[Zawgyi]

တစ္ပတ္ကို ဘယ္ႏွစ္ရက္ေလ့က်င့္ခန္းလုပ္မွ ခႏၶာကုိယ္မွာ သိသာထိေရာက္ႏုိင္မလဲ

လူတုိင္းမွာ ကိုယ္အေလးခ်ိန္ခ်ဖို႔၊ ကိုယ္အေလးခ်ိန္တက္ဖို႔၊ ဒါမွမဟုတ္လည္း ဒီအတုိင္းပဲ က်န္းမာသန္စြမ္းေနဖို႔ ေလ့က်င့္ခန္းလုပ္၊ Gym ကစားၾကတာ ရွိပါတယ္။ Gym သြားကစားတဲ့သူေတြကို ေကာက္ရိုးမီးလို႔ ေျပာၾကတာက ကိုယ့္ခႏၶာကိုယ္ရဲ႕ ေျပာင္းလဲမႈကို အလြယ္တကူ၊ ျမန္ျမန္နဲ႔ မျမင္ရတဲ့အတြက္ စိတ္ပ်က္လက္ေလွ်ာ့သြားတတ္ၾကလို႔ပါ။ ဟုတ္တယ္ေလ ကိုယ္ကလည္း Gym ကို ႏုိင္သေလာက္ မွန္မွန္သြား၊ ေလ့က်င့္ခန္းေတြလည္း မွန္မွန္လုပ္ပါရဲ႕၊ ကိုယ့္ခႏၶာကိုယ္ ေျပာင္းလဲမႈကို သိသိသာသာမျမင္ရရင္ စိတ္ပ်က္ၾကတာ အမွန္ပါပဲ။

ဒါေၾကာင့္ တစ္ပတ္ကို ဘယ္ေလာက္ေဆာ့မွ အေျပာင္းအလဲက သိသာမွာလဲ။ Exercise Scientist တစ္ေယာက္ျဖစ္တဲ့ Shawn Arent ကေတာ့ ဒီလို အၾကံေပးပါတယ္။ တစ္ပတ္မွာ ႏွစ္ရက္ေလာက္ ေလ့က်င့္ရံုနဲ႔ ခႏၶာကိုယ္မွာ သိသာတဲ့ ေျပာင္းလဲမႈကို ျမန္ျမန္ဆန္ဆန္ျမင္ရမွာ မဟုတ္ပါဘူးတဲ့။ အနည္းဆံုးေတာ့ တစ္ပတ္မွာ သံုးရက္ေလာက္ ေဆာ့ေပးတာဟာ စနစ္က်တဲ့ ေလ့က်င့္ခန္း Program တစ္ခုျဖစ္ပါတယ္။

နညး္မွန္လမ္းမွန္ဆုိရင္ေတာ့ တစ္ပတ္မွာ သံုးရက္ Gym ေဆာ့ရံုအျပင္ ေန႔စဥ္ တစ္စံုတစ္ခုျပဳလုပ္ေနဖို႔ လုိပါတယ္။ အၾကမ္းစားေလ့က်င့္ခန္းေတြ မဟုတ္ဘဲ ေလွကားတက္တာ၊ လမ္းေလွ်ာက္တာ၊ ဖြဖြေျပးတာေတြ လုပ္ေပးဖို႔ အၾကံျပဳပါတယ္။

တစ္ပတ္ကို ႏွစ္ရက္ေလ့က်င့္ခန္းလုပ္တာနဲ႔ တစ္ပတ္ကို သံုးရက္ ေလ့က်င့္ခန္းလုပ္တာေတာင္ သိသိသာသာ ကြာျခားပါတယ္တဲ့။ ဒါေၾကာင့္ တကယ့္ကို ကုိယ့္ခႏၶာကိုယ္ကို သိသိသာသာေျပာင္းလဲဖို႔ လိုေနရင္ တစ္ပတ္ကို သံုးရက္ကေန ေလးရက္အထိ ေလ့က်င့္ခန္းျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္လို႔ သူက အၾကံျပဳခဲ့ပါတယ္။

