[Zawgyi]

မူးယစ္ေဆးသံုးစြဲမႈအတြက္ ေဆးစစ္ခံရေတာ့မယ္ဆိုရင္

ဒီပို႔စ္ကိုေရးလိုက္လို႔ မူးယစ္ေဆးဝါးသံုးစြဲမႈကို အားေပးတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႔ဦးေနာ္။ မူးယစ္ေဆးဝါးဆိုတာက ေဆးလိပ္ကေနစၿပီး ဘိန္းျဖဴအထိအကုန္ပါပါတယ္ခင္ဗ်။ ဘိန္းျဖဴအထိမသံုးဖူးရင္ေတာင္ေနမယ္ေယာက်္ားေလးဆို အရက္တို႔၊ ဘီယာတို႔၊ ေဆးလိပ္တို႔ေတာ့ ေသာက္ဖူးၾကတာႀကီးပါပဲ။ “မူးယစ္အစေဆးလိပ္က” ဆိုတဲ့ စကားကလည္း ရွိေသးတယ္မဟုတ္လား။ ေဆးလိပ္ေသာက္ဖူးရင္ က်န္တာေတြဆက္လုပ္ဖို႔ဆိုတာ ေတာ္ေတာ္လြယ္သြားၿပီေလ။ အစိုင္အခဲ၊ အရည္၊ အေငြ႔ဆိုၿပီးခြဲမယ္ဆိုရင္ေတာ့ ေသာက္ရၿမိဳရတဲ့မူးယစ္ေဆးဝါးေတြ ရွိသလို၊ ရႈရရႈိက္ရတဲ့ မူးယစ္ေဆးဝါးေတြလည္း ရွိပါတယ္။ တကယ္ေတာ့ မူးယစ္ေဆးဝါးဆိုတာ ဘယ္ဟာမွ မေကာင္းပါဘူး။ မသံုးတာကေတာ့ အေကာင္းဆံုးေပါ့ဗ်ာ။

မူးယစ္ေဆးဝါးသံုးထားအခါ ေဆးစစ္ရင္ေပၚမွာပဲလို႔ ေတြးမိၾကမွာေပါ့။ မူးယစ္ေဆးဝါးသံုးစြဲထားမထားသိခ်င္တယ္ဆိုရင္ ဆီး၊ ေသြး နဲ႔ ဆံပင္ကို အမ်ားဆံုးအဓိကထားၿပီး စစ္ပါတယ္။ အခုေျပာျပခ်င္တာက ကုိယ္ခႏၶာထဲမွာ မူးယစ္ေဆးဝါးအမ်ိဳးအစားကိုလိုက္ၿပီး အခ်ိ္န္ဘယ္ေလာက္ၾကာတဲ့အထိ အာနိသင္ရွိိေနမလဲဆိုတာပါ။

သေဘာၤတက္ခါနီးလူေတြ၊ ႏိုင္ငံျခားမွာအလုပ္သြားလုပ္မယ့္သူေတြ ေရွာင္သင့္တာေရွာင္ၿပီး ေဆာင္သင့္တာ၊ ေဆာင္လို႔ရေအာင္ပါ။ အသက္အရြယ္၊ ကိုယ္အေလးခ်ိန္၊ အရပ္အျမင့္ နဲ႔ သံုးထားတဲ့ပမာဏအေပၚမူတည္ၿပီးအနည္းငယ္ေတာ့ အေျပာင္းအလဲရွိႏိုင္ပါတယ္။

Alcohol (အရက္)
ဆီး – ၃ ရက္ မွ ၅ ရက္
ေသြး – ၁၀ နာရီ မွ ၁၂ နာရီ
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

Marijuana (ေဆးေျခာက္)
ဆီး – ၇ ရက္မွ ၃၀ ရက္
ေသြး – ၂ ပတ္ခန္႔
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

Amphetamines (စိတ္ႂကြေဆးျပားတြင္ပါဝင္ေသာ ဓါတ္ပစၥည္း)
ဆီး – ၁ ရက္ မွ ၃ ရက္
ေသြး – ၁၂ နာရီ
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

