အားလုံးေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ မဟာသၾကၤန္ဟာ မၾကာမွီ အခ်ိန္အတြင္းမွာ ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။ သၾကၤန္ဟာ ေပ်ာ္ရႊင္ရမယ့္ အခ်ိန္ ျဖစ္ရံုသာမဟုတ္ဘဲ ၊ အမွတ္တရေတြ ရယူရမယ့္ အခ်ိန္လဲ ျဖစ္ပါတယ္။ စာဖတ္သူပရိသတ္ႀကီးအတြက္ သၾကၤန္ကို လက္မလြတ္ဘဲ အျပည့္အဝ ေပ်ာ္ရႊင္ခံစားႏိုင္ဖို႔အတြက္ နည္းလမ္း ( ၉ ) ခု ကို မွ်ေဝေပးပါရေစ။

(၁) ေရထြက္ကစားၾကမယ္

သႀကၤန္တြင္ေရစိုမွာကို ေၾကာက္မေနဘဲ ေရပံုး၊ေရေသနတ္ေတြယူၿပီး ႏွစ္သစ္သၾကၤန္ကုိ ပါ၀င္ဆင္ႏႊဲလိုက္ပါ။ တစ္ႏွစ္တာလံုးရဲ႕ အပူဆံုးအခ်ိန္လည္း ျဖစ္ေတာ့ ေရေလာင္းေရပက္ ခံလိုက္ျခင္းျဖင့္ ေႏြရဲ႕ အပူကိုလဲ သိသိသာသာ သက္သာေစမွာပါ။

(၂) အားလံုးအတြက္ ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းေပးၾကမယ္

တစ္ဦးႏွင့္တစ္ဦး ႏွစ္ေဟာင္းမွ စိတ္ညစ္စရာ၊ မေကာင္းတဲ့အရာေတြကို သန္႔စင္သြားေအာင္ ညင္ညင္သာသာ ေရပက္ေဆာ့ကစားရင္း ႏွစ္သစ္မွာ ကိုယ္ေရာစိတ္ပါ က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေပးလုိက္ပါ။

(၃) သၾကၤန္ရဲ႕႐ိုးရာ စတုဒီသာမုန္႔ေတြ စားၾကမယ္

သၾကၤန္အတြင္းမွာ အရသာရွိလွတဲ့ ႐ိုးရာမုန္႔ေတြ ကို မျမည္းစမ္းမိဘူးဆိုရင္ သႀကၤန္ရဲ႕ အႏွစ္သာရ ျပည့္စံုမွာ မဟုတ္ပါဘူး။ ျမန္မာ့ရုိးရာမုန္ ့ေတြျဖစ္တဲ့ မုန္ ့လုံးေရေပၚ၊ မုန္ ့လက္ေဆာင္း၊ ေရႊရင္ေအး နွင့္သၾကၤန္ထမင္းကုိ ၿမိဳ႕အႏွ႔ံမွာရွိတဲ့ စတုဒီသာမ႑ပ္ေတြမွာ အခမဲ့ ရယူစားသံုးနုိင္ပါတယ္။

(၄) မိမိရဲ႕ သၾကၤန္ အသြင္အျပင္ကို စိတ္တုိင္းက် ဖန္တီးၾကမယ္

သင့္ရဲ႕အေကာင္းဆံုးသၾကၤန္အဝတ္အစား ေတြ၊ မိတ္ကပ္နဲ႔ဆံပင္ပံုစံေတြကို ပြဲေတာ္နဲ႔လိုက္ဖက္ေအာင္ ဝတ္ဆင္လိုက္ပါ။ Samsung S9|S9+ မွာ ပါတဲ့ AR Emoji လို App နဲ႔လဲ အျခား ဘယ္အဝတ္အစား၊ အသြင္အျပင္က သင္နဲ႔ အလိုက္ဖက္ဆံုး၊ အသင့္ေတာ္ဆံုး ျဖစ္မလဲ ဆိုတာကို စမ္းသပ္ဖန္တီးႏိုင္ပါတယ္။

(၅) မ႑ပ္ ေတြကိုေလွ်ာက္လည္ၾကမယ္

တစ္ရက္ေလာက္ အခ်ိန္ယူၿပီး မိမိႀကိဳက္ႏွစ္သက္တဲ့ နာမည္ေက်ာ္ အႏုပညာရွင္ေတြရွိတဲ့ မ႑ပ္ေတြနဲ႔ အျခား ေရပက္မ႑ပ္ ေတြကို ကားနဲ႔ လည္ပတ္ခံစားၾကည့္ပါ။ ေရရႊဲရႊဲစိုသြားသည္ အထိ သႀကၤန္ပြဲေတာ္အတြင္း ေပ်ာ္ရႊင္မူ ကို စီးေမ်ာခံစားလိုက္ပါ။