ဒီေတာ့ တစ္ပတ္ကို ႏွစ္ရက္ေလာက္ ေလ့က်င့္ခန္းလုပ္ျပီး မတိုးတက္လာရေကာင္းလားလို႔ အျပစ္တင္မေနဘဲ နည္းနည္းပိုအခ်ိန္အားေအာင္ လုပ္ျပီး အားထပ္ထည့္ၾကည့္ပါဦးေနာ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider
[Unicode]

တစ်ပတ်ကို ဘယ်နှစ်ရက်လေ့ကျင့်ခန်းလုပ်မှ ခန္ဓာကိုယ်မှာ သိသာထိရောက်နိုင်မလဲ

လူတိုင်းမှာ ကိုယ်အလေးချိန်ချဖို့၊ ကိုယ်အလေးချိန်တက်ဖို့၊ ဒါမှမဟုတ်လည်း ဒီအတိုင်းပဲ ကျန်းမာသန်စွမ်းနေဖို့ လေ့ကျင့်ခန်းလုပ်၊ Gym ကစားကြတာ ရှိပါတယ်။ Gym သွားကစားတဲ့သူတွေကို ကောက်ရိုးမီးလို့ ပြောကြတာက ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို အလွယ်တကူ၊ မြန်မြန်နဲ့ မမြင်ရတဲ့အတွက် စိတ်ပျက်လက်လျှော့သွားတတ်ကြလို့ပါ။ ဟုတ်တယ်လေ ကိုယ်ကလည်း Gym ကို နိုင်သလောက် မှန်မှန်သွား၊ လေ့ကျင့်ခန်းတွေလည်း မှန်မှန်လုပ်ပါရဲ့၊ ကိုယ့်ခန္ဓာကိုယ် ပြောင်းလဲမှုကို သိသိသာသာမမြင်ရရင် စိတ်ပျက်ကြတာ အမှန်ပါပဲ။

ဒါကြောင့် တစ်ပတ်ကို ဘယ်လောက်ဆော့မှ အပြောင်းအလဲက သိသာမှာလဲ။ Exercise Scientist တစ်ယောက်ဖြစ်တဲ့ Shawn Arent ကတော့ ဒီလို အကြံပေးပါတယ်။ တစ်ပတ်မှာ နှစ်ရက်လောက် လေ့ကျင့်ရုံနဲ့ ခန္ဓာကိုယ်မှာ သိသာတဲ့ ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန်မြင်ရမှာ မဟုတ်ပါဘူးတဲ့။ အနည်းဆုံးတော့ တစ်ပတ်မှာ သုံးရက်လောက် ဆော့ပေးတာဟာ စနစ်ကျတဲ့ လေ့ကျင့်ခန်း Program တစ်ခုဖြစ်ပါတယ်။

နည်းမှန်လမ်းမှန်ဆိုရင်တော့ တစ်ပတ်မှာ သုံးရက် Gym ဆော့ရုံအပြင် နေ့စဉ် တစ်စုံတစ်ခုပြုလုပ်နေဖို့ လိုပါတယ်။ အကြမ်းစားလေ့ကျင့်ခန်းတွေ မဟုတ်ဘဲ လှေကားတက်တာ၊ လမ်းလျှောက်တာ၊ ဖွဖွပြေးတာတွေ လုပ်ပေးဖို့ အကြံပြုပါတယ်။

တစ်ပတ်ကို နှစ်ရက်လေ့ကျင့်ခန်းလုပ်တာနဲ့ တစ်ပတ်ကို သုံးရက် လေ့ကျင့်ခန်းလုပ်တာတောင် သိသိသာသာ ကွာခြားပါတယ်တဲ့။ ဒါကြောင့် တကယ့်ကို ကိုယ့်ခန္ဓာကိုယ်ကို သိသိသာသာပြောင်းလဲဖို့ လိုနေရင် တစ်ပတ်ကို သုံးရက်ကနေ လေးရက်အထိ လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်လို့ သူက အကြံပြုခဲ့ပါတယ်။

ဒီတော့ တစ်ပတ်ကို နှစ်ရက်လောက် လေ့ကျင့်ခန်းလုပ်ပြီး မတိုးတက်လာရကောင်းလားလို့ အပြစ်တင်မနေဘဲ နည်းနည်းပိုအချိန်အားအောင် လုပ်ပြီး အားထပ်ထည့်ကြည့်ပါဦးနော်။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider