[Zawgyi]

တစ္ရာသီစာေတာက္ပတာလား၊ သြင္းဂိုးသူရဲေကာင္းအသစ္လား ဆာလာ

(၁၄)ႏွစ္သားအရြယ္မွာ ဆာလာ Salah က သူေနထုိင္ရာ ရြာေလးကေန ေလ့က်င့္ေရးကြင္းဆီသြားဖို႔ ေန႔စဥ္ အသြားအျပန္ကိုးနာရီၾကာခရီးကို ျဖတ္သန္းရပါတယ္။ ရြာကေန နံနက္ေစာေစာကားစီးၿပီး ထြက္ခြာရတယ္။ လမ္းမွာအဆင္ ေျပရင္ ကားတစ္ဆင့္၊ ႏွစ္ဆင့္ေလာက္နဲ႔ အဆင္ေျပေပမယ့္ အဆင္မေျပတဲ့ေန႔မ်ားဆုိ ကားငါးဆင့္ေလာက္ စီးရတတ္တယ္။ ဒီလိုစိတ္ပ်က္စရာအေျခအေနေတြဟာ (၁၄)ႏွစ္သားဆာလာရဲ႕ ရင္ထဲနာက်င္စရာေလာကဓံဆူးေတြပါပဲ။ ဆာလာဟာ ဒီဆူးေတြကိုႏုတ္ၿပီး သူ႕ကုိယ္သူတန္ဖိုးႀကီးအမွတ္တံဆိပ္ျဖစ္ေအာင္ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေပမဲ့ လီဗာပူးလ္ကိုမေရာက္မီဆာလာ ရဲ႕ဥေရာပေျမစြန္႔စားခန္းေတြဟာ မေအာင္ျမင္ပါဘူး။ ခ်ယ္လ္ဆီးမွာ၊ ဖီအိုရင္တီးနားမွာ ဆာလာရဲ႕ပံုရိပ္ေတြဟာ သာမန္ထက္မပိုခဲ့ဘူး။ သူ႕အတြက္ Turning Point အစဟာ႐ိုးမားပါပဲ။ ေရာမေျမမွာ ဆာလာဟာ သူ႕ရဲ႕တုိက္စစ္ဓားသြားေတြကို ထက္ျမက္ေအာင္သြန္းလုပ္ခဲ့ပါတယ္။ ႏွစ္ရာသီေပါင္း (၂၉)ဂိုးသြင္းယူၿပီးေနာက္ သံေခ်းတက္ေနတဲ့ သူ႕ရဲ႕တုိက္စစ္ဓားသြားဟာထက္ျမက္လာပါၿပီ။ လီဗာပူးလ္ကို ေရာက္ရွိခ်ိန္မွာ မယံုႏုိင္စရာေကာင္းေလာက္ေအာင္ ဆာလာဟာ သြင္းဂိုးမ်ားနဲ႔လူျဖစ္လာခဲ့တယ္။

ပရီးမီးယားလိဂ္ကို ဆာလာျပန္ေရာက္လာခ်ိန္မွာ သူ႕အေပၚသံသယထုထည္ဟာ ႀကီးမားခဲ့တယ္။ ႐ိုးမားမွာ သူ႕ရဲ႕သြင္းဂိုးရနံ႔ေတြ ေမႊးပ်ံ႕လာေပမယ့္ ပရီးမီးယားလိဂ္မွာသူဘယ္ေလာက္လုပ္ႏုိင္မွာလဲဆိုၿပီး သံသယေတြဟာဆာလာအနား ေ၀့သီေနပါတယ္။ ဒါေပမဲ့ဆာလာဟာ လက္ရွိရာသီပရီးမီးယားလိဂ္မွာ သူ႕တန္ဖိုးကို ထူးခၽြန္စြာေၾကညာေနခဲ့ပါၿပီ။ သူရဲ႕လက္ရွိရာသီပရီးမီးယားလိဂ္မွတ္တမ္းကို ျပန္ၾကည့္မယ္ဆုိရင္

သြင္းဂိုး – ၂၂ ဂိုး၊ ဟာရီကိန္း (၂၃)ဂိုးထက္ တစ္ဂိုးေလ်ာ့ကာ ဒုတိယေနရာမွာရွိေန

ဂိုးကန္သြင္းမႈစုစုေပါင္း – ၁၀၃ ႀကိမ္၊ ဟာရီကိန္း (၁၅၀)ႀကိမ္ၿပီးေနာက္ ဒုတိယအမ်ားဆံုး

