[Zawgyi] 

iOS 10 မွာစတင္ပါဝင္လာခဲ့တဲ့ App Suggestion ဆိုတာ စိတ္ဝင္စားစရာေကာင္းတဲ့ Feature တစ္ခုပါ။ သင့္ iPhone ထဲမွာ ပါတဲ့ App ေတြနဲ႔ သင္ Download ဆြဲထားတဲ့ App ေတြ၊ Game ေတြကို သင္အသံုးျပဳေလာက္မယ့္အခ်ိန္မွာ ျပေပးဖို႔အတြက္ Apple ရဲ႕ Software Feature ေလးတစ္ခုပါ။ 

Siri App Suggestions လို႔နာမည္ေျပာင္းလိုက္ပါတယ္

App Suggestion အတြက္ သင့္ဖုန္းရဲ႕ Location အခ်က္အလက္နဲ႔အတူ သင္အသံုးျပဳတဲ့မွတ္တမ္းကို အသံုးျပဳၿပီး သင့္အတြက္ App ေတြကို Suggest လုပ္ေပးတာပါ။  သင္ဖြင့္သံုးေလ့ရွိတဲ့ App ကိုမွတ္သားတဲ့အခ်ိန္မွာ တည္ေနရာကိုပါတြဲဖက္မွတ္သားေလ့ရွိပါတယ္။ တည္ေနရာအျပင္ အသံုးျပဳတဲ့ အခ်ိန္ေတြကိုလည္းမွတ္သားထားတာပါေသးတယ္။ အဲ့ဒီလိုအခ်က္အလက္အစံုကို ေန႔စဥ္မွတ္သားထားၿပီး သင့္အေနနဲ႔ ဘယ္ App ကိုဘယ္ေနရာ၊ ဘယ္လိုအခ်ိန္မ်ိဳးမွာ အသံုးျပဳႏိုင္တယ္ဆိုတာကိုခန္႔မွန္းခ်က္ထုတ္ၿပီး အႀကံျပဳခ်က္ထုတ္ေပးတာပဲျဖစ္ပါတယ္။ 

အခု Feature နဲ႔ပတ္သက္ၿပီး ေဝဖန္သံအခ်ိဳ႕ထြက္လာပါေသးတယ္။ ေဝဖန္ခ်က္ေတြထဲက တစ္ခုကေတာ့ “iOS မွာ Spotlight Search ပါေနတာပဲ ကိုယ္လိုခ်င္တဲ့ App ကိုရွာၿပီးခ်က္ခ်င္းဖြင့္လိုက္လည္းရေနတာပဲ” လို႔ေျပာၾကပါတယ္။ တစ္ကယ္တမ္းကေတာ့ Spotlight Search မွာမရွာခင္ကတည္းက ေအာက္မွာ Suggestion လုပ္ေပးတာေတြက ကြက္တိျဖစ္ေနတာကမ်ားတာေၾကာင့္ ေနာက္ပိုင္းေတာ့ ေဝဖန္တာေတြနည္းသြားတဲ့အျပင္ အသံုးဝင္တယ္ဆိုတာကို လက္ခံလာၾကပါတယ္။ iOS Version အသစ္ထြက္တိုင္း ျမင္သာတဲ့ Design ေျပာင္းလဲမႈမ်ိဳးေတြနဲ႔ ပရိတ္သတ္ကိုဆြဲေဆာင္တာမ်ိဳးထက္ တစ္ကယ္အသံုးဝင္ၿပီး အေသးစိတ္လြန္းတဲ့ Feature ေတြကိုပဲထပ္ထည့္ေပးတာက Apple ရဲ႕လုပ္႐ိုးလုပ္စဥ္တစ္ခုပါ။ iOS User ေတြအေနနဲ႔ေတာ့ အဲ့လိုမ်ိဳးေျပာင္းလဲမႈမရွိတာမ်ိဳးကိုလက္ခံေပမယ့္ Android User ေတြရဲ႕ေလွာင္ေျပာင္ေျပာဆိုျခင္းေတြကိုလည္း မၾကာခဏဆိုသလိုေျပာခံရေလ့ရွိပါတယ္။ Mobile OS ေတြအေနနဲ႔ေတာ့ တစ္ခုနဲ႔တစ္ခုလံုးဝတူညီတာမ်ိဳးေတာ့ ရွိလာမွာမဟုတ္တာေၾကာင့္ ႏွစ္ခုၾကားမွာ တူညီတာေလးေတြရွိတတ္သလို ကြဲျပားေနတာေလေတြလည္းအမ်ားႀကီးပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iOS  ရဲ့  App Suggestion ဘယ်လိုအလုပ်လုပ်သလဲ?

