[Zawgyi]

မက္ဇူကာဘတ္ (Mark Zuckerberg) ရဲ႕တစ္စကၠန္႔ဝင္ေငြက ဘယ္ေလာက္ရွိလဲ

၂ဝ၁၇ခုႏွစ္ကုန္ဆုံးသြားတာနဲ႔ ကမၻာႀကီးဟာ အမ်ိဳးမ်ိဳးေျပာင္းလဲသြားတယ္။ ဆင္းရဲတဲ့သူေတြလည္း ခ်မ္းသာသြားခဲ့သလုိ ခ်မ္းသာတဲ့သူေတြလည္း ဆင္းရဲသြားတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ဖူးတဲ့အတြက္ ဆန္းၾကယ္လြန္းတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ ၂ဝ၁၇ခုႏွစ္အတြင္းမွာေတာ့ ဘီလ်ံနာသူေဌးေတြ ပုိခ်မ္းသာတဲ့ႏွစ္လုိ႔ အလြယ္တကူဆုိႏုိင္ပါတယ္။ ကမၻာ့အခ်မ္းသာဆုံးပုဂၢိဳလ္ (၅ဝဝ) ကုိ စာရင္းခ်ၾကည့္တဲ့အခါ (၇) ေယာက္မွာ (၆) ေယာက္က ပုိခ်မ္းသာခဲ့တယ္လုိ႔ သတ္မွတ္ႏုိင္ၿပီး ပ်မ္းမ်ွအားျဖင့္ေတာ့ ၁.၅ ဘီလီယံအထိ ျမင့္တက္ခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။

ဘီလ်ံနာမ်ား

ဘီလ်ံနာမ်ား

လူမႈကြန္ရက္ Facebook တည္ေထာင္သူလည္းျဖစ္၊ CEO အေနနဲ႔လည္း တာဝန္ယူထားတဲ့ မက္ဇူကာဘတ္ (Mark Zuckerberg) ဆုိရင္ ၂ဝ၁၇ခုႏွစ္ အစပုိင္းတုန္းက ၅ဝ ဘီလီယံသာ ပုိင္ဆုိင္ခဲ့ေပမယ့္ ၂ဝ၁၇ခုႏွစ္ကုန္ပုိင္းမွာ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈက ၇၄ ဘီလီယံအထိ ရွိလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူဟာ ၂ဝ၁၇ခုႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ ၂၄ ဘီလီယံ (၂,၄ဝဝ သန္း) အထိ ဝင္ေငြရွိခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ သူ႕ရဲ႕အဓိကဝင္ေငြဟာ Facebook ၊ Instagram နဲ႔ WhatsApp တုိ႔လုိ လူမႈကြန္ရက္ေတြက ရရွိခဲ့တာပါ။

ဝင္ေငြျပဇယား

ဝင္ေငြျပဇယား

တစ္ႏွစ္ေငြ ၂၄ ဘီလီယံဆုိတဲ့ ပမာဏက မနည္းလွပါဘူး။ သူ႕ရဲ႕ တစ္လဝင္ေငြဆုိရင္ ၂ ဘီလီယံ (၂,ဝဝဝ,ဝဝဝ,ဝဝဝ ေဒၚလာ) အထိ ရွိခဲ့တာပါ။ တစ္ရက္ဝင္ေငြ တြက္ခ်က္ၾကည့္လုိက္ေတာ့ ေဒၚလာ ၆၆ သန္းေက်ာ္ (၆၆,၆၆၆,၆၆၆ ေဒၚလာ) အထိရွိပါတယ္။ တစ္ေန႔ဝင္ေငြ ေဒၚလာ ၆၆သန္းဆုိတာႀကီးက မ်က္ခုံးလႈပ္စရာႀကီးပါ။ တစ္စကၠန္႔ဝင္ေငြၾကည့္လုိက္မယ္ဆုိရင္ ၇၇၁. ၆ ေဒၚလာ ရွိျပန္ပါတယ္။ အေမရိကန္တစ္ေဒၚလာေစ်းဟာ ျမန္မာေငြ ၁,၃၄၈က်ပ္အထိရွိတာမုိ႔ မက္ဇူကာဘတ္ရဲ႕တစ္စကၠန္႔ဝင္ေငြဟာ ျမန္မာေငြ ၁ဝသိန္းေက်ာ္ (၁,ဝ၄ဝ,၁၁၆ က်ပ္) ေတာင္ ရွိတယ္လုိ႔ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

