[Zawgyi]

စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ခ်င္ၿပီလား

အခုေနာက္ပိုင္း ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးေလာကနဲ႔ လုပ္ငန္းခြင္ထဲမွာ အၾကားအမ်ားဆံုးစကားလံုးတစ္လံုးကို ေျပာျပပါဆိုရင္ေတာ့ Entrepreneur လို႔ပဲ ေျပာရမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုဆို ဘယ္သူမွမလုပ္ေသးတဲ့ စြန္႔ဦးတီထြင္လုပ္ငန္းေတြကို ရွာေဖြလုပ္ကိုင္လာၾကတဲ့လူငယ္ေတြလည္း မ်ားလာတာနဲ႔အမွ် သူတို႔ကို ေျမေတာင္ေျမွာက္ေပးတဲ့အဖြဲ႕အစည္းေတြလည္း တျဖည္းျဖည္းမ်ားလာတာမို႔ ဟိုနားသြားလည္း Entrepreneur ဒီနားသြားလည္း Entrepreneur ပါပဲ။ ဒါေပမယ့္ Entrepreneur ဆိုသူေတြဟာ စြန္႔ဦးတီထြင္လုပ္ငန္းရွင္လို႔ ျမန္မာလို ေခၚသလိုပဲ သူမ်ားေတြမလုပ္ေသးတဲ့ ေနာက္ၿပီး ေအာင္ျမင္ႏုိင္ေခ်ရွိတဲ့လုပ္ငန္းေတြကို ေရြးခ်ယ္လုပ္ကိုင္ၾကတဲ့အတြက္ လြယ္ကူမႈလည္း ရွိမွာမဟုတ္သလို သူမ်ားနဲ႔မတူတဲ့ စိတ္ကူးေတြနဲ႔ အမူအက်င့္ေတြရွိမွသာ Entrepreneur ေကာင္းတစ္ဦးျဖစ္ႏိုင္မွာပါ။ ေအာင္ျမင္ေနတဲ့ Entrepreneur ေတြမွာ ဘယ္လိုအမူအက်င့္ေတြရွိလဲ သိၾကပါသလား။

သူတို႔ဟာ သူမ်ားေတြနဲ႔ မတူပါဘူး။ တျခားသူေတြမေတြးမိတာကို အၿမဲတမ္းေတြးမိ၊ ေတြးေနတတ္ပါတယ္။ ဒီလိုမွမဟုတ္ရင္လည္း ပံုမွန္စီးပြားေရးလုပ္ငန္းမွာ လုပ္ကိုင္ေနၿမဲလုပ္ငန္းေတြကိုပဲ ဘယ္လိုပံုစံနဲ႔ ဆန္းသစ္တီထြင္လို႔ရမလဲဆိုတာကို အၿမဲတမ္း ႀကံဆေနတတ္ၾကသူေတြပါ။ အေတြးေကာင္းသူေတြလို႔ပဲ ဆိုရမွာေပါ့။

Innovation

Innovation

ေနာက္ၿပီး သူတို႔က သတၱိရွိၾကပါတယ္။ ေအာင္ျမင္ႏုိင္ေခ်မ်ားတဲ့ သူတို႔ရဲ႕ ဖန္တီးတီထြင္မႈေတြေနာက္ကို တစိုက္မတ္မတ္လိုက္ဖို႔မ်ားဆိုရင္ေတာ့ ဘယ္လိုအရာေတြတားဆီးလာပါေစ။ မမႈပါဘူး။ လက္ရွိဆုပ္ကိုင္ထားသမွ် ပိုက္ဆံေတြ၊ ရာထူးေတြနဲ႔ လုပ္ငန္းခြင္ေတြအားလံုးကို စြန္႔လႊတ္ၿပီး အိပ္မက္ေနာက္ကိုလိုက္ဖို႔ သတၱိအျပည့္ရွိၾကပါတယ္။

Brave

Brave

အေရးပါတဲ့သူတို႔ရဲ႕ စြမ္းရည္တစ္ခုကေတာ့ Presentation ေကာင္းမြန္တာပါပဲ။ တျခားသူေတြနဲ႔ ယွဥ္လို႔မရတဲ့ ၿပီးျပည့္စံုတဲ့ Presentation ျပင္ဆင္မႈနဲ႔ Presentation ေကာင္းမြန္မႈေတြေၾကာင့္ပဲ ေအာင္ျမင္မႈကို ဆုပ္ယူႏုိင္တယ္လို႔ ေျပာရပါလိမ့္မယ္။ သူတို႔ဟာ ယံုၾကည္ရာကို တျခားသူေတြကို ျပသရွင္းျပေတာ့မယ္ဆိုရင္ေတာ့ ဒီဇိုင္း၊ စာလံုးပံုစံကအစ ေသသပ္လွပရွင္းလင္းတဲ့ Presentation မ်ားကို သတိျပဳေရးဆြဲတတ္ၿပီး စကားေျပာတဲ့အခါမွာလည္း ခ်က္က်လက္က်ေျပာျပတတ္ၾကပါတယ္။

