[ZawGyi]

ခါးပတ္ေကာင္းေကာင္းေရြးဝယ္မယ္

အမ်ိဳးသားေတြရဲ႕ဖက္ရွင္အတြက္ မရွိမျဖစ္လုိအပ္တဲ႔အရာထဲမွာ ခါးပတ္လည္းပါဝင္ပါတယ္။ ဒါေၾကာင္႔ခါးပတ္ရဲ႕အေရးပါပံုနဲ႔ ကိုယ္႔အတြက္ကို အဆင္အေျပဆံုးခါးပတ္ကိုမွန္မွန္ကန္ကန္ဘယ္လုိေရြးခ်ယ္မလဲဆုိတာမွ်ေဝေပးသြားပါမယ္ေနာ္။ အမ်ိဳးသမီးေတြအေနနဲ႔လည္း ကိုယ္႔အမ်ိဳးသားအတြက္ ကိုယ္႔ခ်စ္သူအတြက္ခါးပတ္လက္ေဆာင္ဝယ္တဲ႔အခါ ဒီအခ်က္ေတြနဲ႔ခ်ိန္ထိုးစဥ္းစားျပီး အေကာင္းဆံုးခါးပတ္ကိုဝယ္ႏိုင္ၾကမွာပါ။

ဘယ္ေတာ႔မွေစ်းေပါတာမဝယ္နဲ႔

တခ်ိဳ႕ပစၥည္းေတြ အသံုးအေဆာင္ေတြဟာ ေစ်းေပါတာနဲ႔ ေစ်းၾကီးတာမွာ သံုးစြဲရတာခ်င္းသိပ္မကြာဘဲ အျပင္အဆင္ေလာက္သာ ကြာတယ္ဆုိတာမ်ိဳးရွိပါတယ္။ တစ္ခါတေလေတာ႔ ဟုတ္ပါတယ္။ ဒါေပမဲ႔ ခါးပတ္မွာေတာ႔ ဒီလုိမတြက္သင္႔ပါဘူး။ ေစ်းမ်ားျပီး အရည္အေသြးေကာင္းတဲ႔ခါးပတ္ဟာ ေစ်းသက္သာတဲ႔အမ်ိဳးအစားနဲ႔ သိသိသာသာကြာျခားပါတယ္။ ေစ်းသက္သာတဲ႔ ခါးပတ္ေတြဟာ ခဏေလးနဲ႔ပ်က္စီးလြယ္တာမို႔ေနာက္တစ္ခုျပန္ဝယ္ရတာနဲ႔ မသက္သာလွပါဘူး။ ပိုက္ဆံကုန္တာခ်င္း အတူတူပါပဲ။ ဂ်င္းေဘာင္းဘီေတြ ရွပ္အက်ီၤေတြထက္ခါးပတ္ကပိုေစ်းၾကီးေနတတ္တာကို လက္ခံရပါမယ္။

Accessories တစ္ခုအေနနဲ႔သေဘာထားပါ

ခါးပတ္မွာ အေျခခံအားျဖင္႔ Dress Belts နဲ႔ Casual Belts ဆုိျပီး ၂ မ်ိဳးရွိပါတယ္။ အမ်ိဳးသားေတြအတြက္ေတာ႔ ၂ မ်ိဳးလံုးရွိထားသင္႔ပါတယ္။ ခါးပတ္ဆုိတာဟာ နာရီ၊ ဖိနပ္လုိမ်ိဳး Accessories တစ္ခုပါပဲ။ ဒါေၾကာင္႔ တစ္ခုတည္းရွိရံုနဲ႔ ျပည္႔စံုျပီလုိ႔ေတာ႔မဆုိႏိုင္ပါဘူး။ ခါးပတ္ဟာလည္းကိုယ္႔ကိုစတိုင္လ္က်ေစတဲ႔ အရာတစ္ခုထဲပါတာမို႔ ခပ္မ်ားမ်ားရွိသင္႔ပါတယ္။ Dress Belts ဝယ္ရင္ေတာ႔ ဖိနပ္နဲ႔လိုက္ဖက္ဖို႔လုိသလို ကိုယ္႔ဝတ္စံုနဲ႔လိုက္ဖက္ဖုိ႔လည္း လိုျပန္ပါတယ္။
တကယ္ရွိသင္႔တာကေတာ႔ အမည္းေရာင္နဲ႔အညိဳေရာင္ Dress Belts ၊ ဂ်င္းေဘာင္းဘီအတြက္ Casual Belts အမည္းနဲ႔ အညိဳ ၊ Cotton ၊ Suede Belt တုိ႔ရွိသင္႔ပါတယ္။

