နေကလည်းပူလာပြီ။ ကားတွေကလည်း လမ်းမှာအမြဲပိတ်နေပြီး တဖြည်းဖြည်းနေရတာ ကျပ်တည်းလာတယ်လို့ ခံစားနေရတဲ့စိတ်က ပိုဆိုးလာတယ်။ တနလာင်္နေ့ရောက်တိုင်း မနက်ထရမှာ မုန်းလာကြတယ်။ အိပ်ရာထ ပြင်ဆင်ပြီး တက်တက်ကြွကြွနဲ့ ရုံးသွားဖို့ဆိုတာ ဝေးစွ။ ဒီလိုမျိုး ငြူငြူစူစူနဲ့ နေ့ရက်တိုင်းကို မကျော်ဖြတ်စေချင်ပါဘူး။ ကိုယ့်ရဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ တက်ကြွတဲ့ စိတ်မရှိရင် အချိန်ဆိုတာ ငရဲတစ်ခုလိုဖြစ်နေမှာ။ ကိုယ့်အချိန်ကို ကိုယ်ဖြုန်းရာကျပါတယ်။ ဒါတွေကို ဘယ်လိုရပ်တန့်ရမလဲ၊ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

သီချင်းတွေကို Collection လုပ်ပါ။

သီချင်းတွေက စိတ်ခံစားချက်တွေအားလုံးကို ချက်ချင်းလိုလိုပြောင်းလဲပစ်ပေးနိုင်တဲ့ ဆရာသမားပါ။ ပျော်ချင်တဲ့စိတ်ဖြစ်အောင်လုပ်ပေးနိုင်တာလည်းသူပဲ။ ငိုအောင်လုပ်နိုင်တာလည်း သူပဲ။ ဒါပေမယ့် ဒီလိုမျိုးခံစားချက်ကို ပြောင်းနိုင်တယ်ဆိုတာက ကိုယ့်စိတ်ကို ချက်ချင်းနှစ်မြောစေတဲ့ သီချင်းအမျိုးအစားတွေ ဖြစ်လို့ပါ။ ဒီအတွက် ကိုယ်အကြိုက်ဆုံးသီချင်း၊ ဘယ်လိုသီချင်းအမျိုးအစားမဆို Collection လုပ်ပါ။ လုပ်ထားတဲ့ Collection ကို ဖွင့်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စဝိစ္စကိုလုပ်ပါ။ ရုံးသွားတဲ့ လမ်းမှာလည်း Collection ကိုနားထောင်ပါ။ ယာဉ်မတော်တဆမှုတွေမဖြစ်ရအောင် လမ်းမှာအသံတိုးထားဖို့တော့ လိုတယ်နော်။

အသီးနဲ့ Nutritious Drink ကို မနက်စာအဖြစ်စားပါ။

မနက်စာအလွတ်မခံပါနဲ့။ ဘယ်အရာမှဆက်မလုပ်ချင်ဘူးဆိုတာက မနက်စာကို လွတ်မိတာကြောင့်လည်းပါပါတယ်။ မနက်စာကို ဘယ်လောက်ပဲနောက်ကျနေနေ စားဖြစ်အောင်စားပါ။ အသီးနဲ့ Overtine (သို့) Milo တို့လို Nutritious Drink တစ်ခုခု ပါအောင်စားပါ။ အသီးစားခြင်းက Vitamin တွေပါတဲ့အတွက် ကိုယ့်ရဲ့ စိတ်ကို ကြည်စေတယ်။ လန်းဆန်းစေတယ်။ ကိုယ်ကြိုက်တဲ့ဘယ်အသီးအနှံမဆိုစားလို့ရပါတယ် ၊  ငှက်ပျောသီး၊ သရက်သီးနဲ့ ထောပတ်သီးတွေက စားဖို့ပိုသင့်တော်ပါတယ်။

ရေမွှေး ဆွတ်ဖို့မမေ့ပါနဲ့။

ရေမွှေးကို လူတွေအားလုံးလိုလိုက ရက်ထူးရက်မြတ် (သို့)  ပွဲသွားပွဲလာရှိတဲ့အခါ (သို့) အရေးကြီးတဲ့ Meeting ရှိမှသာ ဆွတ်လေ့ရှိကြပါတယ်။ အဲဒီလိုမျိုးလုပ်လို့မရဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းသွားလာနေတဲ့အခါလည်း ရေမွှေးဆွတ်သင့်ပါတယ်။ ရေမွှေးရနံ့ကို Occasion Perfume နဲ့ Daily Wear Perfume ဆိုပြီး ခွဲခြားပြီးသာဆွတ်ပေးပါ။ မတော်လို့ မှားပြီး အနံ့ပြင်းတဲ့ရေမွှေးကို ဆွတ်မိခဲ့ရင် ပတ်ဝန်းကျင်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်အတွက်ဆိုရင် အသီးအနံ့ (သို့) ပန်းရနံ့တို့ သင်းတဲ့ ရေမွှေးလေးတွေကို ရွေးချယ်ပြီး ဆွတ်ပါနော်။

