[Zawgyi]

ကုိယ့္ထူးကုိယ္ခြ်န္ ႀကိဳးစားလာတဲ့ ဘီလ်ံနာ (သုိ႔) Spotify ရဲ႕ပဲ့ကုိင္ရွင္ Daniel Ek

ျမန္မာႏုိင္ငံမွာဆုိရင္ ဘြဲ႕မရရင္ပဲ လူေမႊးလူေတာင္ မေျပာင္ေတာ့သလုိ၊ တစ္သက္လုံးပဲ ဆင္းရဲတြင္းကုိ ခုန္ဆင္းရေတာ့မလုိ ျမင္တတ္ၾကပါတယ္။ နည္းပညာေခတ္ကုိ ေရာက္လာတာနဲ႔အမ်ွ ဘြဲ႕ဆုိတဲ့ ဂုဏ္ပုဒ္ဟာ အရည္အခ်င္းနဲ႔ ႏႈိင္းယွဥ္ရင္ ဘာမွကုိ မဟုတ္ေတာ့ပါဘူး။ (တကယ္တမ္းေတာ့ ဘြဲ႕ဆုိတာ မွတ္တုိင္တစ္ခုပါပဲ။) ဘြဲ႕မရဘဲနဲ႔လည္း ဘီလ်ံနာျဖစ္ေနတဲ့သူေတြ တစ္ပုံႀကီးပါ။ ျမင္လြယ္ေအာင္ ေျပာရရင္ ‘Bill Gates’ ၊ ‘Steve Jobs’ ၊ ‘Amancio Ortega’ နဲ႔ ‘Mark Zuckerberg’ တုိ႔ဟာ ဘြဲ႕လက္မွတ္သမားေတြ မဟုတ္ၾကပါဘူး။ အခုတစ္ပတ္မွာလည္း လူငယ္ေတြ စိတ္အားတက္ၾကြေစဖုိ႔ ‘Spotify’ ရဲ႕ပဲ့ကုိင္ရွင္ ‘Daniel Ek’ ရဲ႕အေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

‘Daniel Ek’ ဆုိတဲ့ လူငယ္ေလးကုိ ဆြီဒင္ႏုိင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာ ေမြးဖြားခဲ့တယ္။ သူ႕ကုိ ေမးတာက ၁၉၈၃ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၁) ရက္။ သူ႕မိဘေတြက လူကုံထံအသုိင္းအဝုိင္းက မဟုတ္ပါဘူး။ သူက ဆယ္ေက်ာ္သက္အရြယ္တည္းက ဝက္ဘ္ဆုိက္ေရးတတ္ေနၿပီ။ သူငယ္ခ်င္းေတြ လုပ္ခ်င္တဲ့ ဝက္ဘ္ဆုိက္ေတြကုိ ကုိယ္တုိင္ဆြဲေပးတယ္။

Stockholm (Capital Of Sweden)

Stockholm (Capital Of Sweden)

ေနာက္ပုိင္းမွာ ကုမၸဏီေတြရဲ႕ဝက္ဘ္ဆုိက္ေတြကုိေတာင္ ဆြဲေပးလာႏုိင္တဲ့အထိ တုိးတက္လာခဲ့ပါတယ္။ ဝက္ဘ္ဆုိက္တစ္ခုဆြဲရင္ ပထမတုန္းက ေဒၚလာတစ္ရာ၊ ေနာက္ေတာ့ ႏွစ္ရာ။ ေနာက္ပုိင္းမွာ ေဒၚလာငါးေထာင္ေက်ာ္ရလုိ႔ သူ႕အတြက္ မုန္႔ဖုိးေကာင္းေကာင္းရတယ္လုိ႔ ဆုိႏုိင္ပါတယ္။ အဲဒီအခ်ိ္န္တုန္းက (၁၆) ႏွစ္ပဲ ရွိပါေသးတယ္။ ဝက္ဘ္ဆုိက္အပ္ခ်င္တဲ့ ေဖာက္သည္ေတြ မ်ားလာေတာ့ သူငယ္ခ်င္းေတြကုိေတာင္ ဝန္ထမ္းအေနနဲ႔ ျပန္ခန္႔လာႏုိင္ပါတယ္။ (သူငယ္ခ်င္းေတြက စာသင္ခန္းထဲက ကြန္ပ်ဴတာေတြနဲ႔ ဝက္ဘ္ဆုိက္ဆြဲခဲ့တာပါ။) တခ်ိဳ႕လေတြမွာ သူ႕ရဲ႕ဝင္ေငြက ေဒၚလာငါးေသာင္းေက်ာ္ရွိလုိ႔ စက္ျပင္ဆရာလုပ္ေနတဲ့ သူ႕ဖခင္ထက္ေတာင္ ဝင္ေငြေကာင္းခဲ့ပါတယ္။ အသက္က (၁၈) ႏွစ္ပဲ ရွိေသးတယ္။ သူ႕ေအာက္မွာ ေက်ာင္းသားဝန္ထမ္းက (၂၅) ေယာက္ရွိေနပါၿပီ။ တန္ဖုိးႀကီးဂစ္တာေတြ ၊ ဗီဒီယုိဂိမ္းစက္ေတြနဲ႔ တီဗြီေတြ အမ်ားႀကီးဝယ္လာမွ သားေတာ္ေမာင္ဟာ ပုိက္ဆံေတြအမ်ားႀကီးဝင္ေနတာ မိဘႏွစ္ပါး သတိထားမိသြားပါတယ္။

Daniel Ek

Daniel Ek

၂ဝဝ၂ခုႏွစ္မွာ အထက္တန္းေအာင္ခဲ့ပါတယ္။ သူ႕မိဘေတြက ဥာဏ္ေကာင္းတဲ့ ‘Daniel Ek’ ကုိ ေက်ာင္းေကာင္းေကာင္းကုိ တက္ေစခ်င္ခဲ့တယ္။ ဒါေပမယ့္ ‘Daniel Ek’ ကေတာ့ ေက်ာင္းလခခ်ိဳသာတဲ့ ‘Royal Institute of Technology’ မွာပဲ အင္ဂ်င္နီယာပညာကုိ သင္ယူခဲ့ပါတယ္။ နည္းပညာအလုပ္ကုိပဲ အားသန္ေနတဲ့သူဟာ တကၠသုိလ္ကုိ ရွစ္ပတ္ေလာက္ပဲ တက္ၿပီး စီးပြားေရးေလာကထဲ ေျခစုံပစ္ဝင္ခဲ့ပါတယ္။ ဒီေနရာမွာ ျမန္မာမိဘေတြသာဆုိရင္ ဘြဲ႕မရရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္ဆုိၿပီး သားသမီးကုိ ပိတ္ပင္ဦးမွာပါ။ သူဟာ ‘Tradera’ ဝက္ဘ္ဆုိက္မွာ ‘Senior Developer’ ရာထူးနဲ႔ ဝင္လုပ္ခဲ့တယ္။ ၿပီးေတာ့ ‘Stardoll’ ဆုိတဲ့ ဗီဒီယုိဂိမ္းကုမၸဏီမွာ ‘Chief Technology Officer’ အေနနဲ႔ တာဝန္ယူခဲ့ပါတယ္။ သူဟာ အြန္လုိင္းေၾကာ္ျငာဝက္ဘ္ဆုိက္ ‘Advertigo’ ကုိ တည္ေထာင္ခဲ့ျပန္ပါတယ္။ ဒါေပမယ့္ ၂ဝဝ၆ခုႏွစ္မွာ  ‘Advertigo’ ကုိ ‘TradeDoubler’ ကုမၸဏီဆီမွာ ေဒၚလာ ၁.၂၅ သန္းနဲ႔ ေရာင္းခ်လုိက္တယ္။ ဒါ့ေၾကာင့္ သူဟာ (၂၃) ႏွစ္အရြယ္တည္းက သန္းၾကြယ္သူေဌးျဖစ္ေနပါၿပီ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

