Laptop နဲ့ ဂိမ်းကစားဖို့ Graphics နဲ့ RAM ကို ဘယ်လိုရွေးချယ်ကြမလဲ?

ပြီးခဲ့တဲ့ အပတ်တုန်းက Laptop Processor ဘယ်လိုရွေးချယ်ကြမလဲ အကျယ်တဝင့်ဖော်ပြခဲ့ပြီးပြီမလို့ ဒီတစ်ခါမှာ ဂိမ်းကစားဖို့ Graphics နဲ့ RAM ဘယ်လောက် အနိမ့်ဆုံးသုံးဖို့ လိုမလဲဆိုတာကို ဖော်ပြသွားပါ့မယ်။

2GB Graphics is now Standard

လွန်ခဲ့တဲ့ ၅ နှစ်တုန်းကဆိုရင်ဗျာ 1GB VRAM ပါတဲ့ Graphics Card ရှိနေရင်ပဲ ဂိမ်းတော်တော်များများ ကစားနိုင်ခဲ့ပါတယ်။ အဲ့တုန်းက Graphics ပါဝါအရမ်းမကြိတ်သေးသလို Render ချဖို့ RAM ကိုလည်း ခုခေတ်လို 8GB ရှိမှတို့ 16GB တို့လို့ မတောင်းခဲ့ပါဘူး။ ပြောရမယ်ဆိုရင်ဗျာ Windows 32bit နဲ့တောင် Battlefield ၊ Call of Duty လို ဂိမ်းမျိုးတွေ အေးဆေးကစားနိုင်ခဲ့တယ်ဗျ၊ နောက်ပြီး Graphics Setting ကိုလည်း 1080p Medium လောက်နဲ့ အသာလေးဆွဲနိုင်ခဲ့တယ်။

Core i7 & Geforce Sticker

ပရိသတ်ကြီးတော့မသိဘူး၊ ကျနော်ဆို GTX 550ti ကို ၄ နှစ်လောက် သုံးခဲ့ဖူးတယ်၊ နောက်ဆုံးကစားခဲ့တဲ့ဂိမ်းပြောရမယ်ဆိုရင် Bethesda ကထုတ်တဲ့ The Evil Within ပါပဲ။ 2014 ထွက်ဆိုမယ့် Hardware ပါဝါအသားကုန်ကြိတ်တဲ့ဂိမ်းဗျ။ Minimum တောင် Core i7 or Equivalent Quad Core Processor ၊ 4GB RAM နဲ့ GTX 460 တဲ့ဗျာ။ အဲ့တုန်းက ကျနော့်ကွန်ပျူတာမှာ Core i3 ၊ 4GB RAM နဲ့ 550ti ပဲရှိတယ်။ Graphics ချင်းယှဉ်လိုက်ရင် GTX 460 က ပိုသာနေတယ်။ ပြောရင်တော့ဗျာ Minimum Requirement ကို မမှီဘူးပေါ့။ ဒါမယ့် Windows 8 ပေါ်မှာ The Evil Within ဂိမ်းကို အစဆုံးအောင်သွားအောင် ဒီ Specs နဲ့ပဲ ကစားခဲ့တယ်။ 900p Resolution မှာ Texture Quality ၊ Reflection ၊ FXAA စတာတွေ အားလုံးလျှော့၊ Disabled လုပ်ပြီး 45fps (Frame per Second) နဲ့ ဆွဲခဲ့ဖူးပါတယ်။

Laura Boss Fight (The Evil Within)

နောက်ပိုင်း GTX 550ti ကြီးပျက်သွားတော့ အရမ်းနှမြောမိခဲ့တယ်ဗျ။ ဒီ Graphics ကတ်လေးနဲ့ Bioshock Infinite ၊ Resident Evil 4 to 6 ၊ Battlefield 3 & 4 ၊ Need For Speed: The Run/Most Wanted/Rivals နဲ့ Wolfenstein: The New Order စတဲ့ ဂိမ်းတွေကောင်းကောင်းဆွဲခဲ့ရတယ်။ နောက်ပိုင်း GTX 1050 လှဲလိုက်ပြီး အဲ့ကတ်နဲ့ ဂိမ်းကစားရတာ ပို Smooth ဖြစ်လာတယ်ဆိုမယ့် အရင်လို အရသာမတွေ့လာတော့ဘူး။ ဘာလို့လဲဆိုတော့ Graphics Requirement ပိုများလာသလို RAM တောင်းတာလည်း ကြမ်းလာတယ်။ 2017 နဲ့ 2018 ထွက် ဂိမ်းတွေလှမ်းရှိုးကြည့်လိုက်ဗျာ Minimum ဆို Graphics 2GB ဖြစ်နေပြီ၊ Adjusted ဆို လာထား အနိမ့်ဆုံး 4GB ပဲ။ Open World ဂိမ်းသွားဆွဲမယ်ဆိုရင်တော့ GTX 1080 ထည့်ထားရင်တောင် Ultra Setting မှာ အများဆုံး 70fps လောက်ပဲ ရနေလိမ့်မယ်။ အဓိက In-game Demand အရမ်းများလာလို့ Frame Rate များများမထုတ်နိုင်တော့တဲ့ ပြဿနာရှိလာတာပါ။

My Lovely GTX 550ti

4GB Graphics may be Future Proof

ဒီတော့ ဂိမ်းကစားချင်လို့ Gaming Laptop ပဲဝယ်ဝယ်၊ Desktop ပဲဆင်ဆင် အရေးကြီးဆုံး အချက်က Graphics ဘယ်လောက် Powerful ဖြစ်သလဲဆိုတာပါပဲ။ Processor က ဒုတိယဖြစ်သွားပြီပေါ့နော်၊ ကျနော်ကစားခဲ့ဖူးတဲ့ The Evil Within ကိုပဲ ကြည့်လိုက်ဗျာ။ i7 က Minimum ဖြစ်နေပေမယ့် i3 နဲ့လည်း ကစားနိုင်တာပဲ၊ 1050 နဲ့တွဲသုံးတော့လည်း 60fps အပြည့်ရတယ်။ ဆိုတော့ Processor ကို Generation မြင့် Quad Core တလုံး ထည့်ထားလိုက်ရင် Gaming Performance အတွက် လက်ခံနိုင်တဲ့ အနေထားရှိသွားပြီဆိုမယ့် အနှစ်ပြည့်ပြည့် ကစားဖို့ ချင်တယ်ဆိုရင်တော့ Graphics ဘယ်လောက်သုံးမလဲဆိုတာပဲ စကားပြောပါလိမ့်မယ်။ RAM က တတိယလိုက်တာပေါ့နော်။

Is 2GB GTX 1050 enough for Gaming

Know Resolution and Frame Rate You Wish to Play

ကယ်..ဒီလိုဆိုရင် Game ကစားဖို့ Graphics ဘယ်လောက်လိုလည်းဆိုတာ ဆွေးနွေးကြည့်ရအောင်။ ပထမဆုံး ကျနော်ပြောချင်တာက Target ထားတဲ့ Resolution ပါပဲ။ အဲ့ဒါကိုမှ Frame Rate ဘယ်လောက်နဲ့ ဆွဲချင်တာလည်းဆိုပြီး ထည့်ပြောနိုင်သလို အလွယ်ကူဆုံး 1080p ကပဲ စလိုက်ရအောင်။ ဆိုတော့ Standard Full HD Resolution အတွက် Graphics ဘယ်လောက်သုံးရင်ကောင်းမလဲဆိုတာမပြောခင် ပထမဦးဆုံး Graphics Engine သဘောတရားကို နားလည်ထားဖို့ လိုပါလိမ့်မယ်။

Battlefield V Powered by Frostbite Engine

ပြောချင်တာ Rendering Resolution ဘယ်လောက်ထားမလည်း Texture Quality ကိုရော Med or High ဒါမှမဟုတ် Ultra အတွက်လား? နောက်ပြီး Anti-aliasing Method ကို Max Out လုပ်ပြီး 1080p နဲ့ကစားမယ်ဆိုရင်တော့ အနိမ့်ဆုံး Graphics VRAM 6GB ရှိမှ ဖြစ်နိုင်ပါလိမ့်မယ်။ တကယ်လို့ Triple A Title ဂိမ်းတွေချည်းပဲ ကစားဖို့ ရည်ရွယ်ထားမယ်ဆိုရင် ခုခေတ်အနေထားအရ GTX 1070 ဒါမှမဟုတ် 1070ti လောက်သုံးထားမှ Full HD မှာ 60fps နဲ့ အထက်ကစားနိုင်ပါမယ်။ ဒိထက်တဆင့်လျှော့သုံးချင်တယ်ဆိုရင် GTX 1060 ရှိတယ်ဆိုမယ့် Future Proof မဖြစ်နိုင်ပါဘူး။

Shadow of Mordor (2014)

