[Zawgyi]

ေရႊေရာင္နဂါးေတြကုိ အာရွျခေသၤ့တို႔ ဘယ္လုိ အႏုိင္ယူျပမလဲ

၂၀၁၈ ဆူဇူကီးဖလားၿပိဳင္ပဲြမွာ ပုံစံေကာင္းျပေနတဲ့အသင္းတစ္သင္းက ဗီယက္နမ္ပါပဲ။ ေရႊေရာင္နဂါးလုိ႔ တင္စားခံရတဲ့ ဗီယက္နမ္အသင္းဟာ အုပ္စု(က)မွာ (၂)ပဲြကစား၊ (၂)ပဲြႏုိင္ (၅)ဂုိးသြင္း ေပးဂုိးမရွိေသးဘဲ ဆီမီးဖိုင္နယ္တစ္ေနရာကုိ ရယူဖုိ႔ ရာခုိင္ႏႈန္းမ်ားေနပါၿပီ။ ဒါေပမဲ့ ဆီမီးဖုိင္နယ္ကုိ ေျခခ်ခြင့္မရခင္ သူတို႔ ႀကီးမားတဲ့ စိန္ေခၚမႈနဲ႔ ရင္ဆုိင္ရပါဦးမယ္။ သူတို႔ကုိ စိန္ေခၚမယ့္အသင္းက အာရွျခေသၤ့လုိ႔ အမည္ရတဲ့ ျမန္မာအသင္းပါပဲ။ လက္ရွိအခ်ိန္မွာ ဒီႏွစ္သင္းရဲ႕ အေနအထားကုိ ခ်ိန္ထုိးၾကည့္ရင္ ဗီယက္နမ္က ျမန္မာအသင္းထက္ ႏွာတစ္ဖ်ားသာေနတာကုိ ေတြ႕ရမွာပါ။

Myanmar-Vs-Vietnam

Myanmar-Vs-Vietnam

ဒါေပမဲ့ ကုိယ့္ကြင္း၊ ကုိယ့္ပရိသတ္ေရွ႕မွာ ကစားရမယ့္အျပင္ ျမန္မာအသင္းမွာလည္း အရည္အေသြးရွိတဲ့ ကစားသမားေတြ ပါ၀င္ေနလုိ႔ ဗီယက္နမ္တို႔အတြက္ လြယ္ကူမယ့္ ပဲြေတာ့ ျဖစ္လာႏုိင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ျမန္မာအသင္း ဗီယက္နမ္ကုိ ဘယ္လုိ အႏုိင္ယူေက်ာ္ျဖတ္ႏုိင္မလဲဆုိတာကုိ သုံးသပ္ၾကည့္ခ်င္ပါတယ္ . .

ႏွစ္သင္းရလဒ္
ဗီယက္နမ္အသင္းဟာ လာအုိ၊ မေလးရွားတို႔နဲ႔ ရင္ဆုိင္ခဲ့ၿပီး လာအုိကုိ (၃)ဂုိးျပတ္၊ မေလးရွားကုိ (၂)ဂုိးျပတ္နဲ႔ အႏုိင္ရခဲ့တယ္။ ျမန္မာအသင္းကေတာ့ ကေမၻာဒီးယားကုိ (၄-၁)ဂုိး၊ လာအုိကုိ (၃-၁)ဂုိးနဲ႔ အႏုိင္ယူခဲ့ၿပီး သြင္းဂုိး(၇)ဂုိးနဲ႔ ဗီယက္နမ္၊ မေလးရွားတို႔နဲ႔ (၆)မွတ္တူ ဂုိးကြာျခားခ်က္အသာေၾကာင့္ အုပ္စုထိပ္ဆုံးမွာ ရပ္တည္ေနတာပါ။

အဓိက ကစားသမားမ်ား
ျမန္မာအသင္းကုိ အဓိက ဦးေဆာင္ေနသူက ေအာင္သူ Aung Thu ဆုိတာ အထူး ေျပာစရာမလုိပါဘူး။ ျမန္မာတိုက္စစ္မွဴး ေရႊေရာင္မ်ိဳးဆက္သစ္ျဖစ္လာတဲ့ ေအာင္သူဟာ လာအုိနဲ႔ပဲြမွာ အေရးပါတဲ့ ေခ်ပဂုိးကုိ သြင္းယူခဲ့တယ္။ သူ႔လုိပဲ ျမန္မာအသင္းရဲ႕ Key Players ေတြက လိႈင္းဘုိဘုိ Hlaing Bo Bo နဲ႔ ေနာက္ခံလူ သိန္းသန္း၀င္း Thein Than Win လုိ႔ သတ္မွတ္ရမယ္။ ဗီယက္နမ္ကေတာ့ “ငုရင္” မ်ိဳးဆက္သစ္ေတြနဲ႔ ေရွ႕ဆက္ေနဆဲပါပဲ။

Aung-Thu

Aung-Thu

တိုက္စစ္မွဴးေတြျဖစ္တဲ့ Nguyen Cong Phuong နဲ႔ Nguyen Anh Duc တို႔ဟာ ဗီယက္နမ္တိုက္စစ္အတြက္ အသက္ေသြးေၾကာေတြျဖစ္ၾကပါတယ္။ (၂၃)ႏွစ္သာရွိေသးတဲ့ Nguyen Cong Phuong ရဲ႕ လ်င္ျမန္မႈ၊ Skill နဲ႔ Nguyen Anh Duc (၃၃ႏွစ္)ရဲ႕ တည္ၿငိမ္မႈ၊ အဆုံးသတ္စြမ္းရည္တို႔နဲ႔ ေပါင္းစပ္ထားတဲ့ ဗီယက္နမ္တိုက္စစ္က ေၾကာက္ဖုိ႔ေကာင္းတာ အမွန္ပါပဲ။ ဗီယက္နမ္ေနာက္တန္းကလည္း အခုအခ်ိန္အထိ အမွားမရွိေသးပါဘူး။

ႏွစ္သင္းစလုံး ကစားပုံ
ျမန္မာအသင္းဟာ ၿပီးခဲ့တဲ့ (၂)ပဲြစလုံးမွာ (၄-၅-၁)ကို အေျခတည္ခဲ့ေပမယ့္ တိုက္စစ္ဆင္ရင္ (၄-၃-၃)ပုံစံ ေျပာင္းလဲသြားတယ္။ ဒါေပမဲ့ ျမန္မာအသင္းရဲ႕ အဓိက ရည္မွန္းခ်က္က ၿပိဳင္ဘက္ထက္ ေဘာလုံးအသာရယူဖုိ႔ျဖစ္တာေၾကာင့္ (၄-၅-၁)ပုံစံကုိပဲ ပဲြခ်ိန္အမ်ားစုမွာ အသုံးျပဳခဲ့တယ္။ ဒီပုံစံမွာ Defensive Midfielder ျဖစ္တဲ့ လိႈင္းဘုိဘုိအေပၚ တာ၀န္ပုံက်လာေပမယ့္ အခုအခ်ိန္ထိေတာ့ လိႈင္းဘုိဘုိဟာ တာ၀န္ေက်ေနဆဲပါပဲ။ ဗီယက္နမ္ကေတာ့ ျမန္မာနဲ႔ ဆန္႔က်င္ဘက္ပါပဲ။

Aung-Thu-Style-Of-Play

Aung-Thu-Style-Of-Play

ေနာက္ခံလူ (၃)ဦးသာထား ကစားေလ့ရွိၿပီး အုပ္စုအဖြင့္ပဲြမွာေတာ့ (၄-၂-၃-၁)ပုံစံကို အလ်င္းသင့္သလုိ ကစားခဲ့တယ္။ မေလးရွားကုိ အႏုိင္ရခဲ့တဲ့ပဲြမွာေတာ့ ခံစစ္အသားေပး (၅-၄-၁)ကစားကြက္ကို ခင္းက်င္းခဲ့ေပမယ့္ တိုက္စစ္ကုိ ကူးေျပာငး္တဲ့အခါ Wingbacks ေတြနဲ႔ ေတာင္ပံေတြကေနတစ္ဆင့္ (၃-၄-၃)ပုံစံ ေျပာင္းလဲကစားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ First Priority က ခံစစ္လုံၿခံဳဖုိ႔ျဖစ္ၿပီး ကုိယ့္ဆီက ေဘာလုံးဆုံး႐ႈံးသြားရင္ အျမန္ဆုံး ျပန္ရယူဖုိ႔ျဖစ္ပါတယ္။