အရွည္နဲ႔အက်ယ္

ခါးပတ္ကို ခါးပတ္ကြင္းထဲထည္႔ပတ္ျပီးျပီဆုိရင္ ဘယ္ဘက္ကိုလက္မအနည္းငယ္ေလာက္ထပ္ရွည္ေနရပါမယ္။ ဒါမွစလ်ိွဳခဲ႔တဲ႔ ခါးပတ္ကြင္းထဲကိုသပ္သပ္ရပ္ရပ္ေလး လွ်ိဳသိမ္းလုိ႔ရမွာပါ။ ကိုယ္ဝယ္တဲ႔ေဘာင္းဘီဆုိဒ္ထက္ ႏွစ္ဆ သံုးဆၾကီးတဲ႔ ခါးပတ္ကိုဝယ္ပါ။ ဒါမွ ကြက္တိက်ျပီး Fit ျဖစ္မွာပါ။ ကိုယ္က ခါး ၃၄ လက္မေဘာင္းဘီဝယ္ထားရင္ ခါးပတ္ကို ၃၆လက္မ-၃၈ လက္မ ဝယ္ရမွာျဖစ္ပါတယ္။ Dress Belts ေတြဟာ အက်ယ္အမ်ားဆံုး ၁.၂၅ လက္မခန္႔သာရွိသင္႔ပါတယ္။ ဒီ႔ထက္ၾကီးရင္ Casual ဘက္သြားပါတယ္။ Casual Belts ေတြကေတာ႔ ၁.၂၅ ကေန ၁.၅ လက္မေလာက္အထိအက်ယ္ရွိသင္႔ပါတယ္။

ခါးပတ္ေခါင္း

ခါးပတ္ေခါင္းၾကီးေလ Formal မျဖစ္ေလပါပဲ။ ဒါေၾကာင္႔ ရံုးသမားေတြဆုိရင္ ခါးပတ္ေခါင္းေသးေသးျပားျပား ေရြးသင္႔ပါတယ္။ ခါးပတ္ေခါင္းၾကီးၾကီးဝိုင္းဝိုင္းကေတာ႔ Casual ပိုျဖစ္ပါတယ္။ ေက်ာက္မ်က္ရတနာပါတဲ႔ ခါးပတ္ေခါင္းေတြေရြးမယ္ဆုိရင္ေတာ႔ ခါးပတ္အေရာင္နဲ႔ကြာဟတဲ႔ျပဴးျပဴးျပဲျပဲေတြကို မေရြးသင္႔ပါဘူး။ ေယဘုယ်အားျဖင္႔ ခါးပတ္ေခါင္းဟာ ၄ မ်ိဳးေလာက္ေရြးခ်ယ္စရာရွိပါတယ္။ အေကာင္းဆံုးကေတာ႔ လွ်ာပါတဲ႔ခါးပတ္ေခါင္းပါပဲ။ သူကျမဲျမဲျမံျမံရွိေနေစဖို႔ အေကာင္းဆံုးေထာက္ပ႔ံမႈေပးပါတယ္။

buckle with a tongue

buckle with a tongue

လည္သာခါးပတ္ဝယ္ရင္

ဒီဇိုင္နာထုတ္ခါးပတ္လိုခ်င္တယ္ဆုိရင္ေတာ႔ လည္သာဆိုင္ေတြမွာ ရွာရပါမယ္။ ေစ်းၾကီးတဲ႔လည္သာခါးပတ္ဝယ္ရင္ေတာ႔ လည္သာအရည္အေသြးေကာင္းမေကာင္းသိဖုိ႔ ခါးပတ္ကိုခ်ိဳးၾကည္႔ပါ။ လက္သည္းခၽြန္နဲ႔လည္း ထိုးၾကည္႔ဖိၾကည္႔ႏိုင္ပါတယ္။ အရာေလးထင္ရင္ ေပ်ာ႔ေပ်ာင္းရင္ ေရြးသင္႔ပါတယ္။ ခါးပတ္ေတြကို သိမ္းဆည္းခ်ိန္မွာလည္း ေသေသခ်ာခ်ာေခြျပီး အံဆြဲထဲ၊ ဖိနပ္ဘူးေတြထဲ သိမ္းႏိုင္သလို ခါးပတ္ခ်ိတ္နဲ႔လည္း ခ်ိတ္ျပီးသိမ္းဆည္းႏိုင္ပါတယ္။ ျဖစ္သလို ထိုးထည္႔သိမ္းတာမ်ိဳးမလုပ္ရပါဘူး။

ဒီေလာက္ဆိုရင္ေတာ႔ ခါးပတ္အေၾကာင္းသိသင္႔သေလာက္သိရွိျပီး ဘာေၾကာင္႔ခါးပတ္ေကာင္းေကာင္းဝယ္ဖုိ႔အေရးၾကီးသလဲဆုိတာရွင္းျပႏိုင္ျပီလုိ႔ထင္ပါတယ္ေနာ္။

www.akhayar.com

[Unicode]

ခါးပတ်ကောင်းကောင်းရွေးဝယ်မယ်

အမျိုးသားတွေရဲ့ဖက်ရှင်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာထဲမှာ ခါးပတ်လည်းပါဝင်ပါတယ်။ ဒါကြောင့်ခါးပတ်ရဲ့အရေးပါပုံနဲ့ ကိုယ့်အတွက်ကို အဆင်အပြေဆုံးခါးပတ်ကိုမှန်မှန်ကန်ကန်ဘယ်လိုရွေးချယ်မလဲဆိုတာမျှဝေပေးသွားပါမယ်နော်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်အမျိုးသားအတွက် ကိုယ့်ချစ်သူအတွက်ခါးပတ်လက်ဆောင်ဝယ်တဲ့အခါ ဒီအချက်တွေနဲ့ချိန်ထိုးစဉ်းစားပြီး အကောင်းဆုံးခါးပတ်ကိုဝယ်နိုင်ကြမှာပါ။

ဘယ်တော့မှဈေးပေါတာမဝယ်နဲ့

တချို့ပစ္စည်းတွေ အသုံးအဆောင်တွေဟာ ဈေးပေါတာနဲ့ ဈေးကြီးတာမှာ သုံးစွဲရတာချင်းသိပ်မကွာဘဲ အပြင်အဆင်လောက်သာ ကွာတယ်ဆိုတာမျိုးရှိပါတယ်။ တစ်ခါတလေတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခါးပတ်မှာတော့ ဒီလိုမတွက်သင့်ပါဘူး။ ဈေးများပြီး အရည်အသွေးကောင်းတဲ့ခါးပတ်ဟာ ဈေးသက်သာတဲ့အမျိုးအစားနဲ့ သိသိသာသာကွာခြားပါတယ်။ ဈေးသက်သာတဲ့ ခါးပတ်တွေဟာ ခဏလေးနဲ့ပျက်စီးလွယ်တာမို့နောက်တစ်ခုပြန်ဝယ်ရတာနဲ့ မသက်သာလှပါဘူး။ ပိုက်ဆံကုန်တာချင်း အတူတူပါပဲ။ ဂျင်းဘောင်းဘီတွေ ရှပ်အကျီၤတွေထက်ခါးပတ်ကပိုဈေးကြီးနေတတ်တာကို လက်ခံရပါမယ်။

Accessories တစ်ခုအနေနဲ့သဘောထားပါ

ခါးပတ်မှာ အခြေခံအားဖြင့် Dress Belts နဲ့ Casual Belts ဆိုပြီး ၂ မျိုးရှိပါတယ်။ အမျိုးသားတွေအတွက်တော့ ၂ မျိုးလုံးရှိထားသင့်ပါတယ်။ ခါးပတ်ဆိုတာဟာ နာရီ၊ ဖိနပ်လိုမျိုး Accessories တစ်ခုပါပဲ။ ဒါကြောင့် တစ်ခုတည်းရှိရုံနဲ့ ပြည့်စုံပြီလို့တော့မဆိုနိုင်ပါဘူး။ ခါးပတ်ဟာလည်းကိုယ့်ကိုစတိုင်လ်ကျစေတဲ့ အရာတစ်ခုထဲပါတာမို့ ခပ်များများရှိသင့်ပါတယ်။ Dress Belts ဝယ်ရင်တော့ ဖိနပ်နဲ့လိုက်ဖက်ဖို့လိုသလို ကိုယ့်ဝတ်စုံနဲ့လိုက်ဖက်ဖို့လည်း လိုပြန်ပါတယ်။
တကယ်ရှိသင့်တာကတော့ အမည်းရောင်နဲ့အညိုရောင် Dress Belts ၊ ဂျင်းဘောင်းဘီအတွက် Casual Belts အမည်းနဲ့ အညို ၊ Cotton ၊ Suede Belt တို့ရှိသင့်ပါတယ်။

