[ZawGyi]

ကိုယ္ေရြးခ်ယ္တဲ႔တကၠသိုလ္ရဲ႕ Ranking ေကာင္းဖုိ႔လုိပါတယ္

တကၠသိုလ္ဝင္တန္းျပီးဆံုးခ်ိန္မွာ အဆင္႔ျမင္႔ပညာေရးကိုရဖုိ၊႔ ႏိုင္ငံတကာအသိအမွတ္ျပဳဘြဲ႔လက္မွတ္ေတြကိုပိုင္ဆုိင္ႏိုင္ဖုိ႔ မိဘေတြေရာ ေက်ာင္းသားေတြေရာက ေက်ာင္းေကာင္းေကာင္းေရြးခ်ယ္ၾကပါတယ္။ ဒီလုိေက်ာင္းေရြးခ်ယ္တဲ႔ေနရာမွာ ႏိုင္ငံရပ္ျခားကတကၠသိုလ္ေတြမွာ သြားေရာက္ပညာသင္ၾကားၾကတာလည္းရွိပါတယ္။ ခုေခတ္မွာေတာ႔ အိုးအိမ္မကြာပညာသင္ၾကားျပီး ႏိုင္ငံတကာအသိအမွတ္ျပဳဘြဲ႔ေတြရႏိုင္တဲ႔ ျမန္မာျပည္တြင္းကပုဂၢလိကေက်ာင္းေတြကိုလည္း ေရြးခ်ယ္လာၾကပါတယ္။ ႏိုင္ငံျခားမွာေက်ာင္းသြားတက္ဖို႔ ေက်ာင္းေရြးသည္ျဖစ္ေစ၊ ႏိုင္ငံတကာကတကၠသိုလ္ၾကီးေတြနဲ႔ခ်ိတ္ဆက္ထားတဲ႔ ျပည္တြင္းကေကာလိပ္ေတြကိုပဲေရြးသည္ျဖစ္ေစ တစ္ခုသတိထားရမွာက ကိုယ္ေရြးခ်ယ္လိုက္တဲ႔တကၠသိုလ္ရဲ႕ Ranking ပါပဲ။

တကယ္လို႔သင္က ျပည္တြင္းပုဂၢလိကေကာလိပ္တစ္ခုခုမွာပဲတက္ၿပီး နိုင္ငံတကာတကၠသိုလ္တစ္ခုခုရဲ႕ ဘြဲ႔တန္းကိုတက္မယ္ဆိုရင္ အဲဒီျပည္တြင္းပုဂၢလိကေကာလိပ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ ႏိုင္ငံတကာမွတကၠသိုလ္မ်ားရဲ႕ Ranking ကို ေသခ်ာဆန္းစစ္ၿပီးမွ တက္ေရာက္ဖို႔ ေရြးခ်ယ္သင့္ပါတယ္။ ဘာလို႔လဲဆိုရင္ ေက်ာင္းတစ္ေက်ာင္းရဲ႕ Ranking ဟာ ေက်ာင္းရဲ႕ဂုဏ္သိကၡာ၊နာမည္ေကာင္းကိုေဖာ္ေဆာင္ေနပါတယ္။ Ranking ေကာင္းတဲ႔ေက်ာင္းေတြဟာ သင္ၾကားမႈသင္ယူမႈနဲ႔ပတ္သက္ျပီး တကယ္အႏွစ္သာရရွိေအာင္၊လက္ေတြ႔အသံုးခ်ႏိုင္ေအာင္ ထိထိေရာက္ေရာက္သင္ၾကားေပးေလ႔ရွိၾကပါတယ္။ ကိုယ္ရရွိခဲ့တဲ့ဘြဲ႔လက္မွတ္ဟာ Ranking ျမင္႔တဲ႔ တကၠသိုလ္တစ္ခုကဘြဲ႔ျဖစ္ေနမယ္ဆိုရင္ ပိုမိုဂုဏ္သိကၡာရွိျပီး အလုပ္ရွာေဖြရာမွာလည္း ပိုျပီးအဆင္ေျပလြယ္ကူေစနိုင္ပါတယ္။ ကိုယ္ကအခ်ိန္နဲ႔ေငြေတြေပးဆပ္ရင္းႏွီးကာေက်ာင္းတက္ရျပီး ရခဲ႔တဲ႔ဘြဲ႕လက္မွတ္ဟာ တကယ္တမ္းမွာတန္ဖိုးတစ္ခုရွိမေနဘူးဆုိရင္ စိုက္ထုတ္ထားတာနဲ႔မတန္ျဖစ္ေနပါလိမ္႔မယ္။ ဒါေၾကာင္႔ ကိုယ္ေပးဆပ္လိုက္ရတဲ႔အင္အားတစ္ခုနဲ႔ ညီမွ်တဲ႔ပညာတန္ဖုိးကိုရဖုိ႔ အေရးၾကီးပါတယ္။ ဒီေတာ႔ ကိုယ္ေရြးခ်ယ္မယ့္ျပည္ပတကၠသိုလ္ရဲ႕ Ranking ေကာင္းမေကာင္း ဘယ္လုိသိရွိႏိုင္မလဲဆုိတာ ေလ႔လာၾကည္႔ရေအာင္။