တကယ်လို့ Triple A Title ဂိမ်းတွေကို Medium သို့ High လောက်ပဲ ကစားဖို့ မှန်းထားရင် 6GB VRAM သုံးထားတဲ့ Nvidia ၊ AMD ကတ်တွေအတွက် အစဉ်ပြေနိုင်ပေမယ့် အောက်က GTX 1050ti တို့လို RX560 တို့လို Mid-range ကတ်တွေ Struggle လုပ်ရဖွယ်ရှိပါတယ်။ eSports တွက်ပဲဆိုရင် ဒီကတ်တွေနဲ့ Frame Rate မြင့်မြင့်ကစားနိုင်တယ်ဆိုမယ့် Budget ပဲ မှန်းထားသူတွေ Medium Setting ဆိုတာ မေ့ထားလို့ရပါတယ်။

Know your game & your limit

ဘာလို့ ဂိမ်းကစားဖို့ Graphics အရမ်းတောင်းလာသလဲဆိုရင် In-game Setting အလိုက် 2GB ဆိုတဲ့ Power က Standard ဖြစ်လာခဲ့တာပါပဲ။ နောက်ပြီး 1080p ကို Target ထားရေးဆွဲနေတဲ့ Game Engine အလိုက် လိုအပ်ချက်က အနိမ့်ဆုံး 4GB ဖြစ်လာခဲ့ပြီး ကိုယ်က 2GB VRAM ပါတဲ့ Graphics Card နဲ့ သွားကစားမယ်ဆိုရင် Render Resolution ကို 720p အထိ Cut Out လုပ်ပစ်ပါလိမ့်မယ်။

Battlefield 4 Graphics Setting

ဒီတော့ Texture Quality ၊ LOD Distance စတဲ့ In-game Setting အားလုံး 720p Resolution နဲ့ပဲ အလုပ်လုပ်တော့လို့ ရုပ်ထွက်ကျသွားနိုင်တယ်။ နောက်ပြီး DirectX Features တခုဖြစ်တဲ့ Anti-aliasing ဖွင့်ကစားရင် Frame Rate ပါ ထပ်ကျသွားနိုင်ပြီး Ambient Occlusion နဲ့ Ambient Feature တွေမပါတော့ဘူးဆိုရင် ရုပ်ထွက်တုံးတိကြီးနဲ့ ကစားနေရပါလိမ့်မယ်။ အဲ့ဒါကြောင့် 2GB VRAM ပါတဲ့ Graphics Card အများစုက AAA ဂိမ်းတွေကို Resolution အနိမ့်မှာ Lowest Setting နဲ့ပဲ ကစားလို့ရနိုင်တာပါ။ ဒါပေမယ့် DOTA 2 နဲ့ CS:GO လို ဂိမ်းမျိုးအတွက်ဆိုရင်တော့ 2GB VRAM ပါတဲ့ Graphics Card တွေက အသင့်တော်ဆုံးလဲဖြစ်၊ ဈေးလည်းချိုတာမလို့ esports Center အများစုမှာ အသုံးများနေတာပါ။

Fallout 4 DRAM Test

16GB RAM might be a better choice

ဒီလိုပဲ 8GB RAM က ဂိမ်းကစားဖို့ လုံလောက်ရဲ့လားဆိုတာကို Multi-tasking မလုပ်ဘူး၊ ဂိမ်တမျိုးပဲ ကစားမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် Graphics Engine တောင်းသလောက် RAM လုံလုံလောက်လောက် ရှိထားဖို့လိုပြီး Open World ဂိမ်းတွေဖြစ်တဲ့ Mass Effect နဲ့ GTA ကစားရင် တစ်ခါတရံ အစဉ်မပြောတာမျိုး ရှိပေမယ့် Performance သိသိသာသာ ကျသွားတာမျိုးမရှိပါဘူး။ အထူးသဖြင့် Background မှာ Active ဖြစ်နေတဲ့ Unit တွေ ဖော်ပြဖို့ Processor နဲ့ RAM သုံးရရင် Recommended လုပ်ထားတဲ့ 8GB ပမာဏကို ကျော်သွားတတ်ပါတယ်။ ဒီတော့ ဂိမ်းကစားဖို့ရည်ရွယ်ထားရင် 12GB ဒါမှမဟုတ် 16GB လောက်သုံးတာက ပိုကောင်းပါတယ်လို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။

Related Articles

Laptop နဲ့ ဂိမ်းကစားဖို့ အရေးပါဆုံး Processor ကို ဘယ်လိုရွေးချယ်ကြမလဲ?
ရွေးချယ်လို့ အကောင်းဆုံး ဒေါ်လာ ၁၀၀၀ အောက် Gaming Laptop ၅ မျိုး
တကယ့် Horror အရသာပေးစွမ်းပြီး Original Story ဆီဆွဲခေါ်သွားမယ့် Resident Evil 2

2B (Akhayar)
www.akhayar.com