[Zawgyi]

မီလ်ံနာဘဝက ဘီလ်ံနာျဖစ္ဖုိ႔ အခ်ိန္ဘယ္ေလာက္ၾကာခဲ့လဲ

လက္ရွိအခ်ိန္မွာ ကမၻာ့လူဦးေရ ၇.၆ ဘီလီယံ (၇,၆ဝဝ သန္း) ေက်ာ္ရွိေပမယ့္ မီလ်ံနာအေရအတြက္ကေတာ့ ၁၅သန္းေက်ာ္သာ ရွိပါတယ္။ ကမၻာေပၚမွာ ဘီလ်ံနာေပါင္း (၂,၂ဝ၈) ရွိတယ္လုိ႔ Forbes မဂၢဇင္းရဲ႕အဆုိအရ သိရပါေသးတယ္။ ဒါ့ေၾကာင့္ လူတစ္ေယာက္ဟာ ဘီလ်ံနာျဖစ္ဖုိ႔ မဆုိထားနဲ႔ မီလ်ံနာ (သန္းၾကြယ္သူေဌး) ျဖစ္ဖုိ႔ေတာင္ မလြယ္ပါဘူး။ တကယ္လုိ႔ မီလ်ံနာပုဂၢိဳလ္ေတြက ဘီလ်ံနာျဖစ္ဖုိ႔ အခ်ိန္ဘယ္ေလာက္ယူခဲ့ရလဲဆုိတာ ၾကည့္ရေအာင္။

(၁ဝ) Jack Ma (၁ဝ) ႏွစ္

Alibaba Group ရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Jack Ma ဟာ (၃၅) ႏွစ္အရြယ္မွာ မီလ်ံနာျဖစ္ခဲ့ပါတယ္။ (၄၅) ႏွစ္ေရာက္မွ ဘီလ်ံနာျဖစ္လာတာပါ။ မီလ်ံနာဘဝကေန ဘီလ်ံနာျဖစ္ဖုိ႔ (၁ဝ) ႏွစ္ၾကာတယ္လုိ႔ ဆုိႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ (၅၃) ႏွစ္ရွိလာၿပီျဖစ္ၿပီး သူ႕ရဲ႕ အသားတင္ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၃၉ ဘီလီယံရွိပါတယ္။

(၉) Steve Ballmer (၈) ႏွစ္

Microsoft Corporation ရဲ႕ CEO ေဟာင္းလည္းျဖစ္သလုိ Los Angeles Clippers ဘတ္စကတ္ေဘာအသင္းရဲ႕ပုိင္ရွင္လည္းျဖစ္တဲ့ Steve Ballmer ဟာ အသက္ (၃ဝ) အရြယ္ကတည္းက မီလ်ံနာျဖစ္ေနတာပါ။ (၃၈) ႏွစ္ေရာက္မွ ဘီလ်ံနာဘဝကုိ ကူးေျပာင္းႏုိင္တာပါ။ မီလ်ံနာကေန ဘီလ်ံနာျဖစ္ဖုိ႔ (၈) ႏွစ္ၾကာပါတယ္။ (၆၂) ႏွစ္ရွိလာၿပီျဖစ္တဲ့ Steve Ballmer ဟာ ၃၈.၄ ဘီလီယံရွိတယ္လုိ႔ သိရပါတယ္။

(၈) Larry Ellison (၇) ႏွစ္

Oracle Corporation ရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Larry Ellison ဟာ မီလ်ံနာဘဝကုိ (၄၂) ႏွစ္ေရာက္မွ ရရွိခဲ့တာပါ။ ဘီလ်ံနာဘဝကုိ (၄၉) ႏွစ္ေရာက္မွ ပုိင္ဆုိင္ခဲ့ၿပီး သူ႕အတြက္ (၇) ႏွစ္ၾကာတယ္လုိ႔ ဆုိႏုိင္ပါတယ္။ (၇၃) ႏွစ္ရွိလာၿပီျဖစ္တဲ့ Larry Ellison ဟာ အသားတင္ၾကြယ္ဝမႈ ၅၈.၅ ဘီလီယံနဲ႔ ကမၻာ့ဒႆမအခ်မ္းသာဆုံးသူေဌးႀကီးျဖစ္ပါတယ္။

(၇) Bill Gates (၅) ႏွစ္

Microsoft Corporation ရဲ႕ပူးတြဲတည္ေထာင္သူႀကီး Bill Gates ဟာ မီလ်ံနာဘဝကုိ (၂၆) ႏွစ္အရြယ္ကတည္းက ေရာက္ခဲ့တာပါ။ ဘီလ်ံနာဘဝကုိေတာ့ (၃၁) ႏွစ္ေရာက္မွသာ ပုိင္ဆုိင္ခဲ့ၿပီး သူ႕အတြက္ (၅) ႏွစ္ၾကာခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ (၆၂) ႏွစ္ရွိလာၿပီျဖစ္တဲ့ Bill Gates ဟာ အသားတင္ၾကြယ္ဝမႈ ၉ဝ ဘီလီယံနဲ႔ ကမၻာ့ဒုတိယအခ်မ္းသာဆုံးသူေဌးႀကီးျဖစ္ပါတယ္။

 

(၆) Larry Page (၅) ႏွစ္

Google ရဲ႕ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Larry Page ဟာ မီလ်ံနာဘဝကုိ (၂၅) ႏွစ္အရြယ္တည္းက ရရွိခဲ့တာပါ။ အသက္ (၃ဝ) မွာ ဘီလ်ံနာျဖစ္ခဲ့ၿပီး မီလ်ံနာမွ ဘီလ်ံနာျဖစ္ဖုိ႔ (၅) ႏွစ္ၾကာခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ (၄၅) ႏွစ္ရွိလာၿပီျဖစ္ၿပီး အသားတင္ၾကြယ္ဝမႈ ၄၈.၈ ဘီလီယံရွိပါတယ္။

(၅) Sergey Brin (၅) ႏွစ္

Larry Page နဲ႔အတူ Google ရဲ႕ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Sergey Brin ဟာ မီလ်ံနာဘဝကုိ (၂၆) ႏွစ္အရြယ္တည္းက ရရွိခဲ့တာပါ။ အသက္ (၃၁) မွာ ဘီလ်ံနာျဖစ္ခဲ့ၿပီး မီလ်ံနာမွ ဘီလ်ံနာျဖစ္ဖုိ႔ (၅) ႏွစ္ၾကာခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ (၄၄) ႏွစ္ရွိလာၿပီျဖစ္ၿပီး အသားတင္ၾကြယ္ဝမႈ ၄၇.၅ ဘီလီယံရွိပါတယ္။

(၄) Alice Walton (၄) ႏွစ္

Walmart Inc ရဲ႕အေမြဆက္ခံသူျဖစ္တဲ့ Alice Walton ဟာ (၃၉) ႏွစ္အရြယ္တည္းက မီလ်ံနာျဖစ္ခဲ့တာပါ။ (၄၃) ႏွစ္ေရာက္ေတာ့ သူမဟာ ဘီလ်ံနာျဖစ္လာခဲ့ပါတယ္။ မီလ်ံနာဘဝက ဘီလ်ံနာျဖစ္ဖုိ႔ (၄) ႏွစ္ၾကာခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ (၆၈) ႏွစ္ရွိလာၿပီျဖစ္ၿပီး အသားတင္ၾကြယ္ဝမႈ ၄၆ ဘီလီယံရွိပါတယ္။

(၃) Ma Huateng (၃) ႏွစ္

Tencent Holdings Limited ရဲ႕ CEO ျဖစ္တဲ့ Ma Huateng ဟာ (၃၃) ႏွစ္အရြယ္တည္းက မီလ်ံနာျဖစ္ေနတာပါ။ (၃၆) ႏွစ္ေရာက္မွ ဘီလ်ံနာဘြဲ႕ကုိ ပုိင္ဆုိင္ခဲ့တာပါ။ မီလ်ံနာဘဝကုိ ဘီလ်ံနာျဖစ္ဖုိ႔ (၃) ႏွစ္ၾကာခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ (၄၆) ႏွစ္ရွိလာၿပီျဖစ္ၿပီး အသားတင္ၾကြယ္ဝမႈ ၄၅.၃ ဘီလီယံရွိလာပါၿပီ။

(၂) Jeff Bezos (၂) ႏွစ္

Amazon ရဲ႕ပဲ့ကုိင္ရွင္ႀကီး Jeff Bezos ဟာ မီလ်ံနာဘဝကုိ (၃၃) ႏွစ္အရြယ္မွာ ရရွိခဲ့ပါတယ္။ (၃၅) ႏွစ္ေရာက္မွသာ ဘီလ်ံနာဘြဲ႕ကုိ ပုိင္ဆုိင္ႏုိင္တာျဖစ္ပါတယ္။ မီလ်ံနာဘဝက ဘီလ်ံနာျဖစ္ဖုိ႔ (၂) ႏွစ္သာၾကာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ (၅၄) ႏွစ္ရွိလာၿပီျဖစ္ၿပီး အသားတင္ၾကြယ္ဝမႈ ၁၁၂ ဘီလီယံရွိလာပါၿပီ။

 

(၁) Mark Zuckerberg (၁) ႏွစ္

Facebook ရဲ႕ CEO ျဖစ္တဲ့ Mark Zuckerberg ဟာ (၂၂) ႏွစ္ေလာက္တည္းက မီလ်ံနာျဖစ္ေနတာပါ။ (၂၃) ႏွစ္ေရာက္တဲ့အခါ ဘီလ်ံနာဘဝကုိ ပုိင္ဆုိင္သြားတာပါ။ မီလ်ံနာဘဝက ဘီလ်ံနာျဖစ္တဲ့အခ်ိန္ဟာ သူ႕အတြက္ (၁) ႏွစ္သာ ၾကာခဲ့ပါတယ္။ (၃၄) ႏွစ္အရြယ္ရွိတဲ့ Mark Zuckerberg ဟာ အသားတင္ၾကြယ္ဝမႈ ၇၁ ဘီလီယံအထိရွိလာပါတယ္။

ဒါ့အျပင္ Berkshire Hathaway လုပ္ငန္းစုရဲ႕ CEO ျဖစ္တဲ့ Warren Buffett ဟာ အသက္ (၃ဝ) အရြယ္မွာ မီလ်ံနာျဖစ္ခဲ့ၿပီး (၅၆) ႏွစ္ေရာက္မွသာ ဘီလ်ံနာျဖစ္လာခဲ့တာပါ။ Zara လုပ္ငန္းရွင္ႀကီး Amancio Ortega ဟာ (၄၉) ႏွစ္ေရာက္မွ မီလ်ံနာျဖစ္ခဲ့ၿပီး (၆၅) ႏွစ္ေရာက္မွသာ ဘီလ်ံနာျဖစ္လာခဲ့တာပါ။ ဘယ္လုိပဲျဖစ္ျဖစ္ ကုိယ့္ထူးကုိယ့္ခြ်န္ဘီလ်ံနာျဖစ္လာတဲ့ သူတုိ႔ေတြရဲ႕ အားထုတ္မႈကုိ အတုယူရမွာပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မီလျံနာဘဝက ဘီလျံနာဖြစ်ဖို့ အချိန်ဘယ်လောက်ကြာခဲ့လဲ

လက်ရှိအချိန်မှာ ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံ (၇,၆ဝဝ သန်း) ကျော်ရှိပေမယ့် မီလျံနာအရေအတွက်ကတော့ ၁၅သန်းကျော်သာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း (၂,၂ဝ၈) ရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သိရပါသေးတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ဘီလျံနာဖြစ်ဖို့ မဆိုထားနဲ့ မီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်ဖို့တောင် မလွယ်ပါဘူး။ တကယ်လို့ မီလျံနာပုဂ္ဂိုလ်တွေက ဘီလျံနာဖြစ်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲဆိုတာ ကြည့်ရအောင်။

