[ZawGyi]

ဘီကီနီ ဘယ္လုိေရြးမလဲ

ေရကူးဝတ္စံုေရြးတယ္ဆိုတာကလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ ေရကူးဝတ္စံုဆုိတဲ႔ေနရာမွာ  ဘယ္လုိခႏၶာကိုယ္အမ်ိဳးအစားျဖစ္ျဖစ္ ေရြးခ်ယ္စရာေတြက အမ်ားၾကီးပါ။ ေရြးခ်ယ္ဝတ္ဆင္တတ္ရင္ ကမ္းေျခမွာပဲျဖစ္ျဖစ္ ေရကူးကန္ထဲမွာပဲ ျဖစ္ျဖစ္ ယံုၾကည္မႈရွိရွိနဲ႔ကိုယ္႔ရဲ႕ ခႏၶာကိုယ္ေကာက္ေၾကာင္းကိုေဖာ္ျပႏိုင္မွာပဲျဖစ္ပါတယ္။

Tankini

ကိုယ္ကပန္းသီးပံုခႏၶာကိုယ္မ်ိဴး ခႏၶာကိုယ္အလယ္ပိုင္းက ပိုထြားျပီး လက္ေမာင္းနဲ႔ ေျခေထာက္ေတြက ေသးသြယ္မယ္ဆုိရင္ Tankini ကိုေရြးရပါမယ္။ ပန္းသီးပံုခႏၶာကိုယ္ပိုင္ရွင္ေတြဟာ ဗိုက္လိုခႏၶာကိုယ္အလယ္ပိုင္းေနရာဟာ ပိုထြားျပီးေတာ႔ လက္နဲ႔ေျခေထာက္ေတြေသးတတ္ၾကပါတယ္။ Tankini ေတြက ဝမ္းဗိုက္ေနရာကိုသတိမထားမိေအာင္ အာရံုလႊဲလိုက္တဲ႔အတြက္ သင္႔ရဲ႕လက္ေမာင္းနဲ႔ သြယ္လ်တဲ႔ေျခေထာက္ေတြကိုသာ ပိုမိုသတိထားမိေစမွာျဖစ္ပါတယ္။

Ruffle Bikini

ကိုယ္ကအားကစားသမားတစ္ေယာက္လုိ က်စ္လ်စ္တဲ႔ခႏၶာကိုယ္မ်ိဳးရွိရင္ ေကာက္ေၾကာင္းေတြသိပ္မရွိဘဲ က်စ္လ်စ္သန္မာတဲ႔ပံုဆုိရင္ Ruffle Bikini ကိုေရြးသင္႔ပါတယ္။ ေဖာင္းၾကြအတြန္႔အေကြးေလးေတြ အတြန္႔အဖတ္ေလးေတြက သင္႔အလွကိုပိုျပီးျပည္႔စံုေအာင္ ျဖည္႔ဆည္းေပးပါလိမ္႔မယ္။ ရႈိက္ဖုိၾကီးငယ္ အသြယ္သြယ္ရွိသေယာင္ ထင္မွတ္ေစခ်င္ရင္ေတာ႔ ဒီလိုဒီဇိုင္းမ်ိဳးကိုေရြးသင္႔ပါတယ္ေနာ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

String Bikini

ကိုယ္႔ရဲ႕ခႏၶာကိုယ္အလွက သဲနာရီပံုစံ ခါးေသးရင္ခ်ီေလးဆုိရင္ေတာ႔ String Bikini ကိုေရြးပါ။ ကိုယ္႔ရဲ႕အလွတရားေတြကို ပိုျပီးေပၚလြင္ေစပါလိမ္႔မယ္။ String Bikini က ခါးက်ဥ္က်ဥ္ေလးကို သတိထားမိေစႏိုင္ျပီး ရင္အလွနဲ႔ တင္အလွကိုပါ ေပၚလြင္ေစပါတယ္။ ဝတ္ဆင္ခ်ိန္မွာ ၾကိဳးကို အခ်ဳ႕ံအခ်ဲ႕ အလြယ္တကူလုပ္ႏိုင္တာကလည္း အားသာခ်က္ပါပဲ။