ဗီယက္နမ္ကုိ ျမန္မာ ဘယ္လုိ အႏုိင္ယူမလဲ
ျမန္မာအသင္းက Ball Possession ကုိ ဦးစားေပးတတ္တဲ့အသင္းပါပဲ။ ၿပီးခဲ့တဲ့ႏွစ္ပဲြမွာ ျမန္မာအသင္းရဲ႕ ေဘာလုံးပုိင္ဆုိင္မႈက (၆၀)ရာခုိင္ႏႈန္းအထိ ရွိခဲ့တယ္။ ကံဆုိးတာက ဗီယက္နမ္အသင္းဟာ ေဘာလုံးပုိင္ဆုိင္မႈ အသာမရရင္ေတာင္ ရလဒ္ေကာင္းေအာင္ ကစားတတ္တဲ့အသင္းျဖစ္ေနတာပါပဲ။ မေလးရွားနဲ႔ပဲြမွာ ေဘာလုံးပုိင္ဆုိင္မႈက (၃၁)ရာခုိင္ႏႈန္းပဲ ရွိခဲ့တာေတာင္ (၂-၀)ဂုိးနဲ႔ အႏုိင္ကစားခဲ့တယ္။ ၿပိဳင္ဘက္က ဘယ္ေလာက္ပဲ ေဘာလုံးကုိင္ထားပါေစ၊ ကုိယ့္ပုံစံ မပ်က္ေအာင္ထိန္းထားတဲ့အျပင္ Space ေတြ လုံး၀မေပးပါဘူး။ သူတို႔ရဲ႕ လုပ္အားႏႈန္း၊ နည္းဗ်ဴဟာဆုိင္ရာ တည္ၿငိမ္မႈေတြက ၿပိဳင္ဘက္အသင္းကုိ ထုိးေဖာက္ရခက္ေစၿပီး အဲဒီအခ်က္ေတြေၾကာင့္ပဲ ဗီယက္နမ္အသင္းဟာ လုိခ်င္တဲ့ရလဒ္ကုိ ရယူႏုိင္ခဲ့တာပါပဲ။

Vietnam-Football-Team-Players

Vietnam-Football-Team-Players

ဒါေၾကာင့္ ဗီယက္နမ္အသင္းရဲ႕ ခံစစ္ကုိ ထုိးေဖာက္ဖုိ႔ဆုိရင္ ျမန္မာအသင္း ဒီထက္ပုိ လုပ္အားႏႈန္း ေကာင္းမွ ျဖစ္ပါလိမ့္မယ္။ ေအာင္သူနဲ႔ လြင္မုိးေအာင္တို႔ Space ေတြ ပုိရဖုိ႔အတြက္ Creative Players ေတြက အကူအညီ ပုိေပးမွျဖစ္မွာပါ။ (၄-၅-၁)ကစားကြက္အရ ျမန္မာအသင္းအေနနဲ႔ ၿပိဳင္ဘက္ရဲ႕ counter-attacks ေတြကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ရွိေနၿပီး ကုိယ့္ဘက္က တန္ျပန္တိုက္စစ္ေတာင္ ျပန္စလုိ႔ ရႏုိင္တဲ့ အေနအထားပါပဲ။ ႏွစ္သင္းစလုံးသာ ခံစစ္အသားေပးပုံစံနဲ႔ ပဲြထြက္လာခဲ့ရင္ေတာ့ အရင္ပဲြေတြေလာက္ ၾကည့္ေကာင္းမယ့္ပုံစံေတာ့ မရွိေလာက္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ကုိယ့္ေျမ၊ ကုိယ့္ေရမွာ ကန္မယ့္ပဲြျဖစ္ေနလုိ႔ ျမန္မာအသင္း အႏုိင္ရဖုိ႔အတြက္ အားေပးလုိက္ၾကရေအာင္လား ..ပရိသတ္ႀကီး

REF.foxsportsasia
Photo:Global New Light Of Myanmar,foxsportsasia,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရွှေရောင်နဂါးတွေကို အာရှခြင်္သေ့တို့ ဘယ်လို အနိုင်ယူပြမလဲ

၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ ပုံစံကောင်းပြနေတဲ့အသင်းတစ်သင်းက ဗီယက်နမ်ပါပဲ။ ရွှေရောင်နဂါးလို့ တင်စားခံရတဲ့ ဗီယက်နမ်အသင်းဟာ အုပ်စု(က)မှာ (၂)ပွဲကစား၊ (၂)ပွဲနိုင် (၅)ဂိုးသွင်း ပေးဂိုးမရှိသေးဘဲ ဆီမီးဖိုင်နယ်တစ်နေရာကို ရယူဖို့ ရာခိုင်နှုန်းများနေပါပြီ။ ဒါပေမဲ့ ဆီမီးဖိုင်နယ်ကို ခြေချခွင့်မရခင် သူတို့ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရပါဦးမယ်။ သူတို့ကို စိန်ခေါ်မယ့်အသင်းက အာရှခြင်္သေ့လို့ အမည်ရတဲ့ မြန်မာအသင်းပါပဲ။ လက်ရှိအချိန်မှာ ဒီနှစ်သင်းရဲ့ အနေအထားကို ချိန်ထိုးကြည့်ရင် ဗီယက်နမ်က မြန်မာအသင်းထက် နှာတစ်ဖျားသာနေတာကို တွေ့ရမှာပါ။

