[Zawgyi]

Akhayar Media ကေန စာဖတ္ပရိတ္သတ္ေတြ သုတ၊ ရသနဲ႔ ဗဟုသုတပိုၿပီးစုံစုံလင္လင္ရႏိုင္ဖို႔အတြက္ လက္ရွိ Akhayar အဖြဲ႕သားေတြတင္ဆက္ေနတဲ့ ေဆာင္းပါးေတြအျပင္ ဒီတစ္ပတ္ကစၿပီး ျပင္ပကစာေရးဆရာေတြရဲ႕ ေဆာင္းပါးလက္ရာေကာင္းေတြကိုပါ အလ်ဥ္းသင့္သလို ေဖၚျပေပးသြားမွာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အြန္လိုင္းမွာေရာ လူသိမ်ားတဲ့ စာေရးဆရာတစ္ဦးျဖစ္သူ ေဒါက္တာၿဖိဳးသီဟရဲ႕ ေဆာင္းပါးေကာင္းတစ္ပုဒ္ကို စတင္တင္ဆက္ေပးလိုက္ပါတယ္။ ဆရာဝန္တစ္ျဖစ္လည္း စာအေရးအသားေကာင္းၿပီး လူငယ္ေတြအတြက္ ဗဟုသုတရဖြယ္ ပညာေပးေဆာင္းပါးေတြေရးသားတင္ဆက္ေလ့ရွိတဲ့ ေဒါက္တာၿဖိဳးသီဟရဲ႕ ေဆာင္းပါးေကာင္းေတြကို အခရာမွာေစာင့္ေမွ်ာ္ဖတ္ရႈ်ႏိုင္ပါတယ္။

“ၿပီးျပည့္စုံတဲ့ Relationship တစ္ခုဆိုတာ”

အဂၤလိပ္လိုမွာေတာ့ Healthy Relationship လို႔ ေျပာတတ္ၾကပါတယ္။ ျမန္မာလိုဆီေလ်ာ္ေအာင္ ဘာသာျပန္ရရင္ ၿပီးျပည့္စုံတဲ့ ပတ္သက္ဆက္စပ္မႈတစ္ခုေပါ့။ တကယ္ဆို တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကခင္ၾကတယ္ဆို႐ုံနဲ႔မၿပီးသလို အခ်စ္တစ္ခုတည္းကပဲ ျပည့္စုံမႈကို ရေစႏိုင္တာမဟုတ္ဘူး။ ခ်စ္လို႔ပါဆိုၿပီး အလြန္အကြၽံသဝန္တိုလြန္းလို႔ တစ္ေယာက္မွာ အေပါင္းအသင္းကို မထားရေတာ့ဘူး၊ ဒါမွမဟုတ္ တစ္ေယာက္က တစ္ဖက္သတ္ အႏိုင္ယူေနမယ္၊ တအားခ်ဳပ္ခ်ယ္ေနမယ္ဆိုရင္လည္း ဒီလိုအေျခအေနမ်ိဳးေတြကို Healthy Relationship လို႔ မေခၚႏိုင္ပါဘူး။ ခ်စ္လို႔သာ တည္ၿမဲေနေပမယ့္ မခံႏိုင္တဲ့အဆုံး ေပါက္ကြဲထြက္သြားႏိုင္လို႔ပါပဲ။

ဒီေန႔ Valentines’ Day မွာေတာ့ ခ်စ္သူစုံတြဲ၊ ဇနီးေမာင္ႏွံေတြအတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေန႐ုံတင္မဟုတ္ဘဲ ၿပီးျပည့္စုံတဲ့ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ႏိုင္ဖို႔ အေရးႀကီးတဲ့အခ်က္ ၃ ခ်က္အေၾကာင္း ေဆြးေႏြးလိုပါတယ္။

၁။ တန္ဖိုးထားတာခ်င္း တူဖို႔လိုတယ္။

အသြင္တူမွ အိမ္သူျဖစ္တာဆိုၿပီး ေျပာတတ္ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းေတာ့ အလုံးစုံတူေနဖို႔ရာ မလြယ္ပါဘူး။ ညီအစ္ကိုေမာင္ႏွမေတြေတာင္ မတူၾကဘဲကိုး။ သူက အပူအစပ္ႀကိဳက္တယ္၊ ကိုယ္က မႀကိဳက္ဘူး၊ ကိုယ္က သီခ်င္းေအးေအးေလးေတြ ႀကိဳက္တယ္၊ သူက ဆူဆူညံညံေတြ ႀကိဳက္တယ္၊ ဒီလို အေသးအဖြဲေလးေတြမွာ ကြဲလြဲႏိုင္တယ္။ ဒါေတြကေတာ့ ညႇိယူရမွာေပါ့။

