[Zawgyi] 

အသိဥာဏ္တုလို႔သင္သိထားတဲ့ Artificial Intelligence ေတြက သင့္လက္ထဲက Smartphone ထဲမွာတင္မဟုတ္ပဲ သင္စိတ္ကူးယဥ္လို႔ရတဲ့ နည္းပညာပစၥည္းေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္လာေနၿပီျဖစ္တာေၾကာင့္ သင့္အေနနဲ႔ AI ေတြနဲ႔ပတ္သက္လို႔အခုကစၿပီး အနည္းငယ္နားလည္ထားတာပိုေကာင္းပါလိမ့္မယ္။ AI ေတြကို နည္းပညာကုမၸဏီေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ကိုယ္ပိုင္စိတ္ကူးေတြကိုသံုးၿပီးဖန္တီးေနခဲ့ၾကတာ အခ်ိန္အတိုင္းအတာတစ္ခုမွာရွိေနခဲပါၿပီ။ ကြန္ပ်ဴတာေတြအပါအဝင္ အျခားစက္ပစၥည္းေတြကို AI အသံုးျပဳၿပီး လူေတြကိုကူညီေပးဖို႔က AI ေတြကိုဖန္တီးထားတဲ့ အဓိကရည္ရြယ္ခ်က္ျဖစ္ပါတယ္။

AI ဆိုတာဘာလဲ? 

ကြန္ပ်ဴတာတစ္လံုးက လူစ္ေယာက္ရဲ႕ဦးေႏွာက္လို စဥ္းစားေတြးေခၚမႈေတြလုပ္ႏိုင္ေအာင္ဖန္တီးထားတာကို AI လို႔နာမည္တပ္လိုက္တာပါ။ AI တစ္ခုျဖစ္လာေအာင္ေတာ့ လူရဲ႕ဦးေႏွာက္လိုမ်ိဳး အေၾကာင္းအရာအသစ္ေတြ၊ ျပႆနာအသစ္ေတြကို ေတြ႕ရင္ေတြ႕သလို မွတ္သားၿပီး အေၾကာင္းအရာအေပၚမွာ ခြဲျခမ္းစိတ္္ျဖာၿပီး လိုအပ္တဲ့တြက္ခ်က္မႈေတြလုပ္ၿပီးတဲ့အခါမွာေတာ့ ဆံုးျဖတ္ခ်က္၊ အႀကံျပဳခ်က္ ဒါမွမဟုတ္ အမိန္႔ေပးေစခိုင္းတာမ်ိဳးထြက္လာမွာျဖစ္ပါတယ္။ အမိန္႔ေပးေစခိုင္းတာမ်ိဳးဆိုတာမွာ စက္ပစၥည္းတစ္ခုကို လူရဲ႕အကူအညီမပါပဲ လည္ပတ္ေမာင္းႏွင္ေစတာ၊ အိမ္က မီးေတြကိုလင္းလာေစတာ၊ ပိတ္သြားေစတာမ်ိဳးေတြကိုဆိုလိုတာပဲျဖစ္ပါတယ္။ AI ေတြကိုဖန္တီးထားတဲ့ေနရာမွာ ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးကြဲျပားေနတာေၾကာင့္ AI တိုင္းကိုအတူတူပဲလို႔သတ္မွတ္လို႔ေတာ့မရပါဘူး။ သင့္ဖုန္းထဲက AI ကသင့္ရဲ႕တစ္ေန႔တာအခ်ိန္ဇယားနဲ႔ သင္ၾကည့္ခ်င္မယ့္ ႐ုပ္ရွင္ေတြနဲ႔ပတ္သက္ၿပီး သင့္ကိုအႀကံေပးတာမ်ိဳးေတြလုပ္ေပးမွာျဖစ္ၿပီး အိမ္က ေရခဲေသတၱာမွာပါတဲ့ AI ကေတာ့ဘယ္ေန႔ ႏြားႏို႔ထပ္ဝယ္ရမလဲဆိုတာမ်ိဳးကို အႀကံျပဳေပးမွာျဖစ္ပါတယ္။ 

AI ေတြေၾကာင့္ ဘာေတြေျပာင္းလဲလာမလဲ? 

