[Zawgyi] 

ႏွစ္တုိင္း Smartphone တစ္လံုးအသစ္ထြက္တိုင္း ဖုန္းကုမၸဏီေတြအၿမဲအခ်ိန္ယူၿပီး ေျပာတာကေတာ့ သူတို႔ဖုန္းေတြက Camera Quality ဘယ္ေလာက္ေကာင္းသလဲဆိုတာပါပဲ။ Camera ေတြနဲ႔ပတ္သက္ၿပီး လူအမ်ားစိတ္ဝင္စားလာကတည္းက ဖုန္းကုမၸဏီေတြကလည္းႏွစ္စဥ္ Camera ေတြကိုသိသိသာသာေကာင္းလာေအာင္ အဆင့္ျမွင့္ႏိုင္သမွ်ျမွင့္လာၾကပါတယ္။ Feature အသစ္ေတြ၊ ရိုက္နည္းအသစ္ေတြပါလာေပမယ့္ Camera ကသင့္အတြက္ဘယ္အတုိင္းအတာအထိအေရးပါသလဲဆုိတာကို အရင္စဥ္းစားသင့္ပါတယ္။ 

ဖုန္းတစ္လံုးဝယ္မယ္ဆိုရင္ လူေတာ္ေတာ္မ်ားမ်ားကိုေမးၾကည့္တဲ့အခါ Camera ေကာင္းလို႔လားဆိုတာကို သူတို႔အရင္စဥ္းစားၾကတယ္လို႔ေျဖပါတယ္။  Camera ေကာင္းလားလို႔စဥ္းစားၾကေပမယ့္ Camera နဲ႔တစ္ခုခုကိုဖန္တီးမယ့္သူသိပ္မပါပါဘူး။ Social Media ေတြေပၚမွာတင္ဖို႔အတြက္ Camera ေကာင္းတဲ့ဖုန္းကိုပဲပိုဦးစားေပးေရြးဝယ္ေနၾကတာကမ်ားေနပါတယ္။ အဲ့ဒီလိုလူေတြထဲမွာ သင္လည္းပါေနတယ္ဆိုရင္ေတာ့ Camera အေၾကာင္းသင္ျပန္စဥ္းစားသင့္ပါၿပီ။ Social Media ေပၚတင္ေနတာေတြက Portrait Mode လိုမ်ိဳးနဲ႔႐ိုက္ၿပီး စီးပြားျဖစ္တင္ေနရတဲ့သူ (ဥပမာ-Online Shopping အေသးစားပဲျဖစ္ျဖစ္) မဟုတ္ဘူးဆိုရင္ေတာ့ Portrait Mode ပါတဲ့ဖုန္းမွဆိုတဲ့အေတြးမ်ိဳးကိုဖယ္လိုက္ပါ။ Portrait Mode ကဘယ္ေလာက္ပဲေကာင္းတယ္ေျပာေျပာ သင့္အေနနဲ႔အခ်ိန္ၾကာလာရင္ Portrait Mode အေၾကာင္းပိုသိလာၿပီး ပိုေကာင္းတဲ့ Camera ပါတဲ့ဖုန္းကိုပဲပိုလိုခ်င္လာတာမ်ိဳးေတြျဖစ္သြားႏိုင္ပါတယ္။

ဖုန္းတစ္လံုးဝယ္ဖို႔ကို Camera ပိုင္းအရင္စဥ္းစားေနတယ္ဆိုရင္ေတာ့ Camera တစ္လံုးသာဝယ္လိုက္တာပိုေကာင္းပါတယ္။ ဖုန္းမွာပါတဲ့ Camera ေတြကေတာ့ ျဖည္းျဖည္းခ်င္းတိုးတက္လာေနတာေၾကာင့္ ဒီႏွစ္ထြက္တဲ့ဖနု္းကို Camera ႀကိဳက္လို႔ဝယ္လိုက္ၿပီး ေနာက္ႏွစ္ထြက္တဲ့ဖုန္းကိုလည္း Camera ႀကိဳက္လို႔ထပ္ဝယ္ရတာမိ်ဳးေတြျဖစ္ေနမွာပါ။ အေပ်ာ္ဓာတ္ပံု႐ိုက္ၿပီး Online မွာတင္ဖို႔တစ္ခုတည္းနဲ႔ ဖုန္းတစ္လံုုးကို Camera နဲ႔ေကာင္းမေကာင္းဆံုးျဖတ္ခ်က္ခ်ေနတာက ေတာ္ေတာ္ေလးလြဲမွားေနတဲ့ဆံုးျဖတ္ခ်က္တစ္ခုပါ။ Camera ကအေရးပါတယ္ဆိုေပမယ့္ သင္ Camera တစ္ခုတည္းကိုပဲၾကည့္ၿပီးဖုန္းကိုေရြးခ်ယ္လိုက္တယ္ဆိုရင္ အျခားကိစၥေတြအတြြက္ဖုန္းကိုသံုးတဲ့အခါ အဆင္မေျပတာ၊ ပါလာတဲ့ Feature ေတြကမသံုးျဖစ္လို႔၊ မသံုးတတ္လို႔အပိုျဖစ္ေနရင္ အဆင္မေျပပါဘူး။ သံုးဖို႔ထည့္ေပးထားတဲ့ Feature ေတြကိုႀကိဳက္လို႔မဟုတ္ပဲ Camera ကိုသေဘာက်တာနဲ႔ ဖုန္းကိုေရြးလိုက္မယ္ဆိုရင္ ေနာက္ထပ္ဖုန္းတစ္လံုးထပ္ဝယ္ရဖို႔ကေသျခာေနပါတယ္။ ဖုန္းတစ္လံုးက ဓာတ္ပံု႐ိုက္ဖို႔ထက္ပိုပါတယ္၊ ဓာတ္ပံုနဲ႔ပတ္သက္လာလို႔ သင္ဟာ႐ုးသြပ္သူတစ္ေယာက္ဆိုရင္ေတာ့ ေနာက္ထြက္မယ့္ဖုန္းေတြရဲ႕ Camera ေတြဘယ္ေလာက္ေကာင္းလာမလဲဆိုတာမ်ိဳးကို ေမွ်ာ္လင့္ေနဖို႔မသင့္ေတာ့ပါဘူး။ တစ္ကယ့္ Camera တစ္လံုးကိုသာဝယ္ဖို႔စဥ္းစားသင့္ပါတယ္။ ဖုန္းတစ္လံုးမွာပါတဲ့ Camera ေတြက ဘယ္ေလာက္ပဲေကာင္းေကာင္း လက္ေတြ႕မွာေတာ့ ကန္႔သတ္ခ်က္ေတြ၊ ေဘာင္ေတြရွိေနပါေသးတယ္။ ဖုန္းတစ္လံုးဝယ္ဖို႔ဆံုးျဖတ္ခ်က္ခ်ေတာ့မယ္ဆိုရင္ Camera ကိုအဓိကထားစဥ္းစားၿပီး ဆံုးျဖတ္ခ်က္မခ်သင့္ေတာ့ပါဘူး။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 
Smartphone Camera နည်းပညာတွေက သင့်အတွက်ဘယ်လောက်အကျိုးရှိသလဲ

နှစ်တိုင်း Smartphone တစ်လုံးအသစ်ထွက်တိုင်း ဖုန်းကုမ္ပဏီတွေအမြဲအချိန်ယူပြီး ပြောတာကတော့ သူတို့ဖုန်းတွေက Camera Quality ဘယ်လောက်ကောင်းသလဲဆိုတာပါပဲ။ Camera တွေနဲ့ပတ်သက်ပြီး လူအများစိတ်ဝင်စားလာကတည်းက ဖုန်းကုမ္ပဏီတွေကလည်းနှစ်စဉ် Camera တွေကိုသိသိသာသာကောင်းလာအောင် အဆင့်မြှင့်နိုင်သမျှမြှင့်လာကြပါတယ်။ Feature အသစ်တွေ၊ ရိုက်နည်းအသစ်တွေပါလာပေမယ့် Camera ကသင့်အတွက်ဘယ်အတိုင်းအတာအထိအရေးပါသလဲဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။ 

ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် လူတော်တော်များများကိုမေးကြည့်တဲ့အခါ Camera ကောင်းလို့လားဆိုတာကို သူတို့အရင်စဉ်းစားကြတယ်လို့ဖြေပါတယ်။  Camera ကောင်းလားလို့စဉ်းစားကြပေမယ့် Camera နဲ့တစ်ခုခုကိုဖန်တီးမယ့်သူသိပ်မပါပါဘူး။ Social Media တွေပေါ်မှာတင်ဖို့အတွက် Camera ကောင်းတဲ့ဖုန်းကိုပဲပိုဦးစားပေးရွေးဝယ်နေကြတာကများနေပါတယ်။ အဲ့ဒီလိုလူတွေထဲမှာ သင်လည်းပါနေတယ်ဆိုရင်တော့ Camera အကြောင်းသင်ပြန်စဉ်းစားသင့်ပါပြီ။ Social Media ပေါ်တင်နေတာတွေက Portrait Mode လိုမျိုးနဲ့ရိုက်ပြီး စီးပွားဖြစ်တင်နေရတဲ့သူ (ဥပမာ-Online Shopping အသေးစားပဲဖြစ်ဖြစ်) မဟုတ်ဘူးဆိုရင်တော့ Portrait Mode ပါတဲ့ဖုန်းမှဆိုတဲ့အတွေးမျိုးကိုဖယ်လိုက်ပါ။ Portrait Mode ကဘယ်လောက်ပဲကောင်းတယ်ပြောပြော သင့်အနေနဲ့အချိန်ကြာလာရင် Portrait Mode အကြောင်းပိုသိလာပြီး ပိုကောင်းတဲ့ Camera ပါတဲ့ဖုန်းကိုပဲပိုလိုချင်လာတာမျိုးတွေဖြစ်သွားနိုင်ပါတယ်။

ဖုန်းတစ်လုံးဝယ်ဖို့ကို Camera ပိုင်းအရင်စဉ်းစားနေတယ်ဆိုရင်တော့ Camera တစ်လုံးသာဝယ်လိုက်တာပိုကောင်းပါတယ်။ ဖုန်းမှာပါတဲ့ Camera တွေကတော့ ဖြည်းဖြည်းချင်းတိုးတက်လာနေတာကြောင့် ဒီနှစ်ထွက်တဲ့ဖနု်းကို Camera ကြိုက်လို့ဝယ်လိုက်ပြီး နောက်နှစ်ထွက်တဲ့ဖုန်းကိုလည်း Camera ကြိုက်လို့ထပ်ဝယ်ရတာမျိုးတွေဖြစ်နေမှာပါ။ အပျော်ဓာတ်ပုံရိုက်ပြီး Online မှာတင်ဖို့တစ်ခုတည်းနဲ့ ဖုန်းတစ်လုံုးကို Camera နဲ့ကောင်းမကောင်းဆုံးဖြတ်ချက်ချနေတာက တော်တော်လေးလွဲမှားနေတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ Camera ကအရေးပါတယ်ဆိုပေမယ့် သင် Camera တစ်ခုတည်းကိုပဲကြည့်ပြီးဖုန်းကိုရွေးချယ်လိုက်တယ်ဆိုရင် အခြားကိစ္စတွေအတွက်ဖုန်းကိုသုံးတဲ့အခါ အဆင်မပြေတာ၊ ပါလာတဲ့ Feature တွေကမသုံးဖြစ်လို့၊ မသုံးတတ်လို့အပိုဖြစ်နေရင် အဆင်မပြေပါဘူး။ သုံးဖို့ထည့်ပေးထားတဲ့ Feature တွေကိုကြိုက်လို့မဟုတ်ပဲ Camera ကိုသဘောကျတာနဲ့ ဖုန်းကိုရွေးလိုက်မယ်ဆိုရင် နောက်ထပ်ဖုန်းတစ်လုံးထပ်ဝယ်ရဖို့ကသေခြာနေပါတယ်။ ဖုန်းတစ်လုံးက ဓာတ်ပုံရိုက်ဖို့ထက်ပိုပါတယ်၊ ဓာတ်ပုံနဲ့ပတ်သက်လာလို့ သင်ဟာရုးသွပ်သူတစ်ယောက်ဆိုရင်တော့ နောက်ထွက်မယ့်ဖုန်းတွေရဲ့ Camera တွေဘယ်လောက်ကောင်းလာမလဲဆိုတာမျိုးကို မျှော်လင့်နေဖို့မသင့်တော့ပါဘူး။ တစ်ကယ့် Camera တစ်လုံးကိုသာဝယ်ဖို့စဉ်းစားသင့်ပါတယ်။ ဖုန်းတစ်လုံးမှာပါတဲ့ Camera တွေက ဘယ်လောက်ပဲကောင်းကောင်း လက်တွေ့မှာတော့ ကန့်သတ်ချက်တွေ၊ ဘောင်တွေရှိနေပါသေးတယ်။ ဖုန်းတစ်လုံးဝယ်ဖို့ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် Camera ကိုအဓိကထားစဉ်းစားပြီး ဆုံးဖြတ်ချက်မချသင့်တော့ပါဘူး။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။