ညႇိယူဖို႔ တအားခက္တာကေတာ့ ဘဝနဲ႔ပတ္သက္တဲ့ တန္ဖိုးထားမႈေတြပါပဲ။ ဝတၳဳေတြထဲ ပါသလို၊ တစ္ေယာက္က အႏုပညာကို တန္ဖိုးထားတယ္၊ ေနာက္တစ္ေယာက္က ေငြမွေငြ၊ အႏုပညာကို အထင္ေသးတယ္၊ ေငြရွိမွျဖစ္မယ္လို႔ ထင္တယ္၊ တစ္ေယာက္က ကိုယ္က်င့္သိကၡာဆိုတာကို တန္ဖိုးထားတယ္၊ တစ္ေယာက္က ဂုဏ္မက္တယ္၊ ေငြမက္တယ္၊ ဒါဆိုရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ခ်စ္ခ်စ္ အဆင္ေျပေတာ့မွာ မဟုတ္ဘူး။ ေနာက္ဆုံး သားသမီးေတြကို ပုံသြင္းတဲ့အထိ ျပႆနာ လိုက္ေပးေတာ့မွာ။ အၿမဲတက်က္က်က္ျဖစ္ေနတဲ့ အိမ္ေထာင္ေရးမ်ိဳး တည္ေဆာက္ရေတာ့မွာ။ ဒါေၾကာင့္မို႔ တန္ဖိုးထားတာခ်င္း တူဖို႔လိုပါတယ္။ တစ္ေယာက္က စာေပကို ျမတ္ႏိုးတယ္၊ ေနာက္တစ္ေယာက္က စာေပကို စိတ္မဝင္စားဘူးဆိုေတာင္ မေစာ္ကား၊ မႏွိမ့္ခ်မိဖို႔လိုတယ္။

ေနာက္တစ္ခု၊ လူရဲ႕ စိတ္သဘာဝအရ ဝါသနာတူခ်င္းဆို ပိုၿပီး ခင္တြယ္တတ္တယ္။ ဥပမာ ကိုယ္က ဂီတကို ဝါသနာပါတယ္၊ ကိုယ့္အိမ္ေထာင္ဖက္က ဝါသနာမပါဘူး၊ ဒီအခါ ဝါသနာတူတဲ့ ေနာက္တစ္ေယာက္ကိုေတြ႕တဲ့အခါ စိတ္က အလိုလိုခင္သြားမိတတ္တယ္။ ဒါက ေဖာက္ျပန္တာလည္းမဟုတ္ဘူး။ လူူ႔ရဲ႕သေဘာကိုက ဒီလိုပဲ။ ဒီအခါ နားလည္မေပးႏိုင္ဘဲ ျပႆနာေတြ ရွာတဲ့အခါ ပိုၿပီးေတာ့မွ အဆင္မေျပ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႔ တန္ဖိုးထားမႈေတြ မတူေတာင္ အနိမ့္ဆုံး နားလည္မႈေတာ့ ထားဖို႔လိုမွာ ျဖစ္ပါတယ္။

၂။ တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈ ရွိဖို႔လိုတယ္။

ဒီေနရာမွာ မပါမျဖစ္ ထည့္ေျပာရမွာက ေယာက်ာ္းေတြရဲ႕ ခံစားခ်က္ပါပဲ။ Gender လို႔ လူ႔အသိုင္းအဝိုင္းရဲ႕ သတ္မွတ္ခ်က္ေတြေၾကာင့္ ေယာက်ာ္းအမ်ားစုဟာ သူတို႔ကိုယ္သူတို႔ မိန္းမထက္ သာရမယ္လို႔ ခံယူထားတယ္။ စိတ္ကူးထဲက ခ်စ္သူရဲ႕ပုံစံကို ေမးၾကည့္လိုက္ပါ၊ ေယာက်ာ္းေလး ၁၀၀ မွာ ၉၀ က ေျဖၾကလိမ့္မယ္၊ ကိုယ့္ကို နားလည္ခြင့္လႊတ္ေပးမယ့္သူ၊ လိုအပ္သမွ် ျဖည့္ဆည္းေပးမယ့္သူ၊ အိမ္မႈကိစၥ ႏိုင္နင္းတဲ့သူ စသျဖင့္။ ကြၽန္ေတာ္တို႔ေတြရဲ႕ အေတြးထဲမွာလည္း ဘယ္လိုစိတ္ကူးယဥ္ထားသလဲဆို ကိုယ္က စီးပြားေရးမွာ ေအာင္ျမင္ေအာင္လုပ္မယ္၊ မိန္းမကို သူလိုတာေတြ အကုန္ျဖည့္ဆည္းေပးမယ္၊ ဆိုလိုတာက ေယာက်ာ္းသည္ ဦးေဆာင္သူေနရာ၊ မိန္းမကေတာ့ ျဖည့္ဆည္းေပးရမယ့္ေနရာ။ ေယာက်ာ္းေလးအမ်ားစုသည္ ကိုယ့္ကိုအားကိုးမယ့္ အိမ္သူသက္ထားမ်ိဳးကိုပဲ လိုခ်င္ၾကတယ္။ “လိုခ်င္တာ မိဖုရား၊ ညားေတာ့ ဘုရင္မ” ဆိုတဲ့ သီခ်င္းလို၊ မိဖုရားကိုပဲ လိုခ်င္ၾကတာ၊ ကိုယ့္ကိုျပန္ဦးေဆာင္မယ့္ ဘုရင္မကို မလိုခ်င္ၾကဘူး။