Methamphetamines (စိတ္ႂကြေဆးျပားတြင္ပါဝင္ေသာ ဓါတ္ပစၥည္း)
ဆီး – ၃ ရက္ မွ ၆ ရက္
ေသြး – ၁၂ နာရီ မွ ၃၆ နာရီ
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

Cocaine (ကိုကင္း)
ဆီး – ၃ ရက္ မွ ၄ ရက္
ေသြး – ၁ ရက္ မွ ၂ ရက္
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

Heroin (ဟီရိုအင္း)
ဆီး – ၃ ရက္ မွ ၄ ရက္
ေသြး – ၁၂ နာရီအထိ
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

Lysergic Acid Diethylamide (LSD) – (မူးယစ္ေဆးဝါးတစ္မ်ိဳး)
ဆီး – ၁ ရက္ မွ ၃ ရက္
ေသြး – ၂ နာရီ မွ ၃ နာရီ
ဆံပင္ – ၃ ရက္အထိ

Methylene Dioxy Methamphetamine (MDMA), Ecstasy (E) – (မူးယစ္ေဆးဝါးတစ္မ်ိဳး)
ဆီး – ၃ ရက္ မွ ၄ ရက္
ေသြး – ၁ ရက္ မွ ၂ ရက္
ဆံပင္ – ရက္ေပါင္း ၉၀ အထိ

ခၽြင္းခ်က္္ကေတာ့ ေဆးေျခာက္ရႈတဲ့သူေတြဟာ ေသာက္ၿပီးၿပီးခ်င္း ေဆးသြားစစ္မယ္ဆိုရင္ ၃၊ ၄ ရက္အတြင္း မေပၚတာမ်ိဳးရွိတတ္ပါတယ္။ အဲ့ဒီေတာ့ ေဆးစစ္တာလြတ္ခ်င္တဲ့သူေတြက ကိုယ္ေဆးစစ္ရမယ့္အခ်ိန္ကာလအေပၚမူတည္ၿပီး ဘယ္အခ်ိန္နားရမလဲတြက္လို႔ရပါၿပီ။ တကယ္ဆိုရင္ေတာ့ ဘာမွမသံုးတာ အေကာင္းဆံုးပါခင္ဗ်ာ။

မင္းသုခ (အခရာ)

www.akhayar.com

[Unicode]

မူးယစ်ဆေးသုံးစွဲမှုအတွက် ဆေးစစ်ခံရတော့မယ်ဆိုရင်

ဒီပို့စ်ကိုရေးလိုက်လို့ မူးယစ်ဆေးဝါးသုံးစွဲမှုကို အားပေးတယ်လို့တော့ မထင်လိုက်ပါနဲ့ဦးနော်။ မူးယစ်ဆေးဝါးဆိုတာက ဆေးလိပ်ကနေစပြီး ဘိန်းဖြူအထိအကုန်ပါပါတယ်ခင်ဗျ။ ဘိန်းဖြူအထိမသုံးဖူးရင်တောင်နေမယ်ယောကျ်ားလေးဆို အရက်တို့၊ ဘီယာတို့၊ ဆေးလိပ်တို့တော့ သောက်ဖူးကြတာကြီးပါပဲ။ “မူးယစ်အစဆေးလိပ်က” ဆိုတဲ့ စကားကလည်း ရှိသေးတယ်မဟုတ်လား။ ဆေးလိပ်သောက်ဖူးရင် ကျန်တာတွေဆက်လုပ်ဖို့ဆိုတာ တော်တော်လွယ်သွားပြီလေ။ အစိုင်အခဲ၊ အရည်၊ အငွေ့ဆိုပြီးခွဲမယ်ဆိုရင်တော့ သောက်ရမြိုရတဲ့မူးယစ်ဆေးဝါးတွေ ရှိသလို၊ ရှုရရှိုက်ရတဲ့ မူးယစ်ဆေးဝါးတွေလည်း ရှိပါတယ်။ တကယ်တော့ မူးယစ်ဆေးဝါးဆိုတာ ဘယ်ဟာမှ မကောင်းပါဘူး။ မသုံးတာကတော့ အကောင်းဆုံးပေါ့ဗျာ။