‘Daniel Ek’ ဆုိတဲ့ေကာင္ေလးဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ပုိက္ဆံေတြ အမ်ားႀကီးရွာႏုိင္လာတယ္။ ဒါေပမယ့္ သူဟာ ၾကြားဝါဖုိ႔ စိတ္မဝင္စားပါဘူး။ “အၾကြားအဝါဆုိတာ လူတစ္ေယာက္ကုိ နာက်င္ေစတယ္၊ မသုံးႏုိင္ေတာ့ရင္ ကုိယ့္ကုိယ္ကုိ စိတ္ဓာတ္က်ေစတယ္”လုိ႔ မၾကာခဏေျပာေလ့ရွိတယ္။

“ပုိက္ဆံရွိလာရင္ မင္းကုိ ဘာလုပ္ပါလုိ႔

ဘယ္သူကမွ လာေျပာမွ မဟုတ္ေတာ့ဘူး”

ကုမၸဏီကုိ ေရာင္းၿပီးေတာ့ ‘Daniel Ek’ ဟာ ခဏအနားယူလုိက္ေသးတယ္။ ပုိက္ဆံဆုိတာ အေရးမႀကီးဘူး၊ စိတ္အားထက္သန္တဲ့အလုပ္ကုိသာ လုပ္ေနရရင္ အလုိလုိေအာင္ျမင္လာမယ္ဆုိတာ သူ သေဘာေပါက္လာခဲ့တယ္။ ၂ဝဝ၂ခုႏွစ္မွာ ‘Napster’ နဲ႔ ‘Kazaa’ တုိ႔လုိ ‘Music Streaming Service’ ေတြဟာ ေတးသီခ်င္းမူပုိင္ခြင့္နဲ႔ ျပႆနာေတြတက္ေနတဲ့အခ်ိန္မွာ “ခုိးယူးကိစၥေတြနဲ႔ တရားရင္ဆုိင္လုိ႔ မျဖစ္ဖူး။ ဂီတရပ္ဝန္းနဲ႔လည္း ညွိႏႈိင္းၿပီး ‘Music Streaming Service’ တစ္ခုဖုိ႔ တည္ေထာင္ခ်င္တယ္။ အဲဒါဟာ Spotify ပါပဲ” လုိ႔ ဆုိလာပါတယ္။ အဲဒီလုိနဲ႔ ၂ဝဝ၆ ခုႏွစ္မွာ ‘Martin Lorentzon’ နဲ႔ ႀကိဳးပမ္းရာကေန ၂ဝဝ၈ခုႏွစ္ ေအာက္တုိဘာလ (၇) ရက္ေန႔မွာ ‘Spotify’ ဆုိတဲ့ ‘Music Streaming Service’ ကုိ တည္ေထာင္ႏုိင္ခဲ့ပါတယ္။ သူတုိ႔ရဲ႕ ‘Spotify’ မွာလည္း ‘Spotify Free’ ဆုိတဲ့ အခမဲ့ဝန္ေဆာင္မႈအျပင္ ‘Spotify Premium’ နဲ႔ ‘Spotify Family’ တုိ႔လုိ ‘Paid Service’ ေတြကုိလည္း ထည့္သြင္းခဲ့ပါတယ္။ ‘Spotify’ ဟာ ရရွိလာတဲ့ ေငြေၾကးေတြကုိ ဂီတပုိင္ရွင္ေတြအတြက္ (၇ဝ) ရာခုိင္ႏႈန္းအထိ ျပန္ေပးခဲ့ပါတယ္။ ဥေရာပမွာ လူသုံးမ်ားေနေပမယ့္ ႏုိင္ငံတကာမူပုိင္ခြင့္ရဖုိ႔ ေစာင့္ဆုိင္းေနရလုိ႔ ၂ဝ၁၁ခုႏွစ္ေရာက္မွသာ အေမရိကန္ႏုိင္ငံအထိ တုိးခ်ဲ႕ႏုိင္ခဲ့ပါတယ္။

