[Zawgyi]

လုပ္ငန္းရွင္ေတြနဲ႔ နာမည္ေက်ာ္ပုဂၢိဳလ္ေတြ တစ္နာရီအတြင္းမွာ ဝင္ေငြဘယ္ေလာက္ရွိလဲ

Amazon ၊ Google ၊ Facebook နဲ႔ Microsoft တုိ႔လုိ နည္းပညာကုမၸဏီႀကီးေတြကုိ တည္ေထာင္ထားတဲ့ လုပ္ငန္းရွင္ႀကီးေတြရဲ႕ဝင္ေငြက ေၾကာက္ခမန္းလိလိပါ။ နည္းပညာအေျချပဳလုပ္ငန္းျဖစ္တာနဲ႔အညီ ေငြေၾကးေတြက ဝင္လာမစဲ တသဲသဲျဖစ္ေနတာပါ။ ဒါ့ေၾကာင့္ပဲ ဒီေန႔ေခတ္မွာ နည္းပညာသမားေတြက အခ်မ္းသာဆုံးစာရင္းမွာ ေနရာယူႏုိင္တာျဖစ္ပါတယ္။

အခုစာရင္းမွာေတာ့ ဘီလ်ံနာလုပ္ငန္းရွင္ေတြရဲ႕ တစ္နာရီဝင္ေငြအထိကုိ အေသးစိတ္ေဖာ္ျပေပးထာပါတယ္။ ၂ဝ၁၇ခုႏွစ္မွာ ပုိင္ဆုိင္ခဲ့တဲ့ အသားတင္ၾကြယ္ဝမႈနဲ႔ ၂ဝ၁၈ခုႏွစ္မွာ ရွိေနတဲ့ အသားတင္ၾကြယ္ဝမႈေတြကုိ အေျချပဳၿပီး တစ္နာရီဝင္ေငြအထိကုိ အေသးစိတ္တြက္ခ်က္တာျဖစ္ပါတယ္။ ဝင္ေငြအေကာင္းဆုံးလူသားက Amazon ရဲ႕ပဲ့ကုိင္ရွင္ Jeff Bezos ျဖစ္ပါတယ္။ သူ႕ရဲ႕တစ္နာရီဝင္ေငြက အေမရိကန္ေဒၚလာ ၄.၄ သန္းအထိ ရွိခဲ့တာပါ။ ဒုတိယေနရာမွာေတာ့ Facebook ရဲ႕ မာလိန္မွဴး Mark Zuckerberg က ရပ္တည္ေနၿပီး တစ္နာရီဝင္ေငြ ၁.၇ သန္းအထိ ရွိခဲ့တာပါ။ လုပ္ငန္းရွင္ႀကီးေတြရဲ႕ တစ္နာရီဝင္ေငြကုိ ေအာက္ပါအတုိင္း ေဖာ္ျပထားပါတယ္။

အခုစာရင္းမွာေတာ့ နာမည္ေက်ာ္ပုဂၢိဳလ္ေတြရဲ႕ တစ္နာရီဝင္ေငြအထိကုိ တြက္ခ်က္ေပးထားပါတယ္။ ၂ဝ၁၇ခုႏွစ္ ဇြန္လက ၂ဝ၁၈ခုႏွစ္ ဇြန္လအတြင္း စုေဆာင္းမိခဲ့တဲ့ တစ္ႏွစ္ဝင္ေငြေတြကုိ တြက္ခ်က္ၿပီး တစ္နာရီဝင္ေငြအထိ ေဖာ္ျပထားတာပါ။

အႏုပညာေလာကမွာ မင္းသားႀကီး George Clooney က ဝင္ေငြအေကာင္းဆုံးျဖစ္ၿပီး တစ္နာရီဝင္ေငြ ၂၇,၂၈၃ ေဒၚလာရွိပါတယ္။ နာမည္ေက်ာ္ေမာ္ဒယ္ Kylie Jenner က ဒုတိယေနရာမွာရွိၿပီး တစ္နာရီဝင္ေငြ ၁၉,ဝဝ၆ ေဒၚလာရွိပါတယ္။ ေနာက္မွာေတာ့ မင္းသားႀကီး Dwayne Johnson ၊ မီဒီယာကေဝ Ellen DeGeneres နဲ႔ ဘတ္စကတ္သမား LeBron James တုိ႔ရပ္တည္ေနပါတယ္။