(၆) ခ်စ္ရ၊ခင္ရတဲ့ သူေတြ ကို ေရေလာင္းၾကမယ္

ခ်စ္ခင္ျမတ္ႏိုးရတဲ့ သူေတြကို ေတြ႕တဲ့အခါ ေရေလာင္းဖို႔ တြန္႔ဆုတ္မေနပါနဲ႔။ ေရပက္ေဆာ့ကစားရင္း သူတို႔ အေပၚမွာ သင္ထားရွိတဲ့ ေမတၱာကို ေရေလာင္းျခင္းျဖင့္ ျပလိုက္ပါ။

(၇) ဓါတ္ပံုေတြ အမ်ားႀကီး႐ိုက္ၾကမယ္

ဓါတ္ပံု႐ိုက္မွတ္တမ္းတင္တယ္ဆိုတာ ေပ်ာ္စရာအခ်ိန္ေတြကို ဘယ္ေတာ့မွ ေမ့မသြားေစဘူးဆိုတဲ့ အဓိပၸါယ္အတိုင္း ေပ်ာ္ရႊင္စရာအခိုက္အတန႔္ေလးေတြကို မွတ္တမ္းတင္လိုက္ပါ။ ေပ်ာ္ရႊင္ဖြယ္ရာ လက္ရွိျဖစ္ပ်က္ေနတဲ့ သႀကၤန္အခိုက္အတန္႔၊ အခ်ိန္ေလးေတြကို မွတ္တမ္းတင္လိုက္ပါ။

(၈) ေကာင္းမႈကုသိုလ္ျပဳလုပ္ၾကမယ္

ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့ လူႀကီးမိဘ၊ အဘိုးအဘြားေတြဆီ သြားေရာက္ ဂါဝရျပဳၿပီး ေကာင္းမႈကုသိုလ္ျပဳလုပ္လိုက္ပါ။ ငါး၊ငွက္စတဲ့ သတၱဝါေလးေတြကို ေဘးမဲ့လႊတ္ျခင္း၊ သံဃာေတာ္ေတြကို ဆြမ္းကပ္လွဴဒါန္းၿပီး ျမန္မာႏွစ္သစ္မွာ ကုသိုလ္ေကာင္းမႈေတြၿပဳလုပ္ရင္း စတင္လိုက္ပါ။

(၉) သူငယ္ခ်င္းေတြနဲ႔ အၿမဲဆက္သြယ္ေနပါ

တစ္ေန႔တာရဲ႕ေနာက္ဆံုးအခ်ိန္မွာေတာ့ အိပ္ယာေပၚမွာလဲေလ်ာင္းရင္း လူမူကြန္ရက္ေတြကတစ္ဆင့္ သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ေျပာဆိုၿပီး မိမိရဲ႕အႏွစ္သက္ဆံုး သၾကၤန္အေတြ႕အၾကံဳေတြကိုမွတ္တမ္းတင္ထားတဲ့ အမွတ္တရဓါတ္ပံုေလးေတြကို မွ်ေဝလိုက္ပါ။

အားလံုးအတြက္ ေပ်ာ္ရႊင္ဖြယ္ရာ ျမန္မာႏွစ္သစ္ကူးျဖစ္ပါေစ။ ေကာင္းမြန္တဲ့ႏွစ္သစ္မဂၤလာ နဲ႔အတူ အားလံုးေအးခ်မ္းသာယာၿပီးေပ်ာ္ရႊင္ႏိုင္ၾကပါေစ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မဟာသင်္ကြန်ဟာ မကြာမှီ အချိန်အတွင်းမှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သင်္ကြန်ဟာ ပျော်ရွှင်ရမယ့် အချိန် ဖြစ်ရုံသာမဟုတ်ဘဲ ၊ အမှတ်တရတွေ ရယူရမယ့် အချိန်လဲ ဖြစ်ပါတယ်။ စာဖတ်သူပရိသတ်ကြီးအတွက် သင်္ကြန်ကို လက်မလွတ်ဘဲ အပြည့်အဝ ပျော်ရွှင်ခံစားနိုင်ဖို့အတွက် နည်းလမ်း ( ၉ ) ခု ကို မျှဝေပေးပါရစေ။

(၁) ရေထွက်ကစားကြမယ်

သင်္ကြန်တွင်ရေစိုမှာကို ကြောက်မနေဘဲ ရေပုံး၊ရေသေနတ်တွေယူပြီး နှစ်သစ်သင်္ကြန်ကို ပါဝင်ဆင်နွှဲလိုက်ပါ။ တစ်နှစ်တာလုံးရဲ့ အပူဆုံးအချိန်လည်း ဖြစ်တော့ ရေလောင်းရေပက် ခံလိုက်ခြင်းဖြင့် နွေရဲ့ အပူကိုလဲ သိသိသာသာ သက်သာစေမှာပါ။

(၂) အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးကြမယ်

တစ်ဦးနှင့်တစ်ဦး နှစ်ဟောင်းမှ စိတ်ညစ်စရာ၊ မကောင်းတဲ့အရာတွေကို သန့်စင်သွားအောင် ညင်ညင်သာသာ ရေပက်ဆော့ကစားရင်း နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါ။