ချွေးစုပ်နိုင်မယ့် အင်္ကျီကိုသာ ဝတ်ဆင်ပါ။

ကိုယ်သွားလာနေရတဲ့နေရာမျိုးက ဘယ်လိုနေရာမျိုးပဲဖြစ်နေပါစေ ချွေးစုပ်နိုင်တဲ့အသားနဲ့ ချုပ်ထားတဲ့ အကျီင်္၊ ဘောင်းဘီကိုသာ ဝတ်ဆင်ပါ။ ရာသီဥတုက တဖြည်းဖြည်းပူလို့လာပြီ။ ကျောင်းတက်နေတဲ့သူပဲဖြစ်စေ၊ အလုပ်လုပ်နေတဲ့သူပဲဖြစ်စေ ချွေးမစုပ်တဲ့ အကျီင်္မျိုးင်္မျိုးဝတ်လိုက်မိရင် ကိုယ်ကိုယ်တိုင်လည်း စိတ်နှူံးတတ်သလို ဘယ်အရာကိုမှ စိတ်မပါတော့တာမျိုးဖြစ်တတ်ပါတယ်။ အရောင်ကိုလည်း သတိထားပြီး ရွေးချယ်ပေးပါ။ ဒီလိုရာသီမျိုးမှာ အဖြူ။ ပန်းရောင်၊ အဝါရောင်နဲ့ အပြာရောင်တို့လို လွင်တဲ့အရောင်လေးတွေကို ပိုပြီးဝတ်ဆင်ပေးပါနော်။

ရေများများသောက်ပါ။

ရေသောက်များရင် အလုပ်ရှုပ်တယ်၊ အချိန်ကုန်တယ်၊ အိမ်သာခဏခဏသွားအောင်လုပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခန္ဓာထဲမှာရှိနေတဲ့အပူအပုတ်တွေကို ရေကပဲ သန့်စင်ပေးနိုင်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာပင်ပန်းလေးလံနေတာကလည်း မမြင်ရတဲ့ ခန္ဓာထဲမှာရှိနေတဲ့အပူအပုတ်တွေကြောင့်ပဲဖြစ်ပါတယ်။ ရေသောက်တာက ကိုယ့်စိတ်ကိုလည်း ကြည်စေတယ်။ ခံတွင်းခြောက်တာမျိုးလည်း မဖြစ်စေဘူး။ ခံတွင်းနံတာကိုလည်း သက်သာစေတယ်။ ကောင်းကျိုးတွေအများကြီးရှိနေတဲ့ ရေကို တစ်နေ့ ၂လီတာသောက်ဖြစ်အောင်သောက်ပေးပါ။ ရိုးရိုးရေဖြစ်ဖို့လည်း လိုအပ်ပါတယ်နော်။

အခန်းကို နေဝင်အောင်လည်းထားပါ။ လေဝင်အောင်လည်းလုပ်ပါနော်။

နေပူရင် လူနုန်းတယ်ဆိုပြီး နေမထိလေမထိပဲ နေ၊ လေရှောင်တဲ့ Sensitive သမားတွေ၊ တစ်ဖတ်စွန်းရောက်တဲ့အတွေးတွေတွေးပြီး အပိုအလုပ်တွေလုပ်တဲ့သူတွေရှိပါတယ်။ အဲဒီလိုလုပ်စရာမလိုပါဘူး။ အားလုံးသိတဲ့အတိုင်းနေရောင်က ပိုးမွှားတွေကိုသေစေပါတယ်။ အဲဒီတော့ နေမရှိပဲ နေလို့မရပါဘူး။ နေကပိုပိုပြင်းလာတော့ နေရောင်နဲ့တိုက်ရိုက်ထိတွေ့လို့မဖြစ်ပြန်ဘူး။ ဒီတော့ ကိုယ်နေတဲ့ပတ်ဝန်းကျင်က နေလည်းအရမ်းမပူ၊ လေလည်းဝင်တဲ့နေရာမျိုးဖြစ်အောင်လုပ်ပါ။ တံခါးပေါက်ဖွင့်ပြီး လိုက်ကာ ကာတာပဲ ဖြစ်ဖြစ်လုပ်ပါ။ အလင်းရောင်ရှိတာက ကိုယ်အတွက် အတွေးအခေါ်ကောင်းတွေပေးစွမ်းနိုင်ပါတယ်နော်။

ဟာသကားတို့ ဟာသ ဗီဒီယိုဖိုင်လေးတွေကို ကိုယ့်အနားမှာထားပါ။

အလုပ်ခဏအားတဲ့အချိန်ပဲဖြစ်ဖြစ်၊ ကိုယ့် စိတ်အပန်းဖြေ Facebook သုံးတဲ့အခါမှာပဲဖြစ်ဖြစ် ဟာသ ဗီဒီယို ဖိုင်လေးတွေကြည့်ပါ။ ခဏပဲဆိုပေမယ့်လည်း ကိုယ့်စိတ်ကို ပေါ့ပါးအောင်လုပ်ပေးနိုင်ပါတယ်။ အချိန်အကြာကြီးလည်းပေးစရာမလိုပဲ စိတ်ညစ်တာပျောက်တယ်လေ။

ဒီလောက်ဆိုရင် နေ့တိုင်းဘယ်လိုမျိုးပေါ့ပေါ့ပါးပါးနဲ့ကျော်ဖြတ်ရမလဲဆိုတာ နည်းလမ်းကောင်းတွေ လုံလုံလောက်လောက်ရကြမယ်လို့ထင်ပါတယ်။ ဘယ်တော့မှ စိတ်အညစ်မခံပါနဲ့။ စိတ်အညစ်ခံလိုက်ရင် ကိုယ်ကိုယ်တိုင်မသိလိုက်ပဲ ကိုယ်အချိန်ကို ကိုယ်ဖြုန်းလိုက်တာပဲဖြစ်ပါတယ်။ အချိန်ဆိုတာ ပြန်ရနိုင်တဲ့အရာမဟုတ်ပါဘူး။ အချိန်ကုန်ခံပြီး စိတ်ညစ်မခံပဲ ဒီနည်းတွေနဲ့ ပျော်အောင် နေပစ်လိုက်ပါနော်။

Redrose (Akhayar)

www.akhayar.com