ဒီအခါ ထက္ထက္ျမက္ျမက္၊ သိပ္မိန္းမမဆန္တဲ့ပုံစံနဲ႔ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္မယ္၊ ဘယ္သူ႔မွအားမကိုးဘူးဆိုတဲ့ မိန္းကေလးမ်ိဳးနဲ႔ ေတြ႕ေရာ အဆင္မေျပ ျဖစ္လာေရာ။ အထူးသျဖင့္ ကိုယ္က သူ႔ေလာက္ ေအာင္ျမင္မေနရင္ ပိုဆိုးတယ္။ ခ်စ္လို႔သာ ေပါင္းေနေပမယ့္ သူ႔စိတ္ထဲမယ္ မိန္းကေလးျဖစ္သူဆီကေန ေလးစားမႈမရဘူး၊ သူက ငါ့ကို အားလည္းမကိုးဘူးဆိုတဲ့ ခံစားခ်က္ေတြက ဝင္ေနေရာ။ ဒီအခါ သူ႔ကို အားကိုးမယ့္ ေနာက္ထပ္မိန္းကေလးကိုလည္း ေတြ႕ေရာ၊ စိတ္ေတြယိုင္ကုန္ေရာ၊ ဘာလို႔ဆိုေတာ့ ဒီေကာင္မေလးနဲ႔ေတြ႕မွ သူလိုခ်င္ေနတဲ့ ေလးစားမႈဆိုတာက ျပန္ရတာကိုး။ ခုမွ သူ႔ကိုယ္သူ ဘုရင္ဆိုတဲ့ ခံစားခ်က္ ျပန္ဝင္လာတာကိုး။ ဒီအခါ ကြၽန္ေတာ္တို႔ ေျပာေျပာတတ္ၾကတဲ့ ဒီေလာက္ပိုက္ဆံအရွာေကာင္းတဲ့ မိန္းမလွလွေလး ရထားတာေတာင္ ေဖာက္ျပန္ခ်င္ေသးတယ္ ဆိုတာမ်ိဳး ျဖစ္လာတာေပါ့။ တကယ္တမ္း သူလိုခ်င္ေနတာက ေငြမဟုတ္ဘူး။ ေလးစားမႈ ျဖစ္တယ္။သူ႔အမ်ိဳးသမီးဆီကေန ဒါကို မရတဲ့အခါ ရႏိုင္တဲ့သူဆီကို သူ႔ႏွလုံးသားက ေရာက္သြားေတာ့တာပဲ။ (ဒါဟာ ေဖာက္ျပန္မႈေတြဘက္က ကာကြယ္ၿပီး အေၾကာင္းျပခ်က္ ေပးေနတာမဟုတ္ဘဲ ျဖစ္တတ္တဲ့ စိတ္သေဘာကို ေျပာျပတာပါပဲ)

ဒီလိုအေနအထားမ်ိဳးက ေယာက်ာ္းမွာမွေတာ့ ရွိတာမဟုတ္ဘူး။ မိန္းကေလးေတြမွာလည္း ရွိႏိုင္တယ္။ ကိုယ္က သူ႔ေနာက္ကြယ္ကေန အလုံးစုံျဖည့္ဆည္းေပးေနရက္နဲ႔ တစ္ခါတစ္ခါ သူ႔ပါးစပ္ကေန ဘယ္အမ်ိဳးသမီးကေတာ့ သိပ္ေတာ္တာ၊ သိပ္ေလးစားတာ ဆိုတာမ်ိဳး ေျပာလာတဲ့အခါ သိပ္စိတ္တိုမိတယ္။ ကိုယ့္မွာေတာ့ ကိုယ့္ရဲ႕ တိုးတက္ရာတိုးတက္ေၾကာင္းေတြကို အကုန္စြန႔္လႊတ္ၿပီး သူ႔အတြက္ ပံ့ပိုးေပးခဲ့ရတာေလ။ အဲဒါကိုမွ မထက္ျမက္တဲ့ မိန္းမလိုလို ကိုယ့္ကို လာေျပာေနတဲ့အခါ စိတ္ပ်က္မိတာေပါ့။

တကယ္ေတာ့ ေယာက်ာ္းနဲ႔မိန္းမဆိုတာ ကမာၻႀကီးရဲ႕ ေတာင္ပံတစ္စုံလိုပဲ။ တစ္ဖက္သန္စြမ္းမွ တစ္ဖက္ကလည္း ေကာင္းေကာင္းလုပ္ႏိုင္တာ။ တစ္ဖက္တည္း သန္စြမ္းေနလို႔ မရသလို၊ တစ္ဖက္တည္းကပဲ အေရးႀကီးတာ မဟုတ္ဘူး။ ဒါေၾကာင့္ ပိုက္ဆံရွာ၊ အိမ္ကိုဦးေဆာင္ေနသူလည္း အေရးႀကီးသလို၊ ေနာက္ကြယ္ကေန အလုံးစုံပံ့ပိုးေပးေနသူဆိုတာလည္း အေရးႀကီးတယ္။ ဒီအတြက္ တစ္ေယာက္ရဲ႕အခန္းက႑ကို ေနာက္တစ္ေယာက္က ေလးစားမႈေပးဖို႔ဟာ အင္မတန္မွကို လိုအပ္ပါတယ္။ ပါးစပ္ကေနေတာ့ ထုတ္ေျပာၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ လူေတြရဲ႕ စိတ္သေဘာကို နားလည္ၿပီး သတိထားႏိုင္ၾကေစဖို႔ ရည္႐ြယ္ပါတယ္။

