သင့္ဦးေႏွာက္ရဲ႕ ရာခိုင္ႏႈန္းဘယ္ေလာက္ကိုအသံုးျပဳပါသလဲ

လူေတာ္ေတာ္မ်ားမ်ား ေျပာၾကတာက ကၽြန္ေတာ္တို႔က ဦးေႏွာက္ရဲ႕ ၁၀ ရာခိုင္ႏႈန္းကိုပဲ အသံုးျပဳတယ္တဲ့။ ဒါဆိုက်န္တဲ့ ၉၀ ရာခိုင္ႏႈန္းက ဘာမွမသံုးတဲ့အတြက္ အလဟႆ ျဖစ္ေနမွာပါလား။ ဦးေနွာက္ရဲ႕ က်န္တဲ့ရာခိုင္ႏႈန္းေတြ အသံုးျပဳႏိုင္ေအာင္ ေလ့က်င့္သင္ၾကားေပးမယ္ဆိုတဲ့ Neuroscience အေျခခံ သင္တန္းေတြရွိေပမယ့္ ဒါေတြအကုန္လံုးက ေစ်းမ်ားပါတယ္။ လူဦးေရရဲ႕ သံုးပံုႏွစ္ပံုေလာက္နဲ႔ သိပၸံဘာသာသင္ၾကားတဲ့ဆရာ၊ ဆရာမ ထက္ဝက္ေလာက္ဟာ ဒီ ၁၀ ရာခိုင္ႏႈန္းအေပၚနားလည္မႈ လြဲေနၾကပါတယ္။ ၁၈၉၀ တုန္းက အေမရိကန္စိတ္ပညာရွင္ႀကီး ဝီလီယမ္ ဂ်ိိမ္း (William James) ဟာ “ကၽြန္ေတာ္တို႔ဟာ ခႏၶာကိုယ္တြင္းမွာရွိတဲ့ စိတ္စြမ္းအင္ကို အျပည့္အဝ အသံုးမခ်ႏိုင္ပါဘူး” လို႔ေျပာၾကားခဲ့ဖူးပါတယ္။ ဒါဟာ ဦးေႏွာက္ရဲ႔အသံုးျပဳမႈကို ရည္ညႊန္းၿပီးေျပာဆိုခဲ့တာ မဟုတ္ပါဘူး။ ဒါေပမယ့္၁၀ ရာခုိင္ႏႈန္းဆိုတဲ့ အယူအဆက အဲ့ဒီက စပါတယ္။ သိပၸံပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း အခ်ိ္န္ေတာ္ေတာ္ၾကာတဲ့အထိ ဦးေႏွာက္ရဲ႕အေရွ႕ဘက္အျခမ္း Frontal Lobes နဲ႔ ႀကီးမ်ားက်ယ္ျပန္႔တဲ့ Parietal Lobe ေတြအေၾကာင္းကို အေျဖမရွာႏိုင္ခဲ့ပါဘူး။ တစ္ခုခုထိခိုက္မိရင္ေတာင္မွ ဦးေႏွာက္ရဲ႕ Motor နဲ႔ Sensory အစိတ္အပိုင္းေတြက ဘာမွမျဖစ္သြားပါဘူး။ ဒါနဲ႔ပဲ သူတို႔မွာ ေထြေထြထူးထူးလုပ္ေဆာင္ခ်က္မရွိဘူးလို႔ ဟိုတုန္းက မွတ္ယူခဲ့ၾကပါတယ္။ ဆယ္စုႏွစ္ေတာ္ေတာ္ၾကာတဲ့အထိ အဲ့ဒီအစိတ္အပုိင္းေတြအေၾကာင္း အသံတိတ္ေနခဲ့ၾကပါတယ္။ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ ေတြေရာေပါ့။ တကယ္ေတာ့ သူတို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ေပါင္းစပ္လုပ္ေဆာင္ႏိုင္စြမ္းက အရမ္းအေရးပါပါတယ္။ တကယ္လို႔ သူတို႔ေတြသာ မရွိရင္ ကၽြန္ေတာ္တို႔ကိုယ္ ကၽြန္ေတာ္တို႔လူသားေတြလို႔ေျပာဖို႔ ေတာ္ေတာ္ခက္ပါတယ္။ သူတို႔က က်ိဳးေၾကာင္းဆင္ျခင္ႏိုင္ျခင္း၊ စနစ္တက် အကြက္ခ်ျခင္း၊ ဆံုးျဖတ္ခ်က္ခ်ျခင္း၊ လုိက္ေလ်ာညီေထြလုပ္ေဆာင္တတ္ျခင္း စတာေတြကို လုပ္ေဆာင္ႏိုင္ပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ ဦးေခါင္းခြံထဲမွာရွိတဲ့ ဦးေႏွာက္ရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္က