အရင္က တစ္ခုခုလုပ္ဖို႔အတြက္၊ အစီအစဥ္ဆြဲရတာ၊ အခ်ိန္ကိုျပန္စီမန္ခန္႔ခြဲရတာေတြကို AI ေတြကေနရာဝင္ယူသြားမွာျဖစ္တာေၾကာင့္ သင္ဟာေန႔တစ္ေန႔ကို သက္ေသာင့္သက္သာနဲ႔ ျဖတ္သန္းလာႏိုင္ေတာ့မွာပါ။ ဥပမာ-အိမ္တစ္လံုးအတြက္ဖန္တီးထားတဲ့ AI ေၾကာင့္ မနက္မိုးလင္းတိုင္း၊ ညေနေနဝင္တိုင္း၊ ဒါမွမဟုတ္သင္အိမ္ကိုျပန္လာတိုင္းမွာ မီးေတြဖြင့္ေပးတာ၊ တံခါးေတြဖြင့္ေပးတာ၊ ခန္းဆီးလိုက္ကာေတြဖြင့္ေပးတာမ်ိဳးေတြအျပင္ သင့္ေတာ္တဲ့ အိမ္တြင္းအပူခ်ိန္ရႏိုင္ေအာင္ Air Conditioner ဒါမွမဟုတ္ Heater တစ္ခုခုကို အျပင္ကရာသီဥတုအခ်က္အလက္ေပၚမူတည္ၿပီး လိုအပ္သလိုဖြင့္တာ၊ ပိတ္တာေတြလုပ္ေပးမွာေၾကာင့္ သင့္အတြက္ အခ်ိန္ကုန္သက္သာၿပီး လွ်ပ္စစ္စြမ္းအင္လည္းေႁခြတာရာေရာက္ပါတယ္။ ကားထဲမွာဆိုရင္လည္း AI ေတြက သင့္အတြက္အမ်ားႀကီးကူညီေပးႏိုင္မွာျဖစ္ၿပီး အခုဆုိရင္ေတာ့ သင့္အတြက္ AI ကကားေမာင္းေပးႏိုင္တဲ့အဆင့္အထိေရာက္ေနပါၿပီ။ 

AI ေတြ အတူတြဲဖက္အလုပ္လုပ္လာခဲ့ရင္

အိမ္က AI စနစ္နဲ႔ သင့္ကားထဲက AI စနစ္ႏွစ္ခုဟာ သင့္လက္ထဲကဖုန္းဆီက လိုအပ္တဲ့အခ်က္အလက္ေတြရယူၿပီးတာနဲ႔ သင္ခရီးတစ္ခုထြက္ခဲ့မယ္ဆိုရင္ေတာင္ အိမ္တံခါးေသာ့ခတ္ဖို႔ေမ့ခဲတာ၊ မီးေတြပိတ္ဖို႔ေမ့သြားတာမ်ိဳးေတြအတြက္ AI ေတြကသင္အိမ္ကထြက္တာနဲ႔ အားလံုးလုပ္ေပးမွာျဖစ္တာေၾကာင့္ သင့္အတြက္အခ်ိန္ကုန္သက္သာသလို စိတ္ပူစရာမလိုေတာ့ပါဘူး။ AI ေတြအခ်င္းခ်င္းခ်ိတ္ဆက္အလုပ္လုပ္လာႏိုင္တာကေတာ့ ေတာ္ေတာ္ေလးေကာင္မြန္တဲ့တိုးတက္မႈတစ္ခုျဖစ္ၿပီး အနာဂတ္မွာ AI ပါဝင္တဲ့ နည္းပညာပစၥည္းေတြလည္း ထြက္ရွိလာဖို႔ရွိေနတာေၾကာင့္ အဝတ္ေလ ွ်ာ္စက္ေတြ၊ ကားေရေဆးတဲ့စက္ႀကီးေတြအျပင္ Container တင္သေဘၤာႀကီးေတြကိုပါ AI အသံုးျပၿပီး လမ္းေၾကာင္းရွာတာ၊ ေမာင္းႏွင္တာမ်ိဳးေတြအထိျဖစ္လာမွာပါ။ 2016 ေနာက္ပိုင္းမွာ AI နဲ႔ပတ္သက္ၿပီး အမ်ားႀကီးတိုးတက္လာခဲ့သလို သိသာတဲ့ေျပာင္းလဲမႈေတြလည္းျဖစ္ေပၚခဲ့ပါတယ္။ 

AI ေတြက လူေတြမဟုတ္ပါဘူး

ကြန္ပ်ဴတာေတြဘယ္ေလာက္ေကာင္းေကာင္း လက္ရွိအေျခအေနထိ ရွာေဖြေတြ႔ရွိထားသေလာက္ကေတာ့ ဘယ္ AI မွလူ႔ဦးေႏွာက္နီးပါးျမန္ဆန္တဲ့ ေတြးေခၚဆံုးျဖတ္မႈေတြကို မလုပ္ႏိုင္ေသးပါဘူး။ Computer တစ္မ်ိဳးကို အမွီျပဳၿပီးအလုပ္လုပ္ေပးတဲ့အရာျဖစ္ေနတာေၾကာင့္ အၿမဲတမ္းယံုၾကည္စိတ္ခ်လို႔လည္းမရေသးပါဘူး။ ဒါေပမယ့္ နည္းပညာတိုးတက္တာ ပိုျမန္လာၿပီျဖစ္တာေၾကာင့္ AI ေတြ လက္ေတြ႕အသံုးခ်မႈအပိုင္းမွာအရင္ကထက္ပိုမ်ားလာသလို ယံုႀကည္စိတ္ခ်ရတဲ့ရာခိုင္ႏႈန္းလည္းပိုမ်ားလာပါၿပီ။ လက္ရွိ AI အသံုးျပဳထားတဲ့အရာေတြကေတာ့ Smart Speaker ေတြ၊ ေရခဲေသတၱာေတြ၊ ကင္မရာေတြကေနၿပီး ေမာ္ေတာ္ကားေတြ အင္တာနက္ Service ေတြနဲ႔ Smartphone ေတြ အစရွိတဲ့ေနရာေတြမွာ ေတြ႕ရမွာပဲျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ AI ေတြကိုအခုထက္ပိုၿပီးတြင္တြင္က်ယ္က်ယ္အသံုးခ်လာႏိုင္ဦးမွာျဖစ္တာေၾကာင့္ AI နဲ႔ပတ္သက္လို႔ စိတ္ဝင္စားစရာ ပစၥည္းသစ္ေတြ ေမာ္ေတာ္ကားေတြ ေတြ႕ရဦးမွာပဲျဖစ္ပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

AI တွေကသင့်ကိုဘယ်လောက်ကူညီပေးနိုင်မလဲ?

အသိဉာဏ်တုလို့သင်သိထားတဲ့ Artificial Intelligence တွေက သင့်လက်ထဲက Smartphone ထဲမှာတင်မဟုတ်ပဲ သင်စိတ်ကူးယဉ်လို့ရတဲ့ နည်းပညာပစ္စည်းတော်တော်များများမှာ ပါဝင်လာနေပြီဖြစ်တာကြောင့် သင့်အနေနဲ့ AI တွေနဲ့ပတ်သက်လို့အခုကစပြီး အနည်းငယ်နားလည်ထားတာပိုကောင်းပါလိမ့်မယ်။ AI တွေကို နည်းပညာကုမ္ပဏီတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးတွေကိုသုံးပြီးဖန်တီးနေခဲ့ကြတာ အချိန်အတိုင်းအတာတစ်ခုမှာရှိနေခဲပါပြီ။ ကွန်ပျူတာတွေအပါအဝင် အခြားစက်ပစ္စည်းတွေကို AI အသုံးပြုပြီး လူတွေကိုကူညီပေးဖို့က AI တွေကိုဖန်တီးထားတဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။

AI ဆိုတာဘာလဲ? 

ကွန်ပျူတာတစ်လုံးက လူစ်ယောက်ရဲ့ဦးနှောက်လို စဉ်းစားတွေးခေါ်မှုတွေလုပ်နိုင်အောင်ဖန်တီးထားတာကို AI လို့နာမည်တပ်လိုက်တာပါ။ AI တစ်ခုဖြစ်လာအောင်တော့ လူရဲ့ဦးနှောက်လိုမျိုး အကြောင်းအရာအသစ်တွေ၊ ပြဿနာအသစ်တွေကို တွေ့ရင်တွေ့သလို မှတ်သားပြီး အကြောင်းအရာအပေါ်မှာ ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်တဲ့တွက်ချက်မှုတွေလုပ်ပြီးတဲ့အခါမှာတော့ ဆုံးဖြတ်ချက်၊ အကြံပြုချက် ဒါမှမဟုတ် အမိန့်ပေးစေခိုင်းတာမျိုးထွက်လာမှာဖြစ်ပါတယ်။ အမိန့်ပေးစေခိုင်းတာမျိုးဆိုတာမှာ စက်ပစ္စည်းတစ်ခုကို လူရဲ့အကူအညီမပါပဲ လည်ပတ်မောင်းနှင်စေတာ၊ အိမ်က မီးတွေကိုလင်းလာစေတာ၊ ပိတ်သွားစေတာမျိုးတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။ AI တွေကိုဖန်တီးထားတဲ့နေရာမှာ ရည်ရွယ်ချက်အမျိုးမျိုးကွဲပြားနေတာကြောင့် AI တိုင်းကိုအတူတူပဲလို့သတ်မှတ်လို့တော့မရပါဘူး။ သင့်ဖုန်းထဲက AI ကသင့်ရဲ့တစ်နေ့တာအချိန်ဇယားနဲ့ သင်ကြည့်ချင်မယ့် ရုပ်ရှင်တွေနဲ့ပတ်သက်ပြီး သင့်ကိုအကြံပေးတာမျိုးတွေလုပ်ပေးမှာဖြစ်ပြီး အိမ်က ရေခဲသေတ္တာမှာပါတဲ့ AI ကတော့ဘယ်နေ့ နွားနို့ထပ်ဝယ်ရမလဲဆိုတာမျိုးကို အကြံပြုပေးမှာဖြစ်ပါတယ်။ 

AI တွေကြောင့် ဘာတွေပြောင်းလဲလာမလဲ? 

အရင်က တစ်ခုခုလုပ်ဖို့အတွက်၊ အစီအစဉ်ဆွဲရတာ၊ အချိန်ကိုပြန်စီမန်ခန့်ခွဲရတာတွေကို AI တွေကနေရာဝင်ယူသွားမှာဖြစ်တာကြောင့် သင်ဟာနေ့တစ်နေ့ကို သက်သောင့်သက်သာနဲ့ ဖြတ်သန်းလာနိုင်တော့မှာပါ။ ဥပမာ-အိမ်တစ်လုံးအတွက်ဖန်တီးထားတဲ့ AI ကြောင့် မနက်မိုးလင်းတိုင်း၊ ညနေနေဝင်တိုင်း၊ ဒါမှမဟုတ်သင်အိမ်ကိုပြန်လာတိုင်းမှာ မီးတွေဖွင့်ပေးတာ၊ တံခါးတွေဖွင့်ပေးတာ၊ ခန်းဆီးလိုက်ကာတွေဖွင့်ပေးတာမျိုးတွေအပြင် သင့်တော်တဲ့ အိမ်တွင်းအပူချိန်ရနိုင်အောင် Air Conditioner ဒါမှမဟုတ် Heater တစ်ခုခုကို အပြင်ကရာသီဥတုအချက်အလက်ပေါ်မူတည်ပြီး လိုအပ်သလိုဖွင့်တာ၊ ပိတ်တာတွေလုပ်ပေးမှာကြောင့် သင့်အတွက် အချိန်ကုန်သက်သာပြီး လျှပ်စစ်စွမ်းအင်လည်းခြွေတာရာရောက်ပါတယ်။ ကားထဲမှာဆိုရင်လည်း AI တွေက သင့်အတွက်အများကြီးကူညီပေးနိုင်မှာဖြစ်ပြီး အခုဆိုရင်တော့ သင့်အတွက် AI ကကားမောင်းပေးနိုင်တဲ့အဆင့်အထိရောက်နေပါပြီ။ 