Myanmar-Vs-Vietnam

Myanmar-Vs-Vietnam

ဒါပေမဲ့ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှာ ကစားရမယ့်အပြင် မြန်မာအသင်းမှာလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေ ပါဝင်နေလို့ ဗီယက်နမ်တို့အတွက် လွယ်ကူမယ့် ပွဲတော့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာအသင်း ဗီယက်နမ်ကို ဘယ်လို အနိုင်ယူကျော်ဖြတ်နိုင်မလဲဆိုတာကို သုံးသပ်ကြည့်ချင်ပါတယ် . .

နှစ်သင်းရလဒ်
ဗီယက်နမ်အသင်းဟာ လာအို၊ မလေးရှားတို့နဲ့ ရင်ဆိုင်ခဲ့ပြီး လာအိုကို (၃)ဂိုးပြတ်၊ မလေးရှားကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်။ မြန်မာအသင်းကတော့ ကမ္ဘောဒီးယားကို (၄-၁)ဂိုး၊ လာအိုကို (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး သွင်းဂိုး(၇)ဂိုးနဲ့ ဗီယက်နမ်၊ မလေးရှားတို့နဲ့ (၆)မှတ်တူ ဂိုးကွာခြားချက်အသာကြောင့် အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

အဓိက ကစားသမားများ
မြန်မာအသင်းကို အဓိက ဦးဆောင်နေသူက အောင်သူ Aung Thu ဆိုတာ အထူး ပြောစရာမလိုပါဘူး။ မြန်မာတိုက်စစ်မှူး ရွှေရောင်မျိုးဆက်သစ်ဖြစ်လာတဲ့ အောင်သူဟာ လာအိုနဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူခဲ့တယ်။ သူ့လိုပဲ မြန်မာအသင်းရဲ့ Key Players တွေက လှိုင်းဘိုဘို Hlaing Bo Bo နဲ့ နောက်ခံလူ သိန်းသန်းဝင်း Thein Than Win လို့ သတ်မှတ်ရမယ်။ ဗီယက်နမ်ကတော့ “ငုရင်” မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်နေဆဲပါပဲ။

Aung-Thu

Aung-Thu

တိုက်စစ်မှူးတွေဖြစ်တဲ့ Nguyen Cong Phuong နဲ့ Nguyen Anh Duc တို့ဟာ ဗီယက်နမ်တိုက်စစ်အတွက် အသက်သွေးကြောတွေဖြစ်ကြပါတယ်။ (၂၃)နှစ်သာရှိသေးတဲ့ Nguyen Cong Phuong ရဲ့ လျင်မြန်မှု၊ Skill နဲ့ Nguyen Anh Duc (၃၃နှစ်)ရဲ့ တည်ငြိမ်မှု၊ အဆုံးသတ်စွမ်းရည်တို့နဲ့ ပေါင်းစပ်ထားတဲ့ ဗီယက်နမ်တိုက်စစ်က ကြောက်ဖို့ကောင်းတာ အမှန်ပါပဲ။ ဗီယက်နမ်နောက်တန်းကလည်း အခုအချိန်အထိ အမှားမရှိသေးပါဘူး။

နှစ်သင်းစလုံး ကစားပုံ
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ (၂)ပွဲစလုံးမှာ (၄-၅-၁)ကို အခြေတည်ခဲ့ပေမယ့် တိုက်စစ်ဆင်ရင် (၄-၃-၃)ပုံစံ ပြောင်းလဲသွားတယ်။ ဒါပေမဲ့ မြန်မာအသင်းရဲ့ အဓိက ရည်မှန်းချက်က ပြိုင်ဘက်ထက် ဘောလုံးအသာရယူဖို့ဖြစ်တာကြောင့် (၄-၅-၁)ပုံစံကိုပဲ ပွဲချိန်အများစုမှာ အသုံးပြုခဲ့တယ်။ ဒီပုံစံမှာ Defensive Midfielder ဖြစ်တဲ့ လှိုင်းဘိုဘိုအပေါ် တာဝန်ပုံကျလာပေမယ့် အခုအချိန်ထိတော့ လှိုင်းဘိုဘိုဟာ တာဝန်ကျေနေဆဲပါပဲ။ ဗီယက်နမ်ကတော့ မြန်မာနဲ့ ဆန့်ကျင်ဘက်ပါပဲ။