လံုးလံုးအသံုးမဝင္ဘူးဆိုတာက ကၽြန္ေတာ္တို႔ ဦးေႏွာက္အေနနဲ႔ စြမ္းအင္ဘယ္ေလာက္ကို သံုးစြဲသလဲဆိုတာကိုတြက္ခ်က္ၾကည့္တဲအခါမွာေတာ့ေတာ္ေတာ္လြဲမွားေနတာကို ေတြ႔႔ရပါတယ္။ ႂကြက္နဲ႔ ေခြးတို႔ဟာဆိုရင္ သူတို႔ရဲ႕ ဦးေႏွာက္အတြက္ ကုိယ္ခႏၶာရဲ႕စြမ္းအင္ ၅ ရာခိုင္ႏႈန္းကိုပဲ အသံုးခ်ပါတယ္။ ေမ်ာက္ကေတာ့ ၁၀ ရာခိုင္ႏႈန္းပါ။ ဒါေပမယ့္ အရြယ္ေရာက္ၿပီးသားလူသားတစ္ေယာက္ကေတာ့ ကိုယ္ခႏၶာအေလးခ်ိန္ရဲ႕ ၂ ရာခိုင္ႏႈန္းေလာက္သာရွိတဲ့ ဦးေႏွာက္အတြက္ ေန႔စဥ္စားေသာက္ေနတဲ့ Glucose ဓါတ္ေတြထဲက ၂၀ ရာခိုင္ႏႈန္းေလာက္ကို အသံုးျပဳပါတယ္။ ကေလးသူငယ္ေတြဆိုရင္ ၅၀ ရာခိုင္ႏႈန္းအထိ သံုးၿပီးေမြးကင္းစအရြယ္ဆိုရင္ ၆၀ ရာခိုင္ႏႈန္းအထိအသံုးျပဳပါတယ္။ လူသားေတြရဲ႕ ဦးေနွာက္ဟာ ခႏၶာကိုယ္အ ရြယ္အစားနဲ႔ ႏႈိင္းယွဥ္ရင္အရြယ္အစားေသးငယ္ေပမယ့္ စြမ္းအင္ကေတာ့ အမ်ားႀကီး အသံုးျပဳပါတယ္။ လူသားရဲ႕ဦးေႏွာက္ဟာ ပွ်မ္းပွ် ၁.၅ ကီလုိဂရမ္ပဲ ရွိပါတယ္။ ဆင္ကေတာ့ ၅ ကီလိုဂရမ္ပါ။ ေဝလငါးေတြ ကေတာ့ ၉ ကီလိုဂရမ္ေလးပါတယ္။ ဒါေပမယ့္ လူသားေတြရဲ႕ ဦးေႏွာက္က အျခားသတၱဝါေတြထက္ Neurons ပါဝင္မႈအေရအတြက္ အမ်ားႀကီးပိုမ်ားပါတယ္။ ဒီလိုမ်ိဳးပိုမ်ားတာကပဲ ကၽြန္ေတာ္တို႔ကို အားသာေစတဲ့အခ်က္ပါ။ လူ၊ လူဝံ၊ ေမ်ာက္ဝံ စတဲ့ ႏို႔တိုက္သတၱဝါေတြမွာ ကိုယ္ခႏၶာအရြယ္အစားနဲ႔ Neuron အေရအတြက္ၾကား ဆက္စပ္မႈရွိပါတယ္။ အေလးခ်ိန္ ၂၅ ကီလိုဂရမ္ေလးတဲ့ ေမ်ာက္ဝံတစ္ေကာင္ဟာ သူ႔ရဲ႕ဦးေႏွာက္ထဲက Neuron အေရအတြက္ ၅၃ ဘီလီယံကို ထိန္းသိမ္းထားႏိုင္ဖို႔ တစ္ေန႔ကို ၈ နာရီေလာက္ အစာစား ဖို႔လိုအပ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းတစ္သန္းခြဲေလာက္က ေတြ႔ရွိခဲ့တဲ့ ခ်က္ျပဳတ္ျခင္းက ကၽြန္ေတာ္တို႔ကို မ်ားစြာအသာ ရေစပါတယ္။ ခ်က္ျပဳတ္ထားတဲ့ အစားအစာေတြက ပိုမိုႏူးညံ့သြားၿပီး အစာတစ္ဆင့္ေျခၿပီးသားျဖစ္သြားပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕အူေတြက အစာကေနစြမ္းအင္ေတြကို စုပ္ယူတဲ့အခါမွာ အရမ္းကိုလြယ္ကူသြားပါတယ္။ ခ်က္ျပဳတ္ၿပီးစားေသာက္တာက အစိမ္းစားတာထက္ စြမ္းအင္ေတြပိုမိုရွိႏိုင္ၿပီး ၈၆ ဘီလီယံေလာက္ရွိတဲ့ Neuron အေရအတြက္ကို ဦးေနွာက္ထဲမွာ ထိန္းသိမ္းထားႏိုင္ပါတယ္။ ဒါဟာေမ်ာက္ဝံေတြထက္ ၄၀ ရာခိုင္ႏႈန္းေလာက္ပိုပါတယ္။

ဦးေနွာက္ကစြမ္းအင္ေတြကို ဘယ္လိုသံုးစြဲပါသလဲ?

