[Zawgyi]

သၾကၤန္အတြင္း စတိုင္က်က် ဒီလို ကဲၾကမယ္

သၾကၤန္မွာ ဘယ္ေတြသြားသင့္တယ္၊ ဘယ္ေနရာေတြစည္ကားလို႔ေနတယ္ဆိုတာကို ေျပာျပေပးျပီးသြားျပီဆုိေတာ့ သၾကၤန္မွာ ဘယ္လိုမ်ိဳး စတိုင္က်က်နဲ႔ ကဲသင့္တယ္ဆိုတာကို Fashion က်က် တြဲဖက္ေပးမွာပဲျဖစ္ပါတယ္။ သၾကၤန္မွာ အားလံုးက ေရေတြရႊဲရႊဲစိုစိုနဲ႔ ကခုန္ေပ်ာ္ပါးေနၾကမွာျဖစ္ပါတယ္။ အဲဒီအတြက္ ကိုယ္ရဲ႕ စတိုင္လည္း မပဲ့ေအာင္ ပံုဆိုးပန္းဆိုးနဲ႔လည္း ကဲေနရတာမ်ိုဳးမျဖစ္ရေလေအာင္ ဒီလိုမ်ိဳး ၀တ္ဆင္ၾကပါေနာ္။

Jean Coat

Jean-Coat

Jean Coat

Jean Coat က ေရစိုရင္ေလးတယ္ဆိုေပမယ့္ ခႏၶာကိုယ္မွာ ကပ္သြားတာမ်ိဳးမျဖစ္ေစဘူး။ အထဲထဲမွာ Crop Top ၀တ္ျပီး ကဲေနခဲ့တယ္ဆိုရင္ေတာင္မွ Jean ကို အေပၚထပ္ Coat အေနနဲ႔ ၀တ္ထားတာျဖစ္တဲ့အတြက္ သူမ်ားေတြ ကိုယ့္အသားကိုလာထိတာမ်ိဳးကို စိတ္ပူစရာမလိုေတာ့ဘူးေလ။ စတိုင္ရွိရွိနဲ႔ လံုလံုျခံဳျခံဳကဲလို႔ ရနိုင္ျပီေလ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Clear Glasses

Clear-Glasses

Clear-Glasses

ေရပက္တဲ့အခါ ကိုယ့္မ်က္စိထဲလည္း ေရမ၀င္ဖို႔အေရးၾကီးေနတယ္။ ေနကာမ်က္မွန္လို မ်က္မွန္အမည္းၾကီး တပ္ျပီး ကဲရင္လည္း စတိုင္ထုတ္လုိ႔မရနိုင္ေတာ့ဘူး။ ဒီလိုေတြမျဖစ္ရေအာင္ စတိုင္ထုတ္လို႔ရေစမယ့္ Clear Glasses ကို ၀တ္ဆင္ပါေနာ္။ ကိုယ္မ်က္လံုးကိုလည္း လံုလံုေလာက္ေလာက္ကာကြယ္ေပးႏိုင္ျပီး ကိုယ့္သူငယ္ခ်င္းေတြကို ေတြ႔တဲ့အခါလည္း လွမ္းႏႈတ္ဆက္နိုင္ေတာ့ ပိုျပီး အဆင္ေျပေစပါတယ္။ အေရာင္ေတြကလည္း ကာလာအစံုလာတဲ့အတြက္ စတိုင္ပိုထုတ္လုိ႔ရတာေပါ့။

Metallic Tattoo

Metallic Tattoo

Metallic Tattoo

Metallic Tattoo ကုိ သာမန္ EDM Show ပြဲေတြမွာမွ ခႏၶာကိုယ္မွာ အလွဆင္ၾကတယ္။ EDM Show မွာတင္မဟုတ္ပဲ သၾကၤန္အတြင္း လည္ပတ္တဲ့အခါမွာလည္း Metallic Tattoo ကို အသံုးျပဳလုိ႔ရပါတယ္။ Metallic Tattoo က ေရစိုခံပါတယ္။ ကပ္ျပီးတာနဲ႔ ႏွစ္ရက္ေလာက္ မနည္းခြာရခက္ေလာက္ေအာင္ တာရွည္ခံတာျဖစ္ပါတယ္။ ကပ္တဲ့အခါ ပခံုးေနာက္ဘက္၊ မ်က္ႏွာရဲ႕ ပါးေၾကာရိုး၊ မ်က္ခံုးေမႊး အေပၚနားမွာ (သို႔မဟုတ္) နဖူးအလည္တည့္တည့္မွာ ကပ္ျပီး ရိႈးထုတ္လို႔ရပါတယ္။