Underwire bikini

သင္က သစ္ေတာ္သီးပံု ခႏၶာကိုယ္မ်ိဳး၊ ရင္အုပ္ပိုင္းၾကီးျပီး ေအာက္ပိုင္းေသးသြားတာမ်ိဳးဆုိရင္ Underwire bikini နဲ႔အသင္႔ေတာ္ဆံုးပါပဲ။ ဘရာစီယာပံုစံဝတ္ဆင္ထားတဲ႔အတြက္ ရင္အုပ္ပိုင္းကိုပိုလွေစျပီး ခႏၶာကိုယ္ေအာက္ပိုင္းကို သိပ္ျပီးသတိျပဳမိေစေတာ႔မွာ မဟုတ္ပါဘူး။ Hipster bikini မ်ိဳးကလည္း ခႏၶာကိုယ္အေပၚပိုင္းနဲ႔ေအာက္ပိုင္းကို ခ်ိန္ညွိေပးတာေၾကာင္႔ သစ္ေတာ္သီးခႏၶာကိုယ္ပိုင္ရွင္ေလးေတြ ေရြးခ်ယ္သင္႔ပါတယ္။

အေရာင္ေရြးခ်ယ္မႈ

Bikibi အေရာင္ေရြးခ်ယ္မယ္ဆုိရင္ ေတာက္ပတဲ႔အေရာင္ ေပၚလြင္တဲ႔အေရာင္ေလးေတြေရြးသင္႔ပါတယ္။ အေရာင္အတြဲအစပ္ကလည္း အေရးၾကီးျပန္ပါတယ္။ ကိုယ္က ပန္းသီးပံုခႏၶာကိုယ္မို႔ ခႏၶာကိုယ္ေအာက္ပိုင္း ေပါင္တံကိုပဲ ေပၚလြင္ေစခ်င္တယ္ဆိုရင္ အျပာႏုႏုအေရာင္ကို ေအာက္ပိုင္းအတြက္ဝတ္ဆင္ျပီး အျပာရင္႔ကိုအေပၚပိုင္းမွာ ဝတ္ဆင္တာမ်ိဳးလုပ္သင္႔ပါတယ္။
အမည္းေရာင္ကိုလည္း Bikini အတြက္ေရြးခ်ယ္လို႔ရပါတယ္။ ဒါေပမဲ႔ အေပၚအမည္း ေအာင္အမည္းမဝတ္ဘဲ တျခားေပၚလြင္တဲ႔အေရာင္တစ္မ်ိဴးမ်ိဳးနဲ႔တြဲဖက္ဝတ္ဆင္ရင္ေတာ႔ ပိုဖက္ရွင္က်ပါတယ္။

အဆင္ေရြးခ်ယ္မႈ

ကိုယ္႔ခႏၶာကိုယ္အလွကိုပိုျပီး ေပၚလြင္ေစမယ္ အားနည္းခ်က္ေတြကိုဖံုးကြယ္ေပးႏိုင္မယ္ ဆုိတဲ႔ အဆင္ေတြ Pattern ေတြေရြးခ်ယ္တတ္ဖို႔ကလည္း အေရးၾကီးပါတယ္။ ပုပုဝဝ ဆုိ ေဘးတိုက္စင္းေတြေရွာင္တာမ်ိဳး ပိန္ေျမွာင္းေျမွာင္းေလးေတြက ပုိပိန္ေစမယ္႔ ေျဗာင္ေတြ အစင္းေသးေသးေလးေတြ ေရွာင္တာမ်ိဳးေပါ႕။ ဒီလို Pattern ေရြးတတ္ဖို႔ကလည္း တျခားအဝတ္အစားေရြးသလုိပဲ သတိျပဳရမယ္႔အရာပါ။

ေနာက္ထပ္သတိထားသင္႔တဲ႔အခ်က္ေတြက….