(၃) သင်္ကြန်ရဲ့ရိုးရာ စတုဒီသာမုန့်တွေ စားကြမယ်

သင်္ကြန်အတွင်းမှာ အရသာရှိလှတဲ့ ရိုးရာမုန့်တွေ ကို မမြည်းစမ်းမိဘူးဆိုရင် သင်္ကြန်ရဲ့ အနှစ်သာရ ပြည့်စုံမှာ မဟုတ်ပါဘူး။ မြန်မာ့ရိုးရာမုန့်တွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး နှင့်သင်္ကြန်ထမင်းကို မြို့အနှံ့မှာရှိတဲ့ စတုဒီသာမဏ္ဍပ်တွေမှာ အခမဲ့ ရယူစားသုံးနိုင်ပါတယ်။

(၄) မိမိရဲ့ သင်္ကြန် အသွင်အပြင်ကို စိတ်တိုင်းကျ ဖန်တီးကြမယ်

သင့်ရဲ့အကောင်းဆုံးသင်္ကြန်အဝတ်အစား တွေ၊ မိတ်ကပ်နဲ့ဆံပင်ပုံစံတွေကို ပွဲတော်နဲ့လိုက်ဖက်အောင် ဝတ်ဆင်လိုက်ပါ။ Samsung S9|S9+ မှာ ပါတဲ့ AR Emoji လို App နဲ့လဲ အခြား ဘယ်အဝတ်အစား၊ အသွင်အပြင်က သင်နဲ့ အလိုက်ဖက်ဆုံး၊ အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာကို စမ်းသပ်ဖန်တီးနိုင်ပါတယ်။

(၅) မဏ္ဍပ် တွေကိုလျှောက်လည်ကြမယ်

တစ်ရက်လောက် အချိန်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ နာမည်ကျော် အနုပညာရှင်တွေရှိတဲ့ မဏ္ဍပ်တွေနဲ့ အခြား ရေပက်မဏ္ဍပ် တွေကို ကားနဲ့ လည်ပတ်ခံစားကြည့်ပါ။ ရေရွှဲရွှဲစိုသွားသည် အထိ သင်္ကြန်ပွဲတော်အတွင်း ပျော်ရွှင်မူ ကို စီးမျောခံစားလိုက်ပါ။

(၆) ချစ်ရ၊ခင်ရတဲ့ သူတွေ ကို ရေလောင်းကြမယ်

ချစ်ခင်မြတ်နိုးရတဲ့ သူတွေကို တွေ့တဲ့အခါ ရေလောင်းဖို့ တွန့်ဆုတ်မနေပါနဲ့။ ရေပက်ဆော့ကစားရင်း သူတို့ အပေါ်မှာ သင်ထားရှိတဲ့ မေတ္တာကို ရေလောင်းခြင်းဖြင့် ပြလိုက်ပါ။

(၇) ဓါတ်ပုံတွေ အများကြီးရိုက်ကြမယ်

ဓါတ်ပုံရိုက်မှတ်တမ်းတင်တယ်ဆိုတာ ပျော်စရာအချိန်တွေကို ဘယ်တော့မှ မေ့မသွားစေဘူးဆိုတဲ့ အဓိပ္ပါယ်အတိုင်း ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကို မှတ်တမ်းတင်လိုက်ပါ။ ပျော်ရွှင်ဖွယ်ရာ လက်ရှိဖြစ်ပျက်နေတဲ့ သင်္ကြန်အခိုက်အတန့်၊ အချိန်လေးတွေကို မှတ်တမ်းတင်လိုက်ပါ။

(၈) ကောင်းမှုကုသိုလ်ပြုလုပ်ကြမယ်

နှစ်ဆန်းတစ်ရက်နေ့မှာတော့ လူကြီးမိဘ၊ အဘိုးအဘွားတွေဆီ သွားရောက် ဂါဝရပြုပြီး ကောင်းမှုကုသိုလ်ပြုလုပ်လိုက်ပါ။ ငါး၊ငှက်စတဲ့ သတ္တဝါလေးတွေကို ဘေးမဲ့လွှတ်ခြင်း၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းပြီး မြန်မာနှစ်သစ်မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း စတင်လိုက်ပါ။

(၉) သူငယ်ချင်းတွေနဲ့ အမြဲဆက်သွယ်နေပါ

တစ်နေ့တာရဲ့နောက်ဆုံးအချိန်မှာတော့ အိပ်ယာပေါ်မှာလဲလျောင်းရင်း လူမူကွန်ရက်တွေကတစ်ဆင့် သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုပြီး မိမိရဲ့အနှစ်သက်ဆုံး သင်္ကြန်အတွေ့အကြုံတွေကိုမှတ်တမ်းတင်ထားတဲ့ အမှတ်တရဓါတ်ပုံလေးတွေကို မျှဝေလိုက်ပါ။

အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ မြန်မာနှစ်သစ်ကူးဖြစ်ပါစေ။ ကောင်းမွန်တဲ့နှစ်သစ်မင်္ဂလာ နဲ့အတူ အားလုံးအေးချမ်းသာယာပြီးပျော်ရွှင်နိုင်ကြပါစေ။