ကယ္လိုရီဝက္ေလာက္ေလာင္ကၽြမ္းမႈျဖစ္တိုင္း ပိုတက္ဆီယမ္နဲ႔ ဆိုဒီယမ္ Ion ေတြက ဦးေနွာက္ရဲ႕အေျမွးပါးေတြကို ျဖတ္သန္းစီးဆင္းရာကေန လွ်ပ္စစ္ဓါတ္ေတြျဖစ္ေပၚပါတယ္။ ဒီလုိနည္းနဲ႔ ဦးေႏွာက္က စဥ္ဆက္မျပတ္စြမ္းအင္ေတြ ရယူပါတယ္။ သူ႔ရဲ႕စားသံုးမႈက တစ္မိနစ္ကို ၃၄,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ATP Molecules ရွိပါတယ္။ (ATP = Adenosine Triphosphate) ။ ကုိယ္ခႏၶာက မီးဖိုႀကီးဆိုရင္ ATP ဆိုတာက မီးေသြးလိုမ်ိဳးေလာင္စာပါ။ ၈၆ ဘီလီယံေလာက္ရွိတဲ့ Neuron ေတြအတြက္ဆိုေတာ့ စြမ္းအင္ေတြအမ်ားႀကီး ကုန္က်ပါလိမ့္မယ္။ တကယ့္ သေဘာတရားကအခုမွ လာမွာပါ။ တကယ္ေတာ့ ဦးေႏွာက္က သူစားသံုးရမယ့္စြမ္းအင္ကိုေခၽြတာႏိုင္ဖို႔အတြက္ Sparse Coding ဆိုတဲ့စနစ္ကို အသံုးျပဳပါတယ္။ Sparse Coding ဆိုတာက စြမ္းအင္နည္းနည္းနဲ႔ သတင္းအခ်က္အလက္ေတြအမ်ားႀကီးကို ပို႔ေဆာင္ႏိုင္တဲ့စနစ္ပါ။ ဦးေႏွာက္မွာ သတင္းအခ်က္အလက္ေတြသြားဖို႔ လမ္းေၾကာင္းေတြက ေထာင္ေသာင္းမက ရွိၿပီးေတာ့ ဘယ္လမ္းေၾကာင္းက သြားရမလဲဆိုတာကို ကိုယ္တိုင္ဆံုးျဖတ္ပါတယ္။ ဒီလိုမ်ိဳးနဲ႔ ဦးေႏွာက္တစ္ခုလံုး သတင္းအခ်က္အလက္ေတြလႊမ္းျခံဳႏိုင္ဖို႔ အသံုးျပဳတဲ့ ဆဲလ္ရာခိုင္ႏႈန္းက ၁ ရာခိုင္ႏႈန္းကေန ၁၆ ရာခိုင္ႏႈန္းအထိပဲ လုိအပ္ပါေတာ့တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ဟာ ဦးေႏွာက္ရဲ႕ ၁၀ ရာခိုင္ႏႈန္းကိုပဲ အသံုးျပဳတယ္ဆိုၿပီးေတာ့ ေျပာဆိုၾကတာျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ ဦးေႏွာက္ဟာ ၁၀ ရာခိုင္ႏႈန္းပဲအလုပ္လုပ္တယ္ဆိုတာ ဟုတ္ပါတယ္။ က်န္တဲ့ ၉၀ ရာခိုင္ႏႈန္းကေတာ့ မသိစိတ္ (Unconscious Mind) လို႔ေျပာမယ္ဆိုလည္း ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ၁၀ ရာခိုင္ႏႈန္းဆိုတာက ဦးေႏွာက္တစ္ခုလံုးကို အသံုးျပဳႏိုင္ဖို႔လံုေလာက္သလို ဦးေႏွာက္ရဲ႕ ေမြးရာပါ စြမ္းအင္ေခၽြတာတဲ့စနစ္တစ္ခုျဖစ္ပါတယ္။ မင္းသုခ (အခရာ) (www.akhayar.com) Ref: What Percentage of brain do you use? Richard E. Soldes Nike Pas Cher Cytowic (Unicode)

သင့်ဦးနှောက်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ကိုအသုံးပြုပါသလဲ