မက်ဇူကာဘတ် (Mark Zuckerberg) ရဲ့တစ်စက္ကန့်ဝင်ငွေက ဘယ်လောက်ရှိလဲ

၂ဝ၁၇ခုနှစ်ကုန်ဆုံးသွားတာနဲ့ ကမ္ဘာကြီးဟာ အမျိုးမျိုးပြောင်းလဲသွားတယ်။ ဆင်းရဲတဲ့သူတွေလည်း ချမ်းသာသွားခဲ့သလို ချမ်းသာတဲ့သူတွေလည်း ဆင်းရဲသွားတဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးတဲ့အတွက် ဆန်းကြယ်လွန်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၂ဝ၁၇ခုနှစ်အတွင်းမှာတော့ ဘီလျံနာသူဌေးတွေ ပိုချမ်းသာတဲ့နှစ်လို့ အလွယ်တကူဆိုနိုင်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၅ဝဝ) ကို စာရင်းချကြည့်တဲ့အခါ (၇) ယောက်မှာ (၆) ယောက်က ပိုချမ်းသာခဲ့တယ်လို့ သတ်မှတ်နိုင်ပြီး ပျမ်းမျှအားဖြင့်တော့ ၁.၅ ဘီလီယံအထိ မြင့်တက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘီလျံနာများ

ဘီလျံနာများ

လူမှုကွန်ရက် Facebook တည်ထောင်သူလည်းဖြစ်၊ CEO အနေနဲ့လည်း တာဝန်ယူထားတဲ့ မက်ဇူကာဘတ် (Mark Zuckerberg) ဆိုရင် ၂ဝ၁၇ခုနှစ် အစပိုင်းတုန်းက ၅ဝ ဘီလီယံသာ ပိုင်ဆိုင်ခဲ့ပေမယ့် ၂ဝ၁၇ခုနှစ်ကုန်ပိုင်းမှာ သူ့ရဲ့အသားတင်ကြွယ်ဝမှုက ၇၄ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ၂ဝ၁၇ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ (၂,၄ဝဝ သန်း) အထိ ဝင်ငွေရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့အဓိကဝင်ငွေဟာ Facebook ၊ Instagram နဲ့ WhatsApp တို့လို လူမှုကွန်ရက်တွေက ရရှိခဲ့တာပါ။

ဝင်ငွေပြဇယား

ဝင်ငွေပြဇယား

တစ်နှစ်ငွေ ၂၄ ဘီလီယံဆိုတဲ့ ပမာဏက မနည်းလှပါဘူး။ သူ့ရဲ့ တစ်လဝင်ငွေဆိုရင် ၂ ဘီလီယံ (၂,ဝဝဝ,ဝဝဝ,ဝဝဝ ဒေါ်လာ) အထိ ရှိခဲ့တာပါ။ တစ်ရက်ဝင်ငွေ တွက်ချက်ကြည့်လိုက်တော့ ဒေါ်လာ ၆၆ သန်းကျော် (၆၆,၆၆၆,၆၆၆ ဒေါ်လာ) အထိရှိပါတယ်။ တစ်နေ့ဝင်ငွေ ဒေါ်လာ ၆၆သန်းဆိုတာကြီးက မျက်ခုံးလှုပ်စရာကြီးပါ။ တစ်စက္ကန့်ဝင်ငွေကြည့်လိုက်မယ်ဆိုရင် ၇၇၁. ၆ ဒေါ်လာ ရှိပြန်ပါတယ်။ အမေရိကန်တစ်ဒေါ်လာဈေးဟာ မြန်မာငွေ ၁,၃၄၈ကျပ်အထိရှိတာမို့ မက်ဇူကာဘတ်ရဲ့တစ်စက္ကန့်ဝင်ငွေဟာ မြန်မာငွေ ၁ဝသိန်းကျော် (၁,ဝ၄ဝ,၁၁၆ ကျပ်) တောင် ရှိတယ်လို့ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com