သတင္းဓာတ္ပုံ – Business Insider

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

လုပ်ငန်းရှင်တွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တစ်နာရီအတွင်းမှာ ဝင်ငွေဘယ်လောက်ရှိလဲ

Amazon ၊ Google ၊ Facebook နဲ့ Microsoft တို့လို နည်းပညာကုမ္ပဏီကြီးတွေကို တည်ထောင်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ဝင်ငွေက ကြောက်ခမန်းလိလိပါ။ နည်းပညာအခြေပြုလုပ်ငန်းဖြစ်တာနဲ့အညီ ငွေကြေးတွေက ဝင်လာမစဲ တသဲသဲဖြစ်နေတာပါ။ ဒါ့ကြောင့်ပဲ ဒီနေ့ခေတ်မှာ နည်းပညာသမားတွေက အချမ်းသာဆုံးစာရင်းမှာ နေရာယူနိုင်တာဖြစ်ပါတယ်။

အခုစာရင်းမှာတော့ ဘီလျံနာလုပ်ငန်းရှင်တွေရဲ့ တစ်နာရီဝင်ငွေအထိကို အသေးစိတ်ဖော်ပြပေးထာပါတယ်။ ၂ဝ၁၇ခုနှစ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အသားတင်ကြွယ်ဝမှုနဲ့ ၂ဝ၁၈ခုနှစ်မှာ ရှိနေတဲ့ အသားတင်ကြွယ်ဝမှုတွေကို အခြေပြုပြီး တစ်နာရီဝင်ငွေအထိကို အသေးစိတ်တွက်ချက်တာဖြစ်ပါတယ်။ ဝင်ငွေအကောင်းဆုံးလူသားက Amazon ရဲ့ပဲ့ကိုင်ရှင် Jeff Bezos ဖြစ်ပါတယ်။ သူ့ရဲ့တစ်နာရီဝင်ငွေက အမေရိကန်ဒေါ်လာ ၄.၄ သန်းအထိ ရှိခဲ့တာပါ။ ဒုတိယနေရာမှာတော့ Facebook ရဲ့ မာလိန်မှူး Mark Zuckerberg က ရပ်တည်နေပြီး တစ်နာရီဝင်ငွေ ၁.၇ သန်းအထိ ရှိခဲ့တာပါ။ လုပ်ငန်းရှင်ကြီးတွေရဲ့ တစ်နာရီဝင်ငွေကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

အခုစာရင်းမှာတော့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ တစ်နာရီဝင်ငွေအထိကို တွက်ချက်ပေးထားပါတယ်။ ၂ဝ၁၇ခုနှစ် ဇွန်လက ၂ဝ၁၈ခုနှစ် ဇွန်လအတွင်း စုဆောင်းမိခဲ့တဲ့ တစ်နှစ်ဝင်ငွေတွေကို တွက်ချက်ပြီး တစ်နာရီဝင်ငွေအထိ ဖော်ပြထားတာပါ။

အနုပညာလောကမှာ မင်းသားကြီး George Clooney က ဝင်ငွေအကောင်းဆုံးဖြစ်ပြီး တစ်နာရီဝင်ငွေ ၂၇,၂၈၃ ဒေါ်လာရှိပါတယ်။ နာမည်ကျော်မော်ဒယ် Kylie Jenner က ဒုတိယနေရာမှာရှိပြီး တစ်နာရီဝင်ငွေ ၁၉,ဝဝ၆ ဒေါ်လာရှိပါတယ်။ နောက်မှာတော့ မင်းသားကြီး Dwayne Johnson ၊ မီဒီယာကဝေ Ellen DeGeneres နဲ့ ဘတ်စကတ်သမား LeBron James တို့ရပ်တည်နေပါတယ်။

သတင်းဓာတ်ပုံ – Business Insider

ကျော်စိုးအောင် (အခရာ)

www.akhayar.com