မူးယစ်ဆေးဝါးသုံးထားအခါ ဆေးစစ်ရင်ပေါ်မှာပဲလို့ တွေးမိကြမှာပေါ့။ မူးယစ်ဆေးဝါးသုံးစွဲထားမထားသိချင်တယ်ဆိုရင် ဆီး၊ သွေး နဲ့ ဆံပင်ကို အများဆုံးအဓိကထားပြီး စစ်ပါတယ်။ အခုပြောပြချင်တာက ကိုယ်ခန္ဓာထဲမှာ မူးယစ်ဆေးဝါးအမျိုးအစားကိုလိုက်ပြီး အချိန်ဘယ်လောက်ကြာတဲ့အထိ အာနိသင်ရှိနေမလဲဆိုတာပါ။

သဘောၤတက်ခါနီးလူတွေ၊ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့်သူတွေ ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာ၊ ဆောင်လို့ရအောင်ပါ။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အရပ်အမြင့် နဲ့ သုံးထားတဲ့ပမာဏအပေါ်မူတည်ပြီးအနည်းငယ်တော့ အပြောင်းအလဲရှိနိုင်ပါတယ်။

Alcohol (အရက်)
ဆီး – ၃ ရက် မှ ၅ ရက်
သွေး – ၁၀ နာရီ မှ ၁၂ နာရီ
ဆံပင် – ရက်ပေါင်း ၉၀ အထိ

Marijuana (ဆေးခြောက်)
ဆီး – ၇ ရက်မှ ၃၀ ရက်
သွေး – ၂ ပတ်ခန့်
ဆံပင် – ရက်ပေါင်း ၉၀ အထိ

Amphetamines (စိတ်ကြွဆေးပြားတွင်ပါဝင်သော ဓါတ်ပစ္စည်း)
ဆီး – ၁ ရက် မှ ၃ ရက်
သွေး – ၁၂ နာရီ
ဆံပင် – ရက်ပေါင်း ၉၀ အထိ

Methamphetamines (စိတ်ကြွဆေးပြားတွင်ပါဝင်သော ဓါတ်ပစ္စည်း)
ဆီး – ၃ ရက် မှ ၆ ရက်
သွေး – ၁၂ နာရီ မှ ၃၆ နာရီ
ဆံပင် – ရက်ပေါင်း ၉၀ အထိ

Cocaine (ကိုကင်း)
ဆီး – ၃ ရက် မှ ၄ ရက်
သွေး – ၁ ရက် မှ ၂ ရက်
ဆံပင် – ရက်ပေါင်း ၉၀ အထိ

Heroin (ဟီရိုအင်း)
ဆီး – ၃ ရက် မှ ၄ ရက်
သွေး – ၁၂ နာရီအထိ
ဆံပင် – ရက်ပေါင်း ၉၀ အထိ

Lysergic Acid Diethylamide (LSD) – (မူးယစ်ဆေးဝါးတစ်မျိုး)
ဆီး – ၁ ရက် မှ ၃ ရက်
သွေး – ၂ နာရီ မှ ၃ နာရီ
ဆံပင် – ၃ ရက်အထိ

Methylene Dioxy Methamphetamine (MDMA), Ecstasy (E) – (မူးယစ်ဆေးဝါးတစ်မျိုး)
ဆီး – ၃ ရက် မှ ၄ ရက်
သွေး – ၁ ရက် မှ ၂ ရက်
ဆံပင် – ရက်ပေါင်း ၉၀ အထိ

ချွင်းချက်ကတော့ ဆေးခြောက်ရှုတဲ့သူတွေဟာ သောက်ပြီးပြီးချင်း ဆေးသွားစစ်မယ်ဆိုရင် ၃၊ ၄ ရက်အတွင်း မပေါ်တာမျိုးရှိတတ်ပါတယ်။ အဲ့ဒီတော့ ဆေးစစ်တာလွတ်ချင်တဲ့သူတွေက ကိုယ်ဆေးစစ်ရမယ့်အချိန်ကာလအပေါ်မူတည်ပြီး ဘယ်အချိန်နားရမလဲတွက်လို့ရပါပြီ။ တကယ်ဆိုရင်တော့ ဘာမှမသုံးတာ အကောင်းဆုံးပါခင်ဗျာ။

မင်းသုခ (အခရာ)

www.akhayar.com