[Zawgyi]

အထာက်တဲ့ Shopper တစ္ေယာက္ျဖစ္ဖို႔ ဘာေတြ လုပ္ရမလဲ

ကိုယ္က ဖက္ရွင္အရာ အမိုက္စားျဖစ္ေနဖို႔ဆိုရင္ စမတ္က်က် ေစ်းဝယ္တတ္တဲ့ Shopper တစ္ေယာက္ျဖစ္ဖို႔က နံပါတ္တစ္ အေရးႀကီးပါတယ္။ ကိုယ္ဘာကိုလိုခ်င္တာလဲ၊ လတ္တေလာက ဘာေတြေခတ္စားေနလဲ၊ ကိုယ္လိုခ်င္တာေတြ ဘယ္မွာ ရႏိုင္မလဲဆိုတာ သိမွ၊ ေသခ်ာစိစစ္ၿပီး ေရြးခ်ယ္ ဝယ္ယူတတ္မွသာ သင္က တကယ့္ စမတ္ Shopper တစ္ေယာက္ျဖစ္မွာပါ။ စမတ္ Shopper တစ္ေယာက္ျဖစ္သြားၿပီဆိုရင္ေတာ့ Fashion က်တဲ့ သူတစ္ေယာက္ျဖစ္ဖို႔က လြယ္သြားပါၿပီ။  စမတ္က်တဲ့ Shopper တစ္ေယာက္ျဖစ္ဖို႔…

၁-ကိုယ့္ရဲ႕ စတုိင္လ္ကို သိပါ။

ကိုယ္က ဘယ္လုိပံုစံမ်ိဳးကို ႀကိဳက္တာလဲ..ေပါ့ေပါ့ပါးပါး လူငယ္ဆန္ဆန္၀တ္မွာလား။ မိန္းမဆန္ဆန္ ႀကိဳက္တာလား။ ကိုယ္၀တ္ခ်င္တဲ့ပံုစံကို အၿမဲသိေနဖို႔လုိပါတယ္။ လူေတြက ျမင္လုိက္တာနဲ႔ ကိုယ့္ရဲ႕ စတိုင္လ္ဆိုတာ မွတ္မိေလ ပိုေကာင္းေလေလပါပဲ။ ကိုယ့္ရဲ႕ Fashion Taste ကို မွတ္သားထားၿပီး Trend ေနာက္လုိက္မယ့္အစား ကိုယ္ႀကိဳက္တာေတြပဲ အသားေပး၀တ္ဆင္ပါ။ ကိုယ့္စတိုင္လ္နဲ႔ကိုယ္ အျမဲကြဲထြက္ေနပါေစ။

၂-ကိုယ့္ Budget နဲ႔ကိုယ္ ခ်ိန္ပါ။

တကယ္ဖက္ရွင္က်ဖို့ဆိုတာ Branded ေတြခ်ည္းပဲ သီးသန့္ထည္လဲ၀တ္ေနၾကတာမဟုတ္ပါဘူး။ Fancy ျဖစ္တာေတြ၊ ေစ်းသက္သာတဲ့ အ၀တ္အစားေတြနဲ႔လည္း လွေအာင္၊ မိုက္ေအာင္ ၀တ္လို့ရပာတယ္။ ဒါေၾကာင့္ သင့္စိတ္ထဲမွာ Brand ၀တ္မွ ငါမုိက္မွာဆုိတဲ့ အေတြးကို ဖယ္ထုတ္လိုက္ၿပီး ကိုယ့္မွာရွိၿပီးသား ၀တ္စံုေတြ၊ ေစ်းသက္သာၿပီး Fashionable ျဖစ္ေစတဲ့ အ၀တ္အစားေတြနဲ႔  ရႈိးထုတ္ၾကည့္ပါ။ကိုယ့္ Budget နဲကိုယ္ ခ်ိန္ညႇိၾကည့္ၿပီးမွ ဝယ္ပါ။

shopping girl

၃-Discount ေတြကို ရွာေဖြေစာင့္ေမွ်ာ္ပါ။

Discount ေတြကလည္း သင့္ရဲ႕ Budget ကို သက္သာေစပါတယ္။ အထူးသျဖင့္ Brand Sale ေတြ ခ်တဲ့အခ်ိန္မ်ိဳးကို ပိုၿပီး ေစာင့္ဆိုင္းသင့္ပါတယ္။ Sale Item ေတြထဲကဆိုရင္ အရမ္းေစ်းခ်တဲ့အခ်ိန္ဆို ႏွစ္ထည္စာေလာက္ေတာင္ ရတတ္တာမို႔ Sale ခ်တဲ့အခ်ိန္ေတြကို အၿမဲနားစြင့္ေနပါ။ Discount ေသးေသးေလးေတြကအစ ရေအာင္ လက္မလႊတ္ပါနဲ႔။