Spotify Founders Daniel Ek amd Martin Lorentzon

Spotify Founders Daniel Ek amd Martin Lorentzon

အခုုဆုိရင္ လစဥ္အသုံးျပဳသူ သန္း (၁၆ဝ) ေက်ာ္ရွိလာၿပီး ‘Paid Service’ အသုံးျပဳသူ သန္း (၇၁) ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ ၂ဝ၁၇ခုႏွစ္မွာ အျမတ္ေငြ ၅ ဘီလီယံ (၅,ဝဝဝ သန္း) ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ ‘Daniel Ek’  ဟာ CEO အျဖစ္ တာဝန္ယူခဲ့ၿပီး ‘Martin Lorentzon’ က ‘Chairman’ အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။ အခုခ်ိန္မွာ ‘Spotify’ ဟာ ‘Apple TV’ နဲ႔ ‘Amazon Music Unlimited’ တုိ႔လုိ ၿပိဳင္ဘက္ေတြရွိေနေပမယ့္ ေစ်းကြက္ေဝစု (၃၆) ရာခုိင္ႏႈန္းကုိ စုိးမုိးထားဆဲပါ။ ၂ဝ၂ဝခုႏွစ္ေရာက္ရင္ ‘Spotify’ ရဲ႕ ‘Paid Service’ အသုံးျပဳသူဟာ ႏွစ္ဆတုိးလာမယ္လုိ႔ ကြ်မ္းက်င္သူေတြက ခန္႔မွန္းထားၾကပါတယ္။ ၂ဝ၁၈ ခုႏွစ္ ဧၿပီလ (၂) ရက္ေန႔မွာ ‘Spotify’ ကုမၸဏီကုိ အမ်ားပုိင္အျဖစ္ ေျပာင္းလဲလုိက္ၿပီး ရွယ္ယာတစ္ယူနစ္ေစ်းႏႈန္းဟာ ၁၄၉. ဝ၁ ေဒၚလာအထိရွိလာတဲ့အတြက္ ကုမၸဏီရဲ႕တန္ဖုိးဟာ ၂၆ ဘီလီယံအထိ ျမင့္တက္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ‘Spotify’ ကုမၸဏီရဲ႕ရွယ္ယာ (၉) ရာခုိင္ႏႈန္းကုိ ပုိင္ဆုိင္ထားတဲ့ ‘Daniel Ek’ ရဲ႕အသားတင္ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၂.၅ ဘီလီယံ (၂,၅ဝဝ သန္း) အထိရွိလာၿပီျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ဘဝတုန္းက ယုံၾကည္မႈတစ္ခုတည္းနဲ႔ ေက်ာင္းထြက္ၿပီး နည္းပညာေလာကထဲကုိ ဝင္ခဲ့တဲ့ လူငယ္တစ္ေယာက္ဟာ (၃၅) ႏွစ္အရြယ္မွာ ဘီလ်ံနာတစ္ေယာက္ျဖစ္လာမယ္လုိ႔ ဘယ္သူသိခဲ့မွာလဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကိုယ့်ထူးကိုယ်ချွန် ကြိုးစားလာတဲ့ ဘီလျံနာ (သို့) Spotify ရဲ့ပဲ့ကိုင်ရှင် Daniel Ek

