[Zawgyi]





ကျော်စိုးအောင် (အခရာ)

www.akhayar.com

[Unicode]

တစ်နေ့မှာ ဘယ်လောက်အိပ်စက်သင့်သလဲမေးလာရင် ၇နာရီနဲ့ ၈နာရီကြားပဲ အိပ်စက်သင့်တယ်လို့ ဖြေရမှာပါ။ The Huffington Post ဝက်ဆိုက် အယ်ဒီတာချုပ် Arianna Huffington ကတော့ လူတစ်ယောက်ဟာ အိပ်စက်ချိန်၇နာရီခွဲရှိသင့်တယ်လို့ အကြံပြုထားပါတယ်။ အိပ်ချိန်နည်းလာရင် စိတ်မငြိမ်ဖြစ်လာပြီး လုပ်သမျှတွေဟာ အလွဲလွဲအချော်ချော်ဖြစ်တတ်ပါတယ်။ အိပ်ချိန်များလွန်းရင်လည်း ကိုယ်လက်လေးလံထိုင်းမှိုင်းပြီး မပေါ့မပါးဖြစ်တတ်ပါတယ်။


အောင်မြင်သူ (၁၅) ယောက်ရဲ့ အိပ်စက်ချိန်နာရီများ

အခုဖော်ပြမယ့် စာရင်းမှာတော့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ လူပုဂ္ဂိုလ် (၁၅) ယောက်ရဲ့ အိပ်ချိန်နာရီတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့် (Donald Trump) ကတော့ တစ်နေ့မှာ ၃နာရီနဲ့ ၄နာရီကြားပဲ အိပ်စက်တယ်လို့ သိရပါတယ်။ ကဲ အိပ်ရေးဝဝ အိပ်စက်နိုင်ကြပါစေဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com