(၁ဝ) Jack Ma (၁ဝ) နှစ်

Alibaba Group ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Jack Ma ဟာ (၃၅) နှစ်အရွယ်မှာ မီလျံနာဖြစ်ခဲ့ပါတယ်။ (၄၅) နှစ်ရောက်မှ ဘီလျံနာဖြစ်လာတာပါ။ မီလျံနာဘဝကနေ ဘီလျံနာဖြစ်ဖို့ (၁ဝ) နှစ်ကြာတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ (၅၃) နှစ်ရှိလာပြီဖြစ်ပြီး သူ့ရဲ့ အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံရှိပါတယ်။

(၉) Steve Ballmer (၈) နှစ်

Microsoft Corporation ရဲ့ CEO ဟောင်းလည်းဖြစ်သလို Los Angeles Clippers ဘတ်စကတ်ဘောအသင်းရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ Steve Ballmer ဟာ အသက် (၃ဝ) အရွယ်ကတည်းက မီလျံနာဖြစ်နေတာပါ။ (၃၈) နှစ်ရောက်မှ ဘီလျံနာဘဝကို ကူးပြောင်းနိုင်တာပါ။ မီလျံနာကနေ ဘီလျံနာဖြစ်ဖို့ (၈) နှစ်ကြာပါတယ်။ (၆၂) နှစ်ရှိလာပြီဖြစ်တဲ့ Steve Ballmer ဟာ ၃၈.၄ ဘီလီယံရှိတယ်လို့ သိရပါတယ်။

(၈) Larry Ellison (၇) နှစ်

Oracle Corporation ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Larry Ellison ဟာ မီလျံနာဘဝကို (၄၂) နှစ်ရောက်မှ ရရှိခဲ့တာပါ။ ဘီလျံနာဘဝကို (၄၉) နှစ်ရောက်မှ ပိုင်ဆိုင်ခဲ့ပြီး သူ့အတွက် (၇) နှစ်ကြာတယ်လို့ ဆိုနိုင်ပါတယ်။ (၇၃) နှစ်ရှိလာပြီဖြစ်တဲ့ Larry Ellison ဟာ အသားတင်ကြွယ်ဝမှု ၅၈.၅ ဘီလီယံနဲ့ ကမ္ဘာ့ဒဿမအချမ်းသာဆုံးသူဌေးကြီးဖြစ်ပါတယ်။

(၇) Bill Gates (၅) နှစ်

Microsoft Corporation ရဲ့ပူးတွဲတည်ထောင်သူကြီး Bill Gates ဟာ မီလျံနာဘဝကို (၂၆) နှစ်အရွယ်ကတည်းက ရောက်ခဲ့တာပါ။ ဘီလျံနာဘဝကိုတော့ (၃၁) နှစ်ရောက်မှသာ ပိုင်ဆိုင်ခဲ့ပြီး သူ့အတွက် (၅) နှစ်ကြာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ (၆၂) နှစ်ရှိလာပြီဖြစ်တဲ့ Bill Gates ဟာ အသားတင်ကြွယ်ဝမှု ၉ဝ ဘီလီယံနဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်ပါတယ်။

 

(၆) Larry Page (၅) နှစ်

Google ရဲ့ပူးတွဲတည်ထောင်သူဖြစ်တဲ့ Larry Page ဟာ မီလျံနာဘဝကို (၂၅) နှစ်အရွယ်တည်းက ရရှိခဲ့တာပါ။ အသက် (၃ဝ) မှာ ဘီလျံနာဖြစ်ခဲ့ပြီး မီလျံနာမှ ဘီလျံနာဖြစ်ဖို့ (၅) နှစ်ကြာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ (၄၅) နှစ်ရှိလာပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှု ၄၈.၈ ဘီလီယံရှိပါတယ်။

(၅) Sergey Brin (၅) နှစ်

Larry Page နဲ့အတူ Google ရဲ့ပူးတွဲတည်ထောင်သူဖြစ်တဲ့ Sergey Brin ဟာ မီလျံနာဘဝကို (၂၆) နှစ်အရွယ်တည်းက ရရှိခဲ့တာပါ။ အသက် (၃၁) မှာ ဘီလျံနာဖြစ်ခဲ့ပြီး မီလျံနာမှ ဘီလျံနာဖြစ်ဖို့ (၅) နှစ်ကြာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ (၄၄) နှစ်ရှိလာပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှု ၄၇.၅ ဘီလီယံရှိပါတယ်။

