[Zawgyi]

မထင္မွတ္ေလာက္တဲ့ ပမာဏေတြနဲ႔ ျဖစ္ေပၚခဲ့တဲ့ ဂုိးသမားအေျပာင္းအေရႊ႕မ်ား

Modern ေဘာလုံးေလာကမွာ ထိပ္သီးအသင္းေတြက ေအာင္ျမင္မႈရရွိဖုိ႔အတြက္ ေငြလမ္းခင္းေနၾကတာေၾကာင့္ ကစားသမားတစ္ေယာက္ရဲ႕ ေျပာင္းေရႊ႕ေၾကးပမာဏေတြကလည္း မ်က္လုံးျပဳးစရာျဖစ္လာတယ္။ အရင္က ေပါင္သန္း(၅၀)ပမာဏဆုိတာ စံခ်ိန္တစ္ခုျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ သာမန္ကစားသမားတစ္ဦးအတြက္ သုံးရတဲ့ပမာဏျဖစ္လာခဲ့ၿပီ။ ထူးျခားတာတစ္ခုက အခုေနာက္ပုိင္းႏွစ္ေတြမွာ ဂုိးသမားေတြကုိ ကမၻာ႔စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူလာတာပါပဲ။

Phil-Parkes

Phil-Parkes

ဂုိးသမားေတြထဲမွာ ပထမဆုံးစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္က အဂၤလန္ဂုိးသမား ဖီးလ္ပါ့ခ္ Phil Parkes ဆုိသူျဖစ္ပါတယ္။ ၁၉၇၉ ခုႏွစ္က ၀က္စ္ဟမ္းအသင္းက QPR အသင္းကေန သူ႔ကုိ ေပါင္(၅၆၅၀၀၀) နဲ႔ေခၚယူခဲ့တာပါ။ ဒီဘက္ႏွစ္မတိုင္ခင္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ ဂုိးသမားကေတာ့ အခု PSG ဂုိးသမား ဘူဖြန္ Buffon ပါပဲ။

Buffon

Buffon

၂၀၀၁ ခုႏွစ္တုန္းက ပါးမားဂုိးသမား ဘူဖြန္ကုိ ဂ်ဴဗင္တပ္စ္အသင္းက ေပါင္သန္း(၃၀)နဲ႔ ေခၚယူခဲ့တာက ကမၻာ႔စံခ်ိန္တင္ျဖစ္ခဲ့ၿပီး အဲဒီပမာဏက ႏွစ္ေပါင္းေတာ္ေတာ္ၾကာတဲ့အထိ တည္ၿမဲခဲ့တယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္မွာ မန္စီးတီးအသင္းက ဘင္ဖီကာဂုိးသမား အီဒါဆင္ Ederson ကုိ ေပါင္(၃၅)သန္းနဲ႔ ေခၚယူခဲ့ၿပီး (၁၆)ႏွစ္ၾကာ တည္ၿမဲခဲ့တဲ့ ဘူဖြန္ရဲ႕ စံခ်ိန္ကုိ ခ်ိဳးျဖတ္ခဲ့တယ္။

Alisson

Alisson

ဘူဖြန္လုိပဲ အီဒါဆင္ရဲ႕ စံခ်ိန္က ႏွစ္အေတာ္ၾကာေအာင္ တည္ၿမဲႏုိင္လိမ့္မယ္လုိ႔ ယူဆခဲ့ၾကေပမယ့္ ဒီႏွစ္မွာပဲ လီဗာပူးလ္အသင္းက ႐ုိးမားဂုိးသမား အယ္လစ္ဆန္ Alisson ကုိ ေပါင္(၆၇)သန္းနဲ႔ ေခၚယူၿပီး စံခ်ိန္သစ္တင္ခဲ့ျပန္တယ္။ ဒါေပမဲ့ ရက္ပုိငး္အၾကာမွာပဲ အယ္လစ္ဆန္ရဲ႕ စံခ်ိန္ကုိ ခ်ယ္လ္ဆီးဂုိးသမားသစ္ ကီပါ Kepa က ေပါင္(၇၂)သန္းနဲ႔ ထပ္ၿပီးခ်ိဳးျဖတ္ခဲ့ခ်ိန္မွာေတာ့ ဂုိးသမားတစ္ေယာက္ရဲ႕ တန္ဖုိးက Outfield Player တစ္ဦးတန္ဖုိးေလာက္အထိ ျဖစ္လာခဲ့တယ္။

