[Zawgyi]

Google ရဲ႕ Street View Photo ေတြအတြက္ ဓါတ္ပံုဘယ္လိုရိုက္ကူးသလဲ ?

Google Street View ဆိုတာကေတာ့ ကြ်န္ေတာ္တို႔ပံုမွန္ျမင္ေတြ႔ေနက် Google Map ( Satellite View) လိုမဟုတ္ပဲ ပတ္ဝန္းက်င္အားလံုးကို ၃၆၀ ဒီဂရီ လွည့္လည္ၾကည့္ရႈႏိုင္ပါတယ္။ ကိုယ္တိုင္ လမ္းေပၚမွာ လိုက္ၾကည့္ေနတဲ့ ခံစားခ်က္မ်ိဳးကိုရရွိေစပါတယ္။ ေနာက္ထပ္ အားသာခ်က္တစ္ခုကေတာ့ အထင္ကရ အေဆာက္အဦးေတြထဲကိုပါ ကိုယ္တိုင္ဝင္ၾကည့္သလိုမ်ိဳးဝင္ေရာက္ေလ့လာႏိုင္ပါေသးတယ္။ အဲ့လိုပံုေတြရရွိဖို႔အတြက္ Google ဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဝန္ထမ္းေပါင္းမ်ားစြာနဲ႔ ေနရာအႏွံ႔ ဓါတ္ပံုေတြလိုက္လံရိုက္ကူးခဲ့ရပါတယ္။ အခုလည္း ရိုက္ကူးေနဆဲပါ။

ဒီလိုဓါတ္ပံုေတြဟာ ၃၆၀ ပတ္လည္ၾကည့္ရႈနိုင္ဖို႔အတြက္ ပံုမွန္ရိုက္ကူးေနၾက Camera ေတြနဲ႔ေတာ့ရိုက္ကူးလို႔မရျပန္ပါဘူး။ အထူးျပဳလုပ္ထားတဲ့ Sensor ေပါင္းမ်ားစြာပါဝင္တဲ့ Camera ေတြနဲ႔ ဘယ္လိုရိုက္ကူးသလဲဆိုတာ အခရာ Fans ေတြအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

 Street View Car မ်ားျဖင့္လိုက္လံရိုက္ကူးျခင္း

ကားရဲ႕ေခါင္မိုးေပၚမွာ 360 Camera ေတြတပ္ဆင္ၿပီးရိုက္ယူတာျဖစ္ပါတယ္။

ကားနဲ႔သြားလို႔ရသေလာက္ သြားေရာက္ရိုက္ကူးၾကပါတယ္။

STREET VIEW TREKKER မ်ားျဖင့္ လမ္းေလွ်ာက္ရိုက္ကူးျခင္း

ကားနဲ႔သြားလို႔မရတဲ့ေနရာေတြမွာေတာ့ ေျခလွ်င္လမ္းေလွ်ာက္တဲ့ Camera Operator ေတြနဲ႔ရိုက္ကူးရပါတယ္။ ၄င္းတို႔အတြက္ Google က Camera တပ္ဆင္ထားတဲ့ ေက်ာပိုးအိတ္ေတြေပးထားပါတယ္။

နာမည္ေက်ာ္ၾကားတဲ့ ေတာေတာင္ဝန္းက်င္ေတြအတြက္ ဒီလိုရိုက္ကူးၾကပါတယ္။

အေပၚကပံုကေတာ့ အေမဇံုေတာတြင္းတစ္ေနရာမွာရိုက္ကူးေနတာျဖစ္ပါတယ္။

ေရလမ္းေၾကာင္းေတြမွာေတာ့ စက္ေလွအကူအညီနဲ႔ရိုက္ကူးပါတယ္။

အေဆာက္အဦးေတြထဲမွာဆိုရင္ေတာ့ ဒီလို အထူးျပဳလုပ္ထားတဲ့လက္တြန္းလွည္းေလးေတြနဲ႔လိုက္လံရိုက္ကူးပါတယ္။ လူကုိယ္တိုင္လမ္းေလွ်ာက္ရိုက္လို႔ရေပမယ့္ ပံုရိပ္ပိုမိုတည္ျငိမ္ရန္နဲ႔ Camera Operator အတြက္သက္ေသာင့္သက္သာရွိေစဖို႔နဲ႔ အျခားျပဳလုပ္ခ်က္ေတြကိုပါထည့္သြင္းေပးထားပါတယ္။

ဒီလို TROLLEY ေတြနဲ႔ ျပတိုက္ ၊ ခန္းမေတြ ၊ အားကစားကြင္းေတြနဲ႔ သမတၱအိမ္ျဖဴေတာ္လိုေနရာမ်ိဳးေတြမွာလိုက္လံရိုက္ကူးခဲ့ၾကပါတယ္။

ေရခဲေတာင္ေတြ နဲ႔ ႏွင္းေတာလမ္းေတြမွာေတာ့ SNOWMOBILE လို႔ေခၚတဲ့ႏွင္းေလွ်ာစီးယာဥ္ေတြနဲ႔လိုက္လံရိုက္ကူးပါတယ္။

အခ်ိဳ႕ေသာအထင္ကရေနရာေတြ ၊ ကမၻာ႔အေမြအႏွစ္မ်ားတည္ရွိရာအေဆာက္အဦးေတြမွာ ကားဝင္ေရာက္ခြင့္မရွိပါဘူး။ လမ္းေတြက်ဥ္းတဲ့အတြက္လည္းျဖစ္ပါတယ္။  အဲ့လိုေနရာေတြက ခရီးသြားေတြ အရမ္းစိတ္ဝင္စားတဲ့ေနရာမ်ိဳးေတြျဖစ္ၿပီးအလြန္လွပတဲ့ျမင္ကြင္မ်ိဳးေတြရွိေနတတ္ပါတယ္။ ဒီ့အတြက္ Google ရဲ႕ အင္ဂ်င္နီယာေတြက လမ္းက်ဥ္းေတြမွာသြားလို႔ရမယ့္ သံုးဘီးတပ္စက္ဘီးကိုဖန္တီးေပးထားပါတယ္။ Camera Operator အေနနဲ႔ စက္ဘီးနင္းေနရံုနဲ႔ ကင္မရာက အလိုေလ်ာက္ဓါတ္ပံုရိုက္ကူးသြားမွာျဖစ္ပါတယ္။

Google cyclist Rhys Griffiths  က Mexico ႏိုင္ငံရွိ ကမၻာ႔ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ Stonehenge ေတြကိုဓါတ္ပံုလိုက္လံရိက္ကူးေနတာပဲျဖစ္ပါတယ္။

Google အေနနဲ႔ အထက္ေဖာ္ျပပါ နည္းလမ္းငါးမ်ိဳးနဲ႔ Street View အတြက္ ဓါတ္ပံုမ်ားလိုက္လံရိုက္ကူးလွ်က္ရွိသလို တစ္ခါတစ္ေလ ဗဟုသုတ အားနည္းတဲ့ေက်းလက္ေဒသလိုေနရာမ်ိဳးေတြေရာက္သြားရင္ေတာ့ သူလွ်ိဳလို႔အစြပ္စြဲခံရကာ တားစီးပိတ္ပင္ခံရတာမ်ိဳးေတြလည္းရွိပါေသးတယ္။

ဒီပံုကေတာ့ ထိုင္းႏိုင္ငံ ေက်းရြာတစ္ခုမွာ ရြာသားေတြက မသကၤာမႈနဲ႔တားစီးခံထားရတဲ့ Google Street View ကားတစ္စီးျဖစ္ပါတယ္။

ခုလက္ရွိအခ်ိန္မွာေတာ့ သင္ကိုယ္တိုင္ Google Street View App ကို ဖုန္းထဲမွာထည့္သြင္းၿပီး ၃၆၀ ပတ္လည္ၾကည့္ရႈႏိုင္တဲ့ ဓါတ္ပံုေတြရိုက္ကူးကာ ပူးေပါင္းပါဝင္ႏိုင္ေနၿပီျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Google ရဲ႕လုပ္ေဆာင္ခ်က္ေတြကေတာ့ ကြ်န္ေတာ္တို႔ရဲ႕႔ ကမၻာၾကီးကို အိမ္ထဲကေန ေနရာအႏွ႔ံသြားလို႔ရေအာင္ ဖန္တီးေပးခဲ့ပါတယ္။

Phone Hay Ko (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Google ရဲ့ Street View Photo တွေအတွက် ဓါတ်ပုံဘယ်လိုရိုက်ကူးသလဲ ?