မြန်မာနိုင်ငံမှာဆိုရင် ဘွဲ့မရရင်ပဲ လူမွှေးလူတောင် မပြောင်တော့သလို၊ တစ်သက်လုံးပဲ ဆင်းရဲတွင်းကို ခုန်ဆင်းရတော့မလို မြင်တတ်ကြပါတယ်။ နည်းပညာခေတ်ကို ရောက်လာတာနဲ့အမျှ ဘွဲ့ဆိုတဲ့ ဂုဏ်ပုဒ်ဟာ အရည်အချင်းနဲ့ နှိုင်းယှဉ်ရင် ဘာမှကို မဟုတ်တော့ပါဘူး။ (တကယ်တမ်းတော့ ဘွဲ့ဆိုတာ မှတ်တိုင်တစ်ခုပါပဲ။) ဘွဲ့မရဘဲနဲ့လည်း ဘီလျံနာဖြစ်နေတဲ့သူတွေ တစ်ပုံကြီးပါ။ မြင်လွယ်အောင် ပြောရရင် ‘Bill Gates’ ၊ ‘Steve Jobs’ ၊ ‘Amancio Ortega’ နဲ့ ‘Mark Zuckerberg’ တို့ဟာ ဘွဲ့လက်မှတ်သမားတွေ မဟုတ်ကြပါဘူး။ အခုတစ်ပတ်မှာလည်း လူငယ်တွေ စိတ်အားတက်ကြွစေဖို့ ‘Spotify’ ရဲ့ပဲ့ကိုင်ရှင် ‘Daniel Ek’ ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

‘Daniel Ek’ ဆိုတဲ့ လူငယ်လေးကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့တယ်။ သူ့ကို မေးတာက ၁၉၈၃ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်။ သူ့မိဘတွေက လူကုံထံအသိုင်းအဝိုင်းက မဟုတ်ပါဘူး။ သူက ဆယ်ကျော်သက်အရွယ်တည်းက ဝက်ဘ်ဆိုက်ရေးတတ်နေပြီ။ သူငယ်ချင်းတွေ လုပ်ချင်တဲ့ ဝက်ဘ်ဆိုက်တွေကို ကိုယ်တိုင်ဆွဲပေးတယ်။

Stockholm (Capital Of Sweden)

Stockholm (Capital Of Sweden)

နောက်ပိုင်းမှာ ကုမ္ပဏီတွေရဲ့ဝက်ဘ်ဆိုက်တွေကိုတောင် ဆွဲပေးလာနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုဆွဲရင် ပထမတုန်းက ဒေါ်လာတစ်ရာ၊ နောက်တော့ နှစ်ရာ။ နောက်ပိုင်းမှာ ဒေါ်လာငါးထောင်ကျော်ရလို့ သူ့အတွက် မုန့်ဖိုးကောင်းကောင်းရတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်တုန်းက (၁၆) နှစ်ပဲ ရှိပါသေးတယ်။ ဝက်ဘ်ဆိုက်အပ်ချင်တဲ့ ဖောက်သည်တွေ များလာတော့ သူငယ်ချင်းတွေကိုတောင် ဝန်ထမ်းအနေနဲ့ ပြန်ခန့်လာနိုင်ပါတယ်။ (သူငယ်ချင်းတွေက စာသင်ခန်းထဲက ကွန်ပျူတာတွေနဲ့ ဝက်ဘ်ဆိုက်ဆွဲခဲ့တာပါ။) တချို့လတွေမှာ သူ့ရဲ့ဝင်ငွေက ဒေါ်လာငါးသောင်းကျော်ရှိလို့ စက်ပြင်ဆရာလုပ်နေတဲ့ သူ့ဖခင်ထက်တောင် ဝင်ငွေကောင်းခဲ့ပါတယ်။ အသက်က (၁၈) နှစ်ပဲ ရှိသေးတယ်။ သူ့အောက်မှာ ကျောင်းသားဝန်ထမ်းက (၂၅) ယောက်ရှိနေပါပြီ။ တန်ဖိုးကြီးဂစ်တာတွေ ၊ ဗီဒီယိုဂိမ်းစက်တွေနဲ့ တီဗွီတွေ အများကြီးဝယ်လာမှ သားတော်မောင်ဟာ ပိုက်ဆံတွေအများကြီးဝင်နေတာ မိဘနှစ်ပါး သတိထားမိသွားပါတယ်။