Aung-Thu-Style-Of-Play

Aung-Thu-Style-Of-Play

နောက်ခံလူ (၃)ဦးသာထား ကစားလေ့ရှိပြီး အုပ်စုအဖွင့်ပွဲမှာတော့ (၄-၂-၃-၁)ပုံစံကို အလျင်းသင့်သလို ကစားခဲ့တယ်။ မလေးရှားကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ ခံစစ်အသားပေး (၅-၄-၁)ကစားကွက်ကို ခင်းကျင်းခဲ့ပေမယ့် တိုက်စစ်ကို ကူးပြောင်းတဲ့အခါ Wingbacks တွေနဲ့ တောင်ပံတွေကနေတစ်ဆင့် (၃-၄-၃)ပုံစံ ပြောင်းလဲကစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ First Priority က ခံစစ်လုံခြုံဖို့ဖြစ်ပြီး ကိုယ့်ဆီက ဘောလုံးဆုံးရှုံးသွားရင် အမြန်ဆုံး ပြန်ရယူဖို့ဖြစ်ပါတယ်။

ဗီယက်နမ်ကို မြန်မာ ဘယ်လို အနိုင်ယူမလဲ
မြန်မာအသင်းက Ball Possession ကို ဦးစားပေးတတ်တဲ့အသင်းပါပဲ။ ပြီးခဲ့တဲ့နှစ်ပွဲမှာ မြန်မာအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၆၀)ရာခိုင်နှုန်းအထိ ရှိခဲ့တယ်။ ကံဆိုးတာက ဗီယက်နမ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာမရရင်တောင် ရလဒ်ကောင်းအောင် ကစားတတ်တဲ့အသင်းဖြစ်နေတာပါပဲ။ မလေးရှားနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုက (၃၁)ရာခိုင်နှုန်းပဲ ရှိခဲ့တာတောင် (၂-ဝ)ဂိုးနဲ့ အနိုင်ကစားခဲ့တယ်။ ပြိုင်ဘက်က ဘယ်လောက်ပဲ ဘောလုံးကိုင်ထားပါစေ၊ ကိုယ့်ပုံစံ မပျက်အောင်ထိန်းထားတဲ့အပြင် Space တွေ လုံးဝမပေးပါဘူး။ သူတို့ရဲ့ လုပ်အားနှုန်း၊ နည်းဗျူဟာဆိုင်ရာ တည်ငြိမ်မှုတွေက ပြိုင်ဘက်အသင်းကို ထိုးဖောက်ရခက်စေပြီး အဲဒီအချက်တွေကြောင့်ပဲ ဗီယက်နမ်အသင်းဟာ လိုချင်တဲ့ရလဒ်ကို ရယူနိုင်ခဲ့တာပါပဲ။

Vietnam-Football-Team-Players

Vietnam-Football-Team-Players

ဒါကြောင့် ဗီယက်နမ်အသင်းရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ဆိုရင် မြန်မာအသင်း ဒီထက်ပို လုပ်အားနှုန်း ကောင်းမှ ဖြစ်ပါလိမ့်မယ်။ အောင်သူနဲ့ လွင်မိုးအောင်တို့ Space တွေ ပိုရဖို့အတွက် Creative Players တွေက အကူအညီ ပိုပေးမှဖြစ်မှာပါ။ (၄-၅-၁)ကစားကွက်အရ မြန်မာအသင်းအနေနဲ့ ပြိုင်ဘက်ရဲ့ counter-attacks တွေကို ထိန်းချုပ်နိုင်ဖို့ရှိနေပြီး ကိုယ့်ဘက်က တန်ပြန်တိုက်စစ်တောင် ပြန်စလို့ ရနိုင်တဲ့ အနေအထားပါပဲ။ နှစ်သင်းစလုံးသာ ခံစစ်အသားပေးပုံစံနဲ့ ပွဲထွက်လာခဲ့ရင်တော့ အရင်ပွဲတွေလောက် ကြည့်ကောင်းမယ့်ပုံစံတော့ မရှိလောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြေ၊ ကိုယ့်ရေမှာ ကန်မယ့်ပွဲဖြစ်နေလို့ မြန်မာအသင်း အနိုင်ရဖို့အတွက် အားပေးလိုက်ကြရအောင်လား ..ပရိသတ်ကြီး

REF.foxsportsasia
Photo:Global New Light Of Myanmar,foxsportsasia,
Naing Linn(Akhayar)
www.akhayar.com