[Zawgyi]

ကိုယ္နဲ႔ ကုိက္ညီျပီး ေရရွည္ေပ်ာ္ရႊင္ႏုိင္မယ့္ အလုပ္တစ္ခုကို ေရြးခ်ယ္ရေအာင္

လူတစ္ေယာက္ရဲ႕ ဘဝသက္တမ္း ၃ ပံု ၁ ပံုကို အလုပ္လုပ္ျခင္းနဲ႔ ကုန္ဆံုးရတာမို႔ ကိုယ္ဒီေလာက္ အခ်ိန္ေတြ ကုန္ဆံုးမယ့္ အလုပ္ဆုိတာကို ေသခ်ာေရြးခ်ယ္ဖို႔ လုိပါတယ္။ ပ်မ္းမွ်ေျပာရရင္ လူတစ္ေယာက္ဟာ အလုပ္ခြြင္ထဲမွာ နာရီေပါင္း ၉၀၀၀၀ ေလာက္ အခ်ိန္ကုန္ဆံုးၾကပါတယ္။

ဒီလို ဒုတိယအိမ္လို႔ ေတာင္ ေျပာလို႔ ရတဲ့ အလုပ္ကို ကုိယ္နဲ႔ ကိုက္ညီတာေလးေတြ ေသခ်ာေရြးရေအာင္။ တခ်ိဳ႕က အလုပ္ျဖစ္ရင္ျပီးေရာ ေရြးခ်ယ္ျပီးမွ ကုိယ့္ဝါသနာနဲ႔ မကိုက္ညီတဲ့အခါ၊ ကုိယ့္ပံုစံနဲ႔ မကိုက္တဲ့အခါ လုပ္သာလုပ္ရတယ္၊ မေပ်ာ္ဘူးျဖစ္ျပီး အခ်ိန္ေႏွာင္းမွ Career ေျပာင္းရရင္ အခ်ိန္ေတြလည္း ပုပ္ပါတယ္။ ဒါေၾကာင့္ ေရရွည္လုပ္မယ့္ အလုပ္တစ္ခုကို ေရြးခ်ယ္ခ်င္ရင္ ဒီအခ်က္ေလးေတြနဲ႔ စမ္းၾကည့္သင့္ပါတယ္။

၁။ ကိုယ္ကၽြမ္းက်င္တဲ့ အလုပ္ေတြနဲ႔ ကိုယ္ေတာ္တဲ့အခ်က္ေတြ ဒါမွမဟုတ္လည္း ကိုယ္ ေပ်ာ္တဲ့အရာေတြကို ေရးခ်ပါ

ဒီလို ကိုယ္ကၽြမ္းက်င္တဲ့၊ ကိုယ္ေပ်ာ္တဲ့ အရာေတြ လုပ္ရတဲ့ အလုပ္မ်ိဳးကို ပထမဦးစားေပးအေနနဲ႔ ေရြးခ်ယ္ပါ။ ဒါဟာ ဝါသနာနဲ႔ ကိုက္တဲ့ အလုပ္ျဖစ္လို႔ ေတာ္ရံုအခက္အခဲဆုိရင္ေတာင္ စိတ္မပ်က္ေစပါဘူး။

၂။ ေငြေၾကးတစ္ခုတည္းေပၚမွာ မဆံုးျဖတ္ပါနဲ႔

ေငြေၾကးလစာဟာ အလုပ္လုပ္ရာမွာ အေရးၾကီးပါတယ္။ ဒါေပမယ့္ ေငြေၾကးတစ္ခုတည္းနဲ႔ေတာ့ အလုပ္ကို မေရြးခ်ယ္ပါနဲ႔၊ တက္လမ္းေတြ ရွိမရွိနဲ႔ Career Development Program ေတြ ရွိမရွိၾကည့္ပါ။