၃။ ပိုင္ဆိုင္တာ မဟုတ္ဘူး၊ ေပါင္းစပ္တာသာ ျဖစ္ပါတယ္။

ေယာက်ာ္းနဲ႔ မိန္းမ မဂၤလာေဆာင္ၾကၿပီဆိုတဲ့အခါ အားလုံးက ထင္ၾကပါတယ္၊ ဒီေယာက်ာ္းက မိန္းမကို ပိုင္သြားၿပီေပါ့။ မိဘေတြကိုယ္တိုင္က ေျပာၾကတယ္၊ တို႔သမီးေလးကို မင္းလက္ထဲ ထည့္ေပးလိုက္ၿပီေနာ္၊ ေကာင္းေကာင္းေစာင့္ေရွာက္ ဆိုတာမ်ိဳး။ ေယာက်ာ္းေလးေတြကလည္း ကတိေပးၾကတယ္၊ အေမတို႔သမီးကို စိတ္ခ်မ္းသာေအာင္ ထားပါ့မယ္ဆိုတာမ်ိဳး။

ဒါေတြက မွားလားဆိုေတာ့ မမွားပါဘူး။ ခ်စ္စရာလည္းေကာင္းတယ္။ ဒါေပမယ့္လည္း “မိန္းကေလးဆိုတာ ငယ္တုန္းမွာ မိဘကတာဝန္ယူ၊ ႀကီးလာလို႔ အိမ္ေထာင္က်ေတာ့ ေယာက်ာ္းက တာဝန္ယူ” ဆိုတာမ်ိဳးက ဒီမိန္းကေလးေတြဟာ ကိုယ့္တာဝန္ကိုယ္မယူႏိုင္ဘူးဆိုတဲ့ သေဘာ သက္ေရာက္ေနပါတယ္။ တကယ္လည္း အဲ့လိုခံယူထားတဲ့ မိန္းကေလးေတြဟာ ဘြဲ႕ရ႐ုံေလာက္ ပညာသင္တယ္၊ အျပင္အလုပ္မလုပ္ဘူး၊ ကိုယ္ပိုင္ဝင္ေငြမရွာဘူး၊ ေယာက်ာ္းအေပၚမွာပဲ မွီခိုတယ္။

ဒီေတာ့ ျပႆနာႏွစ္ခု ဝင္လာတယ္။ တစ္ေယာက္တည္းအေပၚမွာပဲ မွီခိုေနရတဲ့အတြက္ သူကသာ လက္ထပ္ၿပီးေနာက္ပိုင္း ေျပာင္းလဲသြားရင္ ျပႆနာစလာၿပီ။ ကြဲလို႔ ကြာလို႔ မရဘူး။ ဘာလို႔ဆိုေတာ့ သူ႔ဝင္ေငြနဲ႔ပဲ ကိုယ္က ရပ္တည္ေနရတာကိုး။ ေနာက္တစ္ခု၊ သူက မေျပာင္းလဲဘူးဆိုဦးေတာ့၊ အေၾကာင္းေၾကာင္းေၾကာင့္မ်ား သူက အလုပ္မလုပ္ႏိုင္ျဖစ္သြားရင္ သူေရာကိုယ္ေရာ ဒုကၡျဖစ္ရေတာ့မွာ။ သားသမီးေတြမ်ား ရေနရင္ ပိုဆိုး။ ဒါေၾကာင့္မို႔ တစ္ဦးတည္းအေပၚ မွီခိုထားရတဲ့ အေျခအေနဟာ လတ္တေလာမွာ အဆင္ေျပေနဦးေတာ့၊ ေရရွည္အတြက္ အထိအခိုက္မခံဘူး၊
Healthy Relationship မျဖစ္ဘူးလို႔ ဆိုရမွာပါ။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ သူ႔ကို ဘာလို႔ လက္ထပ္တာလဲဆို အားကိုးရွာဖို႔ မဟုတ္ဘူး၊ ခ်စ္လို႔ ႏွစ္ေယာက္အတူ ေပါင္းစပ္လိုက္တာသာ ျဖစ္သင့္ပါတယ္။ ေယာက်ာ္းေလးေတြအေနနဲ႔လည္း ကိုယ့္မိန္းကေလးက ဝင္ေငြရွာတယ္၊ အျပင္အလုပ္လုပ္တယ္ဆို ငါပဲ ရွာေပးမယ္ဆိုၿပီး အတင္းအလုပ္ထြက္ခိုင္းတာမ်ိဳး မလုပ္ဘဲ နားလည္ေပးဖို႔ လိုပါတယ္။

တကယ္ေတာ့ ခ်စ္သူထားတယ္၊ အိမ္ေထာင္ျပဳတယ္ဆိုတာ သူစိမ္းႏွစ္ေယာက္ရဲ႕ ႏွလုံးသားခ်င္း၊ ဘဝခ်င္း ေပါင္းစည္းတာမ်ိဳးပါ။ အင္မတန္သိမ္ေမြ႕ပါတယ္။ မတူကြဲျပားတဲ့ မိသားစုေနာက္ခံ၊ မတူကြဲျပားတဲ့ ေမြးရာပါဗီဇ၊ မတူကြဲျပားတဲ့ အက်င့္စ႐ိုက္ေတြနဲ႔ လူႏွစ္ေယာက္ ေပါင္းစည္းတာျဖစ္လို႔ အေသးစိတ္ညႇိႏႈိင္းယူရတာေတြ အမ်ားႀကီးရွိဦးမွာပါ။ ခုေျပာခဲ့တဲ့ အခ်က္ ၃ ခ်က္ကေတာ့ စုံတြဲေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ေနရတဲ့ ျပႆနာေလးေတြျဖစ္လို႔ သတိထားႏိုင္ေအာင္ ေရးလိုက္ရျခင္းျဖစ္ပါတယ္။ တစ္စုံတစ္ရာ အက်ိဳးရွိမယ္ ေမွ်ာ္လင့္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Akhayar Media ကနေ စာဖတ်ပရိတ်သတ်တွေ သုတ၊ ရသနဲ့ ဗဟုသုတပိုပြီးစုံစုံလင်လင်ရနိုင်ဖို့အတွက် လက်ရှိ Akhayar အဖွဲ့သားတွေတင်ဆက်နေတဲ့ ဆောင်းပါးတွေအပြင် ဒီတစ်ပတ်ကစပြီး ပြင်ပကစာရေးဆရာတွေရဲ့ ဆောင်းပါးလက်ရာကောင်းတွေကိုပါ အလျဉ်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အွန်လိုင်းမှာရော လူသိများတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးသီဟရဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ကို စတင်တင်ဆက်ပေးလိုက်ပါတယ်။ ဆရာဝန်တစ်ဖြစ်လည်း စာအရေးအသားကောင်းပြီး လူငယ်တွေအတွက် ဗဟုသုတရဖွယ် ပညာပေးဆောင်းပါးတွေရေးသားတင်ဆက်လေ့ရှိတဲ့ ဒေါက်တာဖြိုးသီဟရဲ့ ဆောင်းပါးကောင်းတွေကို အခရာမှာစောင့်မျှော်ဖတ်ရှုျနိုင်ပါတယ်။

“ပြီးပြည့်စုံတဲ့ Relationship တစ်ခုဆိုတာ”

အင်္ဂလိပ်လိုမှာတော့ Healthy Relationship လို့ ပြောတတ်ကြပါတယ်။ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ရရင် ပြီးပြည့်စုံတဲ့ ပတ်သက်ဆက်စပ်မှုတစ်ခုပေါ့။ တကယ်ဆို တစ်ယောက်နဲ့တစ်ယောက် ချစ်ကြခင်ကြတယ်ဆိုရုံနဲ့မပြီးသလို အချစ်တစ်ခုတည်းကပဲ ပြည့်စုံမှုကို ရစေနိုင်တာမဟုတ်ဘူး။ ချစ်လို့ပါဆိုပြီး အလွန်အကျွံသဝန်တိုလွန်းလို့ တစ်ယောက်မှာ အပေါင်းအသင်းကို မထားရတော့ဘူး၊ ဒါမှမဟုတ် တစ်ယောက်က တစ်ဖက်သတ် အနိုင်ယူနေမယ်၊ တအားချုပ်ချယ်နေမယ်ဆိုရင်လည်း ဒီလိုအခြေအနေမျိုးတွေကို Healthy Relationship လို့ မခေါ်နိုင်ပါဘူး။ ချစ်လို့သာ တည်မြဲနေပေမယ့် မခံနိုင်တဲ့အဆုံး ပေါက်ကွဲထွက်သွားနိုင်လို့ပါပဲ။

ဒီနေ့ Valentines’ Day မှာတော့ ချစ်သူစုံတွဲ၊ ဇနီးမောင်နှံတွေအတွက် တစ်ယောက်နဲ့တစ်ယောက် ချစ်နေရုံတင်မဟုတ်ဘဲ ပြီးပြည့်စုံတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့အချက် ၃ ချက်အကြောင်း ဆွေးနွေးလိုပါတယ်။

၁။ တန်ဖိုးထားတာချင်း တူဖို့လိုတယ်။

အသွင်တူမှ အိမ်သူဖြစ်တာဆိုပြီး ပြောတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ အလုံးစုံတူနေဖို့ရာ မလွယ်ပါဘူး။ ညီအစ်ကိုမောင်နှမတွေတောင် မတူကြဘဲကိုး။ သူက အပူအစပ်ကြိုက်တယ်၊ ကိုယ်က မကြိုက်ဘူး၊ ကိုယ်က သီချင်းအေးအေးလေးတွေ ကြိုက်တယ်၊ သူက ဆူဆူညံညံတွေ ကြိုက်တယ်၊ ဒီလို အသေးအဖွဲလေးတွေမှာ ကွဲလွဲနိုင်တယ်။ ဒါတွေကတော့ ညှိယူရမှာပေါ့။

