[Zawgyi]

ရႈံးပြဲမရွိေသးတဲ့ Floyd Mayweather ဘယ္လုိခ်မ္းသာလာတာလဲ

Floyd Mayweather ဆုိတာ စူပါဖယ္သာဝိတ္ (Super Featherweight) ၊ လုိက္ဝိတ္ (Lightweight) ၊ လုိက္ဝယ္တာဝိတ္ (Light Welterweight) ၊ ဝယ္တာဝိတ္ (Welterweight) နဲ႔ လုိက္မစ္ဒယ္ဝိတ္ (Light Middleweight) စတဲ့ ဝိိတ္တန္း (၅) ခုရဲ႕  ကမၻာ့ခ်န္ပီယံျဖစ္ပါတယ္။ ေၾကးစားလက္ေဝွ႕ ပြဲ(၅ဝ) ထုိးသတ္ခဲ့ရာမွာ ရႈံးပြဲမရွိခဲ့ဘဲ (၂၇) ပြဲအလဲထုိးနဲ႔ ပြဲစဥ္အားလုံး အႏုိင္ရရွိခဲ့ပါတယ္။

ႀကိဳးဝုိင္းထဲမွာ ရႈံးပြဲမၾကံဳဖူးေသးတဲ့ Floyd Mayweather ဟာ ထုိးသတ္ေၾကးနဲ႔ ပတ္သက္ရင္ ပုိက္ဆံေတာင္းလြန္းတယ္။ ဒါ့ေၾကာင့္ပဲ The Money လုိ႔ နာမည္ေျပာင္ရထားတာပဲ။ သူဟာ ေၾကးစားပြဲဦးထြက္ကုိ ၁၉၉၆ခုႏွစ္ ေအာက္တုိဘာလ (၁၁) ရက္ေန႔မွာ စတယ္။ Roberto Apodaca ကုိ ဒုတိယအခ်ီမွာပဲ အလဲထုိးႏုိင္တယ္။ ထုိးေၾကးက ေဒၚလာ (၂,၅ဝဝ) ပဲရတယ္။ Jerry Cooper ကုိ အႏုိင္ရတဲ့ သူ႕ရဲ႕ တတိယပြဲမွာေတာ့ ေဒၚလာ (၇,၅ဝဝ) ရေနၿပီ။

၁၉၉၈ခုႏွစ္ ေအာက္တုိဘာလ (၃) ရက္ေန႔မွာ Genaro Hernández ကုိ အႏုိင္ရေတာ့ WBC (World Boxing Council) ရဲ႕ စူူပါဖယ္သာဝိတ္ခ်န္ပီယံျဖစ္သြားတယ္။ ထုိးေၾကးကလည္း ေဒၚလာ (၁၃၇,ဝဝဝ) အထိရေနၿပီ။ Floyd Mayweather ဟာ ထုိးေၾကးသန္းဂဏန္းရတဲ့ပြဲက Diego Corrales ကုိ အႏုိင္ရတဲ့ပဲြပါ။ ေဒၚလာ (၁.၅) သန္းရလုိက္တယ္။ ၂ဝဝ၆ခုႏွစ္ ဧၿပီလ (၈) ရက္ေန႔မွာ Zab Judah ကုိ အႏုိင္ရလုိက္ေတာ့ IBF (International Boxing Federation) ရဲ႕ ဝယ္တာဝိတ္ခ်န္ပီယံျဖစ္လာတယ္။ ထုိးေၾကးလည္း ေဒၚလာ (၅) သန္းအထိရတယ္။ ၂ဝဝ၆ခုႏွစ္ ႏုိဝင္ဘာလ (၄) ရက္ေန႔မွာ Carlos Baldomir ကုိ အႏုိင္ရလုိက္ေတာ့ ေဒၚလာ (၈) သန္းရလုိက္တယ္။

 

၂ဝဝ၆ခုႏွစ္ ဧၿပီလမွာ Antonio Margarito နဲ႔ ထုိးသတ္ဖုိ႔ ပြဲစီစဥ္သူ Bob Arum က အေမရိကန္ေဒၚလာ (၈) သန္းေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္ Floyd Mayweather က ေဒၚလာ သန္း (၂ဝ) မရလုိ႔ ျငင္းပယ္ခဲ့ပါတယ္။

