လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်အချိန်တုန်းက မြန်မာနိုင်ငံမှာ Keypad ဖုန်းတွေပဲ ပေါပေါများများ ကိုင်နိုင်ခဲ့ကြပါတယ်။ ဆယ်နှစ်တာဆိုတဲ့ အချိန်ကာလအတွင်းမှာ နှစ်လက်မ၊ သုံးလက်မ ခန့် အရွယ်ဝန်းကျင် မျက်နှာပြင်သာ ပါဝင်တဲ့ ဖုန်းတွေကနေ ခြောက်လက်မကျော်ထိ ရှိတဲ့ မျက်နှာပြင်တွေ ပါဝင်တဲ့ ဖုန်းတွေ ထွက်ရှိလာတဲ့အထိ တိုးတက်လာခဲ့ပါတယ်။

၂၀၀၀ ဝန်းကျင် နှစ်ပိုင်းတွေမှာတော့ Keypad ဖုန်းတွေကို လူအများ အသုံးပြုခဲ့ကြပြီး ၂၀၀၇ ခုနှစ်ကျော်၂၀၀၈ လောက်ကစပြီး Touch Screen ပါတဲ့ စမတ်ဖုန်းတွေကို စတင် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့ စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများဟာ Touch Screen ပါတဲ့ စမတ်ဖုန်း တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်လာ ကြပါတယ်။ အဲ့လိုကနေပြီး စမတ်ဖုန်းတွေဟာလဲ ၂၁ ရာစုမှာ လူတွေရဲ့ မရှိမဖြစ် အသုံးအဆောင် ပစ္စည်းတစ်ခု အနေနဲ့ ဖြစ်လာပါတော့တယ်။ သုံးစွဲတဲ့လူတွေ ပိုများလာတဲ့အခါ စမတ်ဖုန်း ထုတ်လုပ်သူ ကုမ္ပဏီတွေက သုံးစွဲသူတွေ အတွက် ကောင်းမွန်တဲ့ သုံးစွဲမှု အတွေ့အကြုံတွေ ရအောင် ဖန်တီး တီထွင်ကြပါတယ်။

အဲ့လို တီထွင်ကြတဲ့အခါမှာ ဖုန်းမျက်နှာပြင်ကို ဘေးဘောင်တွေနဲ့ ထားတာကနေပြီး  ဖုန်းတစ်လုံးလုံးရဲ့ မျက်နှာပြင်အပြည့် ရရှိအောင် အရှေ့ကင်မရာပဲချန်ပြီး မျက်နှာပြင်အပြည့် ထားရှိတဲ့ Notch ဒီဇိုင်းတွေ ဖန်တီးလာကြပါတယ်။ Notch ကို လေးထောင့်ဆန်ဆန်ကျတဲ့ Notch, waterdrop screen ကနေစပြီး ကင်မရာအပေါက်ပဲ ပါတဲ့ punch hole ထိ အရွယ်အစား မျိုးစုံ design မျိုးစုံနဲ့ ထွက်ရှိလာပါတယ်။

OPPO F1S

OPPO ကမြန်မာနိုင်ငံမှာ F Series ကိုစတင်မိတ်ဆက်ခဲ့ချိန် F1 Series မှာတော့ ဘေးဘောင်ပါဝင်တဲ့ ပုံမှန် 16:9 Aspect Ratio မျက်နှာပြင် အရွယ်အစားပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ အကုန်ပိုင်း ဖုန်းမျက်နှာပြင် ဒီဇိုင်းအချိုးအစားကို မျက်နှာပြင်အပြည့် ပုံစံအဖြစ် စတင် ဖန်တီးထုတ်လုပ်ခဲ့ရာမှာ OPPO F5 Series တွေက အဓိက ပါဝင်ခဲ့ပြီး သုံးစွဲသူတွေ ပိုမိုအကြိုက်တွေ့တဲ့ Bezel-less ဘေးဘောင်ကျဉ်း ဒီဇိုင်းမျိုးတွေကို ပိုမို အသက်သွင်း ထုတ်လုပ်ပေးနိုင် ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ နှစ်လယ်လောက်မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ OPPO F7 Series ထုတ်ကုန်တွေမှာတော့ မျက်နှာပြင်အချိုးအစား ကို တိုးမြှင့်ဖန်တီးပေးနိုင်လာခဲ့သလို စမတ်ဖုန်းလောကမှာ ခေတ်စားနေတဲ့ Notch Screen အဖြစ်ပါ ပထမဆုံး ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

OPPO F5 Youth

OPPO F7

မနှစ်က OPPO က ထွက်ရှိခဲ့တဲ့ F9 မှာတော့ ပုံမှန် Notch Screen ရေစီးကြောင်းကနေ ကွဲထွက်နေတဲ့ Waterdrop Screen လို့ခေါ်တဲ့ ရေစက်ပုံစံ မျက်နှာပြင် ပါဝင်ခဲ့ပါတယ်။ အခု ၂၀၁၉ မှာတော့ OPPO ကနေပြီး ဘာ Notch၊ ဘာဘေးဘောင်မှ မပါတဲ့ တကယ့်ကို ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်အပြည့်ကို အပြည့်အဝ ခံစားရမယ့် F series ရဲ့ မျိုးဆက်သစ် F11 Pro ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

OPPO F11 Pro

OPPO F11 Pro

ရှေ့လကမှ မြန်မာပြည်မှာ စတင် မိတ်ဆက်ခဲ့တဲ့ OPPO F11 Pro ဟာဆိုရင်တော့ အလယ်ကနေ ထွက်ရှိလာတဲ့ Pop-up Selfie Camera နဲ့ ဘေးဘောင်တွေ Notch တွေမပါဘဲ တကယ့် မျက်နှာပြင်အပြည့် ခံစားမှုကို ရရှိစေမှာပါ။ 90.9% Screen-to-Body Ratio နဲ့ Crescent Curve ဒီဇိုင်းတွေက ဖုန်းသုံးပြီး တီဗီကြည့်တဲ့အခါမျိုးတွေ၊ ဂိမ်းဆော့တဲ့ အခါမျိုးတွေမှာ ကောင်းမွန်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ၆.၅ လက်မ အရွယ်ရှိတဲ့ မျက်နှာပြင်အရွယ်အစား ပါဝင်တဲ့ F11 Pro ကိုတော့ မြန်မာနိုင်ငံမှာ ရောင်းချလျက်ရှိပြီး ၄၉၉၉၀၀ ကျပ်နဲ့ နိုင်ငံအနှံ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။