၄-Online ကလည္း ႐ွာေဖြတတ္ပါေစ။

တစ္ခါတေလ Local Store ေတြမွာ မရႏိုင္တာမ်ိဳး၊ ကိုယ္ေတြျပည္တြင္းမွာ မရႏုိင္ေသးတာမ်ိဳးဆိုရင္ Online Shop ေတြကေန ၀ယ္တတ္တဲ့အက်င့္ေလးထားပါ။ Local မွာ ရႏိုင္တဲ့ Brand ေတြရဲ႕ Page ေတြ၊ Shopping Mall ေတြရဲ႕ Social Media ေတြကိုလည္း အဆက္မျပတ္ ၾကည့္ေပးသင့္ၿပီးေတာ့ ဘာအသစ္အဆန္းေတြေရာက္လဲ၊ ဘာ Promotion ေတြေပးေနသလဲဆိုတာ အျမဲနားစြင့္ပါ။

၅-Trend ေနာက္ကို အရမ္းမလိုက္ပါနဲ႔။

ဖက္ရွင္ေရစီးေၾကာင္းထဲမွာ ေနရတယ္ဆိုေပမယ့္ တစ္ခါတေလမွာ ေရစီးေၾကာင္းေနာက္  အရမ္းလုိက္စရာမလုိဘူး ဆိုတာကို သတိထားပါ။ ဥပမာ ေျပာရရင္ ႏုိင္ငံတကာ ဆယ္လီေတြၾကားမွာ သားေမႊးကုတ္က ေခတ္စားေနလုိ႔ ကိုယ္က လိုက္၀ယ္ၿပီးမွ ကိုယ့္ႏိုင္ငံရာသီဥတုအေနအထားနဲ႔ ဘယ္လိုမွ ၀တ္လု႔ိအဆင္မေျပဘူးဆိုရင္ ေခ်ာင္ထိုးထားရမွာပါပဲ။ အဲဒီအခါက်ရင္ ပိုက္ဆံလည္း အပိုကုန္ရာေရာက္ပါတယ္။ ဖက္ရွင္ေရစီးေၾကာင္းမွာ ေခတ္စားေနတဲ့အရာေတြက ကိုယ္နဲ႔ လုိက္ဖက္ႏုိင္လား၊ ၀တ္လုိ႔အဆင္ေျပလားဆိုတာ အၿမဲခ်င့္ခ်ိန္ပါ။

၆-ကိုယ္လုိအပ္တာေတြကို ဘယ္မွာ ရႏိုင္မလဲဆိုတာ ရွာပါ။

ကိုယ္၀ယ္ခ်င္တဲ့ ပစၥည္းကို ဘယ္ေနရာမွာ ရႏုိင္မလဲဆိုတာ စဥ္းစားပါ။ ေစ်းႀကီးပစၥည္းေတြခ်ည္း သံုးမွ စတုိင္လ္က်မွာ မဟုတ္တဲ့အတြက္ အၿမဲေစ်းႀကီးတဲ့ေနရာေတြ၊ Branded Shopေတြကို သြားဖုိ႔မလိုပါဘူး။ၿပီးရင္ လိုခ်င္တာေတြကို အကုန္လံုးနီးပါး တစ္စုတစ္စည္းတည္း ရႏုိင္မယ့္ေနရာမ်ိဳးကိုပဲ ေရြးပါ။ ဒါဆိုရင္ သြားရလာရလည္း အဆင္ေျပသလို အခ်ိန္ကုန္တာလည္း သက္သာသြားပါလိမ့္မယ္။ ဥပမာ ေျပာရရင္ Junctuion City လိုေနရာမ်ိဴးဟာ လိုခ်င္တာ Branded ပစၥည္းကအစ အစံု႐ွိလို႔ အခ်ိန္ကုန္သက္သာၿပီး ကိုယ့္အတြက္ ေစ်းဝယ္ထြက္၊႐ုပ္႐ွင္ၾကည့္ အင္မတန္ အဆင္ေျပတဲ့ေနရာမ်ိဴးေပါ့။

