[Zawgyi]

Body Oil, Body Cream နဲ႔ Body Lotion ရဲ႕ ကြာျခားခ်က္

အသားအေရစိုျပည္ျပီး လွေနဖို႔အတြက္ဆုိရင္ Body Oil, Body Cream နဲ႔ Body Lotion က အေကာင္းဆံုးေဆးတစ္လက္ပါ။ အမ်ိဳးအစား သံုးခုေလာက္ယွဥ္လာတဲ့အခါမွာ ဘယ္ဟာကိုေရြးခ်ယ္ရမလဲဆိုၿပီး စဥ္းစားရခက္တတ္ပါတယ္။ အဲဒီလိုျဖစ္လာခဲ့ရင္ ဒီလိုအခ်က္ေတြနဲ႔ ခြဲျခားျပီး ေရြးခ်ယ္သံုးစြဲနိုင္ပါတယ္။

Body Oil

Body Oil ကေတာ့ Thick Weight Texture ကုိ ပိုင္ဆိုင္ထားပါတယ္။ သူက အသားအေရထဲကို စိမ့္ဝင္တာၾကာျပီး တစ္ေနကုန္လည္း အစိုဓာတ္တာရွည္ခံေအာင္လုပ္ေပးေနမွာ ျဖစ္ပါတယ္။ အားလပ္ရက္မွာ ကိုယ့္အသားအေရအတြက္ အခ်ိန္ေပးျပီး ဂရုစိုက္တဲ့အခါမွာ Body Oil ကို အသံုးျပဳသင့္ပါတယ္။ Moisture ပိုရတာကို ၾကိဳက္တဲ့သူေတြလည္း အသံုးျပဳလို႔ရပါတယ္။

Body Cream

Body Cream ကေတာ့ Medium Weight Texture ကို ပိုင္ဆိုင္ထားပါတယ္။ အရမ္းႀကီး ကပ္ကပ္ေစးေစးႀကီး မျဖစ္ပါဘူး။ ကိုယ့္အသားအေရကို အစိုဓာတ္အေတာ္အသင့္ေပးပါတယ္။ မနက္မိုးလင္း ေရခ်ိဳးၿပီးတဲ့အခါလိမ္းေပးပါ။ တစ္ေနကုန္ အသားအေရေလးက စိုၿပီးအိေနမွာျဖစ္ပါတယ္။ ေန႔တိုင္းလိမ္းဖို႔သင့္ေတာ္ပါတယ္။

Body Lotion

Lotion ကေတာ့ Light Weight Texture ကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ Body Oil နဲ႔ Body Cream ေတြလိုမ်ိဳး လိမ္းၿပီးတဲ့အခါ ေစးကပ္ကပ္ႀကီး ျဖစ္မေနပါဘူး။ ထသြားထလာ အျပင္သြားတဲ့အခါ လိမ္းဖို႔သင့္ေတာ္ပါတယ္။ အိတ္ေဆာင္အေနနဲ႔လည္း သယ္သြားလို႔ရတဲ့အတြက္ ကိုယ့္အသားအေရေျခာက္တယ္လို႔ ခံစားလာရတဲ့အခ်ိန္မွာ ထုတ္လိမ္းလို႔အဆင္ေျပပါတယ္။

အသားအေရလွခ်င္တဲ့သူဆိုရင္ေတာ့ ဘယ္ Body Moisture ကိုမဆိုမျဖစ္မေန လိမ္းသင့္ပါတယ္။ Spa ေတြဘယ္လိုပဲ သြားပါေစ ပံုမွန္ Body Moisture ျဖည္႔တင္းေပးတာေလာက္ အသားအေရေကာင္းေစတဲ႔အရာမရွိေလာက္ေတာ့ပါဘူးေနာ္။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Body Oil, Body Cream နဲ့ Body Lotion ရဲ့ ကွာခြားချက်

အသားအရေစိုပြည်ပြီး လှနေဖို့အတွက်ဆိုရင် Body Oil, Body Cream နဲ့ Body Lotion က အကောင်းဆုံးဆေးတစ်လက်ပါ။ အမျိုးအစား သုံးခုလောက်ယှဉ်လာတဲ့အခါမှာ ဘယ်ဟာကိုရွေးချယ်ရမလဲဆိုပြီး စဉ်းစားရခက်တတ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဒီလိုအချက်တွေနဲ့ ခွဲခြားပြီး ရွေးချယ်သုံးစွဲနိုင်ပါတယ်။

Body Oil

Body Oil ကတော့ Thick Weight Texture ကို ပိုင်ဆိုင်ထားပါတယ်။ သူက အသားအရေထဲကို စိမ့်ဝင်တာကြာပြီး တစ်နေကုန်လည်း အစိုဓာတ်တာရှည်ခံအောင်လုပ်ပေးနေမှာ ဖြစ်ပါတယ်။ အားလပ်ရက်မှာ ကိုယ့်အသားအရေအတွက် အချိန်ပေးပြီး ဂရုစိုက်တဲ့အခါမှာ Body Oil ကို အသုံးပြုသင့်ပါတယ်။ Moisture ပိုရတာကို ကြိုက်တဲ့သူတွေလည်း အသုံးပြုလို့ရပါတယ်။

Body Cream

Body Cream ကတော့ Medium Weight Texture ကို ပိုင်ဆိုင်ထားပါတယ်။ အရမ်းကြီး ကပ်ကပ်စေးစေးကြီး မဖြစ်ပါဘူး။ ကိုယ့်အသားအရေကို အစိုဓာတ်အတော်အသင့်ပေးပါတယ်။ မနက်မိုးလင်း ရေချိုးပြီးတဲ့အခါလိမ်းပေးပါ။ တစ်နေကုန် အသားအရေလေးက စိုပြီးအိနေမှာဖြစ်ပါတယ်။ နေ့တိုင်းလိမ်းဖို့သင့်တော်ပါတယ်။

Body Lotion

Lotion ကတော့ Light Weight Texture ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Body Oil နဲ့ Body Cream တွေလိုမျိုး လိမ်းပြီးတဲ့အခါ စေးကပ်ကပ်ကြီး ဖြစ်မနေပါဘူး။ ထသွားထလာ အပြင်သွားတဲ့အခါ လိမ်းဖို့သင့်တော်ပါတယ်။ အိတ်ဆောင်အနေနဲ့လည်း သယ်သွားလို့ရတဲ့အတွက် ကိုယ့်အသားအရေခြောက်တယ်လို့ ခံစားလာရတဲ့အချိန်မှာ ထုတ်လိမ်းလို့အဆင်ပြေပါတယ်။

အသားအရေလှချင်တဲ့သူဆိုရင်တော့ ဘယ် Body Moisture ကိုမဆိုမဖြစ်မနေ လိမ်းသင့်ပါတယ်။ Spa တွေဘယ်လိုပဲ သွားပါစေ ပုံမှန် Body Moisture ဖြည့်တင်းပေးတာလောက် အသားအရေကောင်းစေတဲ့အရာမရှိလောက်တော့ပါဘူးနော်။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။