Daniel Ek

Daniel Ek

၂ဝဝ၂ခုနှစ်မှာ အထက်တန်းအောင်ခဲ့ပါတယ်။ သူ့မိဘတွေက ဉာဏ်ကောင်းတဲ့ ‘Daniel Ek’ ကို ကျောင်းကောင်းကောင်းကို တက်စေချင်ခဲ့တယ်။ ဒါပေမယ့် ‘Daniel Ek’ ကတော့ ကျောင်းလခချိုသာတဲ့ ‘Royal Institute of Technology’ မှာပဲ အင်ဂျင်နီယာပညာကို သင်ယူခဲ့ပါတယ်။ နည်းပညာအလုပ်ကိုပဲ အားသန်နေတဲ့သူဟာ တက္ကသိုလ်ကို ရှစ်ပတ်လောက်ပဲ တက်ပြီး စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ဒီနေရာမှာ မြန်မာမိဘတွေသာဆိုရင် ဘွဲ့မရရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး သားသမီးကို ပိတ်ပင်ဦးမှာပါ။ သူဟာ ‘Tradera’ ဝက်ဘ်ဆိုက်မှာ ‘Senior Developer’ ရာထူးနဲ့ ဝင်လုပ်ခဲ့တယ်။ ပြီးတော့ ‘Stardoll’ ဆိုတဲ့ ဗီဒီယိုဂိမ်းကုမ္ပဏီမှာ ‘Chief Technology Officer’ အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ သူဟာ အွန်လိုင်းကြော်ငြာဝက်ဘ်ဆိုက် ‘Advertigo’ ကို တည်ထောင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ၂ဝဝ၆ခုနှစ်မှာ  ‘Advertigo’ ကို ‘TradeDoubler’ ကုမ္ပဏီဆီမှာ ဒေါ်လာ ၁.၂၅ သန်းနဲ့ ရောင်းချလိုက်တယ်။ ဒါ့ကြောင့် သူဟာ (၂၃) နှစ်အရွယ်တည်းက သန်းကြွယ်သူဌေးဖြစ်နေပါပြီ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

‘Daniel Ek’ ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံတွေ အများကြီးရှာနိုင်လာတယ်။ ဒါပေမယ့် သူဟာ ကြွားဝါဖို့ စိတ်မဝင်စားပါဘူး။ “အကြွားအဝါဆိုတာ လူတစ်ယောက်ကို နာကျင်စေတယ်၊ မသုံးနိုင်တော့ရင် ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျစေတယ်”လို့ မကြာခဏပြောလေ့ရှိတယ်။

“ပိုက်ဆံရှိလာရင် မင်းကို ဘာလုပ်ပါလို့

ဘယ်သူကမှ လာပြောမှ မဟုတ်တော့ဘူး”