Google Street View ဆိုတာကတော့ ကျွန်တော်တို့ပုံမှန်မြင်တွေ့နေကျ Google Map ( Satellite View) လိုမဟုတ်ပဲ ပတ်ဝန်းကျင်အားလုံးကို ၃၆၀ ဒီဂရီ လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ ကိုယ်တိုင် လမ်းပေါ်မှာ လိုက်ကြည့်နေတဲ့ ခံစားချက်မျိုးကိုရရှိစေပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ အထင်ကရ အဆောက်အဦးတွေထဲကိုပါ ကိုယ်တိုင်ဝင်ကြည့်သလိုမျိုးဝင်ရောက်လေ့လာနိုင်ပါသေးတယ်။ အဲ့လိုပုံတွေရရှိဖို့အတွက် Google ဟာ နှစ်ပေါင်းများစွာကြာအောင် ဝန်ထမ်းပေါင်းများစွာနဲ့ နေရာအနှံ့ ဓါတ်ပုံတွေလိုက်လံရိုက်ကူးခဲ့ရပါတယ်။ အခုလည်း ရိုက်ကူးနေဆဲပါ။

ဒီလိုဓါတ်ပုံတွေဟာ ၃၆၀ ပတ်လည်ကြည့်ရှုနိုင်ဖို့အတွက် ပုံမှန်ရိုက်ကူးနေကြ Camera တွေနဲ့တော့ရိုက်ကူးလို့မရပြန်ပါဘူး။ အထူးပြုလုပ်ထားတဲ့ Sensor ပေါင်းများစွာပါဝင်တဲ့ Camera တွေနဲ့ ဘယ်လိုရိုက်ကူးသလဲဆိုတာ အခရာ Fans တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

 Street View Car များဖြင့်လိုက်လံရိုက်ကူးခြင်း

ကားရဲ့ခေါင်မိုးပေါ်မှာ 360 Camera တွေတပ်ဆင်ပြီးရိုက်ယူတာဖြစ်ပါတယ်။

ကားနဲ့သွားလို့ရသလောက် သွားရောက်ရိုက်ကူးကြပါတယ်။

STREET VIEW TREKKER များဖြင့် လမ်းလျှောက်ရိုက်ကူးခြင်း

ကားနဲ့သွားလို့မရတဲ့နေရာတွေမှာတော့ ခြေလျှင်လမ်းလျှောက်တဲ့ Camera Operator တွေနဲ့ရိုက်ကူးရပါတယ်။ ၎င်းတို့အတွက် Google က Camera တပ်ဆင်ထားတဲ့ ကျောပိုးအိတ်တွေပေးထားပါတယ်။

နာမည်ကျော်ကြားတဲ့ တောတောင်ဝန်းကျင်တွေအတွက် ဒီလိုရိုက်ကူးကြပါတယ်။

အပေါ်ကပုံကတော့ အမေဇုံတောတွင်းတစ်နေရာမှာရိုက်ကူးနေတာဖြစ်ပါတယ်။

ရေလမ်းကြောင်းတွေမှာတော့ စက်လှေအကူအညီနဲ့ရိုက်ကူးပါတယ်။

အဆောက်အဦးတွေထဲမှာဆိုရင်တော့ ဒီလို အထူးပြုလုပ်ထားတဲ့လက်တွန်းလှည်းလေးတွေနဲ့လိုက်လံရိုက်ကူးပါတယ်။ လူကိုယ်တိုင်လမ်းလျှောက်ရိုက်လို့ရပေမယ့် ပုံရိပ်ပိုမိုတည်ငြိမ်ရန်နဲ့ Camera Operator အတွက်သက်သောင့်သက်သာရှိစေဖို့နဲ့ အခြားပြုလုပ်ချက်တွေကိုပါထည့်သွင်းပေးထားပါတယ်။