AI တွေ အတူတွဲဖက်အလုပ်လုပ်လာခဲ့ရင်

အိမ်က AI စနစ်နဲ့ သင့်ကားထဲက AI စနစ်နှစ်ခုဟာ သင့်လက်ထဲကဖုန်းဆီက လိုအပ်တဲ့အချက်အလက်တွေရယူပြီးတာနဲ့ သင်ခရီးတစ်ခုထွက်ခဲ့မယ်ဆိုရင်တောင် အိမ်တံခါးသော့ခတ်ဖို့မေ့ခဲတာ၊ မီးတွေပိတ်ဖို့မေ့သွားတာမျိုးတွေအတွက် AI တွေကသင်အိမ်ကထွက်တာနဲ့ အားလုံးလုပ်ပေးမှာဖြစ်တာကြောင့် သင့်အတွက်အချိန်ကုန်သက်သာသလို စိတ်ပူစရာမလိုတော့ပါဘူး။ AI တွေအချင်းချင်းချိတ်ဆက်အလုပ်လုပ်လာနိုင်တာကတော့ တော်တော်လေးကောင်မွန်တဲ့တိုးတက်မှုတစ်ခုဖြစ်ပြီး အနာဂတ်မှာ AI ပါဝင်တဲ့ နည်းပညာပစ္စည်းတွေလည်း ထွက်ရှိလာဖို့ရှိနေတာကြောင့် အဝတ်လေ ျှာ်စက်တွေ၊ ကားရေဆေးတဲ့စက်ကြီးတွေအပြင် Container တင်သင်္ဘောကြီးတွေကိုပါ AI အသုံးပြပြီး လမ်းကြောင်းရှာတာ၊ မောင်းနှင်တာမျိုးတွေအထိဖြစ်လာမှာပါ။ 2016 နောက်ပိုင်းမှာ AI နဲ့ပတ်သက်ပြီး အများကြီးတိုးတက်လာခဲ့သလို သိသာတဲ့ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ 

AI တွေက လူတွေမဟုတ်ပါဘူး

ကွန်ပျူတာတွေဘယ်လောက်ကောင်းကောင်း လက်ရှိအခြေအနေထိ ရှာဖွေတွေ့ရှိထားသလောက်ကတော့ ဘယ် AI မှလူ့ဦးနှောက်နီးပါးမြန်ဆန်တဲ့ တွေးခေါ်ဆုံးဖြတ်မှုတွေကို မလုပ်နိုင်သေးပါဘူး။ Computer တစ်မျိုးကို အမှီပြုပြီးအလုပ်လုပ်ပေးတဲ့အရာဖြစ်နေတာကြောင့် အမြဲတမ်းယုံကြည်စိတ်ချလို့လည်းမရသေးပါဘူး။ ဒါပေမယ့် နည်းပညာတိုးတက်တာ ပိုမြန်လာပြီဖြစ်တာကြောင့် AI တွေ လက်တွေ့အသုံးချမှုအပိုင်းမှာအရင်ကထက်ပိုများလာသလို ယုံကြည်စိတ်ချရတဲ့ရာခိုင်နှုန်းလည်းပိုများလာပါပြီ။ လက်ရှိ AI အသုံးပြုထားတဲ့အရာတွေကတော့ Smart Speaker တွေ၊ ရေခဲသေတ္တာတွေ၊ ကင်မရာတွေကနေပြီး မော်တော်ကားတွေ အင်တာနက် Service တွေနဲ့ Smartphone တွေ အစရှိတဲ့နေရာတွေမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ AI တွေကိုအခုထက်ပိုပြီးတွင်တွင်ကျယ်ကျယ်အသုံးချလာနိုင်ဦးမှာဖြစ်တာကြောင့် AI နဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ ပစ္စည်းသစ်တွေ မော်တော်ကားတွေ တွေ့ရဦးမှာပဲဖြစ်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။