လူတော်တော်များများ ပြောကြတာက ကျွန်တော်တို့က ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုတယ်တဲ့။ ဒါဆိုကျန်တဲ့ ၉၀ ရာခိုင်နှုန်းက ဘာမှမသုံးတဲ့အတွက် အလဟဿ ဖြစ်နေမှာပါလား။ ဦးနှောက်ရဲ့ ကျန်တဲ့ရာခိုင်နှုန်းတွေ အသုံးပြုနိုင်အောင် လေ့ကျင့်သင်ကြားပေးမယ်ဆိုတဲ့ Neuroscience အခြေခံ သင်တန်းတွေရှိပေမယ့် ဒါတွေအကုန်လုံးက ဈေးများပါတယ်။ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်နဲ့ သိပ္ပံဘာသာသင်ကြားတဲ့ဆရာ၊ ဆရာမ ထက်ဝက်လောက်ဟာ ဒီ ၁၀ ရာခိုင်နှုန်းအပေါ်နားလည်မှု လွဲနေကြပါတယ်။ ၁၈၉၀ တုန်းက အမေရိကန်စိတ်ပညာရှင်ကြီး ဝီလီယမ် ဂျိမ်း (William James) ဟာ “ကျွန်တော်တို့ဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ စိတ်စွမ်းအင်ကို အပြည့်အဝ အသုံးမချနိုင်ပါဘူး” လို့ပြောကြားခဲ့ဖူးပါတယ်။ ဒါဟာ ဦးနှောက်ရဲ့အသုံးပြုမှုကို ရည်ညွှန်းပြီးပြောဆိုခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်၁၀ ရာခိုင်နှုန်းဆိုတဲ့ အယူအဆက အဲ့ဒီက စပါတယ်။ သိပ္ပံပညာရှင်တော်တော်များများကလည်း အချိန်တော်တော်ကြာတဲ့အထိ ဦးနှောက်ရဲ့အရှေ့ဘက်အခြမ်း Frontal Lobes နဲ့ ကြီးများကျယ်ပြန့်တဲ့ Parietal Lobe တွေအကြောင်းကို အဖြေမရှာနိုင်ခဲ့ပါဘူး။ တစ်ခုခုထိခိုက်မိရင်တောင်မှ ဦးနှောက်ရဲ့ Motor နဲ့ Sensory အစိတ်အပိုင်းတွေက ဘာမှမဖြစ်သွားပါဘူး။ ဒါနဲ့ပဲ သူတို့မှာ ထွေထွေထူးထူးလုပ်ဆောင်ချက်မရှိဘူးလို့ ဟိုတုန်းက မှတ်ယူခဲ့ကြပါတယ်။ ဆယ်စုနှစ်တော်တော်ကြာတဲ့အထိ အဲ့ဒီအစိတ်အပိုင်းတွေအကြောင်း အသံတိတ်နေခဲ့ကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက် တွေရောပေါ့။ တကယ်တော့ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းက အရမ်းအရေးပါပါတယ်။ တကယ်လို့ သူတို့တွေသာ မရှိရင် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့လူသားတွေလို့ပြောဖို့ တော်တော်ခက်ပါတယ်။ သူတို့က ကျိုးကြောင်းဆင်ခြင်နိုင်ခြင်း၊ စနစ်တကျ အကွက်ချခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ လိုက်လျောညီထွေလုပ်ဆောင်တတ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံထဲမှာရှိတဲ့ ဦးနှောက်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်က လုံးလုံးအသုံးမဝင်ဘူးဆိုတာက ကျွန်တော်တို့ ဦးနှောက်အနေနဲ့ စွမ်းအင်ဘယ်လောက်ကို