အခရာပရိသတ်ကြီးရေ .. အစားအသောက်၊ ဟင်းချက်စရာနဲ့ ဟင်းသီးဟင်းရွက်တွေကို ခုလို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားတတ်တဲ့ ခေတ်ကြီးမှာ ဘယ်အစားအသောက်ကတော့ ရေခဲသေတ္တာထဲ ထည့်ထားရင် ဘယ်လောက်ခံတယ်ဆိုတာ သိဖို့ လိုတာပေါ့။ တချို့ Ready Made အစားအသောက်ဘူးတွေ၊ အထုပ်တွေမှာ သက်တမ်းကုန်ဆုံးတဲ့ နေ့စွဲပါတယ်ဆိုပေမယ့် ဒီလိုအချက်လေးတွေပါ သိတော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။

 

ပြီးတော့ ခုလို မီးက ခုလာလိုက်၊တော်ကြာပျက်လိုက် ခေတ်ကြီးထဲမှာ ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်ဆိုပေမယ့် မီးမမှန်တော့ တယ်စိတ်မချရပေဘူး။ နှစ်စဉ်နှစ်တိုင်းမှာလည်း ရက်လွန်အစားအသောက်တွေကြောင့် ဖြစ်တဲ့ရောဂါတွေကို ခံစားနေရတဲ့ သူတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ၆၀၀ မီလျံလောက်ရှိပြီး သေဆုံးမှုပေါင်း ၄၂၀,၀၀၀ လောက်ရှိခဲ့ပါတယ်။

 

USDA (U.S Department of Agriculture) ယူအက်စ်စိုက်ပျိုးမွေးမြူရေးဋ္ဌာနရဲ့ အစားအသောက်စိတ်ချရမှုစစ်ဆေးခြင်းအရ၊ အစားများတဲ့ အစားအသောက်တွေအတွက် ရေခဲသေတ္တာထဲ အများဆုံးလတ်လတ်ဆတ်ဆတ်ထားနိုင်တဲ့ အချိန်တွေကို အောက်က ပုံတွေမှာ ပြပေးထားပါတယ်။

 

အိတ်နဲ့ထည့်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ (Bagged Greens ) တွေ ကတော့ ရေခဲသေတ္တာထဲမှာဆို ၂ရက်လောက်ခံပြီး Freezer ထဲတော့ မထည့်ဖို့ ပြောထားပါတယ်ခင်ဗျ။ ဘေဘီဂေါ်ဖီထုပ် (Brussel Sprouts) တွေကတော့ ရေခဲသေတ္တာထဲမှာဆိုရင် ၃ ရက်ကနေ – ၅ရက်လောက်ခံပြီး Freezer နဲ့ခဲထားမယ်ဆိုရင်တော့ ၁၀ လကနေ  – ၁၂လ လောက်ထိခံတယ်လို့ ပြထားပါတယ်။

Vegetables

 

Citrus Fruits (အချဉ်ဓာတ်ပါတဲ့ သစ်သီးများ) ဥပမာ – သံပုရာသီး၊ ရှောက်သီးစတာတွေကို ရေခဲသေတ္တာထဲမှာဆိုရင် ၁၀ ရက်-၂၁ရက်လောက်ထားနိုင်ပြီး Freezer ထဲမှာတော့ အေးခဲမထားဖို့ပါ။

Fruits

 

Cheese တွေကတော့ သူ့အမျိုးအစားပေါ်မူတည်ပြီး ရေခဲသေတ္တာထဲ ထားလို့ရတဲ့ အချိန်တွေ၊ Freezer ထဲ ထည့်ထားလို့ ရတဲ့ အချိန်တွေ ကွာပါတယ်။

Cheese

 

နို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာတော့ Cream Cheese က ရေခဲသေတ္တာထဲမှာဆို ၂ ပတ်လာက်ပဲ ခံပြီး ကြက်ဥ၊ဘဲဥစတာတွေကတော့ ရေခဲသေတ္တာထဲမှာထားရင် ၃ပတ်ကနေ – ၅ပတ်လောက် အထားခံပါတယ်။

Diary Products

 

 

အသားတွေကိုတော့ သူတို့ရဲ့ ခုတ်ပိုင်းထားပုံပေါ်လိုက်ပြီး ရေခဲသေတ္တာထဲနဲ့ Freezer ထဲထားလို့ ရတဲ့ အချိန်ကွာပါတယ်။

Fresh Meat

Fresh Meat 2

ငါး၊ပုဇွန်တွေလည်း ဒီအတိုင်းပါပဲ။

Seafood

စားပြီး ကျန်တဲ့ အစားအသောက်တွေဆိုရင်တော့ ပုံပါအတိုင်းရက်တွေပဲ ထားသင့်ပါတယ်။

Leftovers

 

အခရာပရိသတ်တွေလည်း ရေခဲသေတ္တာကို အားကိုးတာလည်း ကိုးပေါ့နော်၊ ရေခဲသေတ္တာထဲ ထည့်ထားတိုင်းလည်း စိတ်ချရတာ မဟုတ်တော့ အခုလို အချိန်လေးလည်း ပြန်ပြန်စစ်ကြရင် အတိုင်းထက် အလွန်ပေါ့ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider