[Zawgyi]

သည္းထိတ္ရင္ဖိုဇာတ္ကားၾကည့္တဲ့အခါမွာ ခႏၶာကိုယ္တြင္းျဖစ္ပ်က္သြားတဲ့ ထူးထူးျခားျခားျဖစ္စဥ္မ်ား

ေလ့လာဆန္းစစ္ခ်က္ေတြအရ သည္းထိတ္ရင္ဖိုဇာတ္ကား၊ သရဲဇာတ္ကားေတြကို ၾကည့္တဲ့အခါမွာ ခႏၶာကိုယ္တြင္းမွာျဖစ္ပ်က္ေနတဲ့ ျဖစ္စဥ္အမ်ားစုက က်န္းမာေရးအတြက္ အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါတယ္။ ေကာင္းက်ိဳးလည္းရွိသလုိ၊ ဆိုးက်ိဳးေတြလည္း ရွိေနပါတယ္။ ကဲ..ဒီေတာ့ သည္းထိတ္ ရင္ဖိုဇာတ္ကားေတြ ၾကည့္တဲ့အခါမွာ ခႏၶာကိုယ္တြင္းျဖစ္ပ်က္သြားတဲ့ ထူးထူးျခားျခားျဖစ္စဥ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စိတ္ဖိစီးမႈေလ်ာ့က်ေစတယ္

စိတ္ထဲမတင္မက်ျဖစ္ေနတာေတြ၊ စိတ္ဖိစီးမႈမ်ားေနတဲ့အခါမ်ိဳးမွာ သည္းထိတ္ရင္ဖိုဇာတ္ကားေတြကို ၾကည့္လိုက္ပါ။ ဇာတ္ကားထဲက ေၾကာက္စရာေကာင္းတဲ့ ဇာတ္ဝင္ခန္းေတြ၊ အခက္အခဲရင္ဆုိင္မႈ ေတြက သင့္ရဲ႕အျပင္ေလာကက စိတ္မြန္းၾကပ္မႈ၊ စိတ္ဖိစီးမႈကို ေမ့ေပ်ာက္သြားေစပါတယ္တဲ့။

(၂) ဉာဏ္ရည္ဖြံ႔ၿဖိဳးတိုးတက္ေစပါတယ္

အထူူးသျဖင့္ သည္းထိတ္ရင္ဖုိဇာတ္ကားႀကိဳက္တတ္တဲ့ အမ်ိဳးသမီးမ်ားက သာမာန္လူေတြထက္ကိုပိုၿပီး ဉာဏ္ရည္ဖြံ႔ၿဖိဳးတိုးတက္မႈရွိတယ္လို႔ ဆိုပါတယ္။ သည္းထိတ္ရင္ဖုိဇာတ္ကားၾကည့္တဲ့အခ်ိိန္မွာ ဉာဏ္ရည္ဖံ႔ြၿဖိဳးေစတဲ့ Dopamine, Serotonin, Glutamate စတဲ့ဓာတ္မ်ားကို ဦးေနွာက္တြင္းက ထုတ္လႊတ္ေပးတဲ့အတြက္ေၾကာင့္ပါ။

(၃) အခက္အခဲမ်ားကိုရင္ဆုိင္တတ္လာတယ္

အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ႀကံဳေတြ႔လာရတဲ့အခါမွာ ေတြေဝမေနဘဲ ထြက္ေပါက္ကို အလ်င္အျမန္ရွာေဖြတတ္လာပါတယ္။ သည္းထိတ္ရင္ဖိုဇာတ္ကားအခ်ိဳ႕မွာ အႏၱရာယ္တစ္ခုခု ႀကံဳေတြ႔တဲ့အခါ ဘယ္လိုလြတ္လမ္းရွာမလဲ၊ စိတ္တည္ၿငိမ္ေအာင္ဘယ္လိုလုပ္မလဲဆိုတာေတြကို ေတြ႔ျမင္ေနရတဲ့အတြက္ တကယ့္လက္ေတြ႔မွာ ႀကံဳေတြ႔ လာရတဲ့အခါမွာ စိတ္တုန္လႈပ္ေျခာက္ျခားမႈေလ်ာ့ပါးၿပီး ရင္ဆိုင္ရဲတဲ့စိတ္ကို ျဖစ္ေပၚေစပါတယ္။

