[Zawgyi]

လူမႈဆက္ဆံေရးေကာင္းမြန္ေစဖို႔ ဘယ္အခ်က္ေတြကို ျဖည့္တင္းရမလဲ

လူမႈဆက္ဆံေရး၊ ခ်စ္သူရည္းစားကိစၥနဲ႔ မိဘနဲ႔ သားသမီးၾကား ဆက္ဆံေရးေတြဟာ ေရရွည္ပ်ိဳးေထာင္ရမယ့္ အရာေတြပါ။ တခ်ိဳ႕ သူငယ္ခ်င္းေတြဆို ဘယ္ေလာက္ခင္ခဲ့ ခင္ခဲ့၊ အေနေဝးလို႔ ေသြးေအးသြားရံုနဲ႔ တစိမ္းျပင္ျပင္ျဖစ္သြားတာတို႔၊ ဘာမဟုတ္တဲ့ အခ်က္ေလးနဲ႔ သမီးရည္းစားေတြ နားလည္မႈလြဲသြားတာတို႔ ျဖစ္တတ္လို႔ လူတစ္ေယာက္နဲ႔ တစ္ေယာက္ၾကားဆက္ဆံေရးကို ထိန္းညွိဖို႔ ဆိုတာ တကယ္မလြယ္ပါဘူး။

ဒီေတာ့ လူမႈဆက္ဆံေရးဟာ အရမ္းခက္လားဆုိရင္ေတာ့လည္း မခက္ပါဘူး၊ ဒီအခ်က္ေလးေတြကို ပံုမွန္ေလး လုပ္ေဆာင္သြားရံုပါပဲ။

၁။ တစ္ေန႔ကို ထမင္းတစ္နပ္ေတာ့ တျခားသူေတြနဲ႔ တူတူစားပါ

မိသားစုမွာ ထမင္းလက္ဆံုစားတာ၊ အလုပ္အားခ်ိန္ေန႔လည္မွာ ထမင္းတူတူစားတာ၊ ကိုယ့္ အိမ္ေထာင္ဘက္နဲ႔ တစ္ေန႔ကို တစ္နပ္ေတာ့ လက္ဆံုစားတာဟာ လူမႈဆက္ဆံေရးကို ပိုေကာင္းမြန္ေစပါတယ္။ အဲ..အေရးအၾကီးဆံုးအခ်က္ကေတာ့ အဲဒီအခ်ိန္မွာ ဖုန္းမသံုးဘဲ စကားဝုိင္းထဲမွာ အာရံုစိုက္လုိက္ပါ စီးေမ်ာဖို႔ပါပဲ။

၂။ လက္ေတြ႔ဘဝမွာ တည္ေဆာက္ပါ

လူမႈဆက္ဆံေရးေကာင္းဖို႔ Social Media မွာ ခ်စ္ေရ၊ သဲေရ ရႊန္းရႊန္းေဝခ်စ္ျပေနတာထက္ လက္ေတြ႔မွာလည္း ၾကင္နာမွ ျဖစ္ပါမယ္။ အေဖ၊ အေမ Father’s Day၊ Mother’s Day ဆုိျပီး Social Media မွာ Postcard ပံုေလးပို႔ေပးတာထက္ အျပင္မွာ ေျခဆုပ္လက္နယ္ျပဳစုတာကမွ တကယ့္အႏွစ္ပါ။ အေနေဝးေနရင္ေတာ့ တစ္မ်ိဳးစဥ္းစားရမွာ ျဖစ္ပါတယ္။

၃။ သူမခ်ိန္းလည္း ကိုယ္က စခ်ိန္းပါ

တစ္ေယာက္ေယာက္ကို ေတြ႔ခ်င္ရင္ သူစတင္ခ်ိန္းဆိုတာကို ေစာင့္မေနဘဲ ကိုယ္က စခ်ိန္းလိုက္တာလည္း ဘဝမွာ ခက္တာကို လြယ္ေအာင္ လုပ္ျခင္းတစ္မ်ိဳးပါပဲ။

၄။ ဝါသနာတူတဲ့သူေတြနဲ႔ ရွာေပါင္းပါ

ကိုယ့္ဝါသနာ၊ ကိုယ္သေဘာက်တဲ့ အားကစားကို ခ်စ္ခင္တဲ့သူေတြနဲ႔ တူတူျပဳလုပ္တာဟာ တကယ့္ကို လူမႈဆက္ဆံေရးမွာ အက်ိဳးျပဳပါတယ္။ ရင္ဘတ္ခ်င္းနီးေစတယ္ေပါ့။

၅။ အျမဲတမ္းအဆက္အသြယ္ရွိပါေစ

ခ်စ္သူေတြ ေဝးသြားရတဲ့ အေၾကာင္းတစ္ခုက အေနေဝးျပီး ေသြးေအးသြားလို႔ ဆိုတဲ့ အခ်က္တစ္ခ်က္လည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ အေနေဝးေပမယ့္ ေသြးမေအးေအာင္ အဆက္အသြယ္မျပတ္ပါေစနဲ႔။ သူငယ္ခ်င္းေတြဆုိရင္လည္း ဒီလိုပါပဲ။ အေနေဝးရင္ေတာင္ တမင္တကာ ခ်ိန္းဆိုျပီး တစ္လတစ္ခါ ဒါမွမဟုတ္ တစ္ပတ္တစ္ခါေတြ႔ဆံုတာမ်ိဳး လုပ္ျပီး ေႏြးေထြးမႈကို ျမွင့္တင္ေပးပါ။

၆။ ကုိယ့္ရည္းစား၊ သူငယ္ခ်င္းကို စိတ္လိုလက္ရ ကူညီပါ

သူငယ္ခ်င္းေရလို႔ တဖြဖြေျပာေနျပီး သူအကူအညီလုိတဲ့အခ်ိန္ ပစ္ထားတာလည္း ေကာင္းတဲ့ အက်င့္မဟုတ္ပါဘူး။ သူအကူအညီလိုိတဲ့အခ်ိန္မွာ တတ္နုိင္သေလာက္ စိတ္လိုလက္ရ ကူညီေပးပါ။ ဒါဟာ ႏွစ္ဘက္လံုးအတြက္ ေကာင္းတဲ့ အရာျဖစ္ျပီး ကိုယ္အကူအညီလိုအပ္ရင္လည္း ေတာင္းဖို႔ မရွက္ပါနဲ႔ေနာ္။

၇။ ဘယ္ေလာက္ပဲ အခက္အခဲရွိေနေန ရိုးသားမႈရွိပါ

ဘယ္ေလာက္ပဲ သူငယ္ခ်င္းေတြ ၾကား၊ ခ်စ္သူၾကား အခက္အခဲေတြ ရွိေနေန၊ ရိုးသားျခင္းကသာ ယံုၾကည္မႈတည္ေဆာက္ႏုိင္ျပီး ပိုမိုခုိင္ျမဲတဲ့ ဆက္ဆံေရးေတြကို တည္ေဆာက္ႏုိင္္မွာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

လူမှုဆက်ဆံရေးကောင်းမွန်စေဖို့ ဘယ်အချက်တွေကို ဖြည့်တင်းရမလဲ

လူမှုဆက်ဆံရေး၊ ချစ်သူရည်းစားကိစ္စနဲ့ မိဘနဲ့ သားသမီးကြား ဆက်ဆံရေးတွေဟာ ရေရှည်ပျိုးထောင်ရမယ့် အရာတွေပါ။ တချို့ သူငယ်ချင်းတွေဆို ဘယ်လောက်ခင်ခဲ့ ခင်ခဲ့၊ အနေဝေးလို့ သွေးအေးသွားရုံနဲ့ တစိမ်းပြင်ပြင်ဖြစ်သွားတာတို့၊ ဘာမဟုတ်တဲ့ အချက်လေးနဲ့ သမီးရည်းစားတွေ နားလည်မှုလွဲသွားတာတို့ ဖြစ်တတ်လို့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားဆက်ဆံရေးကို ထိန်းညှိဖို့ ဆိုတာ တကယ်မလွယ်ပါဘူး။

ဒီတော့ လူမှုဆက်ဆံရေးဟာ အရမ်းခက်လားဆိုရင်တော့လည်း မခက်ပါဘူး၊ ဒီအချက်လေးတွေကို ပုံမှန်လေး လုပ်ဆောင်သွားရုံပါပဲ။

၁။ တစ်နေ့ကို ထမင်းတစ်နပ်တော့ တခြားသူတွေနဲ့ တူတူစားပါ

မိသားစုမှာ ထမင်းလက်ဆုံစားတာ၊ အလုပ်အားချိန်နေ့လည်မှာ ထမင်းတူတူစားတာ၊ ကိုယ့် အိမ်ထောင်ဘက်နဲ့ တစ်နေ့ကို တစ်နပ်တော့ လက်ဆုံစားတာဟာ လူမှုဆက်ဆံရေးကို ပိုကောင်းမွန်စေပါတယ်။ အဲ..အရေးအကြီးဆုံးအချက်ကတော့ အဲဒီအချိန်မှာ ဖုန်းမသုံးဘဲ စကားဝိုင်းထဲမှာ အာရုံစိုက်လိုက်ပါ စီးမျောဖို့ပါပဲ။

၂။ လက်တွေ့ဘဝမှာ တည်ဆောက်ပါ

လူမှုဆက်ဆံရေးကောင်းဖို့ Social Media မှာ ချစ်ရေ၊ သဲရေ ရွှန်းရွှန်းဝေချစ်ပြနေတာထက် လက်တွေ့မှာလည်း ကြင်နာမှ ဖြစ်ပါမယ်။ အဖေ၊ အမေ Father’s Day၊ Mother’s Day ဆိုပြီး Social Media မှာ Postcard ပုံလေးပို့ပေးတာထက် အပြင်မှာ ခြေဆုပ်လက်နယ်ပြုစုတာကမှ တကယ့်အနှစ်ပါ။ အနေဝေးနေရင်တော့ တစ်မျိုးစဉ်းစားရမှာ ဖြစ်ပါတယ်။

၃။ သူမချိန်းလည်း ကိုယ်က စချိန်းပါ

တစ်ယောက်ယောက်ကို တွေ့ချင်ရင် သူစတင်ချိန်းဆိုတာကို စောင့်မနေဘဲ ကိုယ်က စချိန်းလိုက်တာလည်း ဘဝမှာ ခက်တာကို လွယ်အောင် လုပ်ခြင်းတစ်မျိုးပါပဲ။

၄။ ဝါသနာတူတဲ့သူတွေနဲ့ ရှာပေါင်းပါ

ကိုယ့်ဝါသနာ၊ ကိုယ်သဘောကျတဲ့ အားကစားကို ချစ်ခင်တဲ့သူတွေနဲ့ တူတူပြုလုပ်တာဟာ တကယ့်ကို လူမှုဆက်ဆံရေးမှာ အကျိုးပြုပါတယ်။ ရင်ဘတ်ချင်းနီးစေတယ်ပေါ့။

၅။ အမြဲတမ်းအဆက်အသွယ်ရှိပါစေ

ချစ်သူတွေ ဝေးသွားရတဲ့ အကြောင်းတစ်ခုက အနေဝေးပြီး သွေးအေးသွားလို့ ဆိုတဲ့ အချက်တစ်ချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အနေဝေးပေမယ့် သွေးမအေးအောင် အဆက်အသွယ်မပြတ်ပါစေနဲ့။ သူငယ်ချင်းတွေဆိုရင်လည်း ဒီလိုပါပဲ။ အနေဝေးရင်တောင် တမင်တကာ ချိန်းဆိုပြီး တစ်လတစ်ခါ ဒါမှမဟုတ် တစ်ပတ်တစ်ခါတွေ့ဆုံတာမျိုး လုပ်ပြီး နွေးထွေးမှုကို မြှင့်တင်ပေးပါ။

၆။ ကိုယ့်ရည်းစား၊ သူငယ်ချင်းကို စိတ်လိုလက်ရ ကူညီပါ

သူငယ်ချင်းရေလို့ တဖွဖွပြောနေပြီး သူအကူအညီလိုတဲ့အချိန် ပစ်ထားတာလည်း ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။ သူအကူအညီလိုတဲ့အချိန်မှာ တတ်နိုင်သလောက် စိတ်လိုလက်ရ ကူညီပေးပါ။ ဒါဟာ နှစ်ဘက်လုံးအတွက် ကောင်းတဲ့ အရာဖြစ်ပြီး ကိုယ်အကူအညီလိုအပ်ရင်လည်း တောင်းဖို့ မရှက်ပါနဲ့နော်။

၇။ ဘယ်လောက်ပဲ အခက်အခဲရှိနေနေ ရိုးသားမှုရှိပါ

ဘယ်လောက်ပဲ သူငယ်ချင်းတွေ ကြား၊ ချစ်သူကြား အခက်အခဲတွေ ရှိနေနေ၊ ရိုးသားခြင်းကသာ ယုံကြည်မှုတည်ဆောက်နိုင်ပြီး ပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com