သုံးစွဲသလဲဆိုတာကိုတွက်ချက်ကြည့်တဲအခါမှာတော့တော်တော်လွဲမှားနေတာကို တွေ့ရပါတယ်။ ကြွက်နဲ့ ခွေးတို့ဟာဆိုရင် သူတို့ရဲ့ ဦးနှောက်အတွက် ကိုယ်ခန္ဓာရဲ့စွမ်းအင် ၅ ရာခိုင်နှုန်းကိုပဲ အသုံးချပါတယ်။ မျောက်ကတော့ ၁၀ ရာခိုင်နှုန်းပါ။ ဒါပေမယ့် အရွယ်ရောက်ပြီးသားလူသားတစ်ယောက်ကတော့ ကိုယ်ခန္ဓာအလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းလောက်သာရှိတဲ့ ဦးနှောက်အတွက် နေ့စဉ်စားသောက်နေတဲ့ Glucose ဓါတ်တွေထဲက ၂၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုပါတယ်။ ကလေးသူငယ်တွေဆိုရင် ၅၀ ရာခိုင်နှုန်းအထိ သုံးပြီးမွေးကင်းစအရွယ်ဆိုရင် ၆၀ ရာခိုင်နှုန်းအထိအသုံးပြုပါတယ်။ လူသားတွေရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်အ ရွယ်အစားနဲ့ နှိုင်းယှဉ်ရင်အရွယ်အစားသေးငယ်ပေမယ့် စွမ်းအင်ကတော့ အများကြီး အသုံးပြုပါတယ်။ လူသားရဲ့ဦးနှောက်ဟာ ပျှမ်းပျှ ၁.၅ ကီလိုဂရမ်ပဲ ရှိပါတယ်။ ဆင်ကတော့ ၅ ကီလိုဂရမ်ပါ။ ဝေလငါးတွေ ကတော့ ၉ ကီလိုဂရမ်လေးပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ ဦးနှောက်က အခြားသတ္တဝါတွေထက် Neurons ပါဝင်မှုအရေအတွက် အများကြီးပိုများပါတယ်။ ဒီလိုမျိုးပိုများတာကပဲ ကျွန်တော်တို့ကို အားသာစေတဲ့အချက်ပါ။ လူ၊ လူဝံ၊ မျောက်ဝံ စတဲ့ နို့တိုက်သတ္တဝါတွေမှာ ကိုယ်ခန္ဓာအရွယ်အစားနဲ့ Neuron အရေအတွက်ကြား ဆက်စပ်မှုရှိပါတယ်။ အလေးချိန် ၂၅ ကီလိုဂရမ်လေးတဲ့ မျောက်ဝံတစ်ကောင်ဟာ သူ့ရဲ့ဦးနှောက်ထဲက Neuron အရေအတွက် ၅၃ ဘီလီယံကို ထိန်းသိမ်းထားနိုင်ဖို့ တစ်နေ့ကို ၈ နာရီလောက် အစာစား ဖို့လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သန်းခွဲလောက်က တွေ့ရှိခဲ့တဲ့ ချက်ပြုတ်ခြင်းက ကျွန်တော်တို့ကို များစွာအသာ ရစေပါတယ်။ ချက်ပြုတ်ထားတဲ့ အစားအစာတွေက ပိုမိုနူးညံ့သွားပြီး အစာတစ်ဆင့်ခြေပြီးသားဖြစ်သွားပါတယ်။ ကျွန်တော်တို့ရဲ့အူတွေက အစာကနေစွမ်းအင်တွေကို စုပ်ယူတဲ့အခါမှာ အရမ်းကိုလွယ်ကူသွားပါတယ်။ ချက်ပြုတ်ပြီးစားသောက်တာက အစိမ်းစားတာထက် စွမ်းအင်တွေပိုမိုရှိနိုင်ပြီး ၈၆ ဘီလီယံလောက်ရှိတဲ့ Neuron အရေအတွက်ကို ဦးနှောက်ထဲမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါဟာမျောက်ဝံတွေထက် ၄၀ ရာခိုင်နှုန်းလောက်ပိုပါတယ်။

ဦးနှောက်ကစွမ်းအင်တွေကို ဘယ်လိုသုံးစွဲပါသလဲ?