၃။ တုိးတက္မႈရွိမယ့္ အလုပ္ကုိ ေရြးပါ

ကိုယ့္ရဲ႕အရည္အခ်င္းေတြကို ထက္ျမက္ေအာင္ ေသြးႏုိင္မယ့္ ေနရာရွိတဲ့၊ ကိုယ့္အရည္အခ်င္းေတြကို ေတာက္ေျပာင္ေအာင္ လုပ္ႏုိ္င္မယ့္ အလုပ္မ်ိဳးကို ေရြးသင့္ပါတယ္။

၄။ အိမ္နဲ႔ နီးတဲ့ ေနရာမွာ အလုပ္လုပ္ပါ

အိမ္နဲ႔ နီးတဲ့ အလုပ္ကို ေရြးခ်ယ္တာဟာ ရံုးသြား၊ ရံုးျပန္ ၾကာခ်ိန္ကို နည္းသြားေစသလို ရံုးသြားဖို႔ အခ်ိန္ၾကီးကို တြက္ရတဲ့ စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ပါးေစပါတယ္။

၅။ ေရရွည္ပန္းတုိင္ သတ္မွတ္ပါ

အလုပ္လုပ္တာေတာ့ ဟုတ္ပါျပီ။ ပန္းတိုင္မရွိဘူးဆိုရင္ လုပ္သာလုပ္ေနတာ၊ ဘယ္မွ မေရာက္ျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ေနာက္ ၃ႏွစ္အတြင္း၊ ဒါမွမဟုတ္လည္း ေနာက္ ၅ ႏွစ္အတြင္း ကိုယ္ျဖစ္ခ်င္တဲ့ ၃ ခုကို Goal အျဖစ္သတ္မွတ္ထားပါ။

၆။ ကုိယ့္ဘဝတန္ဖိုးေတြ၊ စံတန္ဖိုးေတြနဲ႔ ကိုက္ညီတဲ့ အလုပ္ရွာပါ

ကိုယ္က ဘုရားတရားကိုင္းရႈိင္းသူဆိုရင္ အရက္၊ ဘီယာ ကုမၸဏီမွာ ဝင္လုပ္တာမ်ိဳးက ကိုယ့္ကို ေန႔တုိင္း စိတ္ဆင္းရဲေနေစမွာမို႔ ကိုယ့္စံတန္ဖိုးေတြနဲ႔ ကိုက္ညီတဲ့ အလုပ္မ်ိဳးကို ေရြးမွ အလုပ္မွာေပ်ာ္ျပီး ပိုေတာ္လာပါလိမ့္မယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ကိုယ်နဲ့ ကိုက်ညီပြီး ရေရှည်ပျော်ရွှင်နိုင်မယ့် အလုပ်တစ်ခုကို ရွေးချယ်ရအောင်

လူတစ်ယောက်ရဲ့ ဘဝသက်တမ်း ၃ ပုံ ၁ ပုံကို အလုပ်လုပ်ခြင်းနဲ့ ကုန်ဆုံးရတာမို့ ကိုယ်ဒီလောက် အချိန်တွေ ကုန်ဆုံးမယ့် အလုပ်ဆိုတာကို သေချာရွေးချယ်ဖို့ လိုပါတယ်။ ပျမ်းမျှပြောရရင် လူတစ်ယောက်ဟာ အလုပ်ခွင်ထဲမှာ နာရီပေါင်း ၉၀၀၀၀ လောက် အချိန်ကုန်ဆုံးကြပါတယ်။

ဒီလို ဒုတိယအိမ်လို့ တောင် ပြောလို့ ရတဲ့ အလုပ်ကို ကိုယ်နဲ့ ကိုက်ညီတာလေးတွေ သေချာရွေးရအောင်။ တချို့က အလုပ်ဖြစ်ရင်ပြီးရော ရွေးချယ်ပြီးမှ ကိုယ့်ဝါသနာနဲ့ မကိုက်ညီတဲ့အခါ၊ ကိုယ့်ပုံစံနဲ့ မကိုက်တဲ့အခါ လုပ်သာလုပ်ရတယ်၊ မပျော်ဘူးဖြစ်ပြီး အချိန်နှောင်းမှ Career ပြောင်းရရင် အချိန်တွေလည်း ပုပ်ပါတယ်။ ဒါကြောင့် ရေရှည်လုပ်မယ့် အလုပ်တစ်ခုကို ရွေးချယ်ချင်ရင် ဒီအချက်လေးတွေနဲ့ စမ်းကြည့်သင့်ပါတယ်။