၂ဝဝ၇ခုႏွစ္ ေမလ (၅)ရက္ေန႔မွာ Oscar De La Hoya နဲ႔ ထုိးသတ္တဲ့ပြဲမွာ ေဒၚလာ (၂၅) သန္းေတာင္ ရရွိခဲ့ပါတယ္။ ၂ဝ၁ဝခုႏွစ္ ေမ (၁) ရက္ေန႔ Shane Mosley နဲ႔ ထုိးသတ္တဲ့ပြဲမွာ ထုိးေၾကးေဒၚလာ (၆၅) သန္းအထိ ရရွိခဲ့ပါတယ္။ ၂ဝ၁၃ခုႏွစ္ စက္တင္ဘာ (၁၄)ရက္ေန႔မွာ Canelo Alvarez နဲ႔ ထုိးသတ္တုန္းက ထုိးေၾကး ေဒၚလာ သန္း (၈ဝ) အထိ ရခဲ့ျပန္ပါတယ္။

၂ဝ၁၅ခုႏွစ္ ေမ(၂) ရက္ေန႔တုန္းက Manny Pacquiao နဲ႔ ထုိးသတ္တုန္းက ထုုိးသတ္ေၾကးအျပင္ ရုပ္သံေၾကးနဲ႔ ေပါင္းလုိက္ရင္ (၁၉၃) သန္းအထိ ရတာျဖစ္ပါတယ္။

၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔တုန္းက UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Conor McGregor နဲ႔ ထုိးသတ္ခဲ့တဲ့ ‘The Money Fight’ ပြဲမွာ ေဒၚလာ (၂၇၅) သန္းအထိ ရရွိခဲ့ေၾကာင္း သိရပါတယ္။ [ထုိးသတ္ေၾကးက သန္း (၁ဝဝ) + ရုပ္သံေၾကး (၁၇၅) သန္း]

Floyd Mayweather ရဲ႕ ကစားသမားတစ္ေလ််ာက္ ထုိးေၾကးစုစုေပါင္းဟာ အေမရိကန္ေဒၚလာ ၁ဘီလီယံ (၁,ဝဝဝ သန္း) အထိ ရွိလာၿပီျဖစ္ပါတယ္။ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈက ေဒၚလာသန္း (၇ဝဝ) အထိရွိေနၿပီလုိ႔ ဆုိၾကပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အနားယူထားတယ္ဆုိေပမယ့္ ႀကိဳးဝုိင္းထဲကုိ ျပန္ဝင္မလားဆုိတာ စိတ္ဝင္စားစရာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ရှုံးပွဲမရှိသေးတဲ့ Floyd Mayweather ဘယ်လိုချမ်းသာလာတာလဲ

Floyd Mayweather ဆိုတာ စူပါဖယ်သာဝိတ် (Super Featherweight) ၊ လိုက်ဝိတ် (Lightweight) ၊ လိုက်ဝယ်တာဝိတ် (Light Welterweight) ၊ ဝယ်တာဝိတ် (Welterweight) နဲ့ လိုက်မစ်ဒယ်ဝိတ် (Light Middleweight) စတဲ့ ဝိတ်တန်း (၅) ခုရဲ့  ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ ကြေးစားလက်ဝှေ့ ပွဲ(၅ဝ) ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲမရှိခဲ့ဘဲ (၂၇) ပွဲအလဲထိုးနဲ့ ပွဲစဉ်အားလုံး အနိုင်ရရှိခဲ့ပါတယ်။

ကြိုးဝိုင်းထဲမှာ ရှုံးပွဲမကြုံဖူးသေးတဲ့ Floyd Mayweather ဟာ ထိုးသတ်ကြေးနဲ့ ပတ်သက်ရင် ပိုက်ဆံတောင်းလွန်းတယ်။ ဒါ့ကြောင့်ပဲ The Money လို့ နာမည်ပြောင်ရထားတာပဲ။ သူဟာ ကြေးစားပွဲဦးထွက်ကို ၁၉၉၆ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှာ စတယ်။ Roberto Apodaca ကို ဒုတိယအချီမှာပဲ အလဲထိုးနိုင်တယ်။ ထိုးကြေးက ဒေါ်လာ (၂,၅ဝဝ) ပဲရတယ်။ Jerry Cooper ကို အနိုင်ရတဲ့ သူ့ရဲ့ တတိယပွဲမှာတော့ ဒေါ်လာ (၇,၅ဝဝ) ရနေပြီ။