ညှိယူဖို့ တအားခက်တာကတော့ ဘဝနဲ့ပတ်သက်တဲ့ တန်ဖိုးထားမှုတွေပါပဲ။ ဝတ္ထုတွေထဲ ပါသလို၊ တစ်ယောက်က အနုပညာကို တန်ဖိုးထားတယ်၊ နောက်တစ်ယောက်က ငွေမှငွေ၊ အနုပညာကို အထင်သေးတယ်၊ ငွေရှိမှဖြစ်မယ်လို့ ထင်တယ်၊ တစ်ယောက်က ကိုယ်ကျင့်သိက္ခာဆိုတာကို တန်ဖိုးထားတယ်၊ တစ်ယောက်က ဂုဏ်မက်တယ်၊ ငွေမက်တယ်၊ ဒါဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ချစ် အဆင်ပြေတော့မှာ မဟုတ်ဘူး။ နောက်ဆုံး သားသမီးတွေကို ပုံသွင်းတဲ့အထိ ပြဿနာ လိုက်ပေးတော့မှာ။ အမြဲတကျက်ကျက်ဖြစ်နေတဲ့ အိမ်ထောင်ရေးမျိုး တည်ဆောက်ရတော့မှာ။ ဒါကြောင့်မို့ တန်ဖိုးထားတာချင်း တူဖို့လိုပါတယ်။ တစ်ယောက်က စာပေကို မြတ်နိုးတယ်၊ နောက်တစ်ယောက်က စာပေကို စိတ်မဝင်စားဘူးဆိုတောင် မစော်ကား၊ မနှိမ့်ချမိဖို့လိုတယ်။

နောက်တစ်ခု၊ လူရဲ့ စိတ်သဘာဝအရ ဝါသနာတူချင်းဆို ပိုပြီး ခင်တွယ်တတ်တယ်။ ဥပမာ ကိုယ်က ဂီတကို ဝါသနာပါတယ်၊ ကိုယ့်အိမ်ထောင်ဖက်က ဝါသနာမပါဘူး၊ ဒီအခါ ဝါသနာတူတဲ့ နောက်တစ်ယောက်ကိုတွေ့တဲ့အခါ စိတ်က အလိုလိုခင်သွားမိတတ်တယ်။ ဒါက ဖောက်ပြန်တာလည်းမဟုတ်ဘူး။ လူူ့ရဲ့သဘောကိုက ဒီလိုပဲ။ ဒီအခါ နားလည်မပေးနိုင်ဘဲ ပြဿနာတွေ ရှာတဲ့အခါ ပိုပြီးတော့မှ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ တန်ဖိုးထားမှုတွေ မတူတောင် အနိမ့်ဆုံး နားလည်မှုတော့ ထားဖို့လိုမှာ ဖြစ်ပါတယ်။

၂။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှု ရှိဖို့လိုတယ်။

ဒီနေရာမှာ မပါမဖြစ် ထည့်ပြောရမှာက ယောကျာ်းတွေရဲ့ ခံစားချက်ပါပဲ။ Gender လို့ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကြောင့် ယောကျာ်းအများစုဟာ သူတို့ကိုယ်သူတို့ မိန်းမထက် သာရမယ်လို့ ခံယူထားတယ်။ စိတ်ကူးထဲက ချစ်သူရဲ့ပုံစံကို မေးကြည့်လိုက်ပါ၊ ယောကျာ်းလေး ၁၀၀ မှာ ၉၀ က ဖြေကြလိမ့်မယ်၊ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးမယ့်သူ၊ လိုအပ်သမျှ ဖြည့်ဆည်းပေးမယ့်သူ၊ အိမ်မှုကိစ္စ နိုင်နင်းတဲ့သူ စသဖြင့်။ ကျွန်တော်တို့တွေရဲ့ အတွေးထဲမှာလည်း ဘယ်လိုစိတ်ကူးယဉ်ထားသလဲဆို ကိုယ်က စီးပွားရေးမှာ အောင်မြင်အောင်လုပ်မယ်၊ မိန်းမကို သူလိုတာတွေ အကုန်ဖြည့်ဆည်းပေးမယ်၊ ဆိုလိုတာက ယောကျာ်းသည် ဦးဆောင်သူနေရာ၊ မိန်းမကတော့ ဖြည့်ဆည်းပေးရမယ့်နေရာ။ ယောကျာ်းလေးအများစုသည် ကိုယ့်ကိုအားကိုးမယ့် အိမ်သူသက်ထားမျိုးကိုပဲ လိုချင်ကြတယ်။ “လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ” ဆိုတဲ့ သီချင်းလို၊ မိဖုရားကိုပဲ လိုချင်ကြတာ၊ ကိုယ့်ကိုပြန်ဦးဆောင်မယ့် ဘုရင်မကို မလိုချင်ကြဘူး။