၇-Shopping Mall ေတြက Promotion ေတြကိုလည္း ပါဝင္ပါ။

တခါတေလမွာ ကိုယ္က Shopping ေတြမွာ မၾကာခဏေစ်းသြားဝယ္တတ္ေပမယ့္ အဲဒီက promotion ေတြကို သတိမထားမိတတ္တာမ်ဳိးျဖစ္တတ္ပါတယ္။ တစ္ခါတေလမွာ Shopping Mall ေတြက ကူပြန္နဲ႔ ကံစမ္းမဲ ထည့္ရတာတို႔ ၊ Promotion မ်ားမ်ားေပးတာမ်ိုးတို့ လုပ္ေလ့႐ွိတဲ့အတြက္ Shopping Mall ေရာက္တာနဲ႔ အဲဒီအခြင့္အေရးကို အမိအရယူတတ္ေအာင္ လုပ္ပါ။

Su Yi Htet (Akhayar)

[Unicode]

အထာကျတဲ့ Shopper တစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ

ကိုယ်က ဖက်ရှင်အရာ အမိုက်စားဖြစ်နေဖို့ဆိုရင် စမတ်ကျကျ ဈေးဝယ်တတ်တဲ့ Shopper တစ်ယောက်ဖြစ်ဖို့က နံပါတ်တစ် အရေးကြီးပါတယ်။ ကိုယ်ဘာကိုလိုချင်တာလဲ၊ လတ်တလောက ဘာတွေခေတ်စားနေလဲ၊ ကိုယ်လိုချင်တာတွေ ဘယ်မှာ ရနိုင်မလဲဆိုတာ သိမှ၊ သေချာစိစစ်ပြီး ရွေးချယ် ဝယ်ယူတတ်မှသာ သင်က တကယ့် စမတ် Shopper တစ်ယောက်ဖြစ်မှာပါ။ စမတ် Shopper တစ်ယောက်ဖြစ်သွားပြီဆိုရင်တော့ Fashion ကျတဲ့ သူတစ်ယောက်ဖြစ်ဖို့က လွယ်သွားပါပြီ။ စမတ်ကျတဲ့ Shopper တစ်ယောက်ဖြစ်ဖို့…

၁-ကိုယ့်ရဲ့ စတိုင်လ်ကို သိပါ။

ကိုယ်က ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ..ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန်ဝတ်မှာလား။ မိန်းမဆန်ဆန် ကြိုက်တာလား။ ကိုယ်ဝတ်ချင်တဲ့ပုံစံကို အမြဲသိနေဖို့လိုပါတယ်။ လူတွေက မြင်လိုက်တာနဲ့ ကိုယ့်ရဲ့ စတိုင်လ်ဆိုတာ မှတ်မိလေ ပိုကောင်းလေလေပါပဲ။ ကိုယ့်ရဲ့ Fashion Taste ကို မှတ်သားထားပြီး Trend နောက်လိုက်မယ့်အစား ကိုယ်ကြိုက်တာတွေပဲ အသားပေးဝတ်ဆင်ပါ။ ကိုယ့်စတိုင်လ်နဲ့ကိုယ် အမြဲကွဲထွက်နေပါစေ။

၂-ကိုယ့် Budget နဲ့ကိုယ် ချိန်ပါ။

တကယ်ဖက်ရှင်ကျဖို့ဆိုတာ Branded တွေချည်းပဲ သီးသန့်ထည်လဲဝတ်နေကြတာမဟုတ်ပါဘူး။ Fancy ဖြစ်တာတွေ၊ ဈေးသက်သာတဲ့ အဝတ်အစားတွေနဲ့လည်း လှအောင်၊ မိုက်အောင် ဝတ်လို့ရပာတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ Brand ဝတ်မှ ငါမိုက်မှာဆိုတဲ့ အတွေးကို ဖယ်ထုတ်လိုက်ပြီး ကိုယ့်မှာရှိပြီးသား ဝတ်စုံတွေ၊ ဈေးသက်သာပြီး Fashionable ဖြစ်စေတဲ့ အဝတ်အစားတွေနဲ့ ရှိုးထုတ်ကြည့်ပါ။ကိုယ့် Budget နဲကိုယ် ချိန်ညှိကြည့်ပြီးမှ ဝယ်ပါ။

shopping girl

၃-Discount တွေကို ရှာဖွေစောင့်မျှော်ပါ။

Discount တွေကလည်း သင့်ရဲ့ Budget ကို သက်သာစေပါတယ်။ အထူးသဖြင့် Brand Sale တွေ ချတဲ့အချိန်မျိုးကို ပိုပြီး စောင့်ဆိုင်းသင့်ပါတယ်။ Sale Item တွေထဲကဆိုရင် အရမ်းဈေးချတဲ့အချိန်ဆို နှစ်ထည်စာလောက်တောင် ရတတ်တာမို့ Sale ချတဲ့အချိန်တွေကို အမြဲနားစွင့်နေပါ။ Discount သေးသေးလေးတွေကအစ ရအောင် လက်မလွှတ်ပါနဲ့။

၄-Online ကလည်း ရှာဖွေတတ်ပါစေ။

တစ်ခါတလေ Local Store တွေမှာ မရနိုင်တာမျိုး၊ ကိုယ်တွေပြည်တွင်းမှာ မရနိုင်သေးတာမျိုးဆိုရင် Online Shop တွေကနေ ဝယ်တတ်တဲ့အကျင့်လေးထားပါ။ Local မှာ ရနိုင်တဲ့ Brand တွေရဲ့ Page တွေ၊ Shopping Mall တွေရဲ့ Social Media တွေကိုလည်း အဆက်မပြတ် ကြည့်ပေးသင့်ပြီးတော့ ဘာအသစ်အဆန်းတွေရောက်လဲ၊ ဘာ Promotion တွေပေးနေသလဲဆိုတာ အမြဲနားစွင့်ပါ။

၅-Trend နောက်ကို အရမ်းမလိုက်ပါနဲ့။

ဖက်ရှင်ရေစီးကြောင်းထဲမှာ နေရတယ်ဆိုပေမယ့် တစ်ခါတလေမှာ ရေစီးကြောင်းနောက် အရမ်းလိုက်စရာမလိုဘူး ဆိုတာကို သတိထားပါ။ ဥပမာ ပြောရရင် နိုင်ငံတကာ ဆယ်လီတွေကြားမှာ သားမွှေးကုတ်က ခေတ်စားနေလို့ ကိုယ်က လိုက်ဝယ်ပြီးမှ ကိုယ့်နိုင်ငံရာသီဥတုအနေအထားနဲ့ ဘယ်လိုမှ ဝတ်လု့ိအဆင်မပြေဘူးဆိုရင် ချောင်ထိုးထားရမှာပါပဲ။ အဲဒီအခါကျရင် ပိုက်ဆံလည်း အပိုကုန်ရာရောက်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားနေတဲ့အရာတွေက ကိုယ်နဲ့ လိုက်ဖက်နိုင်လား၊ ဝတ်လို့အဆင်ပြေလားဆိုတာ အမြဲချင့်ချိန်ပါ။

၆-ကိုယ်လိုအပ်တာတွေကို ဘယ်မှာ ရနိုင်မလဲဆိုတာ ရှာပါ။

ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းကို ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ စဉ်းစားပါ။ ဈေးကြီးပစ္စည်းတွေချည်း သုံးမှ စတိုင်လ်ကျမှာ မဟုတ်တဲ့အတွက် အမြဲဈေးကြီးတဲ့နေရာတွေ၊ Branded Shopတွေကို သွားဖို့မလိုပါဘူး။ပြီးရင် လိုချင်တာတွေကို အကုန်လုံးနီးပါး တစ်စုတစ်စည်းတည်း ရနိုင်မယ့်နေရာမျိုးကိုပဲ ရွေးပါ။ ဒါဆိုရင် သွားရလာရလည်း အဆင်ပြေသလို အချိန်ကုန်တာလည်း သက်သာသွားပါလိမ့်မယ်။ ဥပမာ ပြောရရင် Junctuion City လိုနေရာမျိူးဟာ လိုချင်တာ Branded ပစ္စည်းကအစ အစုံရှိလို့ အချိန်ကုန်သက်သာပြီး ကိုယ့်အတွက် ဈေးဝယ်ထွက်၊ရုပ်ရှင်ကြည့် အင်မတန် အဆင်ပြေတဲ့နေရာမျိူးပေါ့။

၇-Shopping Mall တွေက Promotion တွေကိုလည်း ပါဝင်ပါ။

တခါတလေမှာ ကိုယ်က Shopping တွေမှာ မကြာခဏဈေးသွားဝယ်တတ်ပေမယ့် အဲဒီက promotion တွေကို သတိမထားမိတတ်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ Shopping Mall တွေက ကူပွန်နဲ့ ကံစမ်းမဲ ထည့်ရတာတို့ ၊ Promotion များများပေးတာမျိုးတို့ လုပ်လေ့ရှိတဲ့အတွက် Shopping Mall ရောက်တာနဲ့ အဲဒီအခွင့်အရေးကို အမိအရယူတတ်အောင် လုပ်ပါ။

Su Yi Htet (Akhayar)