Hair Braid

Hair-Braid

Hair Braid

Hair Braid ဆိုတာ သၾကၤန္မွာ ေပ်ာ္ၾကမယ့္သူေတြအတြက္ မျဖစ္မေနလိုအပ္တဲ့ Fashion တစ္ခုပါ။ ဆံပင္က်စ္ျပီး သၾကၤန္မွာ ကဲျခင္းက ကိုယ့္ရဲ႕ ဆံပင္ေတြကို မျငိေစသလို၊ ရႈပ္ေထြးေနတာမ်ိဳးလည္း မျဖစ္ေစပါဘူး။ ဒီအျပင္ “အမိုက္စားေလးပါလား” ဆိုျပီးေတာ့ေတာင္ သေဘာက်ခံရနိုင္ပါေသးတယ္။ Hair Braid မွာ သာမန္ ဆံပင္က်စ္နည္းနဲ႔ ၾကိဳးနဲ႔ က်စ္တဲ့ဆံပင္က်စ္နည္းဆိုတာ ရွိပါတယ္။ ၾကိဳးဆံပင္က်စ္ေလးကေတာ့ အခုပိုျပီးေခတ္စားလို႔ေနပါတယ္။ သူတို႔က ေခါင္းေလွ်ာ္စရာလည္းမလုိဘူး။ ကိုယ္ၾကိဳက္တဲ့အခ်ိန္မွ ျပန္ျဖဳတ္လို႔လည္း ရပါတယ္။ တစ္ခါသတိထားေပးဖို႔က အရွည္ၾကီး က်စ္မိရင္ေတာ့ ေခါင္းေလးနိုင္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Clear Boot / Flip-flop

Clear-Boot

Clear Boot

ဖိနပ္ဆိုတာလည္း သၾကၤန္မွာ အေရးၾကီးလို႔ေနေသးတယ္ေနာ္။ လူေတြအကုန္လံုးက ကခုန္ေပ်ာ္ျမဴးေနၾကမွာဆိုေတာ့ ကိုယ္ေျခေထာက္ကို တက္နင္းေကာင္းလည္း တက္နင္းနိုင္ပါတယ္။ ကိုယ္ကိုယ္တိုင္က Boot မ၀တ္ထားခဲ့ဘူးဆိုရင္ေတာ့ ကိုယ့္ေျခေထာက္တစ္ခုခုျဖစ္သြားနုိင္ပါတယ္။ ဒီအတြက္ ေရစိုခံတဲ့ Clear Boot ကို စီးပါ။ Clear Boot ကို မစီးတတ္ခဲ့ဘူးဆုိရင္ေတာ့ မတတ္နိုင္တဲ့အဆံုး Flip-flop စီးရံုပါပဲ။ လူပါးတဲ့ေနရာေတာ႔ေရြးဖို႔လိုပါလိမ့္မယ္။

သၾကၤန္မွာ စတိုင္မိမိနဲ႔ ကဲနိုင္ဖို႔ Fashion Tips ေလးေတြေျပာျပျပီးသြားျပီျဖစ္တဲ့အတြက္ အားလံုးပဲ သာယာတဲ့ သၾကၤန္အခ်ိန္အခါၾကီးကို အမွတ္တရေတြအမ်ားၾကီးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းနိုင္ပါေစ။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်အတွင်း စတိုင်ကျကျ ဒီလို ကဲကြမယ်

သင်္ကြန်မှာ ဘယ်တွေသွားသင့်တယ်၊ ဘယ်နေရာတွေစည်ကားလို့နေတယ်ဆိုတာကို ပြောပြပေးပြီးသွားပြီဆိုတော့ သင်္ကြန်မှာ ဘယ်လိုမျိုး စတိုင်ကျကျနဲ့ ကဲသင့်တယ်ဆိုတာကို Fashion ကျကျ တွဲဖက်ပေးမှာပဲဖြစ်ပါတယ်။ သင်္ကြန်မှာ အားလုံးက ရေတွေရွှဲရွှဲစိုစိုနဲ့ ကခုန်ပျော်ပါးနေကြမှာဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ်ရဲ့ စတိုင်လည်း မပဲ့အောင် ပုံဆိုးပန်းဆိုးနဲ့လည်း ကဲနေရတာမျိုုးမဖြစ်ရလေအောင် ဒီလိုမျိုး ဝတ်ဆင်ကြပါနော်။

Jean Coat

Jean-Coat

Jean Coat

Jean Coat က ရေစိုရင်လေးတယ်ဆိုပေမယ့် ခန္ဓာကိုယ်မှာ ကပ်သွားတာမျိုးမဖြစ်စေဘူး။ အထဲထဲမှာ Crop Top ဝတ်ပြီး ကဲနေခဲ့တယ်ဆိုရင်တောင်မှ Jean ကို အပေါ်ထပ် Coat အနေနဲ့ ဝတ်ထားတာဖြစ်တဲ့အတွက် သူများတွေ ကိုယ့်အသားကိုလာထိတာမျိုးကို စိတ်ပူစရာမလိုတော့ဘူးလေ။ စတိုင်ရှိရှိနဲ့ လုံလုံခြုံခြုံကဲလို့ ရနိုင်ပြီလေ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Clear Glasses