ဂိုးေပါက္တည့္မႈ – ၄၉ ႀကိမ္၊ ဟာရီကိန္း (၆၂)ႀကိမ္ၿပီးေနာက္ ဒုတိယအမ်ားဆံုး

ႏွစ္ဂိုးနဲ႔အထက္သြင္းယူႏုိင္မႈ – ငါးႀကိမ္၊ ဟာရီကိန္း (၆)ႀကိမ္ၿပီးေနာက္ ဒုတိယအမ်ားဆံုး

ဂိုးသြင္းရန္ပ်မ္းမွ်ၾကာခ်ိန္ – ၉၂ .၅၅ မိနစ္

ဂိုးဖန္တီးမႈ – ခုႏွစ္ႀကိမ္

အခြင့္အေရးဖန္တီးေပးႏုိင္မႈ – ၄၄ ႀကိမ္

ေဘာလံုးလိမ္ေခါက္ေက်ာ္ျဖတ္မႈ – ၆၄ ႀကိမ္

ၿပိဳင္ဘက္ခံစစ္ဇုန္ထဲေဘာလံုးထိေတြ႕မႈ – ၁၉၂ ႀကိမ္၊ စတာလင္ ၁၉၉ ႀကိမ္ၿပီးေနာက္ ဒုတိယအမ်ားဆံုးဆိုၿပီးေတြ႕ရပါမယ္။ ဆာလာကို လီဗာပူးလ္မွာ အသြင္သစ္ပံုစံမ်ဳိးနဲ႔ ျမင္ရတာဟာ ဒီရာသီပရီးမီးယားလိဂ္ရဲ႕ အထူးျခားဆံုး၊ အထင္ရွားဆံုးျဖစ္ရပ္ေတြထဲပါ၀င္ေနပါတယ္။ တခ်ဳိ႕ကလည္း ဆာလာရဲ႕ေျခစြမ္းဟာ တစ္ရာသီစာေတာက္ပတာပါဆိုၿပီး ေ၀ဖန္ေနပါတယ္။ ဆာလာဟာ တစ္ရာသီစာေတာက္ပတာလား၊ ဒါမွမဟုတ္ ဆြာရက္ဇ္ Suarez အလြန္လီဗာပူးလ္ရဲ႕ သြင္းဂိုးသူရဲေကာင္းမ်ားလား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ်ရာသီစာတောက်ပတာလား၊ သွင်းဂိုးသူရဲကောင်းအသစ်လား ဆာလာ

(၁၄)နှစ်သားအရွယ်မှာ ဆာလာ Salah က သူနေထိုင်ရာ ရွာလေးကနေ လေ့ကျင့်ရေးကွင်းဆီသွားဖို့ နေ့စဉ် အသွားအပြန်ကိုးနာရီကြာခရီးကို ဖြတ်သန်းရပါတယ်။ ရွာကနေ နံနက်စောစောကားစီးပြီး ထွက်ခွာရတယ်။ လမ်းမှာအဆင် ပြေရင် ကားတစ်ဆင့်၊ နှစ်ဆင့်လောက်နဲ့ အဆင်ပြေပေမယ့် အဆင်မပြေတဲ့နေ့များဆို ကားငါးဆင့်လောက် စီးရတတ်တယ်။ ဒီလိုစိတ်ပျက်စရာအခြေအနေတွေဟာ (၁၄)နှစ်သားဆာလာရဲ့ ရင်ထဲနာကျင်စရာလောကဓံဆူးတွေပါပဲ။ ဆာလာဟာ ဒီဆူးတွေကိုနုတ်ပြီး သူ့ကိုယ်သူတန်ဖိုးကြီးအမှတ်တံဆိပ်ဖြစ်အောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ကိုမရောက်မီဆာလာ ရဲ့ဥရောပမြေစွန့်စားခန်းတွေဟာ မအောင်မြင်ပါဘူး။ ချယ်လ်ဆီးမှာ၊ ဖီအိုရင်တီးနားမှာ ဆာလာရဲ့ပုံရိပ်တွေဟာ သာမန်ထက်မပိုခဲ့ဘူး။ သူ့အတွက် Turning Point အစဟာရိုးမားပါပဲ။ ရောမမြေမှာ ဆာလာဟာ သူ့ရဲ့တိုက်စစ်ဓားသွားတွေကို ထက်မြက်အောင်သွန်းလုပ်ခဲ့ပါတယ်။ နှစ်ရာသီပေါင်း (၂၉)ဂိုးသွင်းယူပြီးနောက် သံချေးတက်နေတဲ့ သူ့ရဲ့တိုက်စစ်ဓားသွားဟာထက်မြက်လာပါပြီ။ လီဗာပူးလ်ကို ရောက်ရှိချိန်မှာ မယုံနိုင်စရာကောင်းလောက်အောင် ဆာလာဟာ သွင်းဂိုးများနဲ့လူဖြစ်လာခဲ့တယ်။