Chelsea-complete-world-record-£72m-signing-of-Kepa-Arrizabalaga-1

Chelsea-complete-world-record-£72m-signing-of-Kepa-Arrizabalaga-

ေခတ္သစ္ေဘာလုံးေလာကမွာ ေအာင္ျမင္မႈရဖုိ႔အတြက္ ေငြေၾကးနဲ႔ တည္ေဆာက္လာတာေၾကာင့္လည္း ေဘာလံုးသမားတစ္ဦးရဲ႕ တန္ဖုိးက အဆမတန္ကုိ ျမင့္တက္လာတယ္။ အခုေလာေလာဆယ္ ကီပါက ကမၻာ႔ေျပာင္းေရႊ႕ေၾကးအမ်ားဆုံး ဂုိးသမားျဖစ္ေနေပမယ့္ အဲဒီမွတ္တမ္းက ဘယ္ေလာက္အထိ ၾကာျမင့္ႏုိင္မွာလဲ။ တရိပ္ရိပ္ျမင့္တက္လာတဲ့ ေငြေၾကးလႈိင္းလုံးေတြၾကားမွာ ဂုိးသမားတစ္ေယာက္ရဲ႕တန္ဖုိးက ဒီထက္ ပုိမ်ားလာဖုိ႔ပဲ ရွိေနပါေတာ့တယ္ . . . .

ေဘာလုံးသမုိင္းတစ္ေလွ်ာက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ ဂုိးသမားမ်ား
Phil Parkes- £565,000- (QPR to West Ham — 1979)
Andoni Zubizarreta- £1.7m- (Athletic Bilbao to Barcelona – 1986)
Luca Marchegiani- £6m- (Torino to Lazio – 1993)
Gianluca Pagliuca -£7m- (Sampdoria to Inter – 1994)
Angelo Peruzzi- £15.7m -(Inter to Lazio – 2000)
Gianluigi Buffon- £33m- (Parma to Juventus – 2001)
Ederson- £35m- (Benfica to Manchester City – 2017)
Alisson- £67m- (Roma to Liverpool – 2018)
Kepa Arrizabalaga -£72m-(Athletic Bilbao to Chelsea – 2018)

REF:Daily Mail
Photo:sport24,ESPN,US Sports Guru
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မထင်မှတ်လောက်တဲ့ ပမာဏတွေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ဂိုးသမားအပြောင်းအရွှေ့များ

Modern ဘောလုံးလောကမှာ ထိပ်သီးအသင်းတွေက အောင်မြင်မှုရရှိဖို့အတွက် ငွေလမ်းခင်းနေကြတာကြောင့် ကစားသမားတစ်ယောက်ရဲ့ ပြောင်းရွှေ့ကြေးပမာဏတွေကလည်း မျက်လုံးပြုးစရာဖြစ်လာတယ်။ အရင်က ပေါင်သန်း(၅၀)ပမာဏဆိုတာ စံချိန်တစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ သာမန်ကစားသမားတစ်ဦးအတွက် သုံးရတဲ့ပမာဏဖြစ်လာခဲ့ပြီ။ ထူးခြားတာတစ်ခုက အခုနောက်ပိုင်းနှစ်တွေမှာ ဂိုးသမားတွေကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူလာတာပါပဲ။

Phil-Parkes

Phil-Parkes

ဂိုးသမားတွေထဲမှာ ပထမဆုံးစံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်က အင်္ဂလန်ဂိုးသမား ဖီးလ်ပါ့ခ် Phil Parkes ဆိုသူဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်က ဝက်စ်ဟမ်းအသင်းက QPR အသင်းကနေ သူ့ကို ပေါင်(၅၆၅၀၀၀) နဲ့ခေါ်ယူခဲ့တာပါ။ ဒီဘက်နှစ်မတိုင်ခင် စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဂိုးသမားကတော့ အခု PSG ဂိုးသမား ဘူဖွန် Buffon ပါပဲ။