(၄) Alice Walton (၄) နှစ်

Walmart Inc ရဲ့အမွေဆက်ခံသူဖြစ်တဲ့ Alice Walton ဟာ (၃၉) နှစ်အရွယ်တည်းက မီလျံနာဖြစ်ခဲ့တာပါ။ (၄၃) နှစ်ရောက်တော့ သူမဟာ ဘီလျံနာဖြစ်လာခဲ့ပါတယ်။ မီလျံနာဘဝက ဘီလျံနာဖြစ်ဖို့ (၄) နှစ်ကြာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ (၆၈) နှစ်ရှိလာပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှု ၄၆ ဘီလီယံရှိပါတယ်။

(၃) Ma Huateng (၃) နှစ်

Tencent Holdings Limited ရဲ့ CEO ဖြစ်တဲ့ Ma Huateng ဟာ (၃၃) နှစ်အရွယ်တည်းက မီလျံနာဖြစ်နေတာပါ။ (၃၆) နှစ်ရောက်မှ ဘီလျံနာဘွဲ့ကို ပိုင်ဆိုင်ခဲ့တာပါ။ မီလျံနာဘဝကို ဘီလျံနာဖြစ်ဖို့ (၃) နှစ်ကြာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ (၄၆) နှစ်ရှိလာပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှု ၄၅.၃ ဘီလီယံရှိလာပါပြီ။

(၂) Jeff Bezos (၂) နှစ်

Amazon ရဲ့ပဲ့ကိုင်ရှင်ကြီး Jeff Bezos ဟာ မီလျံနာဘဝကို (၃၃) နှစ်အရွယ်မှာ ရရှိခဲ့ပါတယ်။ (၃၅) နှစ်ရောက်မှသာ ဘီလျံနာဘွဲ့ကို ပိုင်ဆိုင်နိုင်တာဖြစ်ပါတယ်။ မီလျံနာဘဝက ဘီလျံနာဖြစ်ဖို့ (၂) နှစ်သာကြာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ (၅၄) နှစ်ရှိလာပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှု ၁၁၂ ဘီလီယံရှိလာပါပြီ။

 

(၁) Mark Zuckerberg (၁) နှစ်

Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ဟာ (၂၂) နှစ်လောက်တည်းက မီလျံနာဖြစ်နေတာပါ။ (၂၃) နှစ်ရောက်တဲ့အခါ ဘီလျံနာဘဝကို ပိုင်ဆိုင်သွားတာပါ။ မီလျံနာဘဝက ဘီလျံနာဖြစ်တဲ့အချိန်ဟာ သူ့အတွက် (၁) နှစ်သာ ကြာခဲ့ပါတယ်။ (၃၄) နှစ်အရွယ်ရှိတဲ့ Mark Zuckerberg ဟာ အသားတင်ကြွယ်ဝမှု ၇၁ ဘီလီယံအထိရှိလာပါတယ်။

ဒါ့အပြင် Berkshire Hathaway လုပ်ငန်းစုရဲ့ CEO ဖြစ်တဲ့ Warren Buffett ဟာ အသက် (၃ဝ) အရွယ်မှာ မီလျံနာဖြစ်ခဲ့ပြီး (၅၆) နှစ်ရောက်မှသာ ဘီလျံနာဖြစ်လာခဲ့တာပါ။ Zara လုပ်ငန်းရှင်ကြီး Amancio Ortega ဟာ (၄၉) နှစ်ရောက်မှ မီလျံနာဖြစ်ခဲ့ပြီး (၆၅) နှစ်ရောက်မှသာ ဘီလျံနာဖြစ်လာခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ထူးကိုယ့်ချွန်ဘီလျံနာဖြစ်လာတဲ့ သူတို့တွေရဲ့ အားထုတ်မှုကို အတုယူရမှာပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com