ပရီးမီးယားလိဂ်ကို ဆာလာပြန်ရောက်လာချိန်မှာ သူ့အပေါ်သံသယထုထည်ဟာ ကြီးမားခဲ့တယ်။ ရိုးမားမှာ သူ့ရဲ့သွင်းဂိုးရနံ့တွေ မွှေးပျံ့လာပေမယ့် ပရီးမီးယားလိဂ်မှာသူဘယ်လောက်လုပ်နိုင်မှာလဲဆိုပြီး သံသယတွေဟာဆာလာအနား ဝေ့သီနေပါတယ်။ ဒါပေမဲ့ဆာလာဟာ လက်ရှိရာသီပရီးမီးယားလိဂ်မှာ သူ့တန်ဖိုးကို ထူးချွန်စွာကြေညာနေခဲ့ပါပြီ။ သူရဲ့လက်ရှိရာသီပရီးမီးယားလိဂ်မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင်

သွင်းဂိုး – ၂၂ ဂိုး၊ ဟာရီကိန်း (၂၃)ဂိုးထက် တစ်ဂိုးလျော့ကာ ဒုတိယနေရာမှာရှိနေ

ဂိုးကန်သွင်းမှုစုစုပေါင်း – ၁၀၃ ကြိမ်၊ ဟာရီကိန်း (၁၅၀)ကြိမ်ပြီးနောက် ဒုတိယအများဆုံး

ဂိုးပေါက်တည့်မှု – ၄၉ ကြိမ်၊ ဟာရီကိန်း (၆၂)ကြိမ်ပြီးနောက် ဒုတိယအများဆုံး

နှစ်ဂိုးနဲ့အထက်သွင်းယူနိုင်မှု – ငါးကြိမ်၊ ဟာရီကိန်း (၆)ကြိမ်ပြီးနောက် ဒုတိယအများဆုံး

ဂိုးသွင်းရန်ပျမ်းမျှကြာချိန် – ၉၂ .၅၅ မိနစ်

ဂိုးဖန်တီးမှု – ခုနှစ်ကြိမ်

အခွင့်အရေးဖန်တီးပေးနိုင်မှု – ၄၄ ကြိမ်

ဘောလုံးလိမ်ခေါက်ကျော်ဖြတ်မှု – ၆၄ ကြိမ်

ပြိုင်ဘက်ခံစစ်ဇုန်ထဲဘောလုံးထိတွေ့မှု – ၁၉၂ ကြိမ်၊ စတာလင် ၁၉၉ ကြိမ်ပြီးနောက် ဒုတိယအများဆုံးဆိုပြီးတွေ့ရပါမယ်။ ဆာလာကို လီဗာပူးလ်မှာ အသွင်သစ်ပုံစံမျိုးနဲ့ မြင်ရတာဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ အထူးခြားဆုံး၊ အထင်ရှားဆုံးဖြစ်ရပ်တွေထဲပါဝင်နေပါတယ်။ တချို့ကလည်း ဆာလာရဲ့ခြေစွမ်းဟာ တစ်ရာသီစာတောက်ပတာပါဆိုပြီး ဝေဖန်နေပါတယ်။ ဆာလာဟာ တစ်ရာသီစာတောက်ပတာလား၊ ဒါမှမဟုတ် ဆွာရက်ဇ် Suarez အလွန်လီဗာပူးလ်ရဲ့ သွင်းဂိုးသူရဲကောင်းများလား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။