ကုမ္ပဏီကို ရောင်းပြီးတော့ ‘Daniel Ek’ ဟာ ခဏအနားယူလိုက်သေးတယ်။ ပိုက်ဆံဆိုတာ အရေးမကြီးဘူး၊ စိတ်အားထက်သန်တဲ့အလုပ်ကိုသာ လုပ်နေရရင် အလိုလိုအောင်မြင်လာမယ်ဆိုတာ သူ သဘောပေါက်လာခဲ့တယ်။ ၂ဝဝ၂ခုနှစ်မှာ ‘Napster’ နဲ့ ‘Kazaa’ တို့လို ‘Music Streaming Service’ တွေဟာ တေးသီချင်းမူပိုင်ခွင့်နဲ့ ပြဿနာတွေတက်နေတဲ့အချိန်မှာ “ခိုးယူးကိစ္စတွေနဲ့ တရားရင်ဆိုင်လို့ မဖြစ်ဖူး။ ဂီတရပ်ဝန်းနဲ့လည်း ညှိနှိုင်းပြီး ‘Music Streaming Service’ တစ်ခုဖို့ တည်ထောင်ချင်တယ်။ အဲဒါဟာ Spotify ပါပဲ” လို့ ဆိုလာပါတယ်။ အဲဒီလိုနဲ့ ၂ဝဝ၆ ခုနှစ်မှာ ‘Martin Lorentzon’ နဲ့ ကြိုးပမ်းရာကနေ ၂ဝဝ၈ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့မှာ ‘Spotify’ ဆိုတဲ့ ‘Music Streaming Service’ ကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ‘Spotify’ မှာလည်း ‘Spotify Free’ ဆိုတဲ့ အခမဲ့ဝန်ဆောင်မှုအပြင် ‘Spotify Premium’ နဲ့ ‘Spotify Family’ တို့လို ‘Paid Service’ တွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။ ‘Spotify’ ဟာ ရရှိလာတဲ့ ငွေကြေးတွေကို ဂီတပိုင်ရှင်တွေအတွက် (၇ဝ) ရာခိုင်နှုန်းအထိ ပြန်ပေးခဲ့ပါတယ်။ ဥရောပမှာ လူသုံးများနေပေမယ့် နိုင်ငံတကာမူပိုင်ခွင့်ရဖို့ စောင့်ဆိုင်းနေရလို့ ၂ဝ၁၁ခုနှစ်ရောက်မှသာ အမေရိကန်နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ပါတယ်။

Spotify Founders Daniel Ek amd Martin Lorentzon

Spotify Founders Daniel Ek amd Martin Lorentzon

အခုုဆိုရင် လစဉ်အသုံးပြုသူ သန်း (၁၆ဝ) ကျော်ရှိလာပြီး ‘Paid Service’ အသုံးပြုသူ သန်း (၇၁) ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ၂ဝ၁၇ခုနှစ်မှာ အမြတ်ငွေ ၅ ဘီလီယံ (၅,ဝဝဝ သန်း) ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ‘Daniel Ek’  ဟာ CEO အဖြစ် တာဝန်ယူခဲ့ပြီး ‘Martin Lorentzon’ က ‘Chairman’ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အခုချိန်မှာ ‘Spotify’ ဟာ ‘Apple TV’ နဲ့ ‘Amazon Music Unlimited’ တို့လို ပြိုင်ဘက်တွေရှိနေပေမယ့် ဈေးကွက်ဝေစု (၃၆) ရာခိုင်နှုန်းကို စိုးမိုးထားဆဲပါ။ ၂ဝ၂ဝခုနှစ်ရောက်ရင် ‘Spotify’ ရဲ့ ‘Paid Service’ အသုံးပြုသူဟာ နှစ်ဆတိုးလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ၂ဝ၁၈ ခုနှစ် ဧပြီလ (၂) ရက်နေ့မှာ ‘Spotify’ ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲလိုက်ပြီး ရှယ်ယာတစ်ယူနစ်ဈေးနှုန်းဟာ ၁၄၉. ဝ၁ ဒေါ်လာအထိရှိလာတဲ့အတွက် ကုမ္ပဏီရဲ့တန်ဖိုးဟာ ၂၆ ဘီလီယံအထိ မြင့်တက်ခဲ့ပါတယ်။ ဒါ့ကြောင့် ‘Spotify’ ကုမ္ပဏီရဲ့ရှယ်ယာ (၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ‘Daniel Ek’ ရဲ့အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ (၂,၅ဝဝ သန်း) အထိရှိလာပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝတုန်းက ယုံကြည်မှုတစ်ခုတည်းနဲ့ ကျောင်းထွက်ပြီး နည်းပညာလောကထဲကို ဝင်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ (၃၅) နှစ်အရွယ်မှာ ဘီလျံနာတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူသိခဲ့မှာလဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com