– Bikini ဝယ္ရင္ ဆိုင္မွာစမ္းဝတ္ျပီးမွဝယ္ပါ။ အျမင္နဲ႔တင္ ဆံုးျဖတ္ျပီးမဝယ္ပါနဲ႔။
– ပိတ္စအသား အသားအမ်ိဳးမ်ိဳးရွိတဲ႔အတြက္ ကိုယ္႔အေရျပားနဲ႔တည္႔တဲ႔အသားကိုေရြးပါ။ အထူ အပါးေရြးပါ။
– အေရးအၾကီးဆံုးက ရင္သားေနရာ အံဝင္ခြင္က်ရွိမႈပါပဲ။ ဘယ္လိုလႈပ္လႈပ္ရွားရွားေနပါေစ ေနရာတက် အံက်ရွိေစမယ္႔ Fit ျဖစ္တဲ႔ အရာကိုေရြးဖို႔လုိပါတယ္ေနာ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com
[Unicode]

ဘီကီနီ ဘယ်လိုရွေးမလဲ

ရေကူးဝတ်စုံရွေးတယ်ဆိုတာကလည်း အမျိုးမျိုးရှိပါတယ်။ ရေကူးဝတ်စုံဆိုတဲ့နေရာမှာ  ဘယ်လိုခန္ဓာကိုယ်အမျိုးအစားဖြစ်ဖြစ် ရွေးချယ်စရာတွေက အများကြီးပါ။ ရွေးချယ်ဝတ်ဆင်တတ်ရင် ကမ်းခြေမှာပဲဖြစ်ဖြစ် ရေကူးကန်ထဲမှာပဲ ဖြစ်ဖြစ် ယုံကြည်မှုရှိရှိနဲ့ကိုယ့်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုဖော်ပြနိုင်မှာပဲဖြစ်ပါတယ်။

Tankini

ကိုယ်ကပန်းသီးပုံခန္ဓာကိုယ်မျိူး ခန္ဓာကိုယ်အလယ်ပိုင်းက ပိုထွားပြီး လက်မောင်းနဲ့ ခြေထောက်တွေက သေးသွယ်မယ်ဆိုရင် Tankini ကိုရွေးရပါမယ်။ ပန်းသီးပုံခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ဗိုက်လိုခန္ဓာကိုယ်အလယ်ပိုင်းနေရာဟာ ပိုထွားပြီးတော့ လက်နဲ့ခြေထောက်တွေသေးတတ်ကြပါတယ်။ Tankini တွေက ဝမ်းဗိုက်နေရာကိုသတိမထားမိအောင် အာရုံလွှဲလိုက်တဲ့အတွက် သင့်ရဲ့လက်မောင်းနဲ့ သွယ်လျတဲ့ခြေထောက်တွေကိုသာ ပိုမိုသတိထားမိစေမှာဖြစ်ပါတယ်။

Ruffle Bikini

ကိုယ်ကအားကစားသမားတစ်ယောက်လို ကျစ်လျစ်တဲ့ခန္ဓာကိုယ်မျိုးရှိရင် ကောက်ကြောင်းတွေသိပ်မရှိဘဲ ကျစ်လျစ်သန်မာတဲ့ပုံဆိုရင် Ruffle Bikini ကိုရွေးသင့်ပါတယ်။ ဖောင်းကြွအတွန့်အကွေးလေးတွေ အတွန့်အဖတ်လေးတွေက သင့်အလှကိုပိုပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးပါလိမ့်မယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ရှိသယောင် ထင်မှတ်စေချင်ရင်တော့ ဒီလိုဒီဇိုင်းမျိုးကိုရွေးသင့်ပါတယ်နော်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

String Bikini

ကိုယ့်ရဲ့ခန္ဓာကိုယ်အလှက သဲနာရီပုံစံ ခါးသေးရင်ချီလေးဆိုရင်တော့ String Bikini ကိုရွေးပါ။ ကိုယ့်ရဲ့အလှတရားတွေကို ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။ String Bikini က ခါးကျဉ်ကျဉ်လေးကို သတိထားမိစေနိုင်ပြီး ရင်အလှနဲ့ တင်အလှကိုပါ ပေါ်လွင်စေပါတယ်။ ဝတ်ဆင်ချိန်မှာ ကြိုးကို အချုံ့အချဲ့ အလွယ်တကူလုပ်နိုင်တာကလည်း အားသာချက်ပါပဲ။

Underwire bikini

သင်က သစ်တော်သီးပုံ ခန္ဓာကိုယ်မျိုး၊ ရင်အုပ်ပိုင်းကြီးပြီး အောက်ပိုင်းသေးသွားတာမျိုးဆိုရင် Underwire bikini နဲ့အသင့်တော်ဆုံးပါပဲ။ ဘရာစီယာပုံစံဝတ်ဆင်ထားတဲ့အတွက် ရင်အုပ်ပိုင်းကိုပိုလှစေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို သိပ်ပြီးသတိပြုမိစေတော့မှာ မဟုတ်ပါဘူး။ Hipster bikini မျိုးကလည်း ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်းကို ချိန်ညှိပေးတာကြောင့် သစ်တော်သီးခန္ဓာကိုယ်ပိုင်ရှင်လေးတွေ ရွေးချယ်သင့်ပါတယ်။

အရောင်ရွေးချယ်မှု

Bikibi အရောင်ရွေးချယ်မယ်ဆိုရင် တောက်ပတဲ့အရောင် ပေါ်လွင်တဲ့အရောင်လေးတွေရွေးသင့်ပါတယ်။ အရောင်အတွဲအစပ်ကလည်း အရေးကြီးပြန်ပါတယ်။ ကိုယ်က ပန်းသီးပုံခန္ဓာကိုယ်မို့ ခန္ဓာကိုယ်အောက်ပိုင်း ပေါင်တံကိုပဲ ပေါ်လွင်စေချင်တယ်ဆိုရင် အပြာနုနုအရောင်ကို အောက်ပိုင်းအတွက်ဝတ်ဆင်ပြီး အပြာရင့်ကိုအပေါ်ပိုင်းမှာ ဝတ်ဆင်တာမျိုးလုပ်သင့်ပါတယ်။
အမည်းရောင်ကိုလည်း Bikini အတွက်ရွေးချယ်လို့ရပါတယ်။ ဒါပေမဲ့ အပေါ်အမည်း အောင်အမည်းမဝတ်ဘဲ တခြားပေါ်လွင်တဲ့အရောင်တစ်မျိူးမျိုးနဲ့တွဲဖက်ဝတ်ဆင်ရင်တော့ ပိုဖက်ရှင်ကျပါတယ်။

အဆင်ရွေးချယ်မှု

ကိုယ့်ခန္ဓာကိုယ်အလှကိုပိုပြီး ပေါ်လွင်စေမယ် အားနည်းချက်တွေကိုဖုံးကွယ်ပေးနိုင်မယ် ဆိုတဲ့ အဆင်တွေ Pattern တွေရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ပုပုဝဝ ဆို ဘေးတိုက်စင်းတွေရှောင်တာမျိုး ပိန်မြှောင်းမြှောင်းလေးတွေက ပိုပိန်စေမယ့် ဗြောင်တွေ အစင်းသေးသေးလေးတွေ ရှောင်တာမျိုးပေါ့။ ဒီလို Pattern ရွေးတတ်ဖို့ကလည်း တခြားအဝတ်အစားရွေးသလိုပဲ သတိပြုရမယ့်အရာပါ။

နောက်ထပ်သတိထားသင့်တဲ့အချက်တွေက….

– Bikini ဝယ်ရင် ဆိုင်မှာစမ်းဝတ်ပြီးမှဝယ်ပါ။ အမြင်နဲ့တင် ဆုံးဖြတ်ပြီးမဝယ်ပါနဲ့။
– ပိတ်စအသား အသားအမျိုးမျိုးရှိတဲ့အတွက် ကိုယ့်အရေပြားနဲ့တည့်တဲ့အသားကိုရွေးပါ။ အထူ အပါးရွေးပါ။
– အရေးအကြီးဆုံးက ရင်သားနေရာ အံဝင်ခွင်ကျရှိမှုပါပဲ။ ဘယ်လိုလှုပ်လှုပ်ရှားရှားနေပါစေ နေရာတကျ အံကျရှိစေမယ့် Fit ဖြစ်တဲ့ အရာကိုရွေးဖို့လိုပါတယ်နော်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဂျူဂျူး(အခရာ)

www.akhayar.com