University-ranking

University-ranking

University Ranking ေတြကိုတိုင္းတာတဲ့ University League Table ေတြထဲမွာ The Guardian ၊ The Times ၊ The Sunday Times ၊ The Complete University Guide စသျဖင္႔ယံုၾကည္စိတ္ခ်ရတဲ႔ League Table ေတြရွိပါတယ္။ ဒီလုိ League Table ေတြထဲမွာ The Guardian ကေတာ႔ခိုင္မာတဲ႔သမိုင္းေၾကာင္းရွိျပီး နာမည္ေကာင္းနဲ႔ဦးေဆာင္ေနပါတယ္။ သူက UK မွာရွိတဲ႔တကၠသိုလ္နဲ႔ ေကာလိပ္ေပါင္းေျမာက္ျမားစြာထဲက အေကာင္းဆံုးေက်ာင္းေပါင္း ၁၀၀ ကို ႏွစ္စဥ္ေဖာ္ျပေပးေနတာျဖစ္ပါတယ္။ The Guardian အေနနဲ႔ League Table ကို Ranking လုပ္တဲ႔ေနရာမွာ The National Student Survey ရဲ႕ Official Data ေတြကိုအသံုးျပဳျပီး England ရွိ တကၠသိုလ္ေပါင္းစံုမွ Expert မ်ားက ပူးေပါင္းအကဲျဖတ္ၾကတာျဖစ္ပါတယ္။ UK မွာ အျခားေသာ University League Table ေတြက ေက်ာင္းတစ္ေက်ာင္းရဲ႕ ဘာသာရပ္ေတြအေပၚဘယ္ေလာက္သုေတသနလုပ္ထားတယ္ဆိုတာကို အဓိကတိုင္းတာျပီးဆံုးျဖတ္ေပမယ္႔ The Guardian ကေတာ႔ ေက်ာင္းသားေတြအတြက္ ဘာသာရပ္ေတြရဲ႕လက္ေတြ႔အက်ိဳးရွိမႈ၊အသံုးဝင္မႈေတြအေပၚမွာ ေလ႔လာၿပီးအကဲျဖတ္ေပးတာျဖစ္ပါတယ္။

The Guardian က အေကာင္းဆံုးေက်ာင္းကို အဆင့္(၁)မွစသတ္မွတ္ေပးျပီး သူတုိ႔ရဲ႕သတ္မွတ္ခ်က္ေတြကေတာ႔ –

(၁) Guardian ရဲ႕ ကိုယ္ပိုင္ အကဲျဖတ္သတ္မွတ္မႈေတြ ၊
(၂) သင္ခန္းစာေတြအေပၚေက်ာင္းသားေတြ စိတ္ေက်နပ္မႈ ရွိမရွိ ၊
(၃) စာသင္ၾကားမႈ နည္းစနစ္အေပၚမွာ ေက်ာင္းသားေတြ စိတ္ေက်နပ္မႈ ရွိမရွိ ၊
(၄) ေက်ာင္းသားနဲ႔ဆရာ အခ်ိဳးမ်ွတမႈ ရွိ မရွိ ၊
(၅) ေက်ာင္းသားတစ္ဦးခ်င္းစီအေပၚ သံုးစြဲေသာေငြပမာဏ ၊
(၆) တကၠသိုလ္တက္ေရာက္ႏိုင္ဖို႔ သတ္မွတ္ထားတဲ႔အရည္အခ်င္းကန္႔သတ္ခ်က္မ်ား ၊
(၇) ၆လ အတြင္းအလုပ္အကိုင္ရရွိမႈ စတဲ႔အခ်က္ေတြအေပၚမွာ အေျခခံသတ္မွတ္တာျဖစ္ပါတယ္။

ဒီလုိ ေက်ာင္းသားေတြအတြက္ အက်ိဳးသက္ေရာက္မႈရွိတဲ႔တိုင္းတာခ်က္ေတြနဲ႔သတ္မွတ္တာမုိ႔ တကၠသိုလ္တိုင္းကကိုယ္႔ေက်ာင္းကို Ranking မက်ေအာင္ ထိပ္မွာရပ္တည္ႏိုင္ေအာင္ၾကိဳးစားေနၾကတာျဖစ္ပါတယ္။ ေက်ာင္းရဲ႕သင္ရိုးေတြ၊သင္ၾကားပံုနည္းစနစ္ေတြ၊ဆရာေတြ၊ေက်ာင္းသားေတြရဲ႕စိတ္ေက်နပ္မႈ စတာေတြကို တိုးတက္ေအာင္ အျမဲၾကိဳးပမ္းေနၾကတဲ႔အျပင္ သူတို႔နဲ႔ ခ်ိတ္ဆက္ၿပီး ဘြဲ႔တန္းေတြကိုုသင္ၾကားပို႔ခ်ေနတဲ့ နိုင္ငံတကာမွပုဂၢလိကေကာလိပ္ေတြကိုလည္း သူတို႔စံႏွုန္းနဲ႔ ကိုက္ညီ၊မညီ အျမဲဂရုျပဳၾကပါတယ္။

၂၀၁၉ အတြက္ The Guardian ရဲ႕ University League Tables ကို ဒီ Link မွာဝင္ေရာက္ၾကည္႔ရႈႏိုင္ပါတယ္။

The Guardian University League Tables အရလက္ရွိ ျပည္တြင္းမွပုဂၢလိကေကာလိပ္မ်ားနဲ႔ ခ်ိတ္ဆက္ထားတဲ့ UK တကၠသိုလ္မ်ားထဲမွာ Ranking အျမင္႔ဆံုးျဖစ္ေနတာကေတာ႔ ခ်င္းတြင္းေကာလိပ္နဲ႔ခ်ိတ္ဆက္ထားတဲ႔ University of Portsmouth ျဖစ္ေနပါတယ္။ University of Portsmouth ဟာ ၂၀၁၈ Ranking အဆင့္ (၃၇) ကေန မၾကာေသးခင္ကမွ ၂၀၁၉ အတြက္ထြက္ရွိလာတဲ႔ Ranking List မွာ အဆင္႔ (၂၅) ျဖစ္လာခဲ႔တာမုိ႔ (၁၂) ဆင္႔ တစ္ဟုန္ထိုး ျမင့္တက္လာခဲ႔တာေတြ႔ရပါတယ္။

ဒါေၾကာင့္ ျပည္တြင္းပုဂၢလိကေကာလိပ္တစ္ခုခုမွာပဲ နိုင္ငံျခားတကၠသိုလ္မ်ားမွဘြဲ႕တန္းေတြကို တက္ေရာက္သင္ယူဖို႔စိတ္ကူးရွိတယ္ဆိုရင္ အဲဒီႏိုင္ငံျခားတကၠသိုလ္ရဲ႕ Ranking ကို ေသခ်ာေလ႔လာၿပီးမွ ေရြးခ်ယ္တက္ေရာက္ၾကဖို႔အေရးၾကီးပါတယ္ေနာ္။

www.akhayar.com

[Unicode]

ကိုယ်ရွေးချယ်တဲ့တက္ကသိုလ်ရဲ့ Ranking ကောင်းဖို့လိုပါတယ်

တက္ကသိုလ်ဝင်တန်းပြီးဆုံးချိန်မှာ အဆင့်မြင့်ပညာရေးကိုရဖို၊့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်တွေကိုပိုင်ဆိုင်နိုင်ဖို့ မိဘတွေရော ကျောင်းသားတွေရောက ကျောင်းကောင်းကောင်းရွေးချယ်ကြပါတယ်။ ဒီလိုကျောင်းရွေးချယ်တဲ့နေရာမှာ နိုင်ငံရပ်ခြားကတက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ကြားကြတာလည်းရှိပါတယ်။ ခုခေတ်မှာတော့ အိုးအိမ်မကွာပညာသင်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တွေရနိုင်တဲ့ မြန်မာပြည်တွင်းကပုဂ္ဂလိကကျောင်းတွေကိုလည်း ရွေးချယ်လာကြပါတယ်။ နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ ကျောင်းရွေးသည်ဖြစ်စေ၊ နိုင်ငံတကာကတက္ကသိုလ်ကြီးတွေနဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းကကောလိပ်တွေကိုပဲရွေးသည်ဖြစ်စေ တစ်ခုသတိထားရမှာက ကိုယ်ရွေးချယ်လိုက်တဲ့တက္ကသိုလ်ရဲ့ Ranking ပါပဲ။

တကယ်လို့သင်က ပြည်တွင်းပုဂ္ဂလိကကောလိပ်တစ်ခုခုမှာပဲတက်ပြီး နိုင်ငံတကာတက္ကသိုလ်တစ်ခုခုရဲ့ ဘွဲ့တန်းကိုတက်မယ်ဆိုရင် အဲဒီပြည်တွင်းပုဂ္ဂလိကကောလိပ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာမှတက္ကသိုလ်များရဲ့ Ranking ကို သေချာဆန်းစစ်ပြီးမှ တက်ရောက်ဖို့ ရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုရင် ကျောင်းတစ်ကျောင်းရဲ့ Ranking ဟာ ကျောင်းရဲ့ဂုဏ်သိက္ခာ၊နာမည်ကောင်းကိုဖော်ဆောင်နေပါတယ်။ Ranking ကောင်းတဲ့ကျောင်းတွေဟာ သင်ကြားမှုသင်ယူမှုနဲ့ပတ်သက်ပြီး တကယ်အနှစ်သာရရှိအောင်၊လက်တွေ့အသုံးချနိုင်အောင် ထိထိရောက်ရောက်သင်ကြားပေးလေ့ရှိကြပါတယ်။ ကိုယ်ရရှိခဲ့တဲ့ဘွဲ့လက်မှတ်ဟာ Ranking မြင့်တဲ့ တက္ကသိုလ်တစ်ခုကဘွဲ့ဖြစ်နေမယ်ဆိုရင် ပိုမိုဂုဏ်သိက္ခာရှိပြီး အလုပ်ရှာဖွေရာမှာလည်း ပိုပြီးအဆင်ပြေလွယ်ကူစေနိုင်ပါတယ်။ ကိုယ်ကအချိန်နဲ့ငွေတွေပေးဆပ်ရင်းနှီးကာကျောင်းတက်ရပြီး ရခဲ့တဲ့ဘွဲ့လက်မှတ်ဟာ တကယ်တမ်းမှာတန်ဖိုးတစ်ခုရှိမနေဘူးဆိုရင် စိုက်ထုတ်ထားတာနဲ့မတန်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပေးဆပ်လိုက်ရတဲ့အင်အားတစ်ခုနဲ့ ညီမျှတဲ့ပညာတန်ဖိုးကိုရဖို့ အရေးကြီးပါတယ်။ ဒီတော့ ကိုယ်ရွေးချယ်မယ့်ပြည်ပတက္ကသိုလ်ရဲ့ Ranking ကောင်းမကောင်း ဘယ်လိုသိရှိနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

University-ranking

University-ranking

University Ranking တွေကိုတိုင်းတာတဲ့ University League Table တွေထဲမှာ The Guardian ၊ The Times ၊ The Sunday Times ၊ The Complete University Guide စသဖြင့်ယုံကြည်စိတ်ချရတဲ့ League Table တွေရှိပါတယ်။ ဒီလို League Table တွေထဲမှာ The Guardian ကတော့ခိုင်မာတဲ့သမိုင်းကြောင်းရှိပြီး နာမည်ကောင်းနဲ့ဦးဆောင်နေပါတယ်။ သူက UK မှာရှိတဲ့တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းမြောက်မြားစွာထဲက အကောင်းဆုံးကျောင်းပေါင်း ၁၀၀ ကို နှစ်စဉ်ဖော်ပြပေးနေတာဖြစ်ပါတယ်။ The Guardian အနေနဲ့ League Table ကို Ranking လုပ်တဲ့နေရာမှာ The National Student Survey ရဲ့ Official Data တွေကိုအသုံးပြုပြီး England ရှိ တက္ကသိုလ်ပေါင်းစုံမှ Expert များက ပူးပေါင်းအကဲဖြတ်ကြတာဖြစ်ပါတယ်။ UK မှာ အခြားသော University League Table တွေက ကျောင်းတစ်ကျောင်းရဲ့ ဘာသာရပ်တွေအပေါ်ဘယ်လောက်သုတေသနလုပ်ထားတယ်ဆိုတာကို အဓိကတိုင်းတာပြီးဆုံးဖြတ်ပေမယ့် The Guardian ကတော့ ကျောင်းသားတွေအတွက် ဘာသာရပ်တွေရဲ့လက်တွေ့အကျိုးရှိမှု၊အသုံးဝင်မှုတွေအပေါ်မှာ လေ့လာပြီးအကဲဖြတ်ပေးတာဖြစ်ပါတယ်။