ကယ်လိုရီဝက်လောက်လောင်ကျွမ်းမှုဖြစ်တိုင်း ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ် Ion တွေက ဦးနှောက်ရဲ့အမြှေးပါးတွေကို ဖြတ်သန်းစီးဆင်းရာကနေ လျှပ်စစ်ဓါတ်တွေဖြစ်ပေါ်ပါတယ်။ ဒီလိုနည်းနဲ့ ဦးနှောက်က စဉ်ဆက်မပြတ်စွမ်းအင်တွေ ရယူပါတယ်။ သူ့ရဲ့စားသုံးမှုက တစ်မိနစ်ကို ၃၄,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ATP Molecules ရှိပါတယ်။ (ATP = Adenosine Triphosphate) ။ ကိုယ်ခန္ဓာက မီးဖိုကြီးဆိုရင် ATP ဆိုတာက မီးသွေးလိုမျိုးလောင်စာပါ။ ၈၆ ဘီလီယံလောက်ရှိတဲ့ Neuron တွေအတွက်ဆိုတော့ စွမ်းအင်တွေအများကြီး ကုန်ကျပါလိမ့်မယ်။ တကယ့် သဘောတရားကအခုမှ လာမှာပါ။ တကယ်တော့ ဦးနှောက်က သူစားသုံးရမယ့်စွမ်းအင်အတွက် Sparse Coding ဆိုတဲ့စနစ်ကို အသုံးပြုပါတယ်။ Sparse Coding ဆိုတာက စွမ်းအင်နည်းနည်းနဲ့ သတင်းအချက်အလက်တွေအများကြီးကို ပို့ဆောင်နိုင်တဲ့စနစ်ပါ။ ဦးနှောက်မှာ သတင်းအချက်အလက်တွေသွားဖို့ လမ်းကြောင်းတွေက ထောင်သောင်းမက ရှိပြီးတော့ ဘယ်လမ်းကြောင်းက သွားရမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပါတယ်။ ဒီလိုမျိုးနဲ့ ဦးနှောက်တစ်ခုလုံး သတင်းအချက်အလက်တွေလွှမ်းခြုံနိုင်ဖို့ အသုံးပြုတဲ့ ဆဲလ်ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိပဲ လိုအပ်ပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုတယ်ဆိုပြီးတော့ ပြောဆိုကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ၁၀ ရာခိုင်နှုန်းပဲအလုပ်လုပ်တယ်ဆိုတာ ဟုတ်ပါတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ မသိစိတ် (Unconscious Mind) လို့ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ၁၀ ရာခိုင်နှုန်းဆိုတာက ဦးနှောက်တစ်ခုလုံးကို အသုံးပြုနိုင်ဖို့လုံလောက်သလို ဦးနှောက်ရဲ့ မွေးရာပါ စွမ်းအင်ချွေတာတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ မင်းသုခ (အခရာ) (www.akhayar.com) Ref: What Percentage of brain do you use? Richard E.