Presentation

Presentation

ဘယ္သူမွသတိမထားမိတဲ့အခ်က္တစ္ခ်က္လည္း ရွိပါေသးတယ္။ အဲဒါကေတာ့ ပိုက္ဆံေခၽြတာစုေဆာင္းတတ္တာပါပဲ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြ အထေျမာက္ၿပီဆိုရင္ေတာင္မွ မေအာင္ျမင္ခင္အခ်ိန္တစ္ခုအထိ ထမ္းပိုးထားရမယ့္ ေငြေရးေၾကးေရးေတြကို ေျဖရွင္းဖို႔အတြက္ တျခားကုမၸဏီပိုင္ရွင္ေတြထက္ ပိုက္ဆံကို ေခၽြတာတတ္ၾကပါတယ္။

Budget Saving

Budget Saving

ေနာက္ဆံုးတစ္ခ်က္ကေတာ့ သူတုိ႔ဟာ တျခားလူေတြထက္ အလုပ္ပိုႀကိဳးစားၾကပါတယ္။ ႏွစ္ဆမကပါဘူး။ ေစ်းကြက္မွာ အရင္ကတည္းက တန္း၀င္ေနတဲ့အလုပ္ေတြကို လုပ္ကိုင္ၿပီး ေအာင္ျမင္ေအာင္ႀကိဳးစားရတာထက္ ဘယ္သူမွမသိေသးတဲ့၊ ဘယ္သူမွမလုပ္ေသးတဲ့လုပ္ငန္းတစ္ခုကို တန္း၀င္ၿပီးေအာင္ျမင္တဲ့အထိ လုပ္ကိုင္ႏုိင္ဖို႔ဆိုတာ တျခားသူေတြထက္ အဆေပါင္းမ်ားစြာႀကိဳးစားခ်င္စိတ္ရွိၾကပါတယ္။

Hard Working

Hard Working

Entrepreneur တစ္ေယာက္မွာ အလုပ္ခ်ိန္မရွိပါဘူး။ ေအာင္ျမင္တဲ့အခ်ိန္တစ္ခုအထိ အခ်ိန္တုိင္းစဥ္းစားလုပ္ကိုင္ေနရမယ္။ သင္လည္း ေအာင္ျမင္တဲ့ Entrepreneur တစ္ေယာက္အျဖစ္ စိတ္ကူးယဥ္ေတာ့မယ္ဆိုရင္ ဖန္တီးတီထြင္ရမယ္။ သတၱိရွိရမယ္။ Presentation ေကာင္းမြန္ရမယ္။ ေငြေၾကးေခၽြတာရမယ္။ အေရးအႀကီးဆံုးေနာက္တစ္ခ်က္ကေတာ့ မေလွ်ာ့ေသာဇြဲနဲ႔ မဆုတ္မနစ္ႀကိဳးစားရပါလိမ့္မယ္ေနာ္။

Moethaesay (Akhayar)

[Unicode]

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အဖြစ် အောင်မြင်ချင်ပြီလား

အခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကနဲ့ လုပ်ငန်းခွင်ထဲမှာ အကြားအများဆုံးစကားလုံးတစ်လုံးကို ပြောပြပါဆိုရင်တော့ Entrepreneur လို့ပဲ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုဆို ဘယ်သူမှမလုပ်သေးတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ရှာဖွေလုပ်ကိုင်လာကြတဲ့လူငယ်တွေလည်း များလာတာနဲ့အမျှ သူတို့ကို မြေတောင်မြှောက်ပေးတဲ့အဖွဲ့အစည်းတွေလည်း တဖြည်းဖြည်းများလာတာမို့ ဟိုနားသွားလည်း Entrepreneur ဒီနားသွားလည်း Entrepreneur ပါပဲ။ ဒါပေမယ့် Entrepreneur ဆိုသူတွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်လို့ မြန်မာလို ခေါ်သလိုပဲ သူများတွေမလုပ်သေးတဲ့ နောက်ပြီး အောင်မြင်နိုင်ချေရှိတဲ့လုပ်ငန်းတွေကို ရွေးချယ်လုပ်ကိုင်ကြတဲ့အတွက် လွယ်ကူမှုလည်း ရှိမှာမဟုတ်သလို သူများနဲ့မတူတဲ့ စိတ်ကူးတွေနဲ့ အမူအကျင့်တွေရှိမှသာ Entrepreneur ကောင်းတစ်ဦးဖြစ်နိုင်မှာပါ။ အောင်မြင်နေတဲ့ Entrepreneur တွေမှာ ဘယ်လိုအမူအကျင့်တွေရှိလဲ သိကြပါသလား။

သူတို့ဟာ သူများတွေနဲ့ မတူပါဘူး။ တခြားသူတွေမတွေးမိတာကို အမြဲတမ်းတွေးမိ၊ တွေးနေတတ်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ပုံမှန်စီးပွားရေးလုပ်ငန်းမှာ လုပ်ကိုင်နေမြဲလုပ်ငန်းတွေကိုပဲ ဘယ်လိုပုံစံနဲ့ ဆန်းသစ်တီထွင်လို့ရမလဲဆိုတာကို အမြဲတမ်း ကြံဆနေတတ်ကြသူတွေပါ။ အတွေးကောင်းသူတွေလို့ပဲ ဆိုရမှာပေါ့။

Innovation

Innovation

နောက်ပြီး သူတို့က သတ္တိရှိကြပါတယ်။ အောင်မြင်နိုင်ချေများတဲ့ သူတို့ရဲ့ ဖန်တီးတီထွင်မှုတွေနောက်ကို တစိုက်မတ်မတ်လိုက်ဖို့များဆိုရင်တော့ ဘယ်လိုအရာတွေတားဆီးလာပါစေ။ မမှုပါဘူး။ လက်ရှိဆုပ်ကိုင်ထားသမျှ ပိုက်ဆံတွေ၊ ရာထူးတွေနဲ့ လုပ်ငန်းခွင်တွေအားလုံးကို စွန့်လွှတ်ပြီး အိပ်မက်နောက်ကိုလိုက်ဖို့ သတ္တိအပြည့်ရှိကြပါတယ်။

Brave

Brave

အရေးပါတဲ့သူတို့ရဲ့ စွမ်းရည်တစ်ခုကတော့ Presentation ကောင်းမွန်တာပါပဲ။ တခြားသူတွေနဲ့ ယှဉ်လို့မရတဲ့ ပြီးပြည့်စုံတဲ့ Presentation ပြင်ဆင်မှုနဲ့ Presentation ကောင်းမွန်မှုတွေကြောင့်ပဲ အောင်မြင်မှုကို ဆုပ်ယူနိုင်တယ်လို့ ပြောရပါလိမ့်မယ်။ သူတို့ဟာ ယုံကြည်ရာကို တခြားသူတွေကို ပြသရှင်းပြတော့မယ်ဆိုရင်တော့ ဒီဇိုင်း၊ စာလုံးပုံစံကအစ သေသပ်လှပရှင်းလင်းတဲ့ Presentation များကို သတိပြုရေးဆွဲတတ်ပြီး စကားပြောတဲ့အခါမှာလည်း ချက်ကျလက်ကျပြောပြတတ်ကြပါတယ်။

Presentation

Presentation

ဘယ်သူမှသတိမထားမိတဲ့အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ ပိုက်ဆံချွေတာစုဆောင်းတတ်တာပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ ရည်မှန်းချက်တွေ အထမြောက်ပြီဆိုရင်တောင်မှ မအောင်မြင်ခင်အချိန်တစ်ခုအထိ ထမ်းပိုးထားရမယ့် ငွေရေးကြေးရေးတွေကို ဖြေရှင်းဖို့အတွက် တခြားကုမ္ပဏီပိုင်ရှင်တွေထက် ပိုက်ဆံကို ချွေတာတတ်ကြပါတယ်။

Budget Saving

Budget Saving

နောက်ဆုံးတစ်ချက်ကတော့ သူတို့ဟာ တခြားလူတွေထက် အလုပ်ပိုကြိုးစားကြပါတယ်။ နှစ်ဆမကပါဘူး။ ဈေးကွက်မှာ အရင်ကတည်းက တန်းဝင်နေတဲ့အလုပ်တွေကို လုပ်ကိုင်ပြီး အောင်မြင်အောင်ကြိုးစားရတာထက် ဘယ်သူမှမသိသေးတဲ့၊ ဘယ်သူမှမလုပ်သေးတဲ့လုပ်ငန်းတစ်ခုကို တန်းဝင်ပြီးအောင်မြင်တဲ့အထိ လုပ်ကိုင်နိုင်ဖို့ဆိုတာ တခြားသူတွေထက် အဆပေါင်းများစွာကြိုးစားချင်စိတ်ရှိကြပါတယ်။

Hard Working

Hard Working

Entrepreneur တစ်ယောက်မှာ အလုပ်ချိန်မရှိပါဘူး။ အောင်မြင်တဲ့အချိန်တစ်ခုအထိ အချိန်တိုင်းစဉ်းစားလုပ်ကိုင်နေရမယ်။ သင်လည်း အောင်မြင်တဲ့ Entrepreneur တစ်ယောက်အဖြစ် စိတ်ကူးယဉ်တော့မယ်ဆိုရင် ဖန်တီးတီထွင်ရမယ်။ သတ္တိရှိရမယ်။ Presentation ကောင်းမွန်ရမယ်။ ငွေကြေးချွေတာရမယ်။ အရေးအကြီးဆုံးနောက်တစ်ချက်ကတော့ မလျှော့သောဇွဲနဲ့ မဆုတ်မနစ်ကြိုးစားရပါလိမ့်မယ်နော်။

Moethaesay (Akhayar)