ဒီလို TROLLEY တွေနဲ့ ပြတိုက် ၊ ခန်းမတွေ ၊ အားကစားကွင်းတွေနဲ့ သမတ္တအိမ်ဖြူတော်လိုနေရာမျိုးတွေမှာလိုက်လံရိုက်ကူးခဲ့ကြပါတယ်။

ရေခဲတောင်တွေ နဲ့ နှင်းတောလမ်းတွေမှာတော့ SNOWMOBILE လို့ခေါ်တဲ့နှင်းလျှောစီးယာဉ်တွေနဲ့လိုက်လံရိုက်ကူးပါတယ်။

အချို့သောအထင်ကရနေရာတွေ ၊ ကမ္ဘာ့အမွေအနှစ်များတည်ရှိရာအဆောက်အဦးတွေမှာ ကားဝင်ရောက်ခွင့်မရှိပါဘူး။ လမ်းတွေကျဉ်းတဲ့အတွက်လည်းဖြစ်ပါတယ်။  အဲ့လိုနေရာတွေက ခရီးသွားတွေ အရမ်းစိတ်ဝင်စားတဲ့နေရာမျိုးတွေဖြစ်ပြီးအလွန်လှပတဲ့မြင်ကွင်မျိုးတွေရှိနေတတ်ပါတယ်။ ဒီ့အတွက် Google ရဲ့ အင်ဂျင်နီယာတွေက လမ်းကျဉ်းတွေမှာသွားလို့ရမယ့် သုံးဘီးတပ်စက်ဘီးကိုဖန်တီးပေးထားပါတယ်။ Camera Operator အနေနဲ့ စက်ဘီးနင်းနေရုံနဲ့ ကင်မရာက အလိုလျောက်ဓါတ်ပုံရိုက်ကူးသွားမှာဖြစ်ပါတယ်။

Google cyclist Rhys Griffiths  က Mexico နိုင်ငံရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် Stonehenge တွေကိုဓါတ်ပုံလိုက်လံရိက်ကူးနေတာပဲဖြစ်ပါတယ်။

Google အနေနဲ့ အထက်ဖော်ပြပါ နည်းလမ်းငါးမျိုးနဲ့ Street View အတွက် ဓါတ်ပုံများလိုက်လံရိုက်ကူးလျှက်ရှိသလို တစ်ခါတစ်လေ ဗဟုသုတ အားနည်းတဲ့ကျေးလက်ဒေသလိုနေရာမျိုးတွေရောက်သွားရင်တော့ သူလျှိုလို့အစွပ်စွဲခံရကာ တားစီးပိတ်ပင်ခံရတာမျိုးတွေလည်းရှိပါသေးတယ်။

ဒီပုံကတော့ ထိုင်းနိုင်ငံ ကျေးရွာတစ်ခုမှာ ရွာသားတွေက မသင်္ကာမှုနဲ့တားစီးခံထားရတဲ့ Google Street View ကားတစ်စီးဖြစ်ပါတယ်။

ခုလက်ရှိအချိန်မှာတော့ သင်ကိုယ်တိုင် Google Street View App ကို ဖုန်းထဲမှာထည့်သွင်းပြီး ၃၆၀ ပတ်လည်ကြည့်ရှုနိုင်တဲ့ ဓါတ်ပုံတွေရိုက်ကူးကာ ပူးပေါင်းပါဝင်နိုင်နေပြီဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Google ရဲ့လုပ်ဆောင်ချက်တွေကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို အိမ်ထဲကနေ နေရာအနှံ့သွားလို့ရအောင် ဖန်တီးပေးခဲ့ပါတယ်။

Phone Hay Ko (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။