Buffon

Buffon

၂၀၀၁ ခုနှစ်တုန်းက ပါးမားဂိုးသမား ဘူဖွန်ကို ဂျူဗင်တပ်စ်အသင်းက ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာက ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့ပြီး အဲဒီပမာဏက နှစ်ပေါင်းတော်တော်ကြာတဲ့အထိ တည်မြဲခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ မန်စီးတီးအသင်းက ဘင်ဖီကာဂိုးသမား အီဒါဆင် Ederson ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၁၆)နှစ်ကြာ တည်မြဲခဲ့တဲ့ ဘူဖွန်ရဲ့ စံချိန်ကို ချိုးဖြတ်ခဲ့တယ်။

Alisson

Alisson

ဘူဖွန်လိုပဲ အီဒါဆင်ရဲ့ စံချိန်က နှစ်အတော်ကြာအောင် တည်မြဲနိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် ဒီနှစ်မှာပဲ လီဗာပူးလ်အသင်းက ရိုးမားဂိုးသမား အယ်လစ်ဆန် Alisson ကို ပေါင်(၆၇)သန်းနဲ့ ခေါ်ယူပြီး စံချိန်သစ်တင်ခဲ့ပြန်တယ်။ ဒါပေမဲ့ ရက်ပိုင်းအကြာမှာပဲ အယ်လစ်ဆန်ရဲ့ စံချိန်ကို ချယ်လ်ဆီးဂိုးသမားသစ် ကီပါ Kepa က ပေါင်(၇၂)သန်းနဲ့ ထပ်ပြီးချိုးဖြတ်ခဲ့ချိန်မှာတော့ ဂိုးသမားတစ်ယောက်ရဲ့ တန်ဖိုးက Outfield Player တစ်ဦးတန်ဖိုးလောက်အထိ ဖြစ်လာခဲ့တယ်။

Chelsea-complete-world-record-£72m-signing-of-Kepa-Arrizabalaga-1

Chelsea-complete-world-record-£72m-signing-of-Kepa-Arrizabalaga-

ခေတ်သစ်ဘောလုံးလောကမှာ အောင်မြင်မှုရဖို့အတွက် ငွေကြေးနဲ့ တည်ဆောက်လာတာကြောင့်လည်း ဘောလုံးသမားတစ်ဦးရဲ့ တန်ဖိုးက အဆမတန်ကို မြင့်တက်လာတယ်။ အခုလောလောဆယ် ကီပါက ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားဖြစ်နေပေမယ့် အဲဒီမှတ်တမ်းက ဘယ်လောက်အထိ ကြာမြင့်နိုင်မှာလဲ။ တရိပ်ရိပ်မြင့်တက်လာတဲ့ ငွေကြေးလှိုင်းလုံးတွေကြားမှာ ဂိုးသမားတစ်ယောက်ရဲ့တန်ဖိုးက ဒီထက် ပိုများလာဖို့ပဲ ရှိနေပါတော့တယ် . . . .

ဘောလုံးသမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဂိုးသမားများ
Phil Parkes- £565,000- (QPR to West Ham — 1979)
Andoni Zubizarreta- £1.7m- (Athletic Bilbao to Barcelona – 1986)
Luca Marchegiani- £6m- (Torino to Lazio – 1993)
Gianluca Pagliuca -£7m- (Sampdoria to Inter – 1994)
Angelo Peruzzi- £15.7m -(Inter to Lazio – 2000)
Gianluigi Buffon- £33m- (Parma to Juventus – 2001)
Ederson- £35m- (Benfica to Manchester City – 2017)
Alisson- £67m- (Roma to Liverpool – 2018)
Kepa Arrizabalaga -£72m-(Athletic Bilbao to Chelsea – 2018)

REF:Daily Mail
Photo:sport24,ESPN,US Sports Guru
Naing Linn(Akhayar)
www.akhayar.com