(၄) ေသြးပ်စ္ေစပါတယ္

သည္းထိတ္ရင္ဖိုဇာတ္ကား၊ သရဲဇာတ္ကားေတြကို ၾကည့္တဲ့အခါ ေၾကာက္ရြံ႕တုန္လႈပ္စိတ္ေၾကာင့္ ေသြးပ်စ္သြားၿပီး ခႏၶာကိုယ္အတြက္ ေဘးဥပါဒ္ျဖစ္ေစပါတယ္။ အထူးသျဖင့္ အသက္၂၅ ႏွစ္နဲ႔ ၃၀ ႏွစ္ဝန္းက်င္ေတြမွာ အျဖစ္မ်ားပါတယ္။ ဒရာမာဇာတ္ကားၾကည့္သူနဲ႔ သည္းထိတ္ရင္ဖိုဇာတ္ကားၾကည့္သူ အုပ္စုႏွစ္စုကို ေလ့လာဆန္းစစ္မႈျပဳလုပ္ၾကည့္တဲ့အခါမွာ သည္းထိတ္ရင္ဖိုဇာတ္ကားၾကည့့္သူမ်ားက ပိုၿပီးေသြးပ်စ္ၾကတယ္လုိ႔ ဆိုပါတယ္။

(၅) စိတ္ပူပန္ေစပါတယ္

ႏွလံုးအားနည္းသူမ်ားနဲ႔ စိတ္အားငယ္တတ္သူေတြကေတာ့ သည္းထိတ္ရင္ဖိုဇာတ္ကားမ်ားကို လံုးဝမၾကည့္သင့္ပါဘူး။ စိတ္ပူပန္ေစၿပီး အလိုလိုေၾကာက္ရြံ႕ေနတတ္ပါတယ္။ ႏွလံုးအားနည္းသူကလည္း Heart Attack ျဖစ္ႏုိင္သလို၊ စိတ္အားငယ္တတ္သူေတြကလည္း ဆိုက္ကိုျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈမ်ိဳး ႀကံဳေတြ႔ရႏုိင္ပါတယ္။

(၆) ကယ္လိုရီေလာင္ကၽြမ္းေစပါတယ္

ေလ့လာဆန္းစစ္ခ်က္ေတြအရ စိတ္ေျခာက္ျခားေစတဲ့ သည္းထိတ္ရင္ဖိုဇာတ္ကားေတြကို ၾကည့္ရႈျခင္းက ကယ္လိုရီေလာင္ကၽြမ္းေစတယ္လို႔ ဆိုပါတယ္။ ဇာတ္ကားတစ္ကား မိနစ္ ၉၀ စာေလာက္ ၾကည့္ရႈမယ္ဆိုရင္ ခႏၶာကိုယ္တြင္းက ၁၁၃ ကယ္လိုရီေလာင္ကၽြမ္းသြားတယ္လို႔ သိရပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းဖြစ်ပျက်သွားတဲ့ ထူးထူးခြားခြားဖြစ်စဉ်များ

လေ့လာဆန်းစစ်ချက်တွေအရ သည်းထိတ်ရင်ဖိုဇာတ်ကား၊ သရဲဇာတ်ကားတွေကို ကြည့်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်အများစုက ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ကောင်းကျိုးလည်းရှိသလို၊ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ကဲ..ဒီတော့ သည်းထိတ် ရင်ဖိုဇာတ်ကားတွေ ကြည့်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းဖြစ်ပျက်သွားတဲ့ ထူးထူးခြားခြားဖြစ်စဉ်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

