Threads အထိကို အဆင့်မြှင့်တင်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Gaming အတွက်ပဲဖြစ်ဖြစ်၊ Multitasking အတွက်ပဲဖြစ်ဖြစ် Multi Core Performance က ယခင် 7th Gen Processor တွေအတွက် ၂ ဆ နီးပါးကို ပိုပြီး စွမ်းဆောင်ရည်မြင့်လာမှာပါ။

Gigabyte Aero 15X

နောက်ထပ်တစ်ခုကတော့ Graphic Card ပါ။ လက်ရှိ Gaming Laptop အများစုမှာ Nvidia Graphic Card တွေကို အသုံးပြုတဲ့အတွက် Nvidia Graphic Card တွေကိုပဲ အဓိကထားပြီးပြောသွားပါမယ်။

Gaming Laptop လို့ဆိုလိုက်တာနဲ့ အနိမ့်ဆုံး Nvidia GTX 1050 နဲ့ GTX 1050Ti ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိအချိန်မှာ နောက်ဆုံးထွက် AAA Titles Game တွေကို Full HD Resolution နဲ့ ဆော့မယ်ဆိုရင်တောင်မှ အချို့ဂိမ်းတွေဟာ 60fps အပြည့်ရဖို့ မသေချာပါဘူး။ အဲ့ဒီအတွက် ကိုယ်က Online Games တွေဖြစ်တဲ့ Fortnite ၊ PUBG ၊ Dota 2 နဲ့ Counter Strike လိုမျိုး ဂိမ်းတွေကိုပဲ ဆော့ဖို့ ရည်ရွယ်ထားရင်တော့ GTX 1050 က လုံလောက်မှာဖြစ်ပြီးတော့ တကယ်လို့ တခြားထွက်သမျှ Latest Games တွေကို ဆော့ချင်တယ်ဆိုရင်တော့ GTX 1050Ti လောက်တော့ အနိမ့်ဆုံးရွေးချယ်သင့်ပါတယ်။

တကယ်လို့ ကိုယ်က ဒီထက်လည်း ပိုက်ဆံပိုသုံးနိုင်တယ်ဆိုရင်တော့ GTX 1060 နဲ့ GTX 1070 Graphic Card တွေက ရွေးချယ်သင့်တဲ့အထဲပါပါတယ်။ ဒါပေမယ့် တစ်ခုကတော့ ကိုယ်က GTX 1070 Graphic Card ပါတဲ့ Gaming Laptop ကို ဝယ်နိုင်နေတယ်ဆိုရင် Display ကိုလည်း Full HD ဆိုရင်တောင် Refresh Rate ကို 120Hz ရှိတဲ့ Gaming Laptop ကိုပဲ ရွေးချယ်ပါ။ ဘာဖြစ်လို့လဲဆိုရင် GTX 1070 Graphic Card က လက်ရှိအချိန်မှာ Full HD 60Hz Display အတွက် ဂိမ်းအားလုံးမှာ Over Power ဖြစ်နေသေးတာကြောင့်ဖြစ်ပါတယ်။

ကျန်တဲ့ Gaming Laptop ဝယ်ယူတဲ့အချိန်မှာ ကြည့်သင့်တဲ့အချက်တွေကတော့ External keyboard တပ်မသုံးဘူးဆိုရင် Keyboard ၊ Display ရဲ့ Brightness နဲ့ Cooling System တွေက အဓိကကြည့်သင့်ပါတယ်။ ဖြစ်နိုင်ရင် ဆိုင်မှာပဲ မဝယ်ယူခင် ဂိမ်း ၁၅ မိနစ်လောက်ဆော့ကြည့်ပြီး Heat က Cooling Fan လိုအပ်သလားဆိုတာကိုပါ စစ်ဆေးသင့်ပါတယ်။ နောက်ထပ်တစ်ခုကတော့ External Mouse ၊ Keyboard နဲ့ Hard Disk တွေပါ တပ်ပြီးအသုံးပြုလာနိုင်တဲ့အတွက် USB Ports တွေကလည်း အနည်းဆုံး ၃ ခုလောက်တော့ပါသင့်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ RGB ပါ၊ လက်ရှိအချိန်မှာ Gaming Products တွေအတော်များများက RGB Lighting ကို သွားနေကြပြီးတော့ တကယ်လို့ ကိုယ်ကလည်း RGB Lighting တွေကို ကြိုက်တယ်ဆိုရင် ဝယ်ယူသင့်ပြီးတော့ Lighting က အရေးမကြီးရင်တော့ RGB မပါတဲ့ Laptop ကိုပဲ ဝယ်ပြီးတော့ အနည်းငယ်ချွေတာလို့လည်း ရပါသေးတယ်။

Asus ROG

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Intel ရဲ့ 8th Generation Processors တွေက ဒီနှစ်မှာ Gaming Laptop ဝယ်မယ်ဆိုရင် Desktop ဆင်တာနဲ့ စွမ်းဆောင်ရည်ကွာခြားမှုပိုနည်းသွားပြီးတော့ ဝယ်ဖို့စဉ်းစားနေရင် အခုပဲ ဝယ်ယူသင့်နေပြီနော်။

Zawyè (Akhayar) 

www.akhayar.com