အရှည်နဲ့အကျယ်

ခါးပတ်ကို ခါးပတ်ကွင်းထဲထည့်ပတ်ပြီးပြီဆိုရင် ဘယ်ဘက်ကိုလက်မအနည်းငယ်လောက်ထပ်ရှည်နေရပါမယ်။ ဒါမှစလျှိုခဲ့တဲ့ ခါးပတ်ကွင်းထဲကိုသပ်သပ်ရပ်ရပ်လေး လျှိုသိမ်းလို့ရမှာပါ။ ကိုယ်ဝယ်တဲ့ဘောင်းဘီဆိုဒ်ထက် နှစ်ဆ သုံးဆကြီးတဲ့ ခါးပတ်ကိုဝယ်ပါ။ ဒါမှ ကွက်တိကျပြီး Fit ဖြစ်မှာပါ။ ကိုယ်က ခါး ၃၄ လက်မဘောင်းဘီဝယ်ထားရင် ခါးပတ်ကို ၃၆လက်မ-၃၈ လက်မ ဝယ်ရမှာဖြစ်ပါတယ်။ Dress Belts တွေဟာ အကျယ်အများဆုံး ၁.၂၅ လက်မခန့်သာရှိသင့်ပါတယ်။ ဒီ့ထက်ကြီးရင် Casual ဘက်သွားပါတယ်။ Casual Belts တွေကတော့ ၁.၂၅ ကနေ ၁.၅ လက်မလောက်အထိအကျယ်ရှိသင့်ပါတယ်။

ခါးပတ်ခေါင်း

ခါးပတ်ခေါင်းကြီးလေ Formal မဖြစ်လေပါပဲ။ ဒါကြောင့် ရုံးသမားတွေဆိုရင် ခါးပတ်ခေါင်းသေးသေးပြားပြား ရွေးသင့်ပါတယ်။ ခါးပတ်ခေါင်းကြီးကြီးဝိုင်းဝိုင်းကတော့ Casual ပိုဖြစ်ပါတယ်။ ကျောက်မျက်ရတနာပါတဲ့ ခါးပတ်ခေါင်းတွေရွေးမယ်ဆိုရင်တော့ ခါးပတ်အရောင်နဲ့ကွာဟတဲ့ပြူးပြူးပြဲပြဲတွေကို မရွေးသင့်ပါဘူး။ ယေဘုယျအားဖြင့် ခါးပတ်ခေါင်းဟာ ၄ မျိုးလောက်ရွေးချယ်စရာရှိပါတယ်။ အကောင်းဆုံးကတော့ လျှာပါတဲ့ခါးပတ်ခေါင်းပါပဲ။ သူကမြဲမြဲမြံမြံရှိနေစေဖို့ အကောင်းဆုံးထောက်ပံ့မှုပေးပါတယ်။

buckle with a tongue

buckle with a tongue

လည်သာခါးပတ်ဝယ်ရင်

ဒီဇိုင်နာထုတ်ခါးပတ်လိုချင်တယ်ဆိုရင်တော့ လည်သာဆိုင်တွေမှာ ရှာရပါမယ်။ ဈေးကြီးတဲ့လည်သာခါးပတ်ဝယ်ရင်တော့ လည်သာအရည်အသွေးကောင်းမကောင်းသိဖို့ ခါးပတ်ကိုချိုးကြည့်ပါ။ လက်သည်းချွန်နဲ့လည်း ထိုးကြည့်ဖိကြည့်နိုင်ပါတယ်။ အရာလေးထင်ရင် ပျော့ပျောင်းရင် ရွေးသင့်ပါတယ်။ ခါးပတ်တွေကို သိမ်းဆည်းချိန်မှာလည်း သေသေချာချာခွေပြီး အံဆွဲထဲ၊ ဖိနပ်ဘူးတွေထဲ သိမ်းနိုင်သလို ခါးပတ်ချိတ်နဲ့လည်း ချိတ်ပြီးသိမ်းဆည်းနိုင်ပါတယ်။ ဖြစ်သလို ထိုးထည့်သိမ်းတာမျိုးမလုပ်ရပါဘူး။

ဒီလောက်ဆိုရင်တော့ ခါးပတ်အကြောင်းသိသင့်သလောက်သိရှိပြီး ဘာကြောင့်ခါးပတ်ကောင်းကောင်းဝယ်ဖို့အရေးကြီးသလဲဆိုတာရှင်းပြနိုင်ပြီလို့ထင်ပါတယ်နော်။

www.akhayar.com