Clear-Glasses

Clear-Glasses

ရေပက်တဲ့အခါ ကိုယ့်မျက်စိထဲလည်း ရေမဝင်ဖို့အရေးကြီးနေတယ်။ နေကာမျက်မှန်လို မျက်မှန်အမည်းကြီး တပ်ပြီး ကဲရင်လည်း စတိုင်ထုတ်လို့မရနိုင်တော့ဘူး။ ဒီလိုတွေမဖြစ်ရအောင် စတိုင်ထုတ်လို့ရစေမယ့် Clear Glasses ကို ဝတ်ဆင်ပါနော်။ ကိုယ်မျက်လုံးကိုလည်း လုံလုံလောက်လောက်ကာကွယ်ပေးနိုင်ပြီး ကိုယ့်သူငယ်ချင်းတွေကို တွေ့တဲ့အခါလည်း လှမ်းနှုတ်ဆက်နိုင်တော့ ပိုပြီး အဆင်ပြေစေပါတယ်။ အရောင်တွေကလည်း ကာလာအစုံလာတဲ့အတွက် စတိုင်ပိုထုတ်လို့ရတာပေါ့။

Metallic Tattoo

Metallic Tattoo

Metallic Tattoo

Metallic Tattoo ကို သာမန် EDM Show ပွဲတွေမှာမှ ခန္ဓာကိုယ်မှာ အလှဆင်ကြတယ်။ EDM Show မှာတင်မဟုတ်ပဲ သင်္ကြန်အတွင်း လည်ပတ်တဲ့အခါမှာလည်း Metallic Tattoo ကို အသုံးပြုလို့ရပါတယ်။ Metallic Tattoo က ရေစိုခံပါတယ်။ ကပ်ပြီးတာနဲ့ နှစ်ရက်လောက် မနည်းခွာရခက်လောက်အောင် တာရှည်ခံတာဖြစ်ပါတယ်။ ကပ်တဲ့အခါ ပခုံးနောက်ဘက်၊ မျက်နှာရဲ့ ပါးကြောရိုး၊ မျက်ခုံးမွှေး အပေါ်နားမှာ (သို့မဟုတ်) နဖူးအလည်တည့်တည့်မှာ ကပ်ပြီး ရှိုးထုတ်လို့ရပါတယ်။

Hair Braid

Hair-Braid

Hair Braid

Hair Braid ဆိုတာ သင်္ကြန်မှာ ပျော်ကြမယ့်သူတွေအတွက် မဖြစ်မနေလိုအပ်တဲ့ Fashion တစ်ခုပါ။ ဆံပင်ကျစ်ပြီး သင်္ကြန်မှာ ကဲခြင်းက ကိုယ့်ရဲ့ ဆံပင်တွေကို မငြိစေသလို၊ ရှုပ်ထွေးနေတာမျိုးလည်း မဖြစ်စေပါဘူး။ ဒီအပြင် “အမိုက်စားလေးပါလား” ဆိုပြီးတော့တောင် သဘောကျခံရနိုင်ပါသေးတယ်။ Hair Braid မှာ သာမန် ဆံပင်ကျစ်နည်းနဲ့ ကြိုးနဲ့ ကျစ်တဲ့ဆံပင်ကျစ်နည်းဆိုတာ ရှိပါတယ်။ ကြိုးဆံပင်ကျစ်လေးကတော့ အခုပိုပြီးခေတ်စားလို့နေပါတယ်။ သူတို့က ခေါင်းလျှော်စရာလည်းမလိုဘူး။ ကိုယ်ကြိုက်တဲ့အချိန်မှ ပြန်ဖြုတ်လို့လည်း ရပါတယ်။ တစ်ခါသတိထားပေးဖို့က အရှည်ကြီး ကျစ်မိရင်တော့ ခေါင်းလေးနိုင်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Clear Boot / Flip-flop

Clear-Boot

Clear Boot

ဖိနပ်ဆိုတာလည်း သင်္ကြန်မှာ အရေးကြီးလို့နေသေးတယ်နော်။ လူတွေအကုန်လုံးက ကခုန်ပျော်မြူးနေကြမှာဆိုတော့ ကိုယ်ခြေထောက်ကို တက်နင်းကောင်းလည်း တက်နင်းနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်က Boot မဝတ်ထားခဲ့ဘူးဆိုရင်တော့ ကိုယ့်ခြေထောက်တစ်ခုခုဖြစ်သွားနိုင်ပါတယ်။ ဒီအတွက် ရေစိုခံတဲ့ Clear Boot ကို စီးပါ။ Clear Boot ကို မစီးတတ်ခဲ့ဘူးဆိုရင်တော့ မတတ်နိုင်တဲ့အဆုံး Flip-flop စီးရုံပါပဲ။ လူပါးတဲ့နေရာတော့ရွေးဖို့လိုပါလိမ့်မယ်။

သင်္ကြန်မှာ စတိုင်မိမိနဲ့ ကဲနိုင်ဖို့ Fashion Tips လေးတွေပြောပြပြီးသွားပြီဖြစ်တဲ့အတွက် အားလုံးပဲ သာယာတဲ့ သင်္ကြန်အချိန်အခါကြီးကို အမှတ်တရတွေအများကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။