၁။ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တွေနဲ့ ကိုယ်တော်တဲ့အချက်တွေ ဒါမှမဟုတ်လည်း ကိုယ် ပျော်တဲ့အရာတွေကို ရေးချပါ

ဒီလို ကိုယ်ကျွမ်းကျင်တဲ့၊ ကိုယ်ပျော်တဲ့ အရာတွေ လုပ်ရတဲ့ အလုပ်မျိုးကို ပထမဦးစားပေးအနေနဲ့ ရွေးချယ်ပါ။ ဒါဟာ ဝါသနာနဲ့ ကိုက်တဲ့ အလုပ်ဖြစ်လို့ တော်ရုံအခက်အခဲဆိုရင်တောင် စိတ်မပျက်စေပါဘူး။

၂။ ငွေကြေးတစ်ခုတည်းပေါ်မှာ မဆုံးဖြတ်ပါနဲ့

ငွေကြေးလစာဟာ အလုပ်လုပ်ရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ငွေကြေးတစ်ခုတည်းနဲ့တော့ အလုပ်ကို မရွေးချယ်ပါနဲ့၊ တက်လမ်းတွေ ရှိမရှိနဲ့ Career Development Program တွေ ရှိမရှိကြည့်ပါ။

၃။ တိုးတက်မှုရှိမယ့် အလုပ်ကို ရွေးပါ

ကိုယ့်ရဲ့အရည်အချင်းတွေကို ထက်မြက်အောင် သွေးနိုင်မယ့် နေရာရှိတဲ့၊ ကိုယ့်အရည်အချင်းတွေကို တောက်ပြောင်အောင် လုပ်နိုင်မယ့် အလုပ်မျိုးကို ရွေးသင့်ပါတယ်။

၄။ အိမ်နဲ့ နီးတဲ့ နေရာမှာ အလုပ်လုပ်ပါ

အိမ်နဲ့ နီးတဲ့ အလုပ်ကို ရွေးချယ်တာဟာ ရုံးသွား၊ ရုံးပြန် ကြာချိန်ကို နည်းသွားစေသလို ရုံးသွားဖို့ အချိန်ကြီးကို တွက်ရတဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေပါတယ်။

၅။ ရေရှည်ပန်းတိုင် သတ်မှတ်ပါ

အလုပ်လုပ်တာတော့ ဟုတ်ပါပြီ။ ပန်းတိုင်မရှိဘူးဆိုရင် လုပ်သာလုပ်နေတာ၊ ဘယ်မှ မရောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နောက် ၃နှစ်အတွင်း၊ ဒါမှမဟုတ်လည်း နောက် ၅ နှစ်အတွင်း ကိုယ်ဖြစ်ချင်တဲ့ ၃ ခုကို Goal အဖြစ်သတ်မှတ်ထားပါ။

၆။ ကိုယ့်ဘဝတန်ဖိုးတွေ၊ စံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ အလုပ်ရှာပါ

ကိုယ်က ဘုရားတရားကိုင်းရှိုင်းသူဆိုရင် အရက်၊ ဘီယာ ကုမ္ပဏီမှာ ဝင်လုပ်တာမျိုးက ကိုယ့်ကို နေ့တိုင်း စိတ်ဆင်းရဲနေစေမှာမို့ ကိုယ့်စံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ အလုပ်မျိုးကို ရွေးမှ အလုပ်မှာပျော်ပြီး ပိုတော်လာပါလိမ့်မယ်။

Yoe Lu (Akhayar)

www.akhayar.com