၁၉၉၈ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာ Genaro Hernández ကို အနိုင်ရတော့ WBC (World Boxing Council) ရဲ့ စူူပါဖယ်သာဝိတ်ချန်ပီယံဖြစ်သွားတယ်။ ထိုးကြေးကလည်း ဒေါ်လာ (၁၃၇,ဝဝဝ) အထိရနေပြီ။ Floyd Mayweather ဟာ ထိုးကြေးသန်းဂဏန်းရတဲ့ပွဲက Diego Corrales ကို အနိုင်ရတဲ့ပွဲပါ။ ဒေါ်လာ (၁.၅) သန်းရလိုက်တယ်။ ၂ဝဝ၆ခုနှစ် ဧပြီလ (၈) ရက်နေ့မှာ Zab Judah ကို အနိုင်ရလိုက်တော့ IBF (International Boxing Federation) ရဲ့ ဝယ်တာဝိတ်ချန်ပီယံဖြစ်လာတယ်။ ထိုးကြေးလည်း ဒေါ်လာ (၅) သန်းအထိရတယ်။ ၂ဝဝ၆ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့မှာ Carlos Baldomir ကို အနိုင်ရလိုက်တော့ ဒေါ်လာ (၈) သန်းရလိုက်တယ်။

 

၂ဝဝ၆ခုနှစ် ဧပြီလမှာ Antonio Margarito နဲ့ ထိုးသတ်ဖို့ ပွဲစီစဉ်သူ Bob Arum က အမေရိကန်ဒေါ်လာ (၈) သန်းပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် Floyd Mayweather က ဒေါ်လာ သန်း (၂ဝ) မရလို့ ငြင်းပယ်ခဲ့ပါတယ်။

၂ဝဝ၇ခုနှစ် မေလ (၅)ရက်နေ့မှာ Oscar De La Hoya နဲ့ ထိုးသတ်တဲ့ပွဲမှာ ဒေါ်လာ (၂၅) သန်းတောင် ရရှိခဲ့ပါတယ်။ ၂ဝ၁ဝခုနှစ် မေ (၁) ရက်နေ့ Shane Mosley နဲ့ ထိုးသတ်တဲ့ပွဲမှာ ထိုးကြေးဒေါ်လာ (၆၅) သန်းအထိ ရရှိခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ် စက်တင်ဘာ (၁၄)ရက်နေ့မှာ Canelo Alvarez နဲ့ ထိုးသတ်တုန်းက ထိုးကြေး ဒေါ်လာ သန်း (၈ဝ) အထိ ရခဲ့ပြန်ပါတယ်။

၂ဝ၁၅ခုနှစ် မေ(၂) ရက်နေ့တုန်းက Manny Pacquiao နဲ့ ထိုးသတ်တုန်းက ထိုးသတ်ကြေးအပြင် ရုပ်သံကြေးနဲ့ ပေါင်းလိုက်ရင် (၁၉၃) သန်းအထိ ရတာဖြစ်ပါတယ်။

၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တုန်းက UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Conor McGregor နဲ့ ထိုးသတ်ခဲ့တဲ့ ‘The Money Fight’ ပွဲမှာ ဒေါ်လာ (၂၇၅) သန်းအထိ ရရှိခဲ့ကြောင်း သိရပါတယ်။ [ထိုးသတ်ကြေးက သန်း (၁ဝဝ) + ရုပ်သံကြေး (၁၇၅) သန်း]

Floyd Mayweather ရဲ့ ကစားသမားတစ်လျေျာက် ထိုးကြေးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁ဘီလီယံ (၁,ဝဝဝ သန်း) အထိ ရှိလာပြီဖြစ်ပါတယ်။ သူ့ရဲ့အသားတင်ကြွယ်ဝမှုက ဒေါ်လာသန်း (၇ဝဝ) အထိရှိနေပြီလို့ ဆိုကြပါတယ်။ လက်ရှိအချိန်မှာတော့ အနားယူထားတယ်ဆိုပေမယ့် ကြိုးဝိုင်းထဲကို ပြန်ဝင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com