The Guardian က အကောင်းဆုံးကျောင်းကို အဆင့်(၁)မှစသတ်မှတ်ပေးပြီး သူတို့ရဲ့သတ်မှတ်ချက်တွေကတော့ –

(၁) Guardian ရဲ့ ကိုယ်ပိုင် အကဲဖြတ်သတ်မှတ်မှုတွေ ၊
(၂) သင်ခန်းစာတွေအပေါ်ကျောင်းသားတွေ စိတ်ကျေနပ်မှု ရှိမရှိ ၊
(၃) စာသင်ကြားမှု နည်းစနစ်အပေါ်မှာ ကျောင်းသားတွေ စိတ်ကျေနပ်မှု ရှိမရှိ ၊
(၄) ကျောင်းသားနဲ့ဆရာ အချိုးမျှတမှု ရှိ မရှိ ၊
(၅) ကျောင်းသားတစ်ဦးချင်းစီအပေါ် သုံးစွဲသောငွေပမာဏ ၊
(၆) တက္ကသိုလ်တက်ရောက်နိုင်ဖို့ သတ်မှတ်ထားတဲ့အရည်အချင်းကန့်သတ်ချက်များ ၊
(၇) ၆လ အတွင်းအလုပ်အကိုင်ရရှိမှု စတဲ့အချက်တွေအပေါ်မှာ အခြေခံသတ်မှတ်တာဖြစ်ပါတယ်။

ဒီလို ကျောင်းသားတွေအတွက် အကျိုးသက်ရောက်မှုရှိတဲ့တိုင်းတာချက်တွေနဲ့သတ်မှတ်တာမို့ တက္ကသိုလ်တိုင်းကကိုယ့်ကျောင်းကို Ranking မကျအောင် ထိပ်မှာရပ်တည်နိုင်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်။ ကျောင်းရဲ့သင်ရိုးတွေ၊သင်ကြားပုံနည်းစနစ်တွေ၊ဆရာတွေ၊ကျောင်းသားတွေရဲ့စိတ်ကျေနပ်မှု စတာတွေကို တိုးတက်အောင် အမြဲကြိုးပမ်းနေကြတဲ့အပြင် သူတို့နဲ့ ချိတ်ဆက်ပြီး ဘွဲ့တန်းတွေကိုသင်ကြားပို့ချနေတဲ့ နိုင်ငံတကာမှပုဂ္ဂလိကကောလိပ်တွေကိုလည်း သူတို့စံနှုန်းနဲ့ ကိုက်ညီ၊မညီ အမြဲဂရုပြုကြပါတယ်။

၂၀၁၉ အတွက် The Guardian ရဲ့ University League Tables ကို ဒီ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

The Guardian University League Tables အရလက်ရှိ ပြည်တွင်းမှပုဂ္ဂလိကကောလိပ်များနဲ့ ချိတ်ဆက်ထားတဲ့ UK တက္ကသိုလ်များထဲမှာ Ranking အမြင့်ဆုံးဖြစ်နေတာကတော့ ချင်းတွင်းကောလိပ်နဲ့ချိတ်ဆက်ထားတဲ့ University of Portsmouth ဖြစ်နေပါတယ်။ University of Portsmouth ဟာ ၂၀၁၈ Ranking အဆင့် (၃၇) ကနေ မကြာသေးခင်ကမှ ၂၀၁၉ အတွက်ထွက်ရှိလာတဲ့ Ranking List မှာ အဆင့် (၂၅) ဖြစ်လာခဲ့တာမို့ (၁၂) ဆင့် တစ်ဟုန်ထိုး မြင့်တက်လာခဲ့တာတွေ့ရပါတယ်။

ဒါကြောင့် ပြည်တွင်းပုဂ္ဂလိကကောလိပ်တစ်ခုခုမှာပဲ နိုင်ငံခြားတက္ကသိုလ်များမှဘွဲ့တန်းတွေကို တက်ရောက်သင်ယူဖို့စိတ်ကူးရှိတယ်ဆိုရင် အဲဒီနိုင်ငံခြားတက္ကသိုလ်ရဲ့ Ranking ကို သေချာလေ့လာပြီးမှ ရွေးချယ်တက်ရောက်ကြဖို့အရေးကြီးပါတယ်နော်။

www.akhayar.com