ဒီအခါ ထက်ထက်မြက်မြက်၊ သိပ်မိန်းမမဆန်တဲ့ပုံစံနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ်၊ ဘယ်သူ့မှအားမကိုးဘူးဆိုတဲ့ မိန်းကလေးမျိုးနဲ့ တွေ့ရော အဆင်မပြေ ဖြစ်လာရော။ အထူးသဖြင့် ကိုယ်က သူ့လောက် အောင်မြင်မနေရင် ပိုဆိုးတယ်။ ချစ်လို့သာ ပေါင်းနေပေမယ့် သူ့စိတ်ထဲမယ် မိန်းကလေးဖြစ်သူဆီကနေ လေးစားမှုမရဘူး၊ သူက ငါ့ကို အားလည်းမကိုးဘူးဆိုတဲ့ ခံစားချက်တွေက ဝင်နေရော။ ဒီအခါ သူ့ကို အားကိုးမယ့် နောက်ထပ်မိန်းကလေးကိုလည်း တွေ့ရော၊ စိတ်တွေယိုင်ကုန်ရော၊ ဘာလို့ဆိုတော့ ဒီကောင်မလေးနဲ့တွေ့မှ သူလိုချင်နေတဲ့ လေးစားမှုဆိုတာက ပြန်ရတာကိုး။ ခုမှ သူ့ကိုယ်သူ ဘုရင်ဆိုတဲ့ ခံစားချက် ပြန်ဝင်လာတာကိုး။ ဒီအခါ ကျွန်တော်တို့ ပြောပြောတတ်ကြတဲ့ ဒီလောက်ပိုက်ဆံအရှာကောင်းတဲ့ မိန်းမလှလှလေး ရထားတာတောင် ဖောက်ပြန်ချင်သေးတယ် ဆိုတာမျိုး ဖြစ်လာတာပေါ့။ တကယ်တမ်း သူလိုချင်နေတာက ငွေမဟုတ်ဘူး။ လေးစားမှု ဖြစ်တယ်။သူ့အမျိုးသမီးဆီကနေ ဒါကို မရတဲ့အခါ ရနိုင်တဲ့သူဆီကို သူ့နှလုံးသားက ရောက်သွားတော့တာပဲ။ (ဒါဟာ ဖောက်ပြန်မှုတွေဘက်က ကာကွယ်ပြီး အကြောင်းပြချက် ပေးနေတာမဟုတ်ဘဲ ဖြစ်တတ်တဲ့ စိတ်သဘောကို ပြောပြတာပါပဲ)

ဒီလိုအနေအထားမျိုးက ယောကျာ်းမှာမှတော့ ရှိတာမဟုတ်ဘူး။ မိန်းကလေးတွေမှာလည်း ရှိနိုင်တယ်။ ကိုယ်က သူ့နောက်ကွယ်ကနေ အလုံးစုံဖြည့်ဆည်းပေးနေရက်နဲ့ တစ်ခါတစ်ခါ သူ့ပါးစပ်ကနေ ဘယ်အမျိုးသမီးကတော့ သိပ်တော်တာ၊ သိပ်လေးစားတာ ဆိုတာမျိုး ပြောလာတဲ့အခါ သိပ်စိတ်တိုမိတယ်။ ကိုယ့်မှာတော့ ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေကို အကုန်စွန့်လွှတ်ပြီး သူ့အတွက် ပံ့ပိုးပေးခဲ့ရတာလေ။ အဲဒါကိုမှ မထက်မြက်တဲ့ မိန်းမလိုလို ကိုယ့်ကို လာပြောနေတဲ့အခါ စိတ်ပျက်မိတာပေါ့။

တကယ်တော့ ယောကျာ်းနဲ့မိန်းမဆိုတာ ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံလိုပဲ။ တစ်ဖက်သန်စွမ်းမှ တစ်ဖက်ကလည်း ကောင်းကောင်းလုပ်နိုင်တာ။ တစ်ဖက်တည်း သန်စွမ်းနေလို့ မရသလို၊ တစ်ဖက်တည်းကပဲ အရေးကြီးတာ မဟုတ်ဘူး။ ဒါကြောင့် ပိုက်ဆံရှာ၊ အိမ်ကိုဦးဆောင်နေသူလည်း အရေးကြီးသလို၊ နောက်ကွယ်ကနေ အလုံးစုံပံ့ပိုးပေးနေသူဆိုတာလည်း အရေးကြီးတယ်။ ဒီအတွက် တစ်ယောက်ရဲ့အခန်းကဏ္ဍကို နောက်တစ်ယောက်က လေးစားမှုပေးဖို့ဟာ အင်မတန်မှကို လိုအပ်ပါတယ်။ ပါးစပ်ကနေတော့ ထုတ်ပြောကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေရဲ့ စိတ်သဘောကို နားလည်ပြီး သတိထားနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။

