
Facebook







Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Facebook ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လူအယောက် သန်း ၃၀ နီးပါးနဲ့ Data တွေကို ခိုးယူခံလိုက်ရပါတယ်။ အဆိုပါ တိုက်ခိုက်ခံရမှုက လက်ရှိ Facebook Account တွေရဲ့ User Information တွေ Personal Details တွေအကုန်ပါဝင်သွားခဲ့တာပါ။

Facebook

အဲ့ဒီအတွက် တကယ်လို့ ကိုယ့်ရဲ့ Facebook Account က Data တွေ ခိုးယူခံထားရလားဆိုတာက စိုးရိမ်စရာကိစ္စတစ်ခုဖြစ်လာပါတယ်။ ဒီအတွက်ကိုလည်း Facebook ကနေ အခုအချိန်မှာ အခုလိုမျိုး Account Hack ခံထားရသလားဆိုတာကို စစ်ဆေးနိုင်တဲ့ နည်းလမ်းကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Attack လုပ်ခံထားရသော Facebook Account

အခုနည်းလမ်းကတော့ Facebook ရဲ့ Help Center ကနေ သွားရမှာဖြစ်ပြီး ယခု Link ကို နှိပ်လိုက်ရင် ကိုယ့် Account ရဲ့ Data တွေက ခိုးယူခံထားရလား၊ လုံခြုံသလားဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့် Account က တိုက်ခိုက်ခံထားရတယ်ဆိုရင်လည်း Account နာမည်နဲ့ Email Address ၊ Phone Number လိုမျိုး Data တွေပဲ ပါသွားတာလား၊ Password နဲ့ Payment ၊ Credit Card Information တွေပါဝင်သလားဆိုတာကို ပြောပြသွားမှာပါ။

တိုက်ခိုက်မခံထားရသော Facebook Account

အခုလိုမျိုး Facebook ရဲ့ Data တိုက်ခိုက်ခံရမှုအပေါ်မှာ ကုမ္ပဏီရဲ့ Product Management VP တစ်ယောက်ဖြစ်တဲ့ Guy Rosen ကတော့ လက်ရှိအချိန်အထိ ဘယ်သူ့ရဲ့ Data မှ ပါဝင်သွားခြင်းမရှိသေးဘူးလို့ ပြောကြားထားပါတယ်။ အခုတိုက်ခိုက်ခံရမှုအတွက် ကုမ္ပဏီကရော FBI ကပါ ပါဝင်စစ်ဆေးနေတယ်လို့ ပြောကြားထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့် Facebook Account လုံခြုံမှုရှိမရှိကို စစ်ဆေးထားကြပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com