စိတ်ထဲမတင်မကျဖြစ်နေတာတွေ၊ စိတ်ဖိစီးမှုများနေတဲ့အခါမျိုးမှာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြည့်လိုက်ပါ။ ဇာတ်ကားထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ အခက်အခဲရင်ဆိုင်မှု တွေက သင့်ရဲ့အပြင်လောကက စိတ်မွန်းကြပ်မှု၊ စိတ်ဖိစီးမှုကို မေ့ပျောက်သွားစေပါတယ်တဲ့။

(၂) ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေပါတယ်

အထူူးသဖြင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်တတ်တဲ့ အမျိုးသမီးများက သာမာန်လူတွေထက်ကိုပိုပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်တဲ့အချိန်မှာ ဉာဏ်ရည်ဖံ့ွဖြိုးစေတဲ့ Dopamine, Serotonin, Glutamate စတဲ့ဓာတ်များကို ဦးနှောက်တွင်းက ထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်ပါ။

(၃) အခက်အခဲများကိုရင်ဆိုင်တတ်လာတယ်

အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာ တွေဝေမနေဘဲ ထွက်ပေါက်ကို အလျင်အမြန်ရှာဖွေတတ်လာပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားအချို့မှာ အန္တရာယ်တစ်ခုခု ကြုံတွေ့တဲ့အခါ ဘယ်လိုလွတ်လမ်းရှာမလဲ၊ စိတ်တည်ငြိမ်အောင်ဘယ်လိုလုပ်မလဲဆိုတာတွေကို တွေ့မြင်နေရတဲ့အတွက် တကယ့်လက်တွေ့မှာ ကြုံတွေ့ လာရတဲ့အခါမှာ စိတ်တုန်လှုပ်ခြောက်ခြားမှုလျော့ပါးပြီး ရင်ဆိုင်ရဲတဲ့စိတ်ကို ဖြစ်ပေါ်စေပါတယ်။

(၄) သွေးပျစ်စေပါတယ်

သည်းထိတ်ရင်ဖိုဇာတ်ကား၊ သရဲဇာတ်ကားတွေကို ကြည့်တဲ့အခါ ကြောက်ရွံ့တုန်လှုပ်စိတ်ကြောင့် သွေးပျစ်သွားပြီး ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်ဖြစ်စေပါတယ်။ အထူးသဖြင့် အသက်၂၅ နှစ်နဲ့ ၃၀ နှစ်ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ဒရာမာဇာတ်ကားကြည့်သူနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်သူ အုပ်စုနှစ်စုကို လေ့လာဆန်းစစ်မှုပြုလုပ်ကြည့်တဲ့အခါမှာ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်သူများက ပိုပြီးသွေးပျစ်ကြတယ်လို့ ဆိုပါတယ်။

(၅) စိတ်ပူပန်စေပါတယ်

နှလုံးအားနည်းသူများနဲ့ စိတ်အားငယ်တတ်သူတွေကတော့ သည်းထိတ်ရင်ဖိုဇာတ်ကားများကို လုံးဝမကြည့်သင့်ပါဘူး။ စိတ်ပူပန်စေပြီး အလိုလိုကြောက်ရွံ့နေတတ်ပါတယ်။ နှလုံးအားနည်းသူကလည်း Heart Attack ဖြစ်နိုင်သလို၊ စိတ်အားငယ်တတ်သူတွေကလည်း ဆိုက်ကိုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမျိုး ကြုံတွေ့ရနိုင်ပါတယ်။

(၆) ကယ်လိုရီလောင်ကျွမ်းစေပါတယ်

လေ့လာဆန်းစစ်ချက်တွေအရ စိတ်ခြောက်ခြားစေတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြည့်ရှုခြင်းက ကယ်လိုရီလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။ ဇာတ်ကားတစ်ကား မိနစ် ၉၀ စာလောက် ကြည့်ရှုမယ်ဆိုရင် ခန္ဓာကိုယ်တွင်းက ၁၁၃ ကယ်လိုရီလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။