iOS 10 မှာစတင်ပါဝင်လာခဲ့တဲ့ App Suggestion ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ Feature တစ်ခုပါ။ သင့် iPhone ထဲမှာ ပါတဲ့ App တွေနဲ့ သင် Download ဆွဲထားတဲ့ App တွေ၊ Game တွေကို သင်အသုံးပြုလောက်မယ့်အချိန်မှာ ပြပေးဖို့အတွက် Apple ရဲ့ Software Feature လေးတစ်ခုပါ။ 

Siri App Suggestions လို့နာမည်ပြောင်းလိုက်ပါတယ်

App Suggestion အတွက် သင့်ဖုန်းရဲ့ Location အချက်အလက်နဲ့အတူ သင်အသုံးပြုတဲ့မှတ်တမ်းကို အသုံးပြုပြီး သင့်အတွက် App တွေကို Suggest လုပ်ပေးတာပါ။  သင်ဖွင့်သုံးလေ့ရှိတဲ့ App ကိုမှတ်သားတဲ့အချိန်မှာ တည်နေရာကိုပါတွဲဖက်မှတ်သားလေ့ရှိပါတယ်။ တည်နေရာအပြင် အသုံးပြုတဲ့ အချိန်တွေကိုလည်းမှတ်သားထားတာပါသေးတယ်။ အဲ့ဒီလိုအချက်အလက်အစုံကို နေ့စဉ်မှတ်သားထားပြီး သင့်အနေနဲ့ ဘယ် App ကိုဘယ်နေရာ၊ ဘယ်လိုအချိန်မျိုးမှာ အသုံးပြုနိုင်တယ်ဆိုတာကိုခန့်မှန်းချက်ထုတ်ပြီး အကြံပြုချက်ထုတ်ပေးတာပဲဖြစ်ပါတယ်။ 

အခု Feature နဲ့ပတ်သက်ပြီး ဝေဖန်သံအချို့ထွက်လာပါသေးတယ်။ ဝေဖန်ချက်တွေထဲက တစ်ခုကတော့ “iOS မှာ Spotlight Search ပါနေတာပဲ ကိုယ်လိုချင်တဲ့ App ကိုရှာပြီးချက်ချင်းဖွင့်လိုက်လည်းရနေတာပဲ” လို့ပြောကြပါတယ်။ တစ်ကယ်တမ်းကတော့ Spotlight Search မှာမရှာခင်ကတည်းက အောက်မှာ Suggestion လုပ်ပေးတာတွေက ကွက်တိဖြစ်နေတာကများတာကြောင့် နောက်ပိုင်းတော့ ဝေဖန်တာတွေနည်းသွားတဲ့အပြင် အသုံးဝင်တယ်ဆိုတာကို လက်ခံလာကြပါတယ်။ iOS Version အသစ်ထွက်တိုင်း မြင်သာတဲ့ Design ပြောင်းလဲမှုမျိုးတွေနဲ့ ပရိတ်သတ်ကိုဆွဲဆောင်တာမျိုးထက် တစ်ကယ်အသုံးဝင်ပြီး အသေးစိတ်လွန်းတဲ့ Feature တွေကိုပဲထပ်ထည့်ပေးတာက Apple ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ iOS User တွေအနေနဲ့တော့ အဲ့လိုမျိုးပြောင်းလဲမှုမရှိတာမျိုးကိုလက်ခံပေမယ့် Android User တွေရဲ့လှောင်ပြောင်ပြောဆိုခြင်းတွေကိုလည်း မကြာခဏဆိုသလိုပြောခံရလေ့ရှိပါတယ်။ Mobile OS တွေအနေနဲ့တော့ တစ်ခုနဲ့တစ်ခုလုံးဝတူညီတာမျိုးတော့ ရှိလာမှာမဟုတ်တာကြောင့် နှစ်ခုကြားမှာ တူညီတာလေးတွေရှိတတ်သလို ကွဲပြားနေတာလေတွေလည်းအများကြီးပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။