၃။ ပိုင်ဆိုင်တာ မဟုတ်ဘူး၊ ပေါင်းစပ်တာသာ ဖြစ်ပါတယ်။

ယောကျာ်းနဲ့ မိန်းမ မင်္ဂလာဆောင်ကြပြီဆိုတဲ့အခါ အားလုံးက ထင်ကြပါတယ်၊ ဒီယောကျာ်းက မိန်းမကို ပိုင်သွားပြီပေါ့။ မိဘတွေကိုယ်တိုင်က ပြောကြတယ်၊ တို့သမီးလေးကို မင်းလက်ထဲ ထည့်ပေးလိုက်ပြီနော်၊ ကောင်းကောင်းစောင့်ရှောက် ဆိုတာမျိုး။ ယောကျာ်းလေးတွေကလည်း ကတိပေးကြတယ်၊ အမေတို့သမီးကို စိတ်ချမ်းသာအောင် ထားပါ့မယ်ဆိုတာမျိုး။

ဒါတွေက မှားလားဆိုတော့ မမှားပါဘူး။ ချစ်စရာလည်းကောင်းတယ်။ ဒါပေမယ့်လည်း “မိန်းကလေးဆိုတာ ငယ်တုန်းမှာ မိဘကတာဝန်ယူ၊ ကြီးလာလို့ အိမ်ထောင်ကျတော့ ယောကျာ်းက တာဝန်ယူ” ဆိုတာမျိုးက ဒီမိန်းကလေးတွေဟာ ကိုယ့်တာဝန်ကိုယ်မယူနိုင်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။ တကယ်လည်း အဲ့လိုခံယူထားတဲ့ မိန်းကလေးတွေဟာ ဘွဲ့ရရုံလောက် ပညာသင်တယ်၊ အပြင်အလုပ်မလုပ်ဘူး၊ ကိုယ်ပိုင်ဝင်ငွေမရှာဘူး၊ ယောကျာ်းအပေါ်မှာပဲ မှီခိုတယ်။

ဒီတော့ ပြဿနာနှစ်ခု ဝင်လာတယ်။ တစ်ယောက်တည်းအပေါ်မှာပဲ မှီခိုနေရတဲ့အတွက် သူကသာ လက်ထပ်ပြီးနောက်ပိုင်း ပြောင်းလဲသွားရင် ပြဿနာစလာပြီ။ ကွဲလို့ ကွာလို့ မရဘူး။ ဘာလို့ဆိုတော့ သူ့ဝင်ငွေနဲ့ပဲ ကိုယ်က ရပ်တည်နေရတာကိုး။ နောက်တစ်ခု၊ သူက မပြောင်းလဲဘူးဆိုဦးတော့၊ အကြောင်းကြောင်းကြောင့်များ သူက အလုပ်မလုပ်နိုင်ဖြစ်သွားရင် သူရောကိုယ်ရော ဒုက္ခဖြစ်ရတော့မှာ။ သားသမီးတွေများ ရနေရင် ပိုဆိုး။ ဒါကြောင့်မို့ တစ်ဦးတည်းအပေါ် မှီခိုထားရတဲ့ အခြေအနေဟာ လတ်တလောမှာ အဆင်ပြေနေဦးတော့၊ ရေရှည်အတွက် အထိအခိုက်မခံဘူး၊
Healthy Relationship မဖြစ်ဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ သူ့ကို ဘာလို့ လက်ထပ်တာလဲဆို အားကိုးရှာဖို့ မဟုတ်ဘူး၊ ချစ်လို့ နှစ်ယောက်အတူ ပေါင်းစပ်လိုက်တာသာ ဖြစ်သင့်ပါတယ်။ ယောကျာ်းလေးတွေအနေနဲ့လည်း ကိုယ့်မိန်းကလေးက ဝင်ငွေရှာတယ်၊ အပြင်အလုပ်လုပ်တယ်ဆို ငါပဲ ရှာပေးမယ်ဆိုပြီး အတင်းအလုပ်ထွက်ခိုင်းတာမျိုး မလုပ်ဘဲ နားလည်ပေးဖို့ လိုပါတယ်။

တကယ်တော့ ချစ်သူထားတယ်၊ အိမ်ထောင်ပြုတယ်ဆိုတာ သူစိမ်းနှစ်ယောက်ရဲ့ နှလုံးသားချင်း၊ ဘဝချင်း ပေါင်းစည်းတာမျိုးပါ။ အင်မတန်သိမ်မွေ့ပါတယ်။ မတူကွဲပြားတဲ့ မိသားစုနောက်ခံ၊ မတူကွဲပြားတဲ့ မွေးရာပါဗီဇ၊ မတူကွဲပြားတဲ့ အကျင့်စရိုက်တွေနဲ့ လူနှစ်ယောက် ပေါင်းစည်းတာဖြစ်လို့ အသေးစိတ်ညှိနှိုင်းယူရတာတွေ အများကြီးရှိဦးမှာပါ။ ခုပြောခဲ့တဲ့ အချက် ၃ ချက်ကတော့ စုံတွဲတော်တော်များများမှာ တွေ့နေရတဲ့ ပြဿနာလေးတွေဖြစ်လို့ သတိထားနိုင်အောင် ရေးလိုက်ရခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ရာ အကျိုးရှိမယ် မျှော်လင့်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။