[Zawgyi]

ေအာင္ျမင္ေပမယ့္လည္း သုိသုိသိပ္သိပ္အေနတတ္ဆံုး Rapper အျဖစ္ သတ္မွတ္ခံရတဲ့ Eminem

Eminem ဟာ သူ႔ရဲ႕ ‘Kamikaze’ Album ၾသဂုတ္လမွာ ထြက္တုန္းက သူဟာ သူမ်ားေတြလို ေရးၾကီးခြင္က်ယ္ Press Tour ေတြ မထြက္ခဲ့ဘဲ အဲဒီအစား Twitter မွာ အေခြဝယ္ဖို႔ Link တစ္ခုေပးျပီး “ Tried not 2 overthink this 1’ ဆိုတဲ့ စာသားနဲ႔ လက္ခလယ္ေထာင္ျပထားတဲ့ Emoji တစ္ခုနဲ႔သာ ေရာင္းခ်ခဲ့ပါတယ္။

‘Kamikaze’ Album ဟာဆုိရင္ တေလာကလံုးက Rappers နဲ႔ ႏုိင္ငံေရးသမားေတြကို ဖဲ့ထားသလားလို႔ေတာင္ ထင္ရပါတယ္။ ဒါေပမယ့္ ‘Kamikaze’ Album ဟာ ေငြေၾကးအရလည္း ေအာင္ျမင္မႈရရွိခဲ့ျပီး ပထမဆံုးထြက္ထြက္ခ်င္းအပတ္မွာတင္ အခ်ပ္ေရ ၄၃၄,၀၀၀ ေရာင္းရျပီး Billboard 200 Chart မွာ နံပါတ္ ၁ေနရာထိ ေရာက္ခဲ့ပါတယ္။

Eminem ဟာ ေအာက္တုိဘာလ ၁၇ ရက္မေန႔က အသက္ ၄၆ ႏွစ္ျပည့္သြားခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၉၉၉ ခုႏွစ္ကေတာ့ Marshall Bruce Mathers III လို႔လည္း ေခၚတဲ့ Eminem ဟာ Dr.Dre ရဲ႕ စာသင္သားတစ္ေယာက္ျဖစ္ျပီး လူမည္းေတြ ၾကီးစိုးတဲ့ နယ္ပယ္မွာ လူျဖဴ Rapper တစ္ေယာက္အေနနဲ႔ ရုန္းကန္ခဲ့ရပါတယ္။

Eminem ရဲ႕ သီခ်င္းေတြအမ်ားစုဟာ အျငင္းပြားဖြယ္ရာေတြမ်ားျပီး ‘My Name Is’ နဲ႔ ‘The Real Slim Shady’ လို အေစာပိုင္းက သီခ်င္းေတြမွာဆိုရင္လည္း ၾကမ္းတမ္းတဲ့ လိင္ပိုင္းဆိုင္ရာ အျပဳအမူေတြနဲ႔ မူးယစ္ေဆးသံုးစြဲတာေတြပါခဲ့သလို Britney Spears နဲ႔ Boy Bands ေတြ ေတာ္ေတာ္မ်ားမ်ားကို ေလွာင္ျပာင္ခဲ့ဖူးပါတယ္။ ဒီလိုေတြ သီဆိုခဲ့လို႔လည္း ၂၀၀၀ ခုႏွစ္က ကေနဒါအာဏာပိုင္ေတြရဲ႕ ရႈိးလာဆိုဖို႔ကို တားျမစ္တာလည္း ခံခဲ့ရဖူးပါတယ္။

ဘယ္လိုပဲ စာသားနဲ႔ သီခ်င္းေတြက အျငင္းပြားဖြယ္ရာ ျဖစ္ပါေစ၊ Eminem မွာ ေမြးရာပါ ပါရမီနဲ႔ အရည္အခ်င္းအျပည့္ရွိတယ္ဆိုတာေတာ့ ဘယ္သူမွ အျငင္းမပြားၾကပါဘူး။ သူဟာ Grammy ၁၅ ဆု၊ American Music Awards ၁၄ ဆုနဲ႔ People’s Choice Awards ၇ဆု ရရွိခဲ့ျပီး ၂၀၀၃ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ သီခ်င္း ‘Lose Yourself’ သီခ်င္းနဲ႔ Best Original Song Academy Award ရရွိခဲ့ပါတယ္။ သူ႔ကို Kanye West ၊ Lil Wayne ၊ Drake ၊ Kendrick Lamar နဲ႔ Jay-Z တို႔ကေတာင္ ခ်ီးက်ဴးခဲ့ၾကျပီး ၂၀၁၁ ခုႏွစ္မွာ Rolling Stone Magazine က The King of Hip- Hop လို႔ တင္စားခဲ့ပါတယ္။

ဒီလို ခ်ီးက်ဴးမႈေတြရသလိုပဲ တစ္ဘက္မွာလည္း Christina Aguilera နဲ႔ Mariah Carey တို႔နဲ႔ Beef ျဖစ္ခဲ့သလို Miley Cyrus ၊ Britney ၊ Lana Del Rey ၊ Iggy Azalea တို႔လို အမ်ိဳးသမီးအဆုိေတာ္ ေတာ္ေတာ္မ်ားမ်ားကိုလည္း သီခ်င္းထဲမွာ ေဆာ္ခဲ့ႏွက္ခဲ့ဖူးပါတယ္။ ဒါတင္မဟုတ္ဘဲ Ja Rule ၊ Will Smith ၊ Joe Budden ၊ Lil Xan နဲ႔ ေနာက္ဆံုး Machine Gun Kelly ကအစ Rap ေတြနဲ႔ ျဖဳတ္ခဲ့သူပါ။

Eminem ရဲ႕ လူမႈေရးရာဘဝမွာလည္း ၾကမ္းတမ္းမႈေတြ ၾကံဳခဲ့ရျပီး သူ႔ရဲ႕ မိခင္ Debbie Mathers ကို ေဆးစြဲေနတဲ့ မိခင္အျဖစ္စြပ္စြဲခဲ့ပါတယ္။ သူ႔ရဲ႕ သီခ်င္းထဲမွာ သူ႔အေမကို အၾကိမ္ၾကိမ္ထည့္ဆိုခဲ့တဲ့အတြက္ အသေရဖ်က္မႈနဲ႔ သူ႔အေမက သူ႔ကို တရားျပန္စြဲခဲ့ေပမယ့္ အေရးယူမႈေတာ့ မခံခဲ့ရပါဘူး။ ၂၀၁၄ ခုႏွစ္က ‘Headlights’ ဆိုတဲ့ သီခ်င္းမွာေတာ့ သူ႔အေမကို ျပန္ျပီးေတာင္းပန္ခဲ့ပါတယ္။

အခ်စ္ေရးအခ်စ္ရာမွာဆုိရင္ေတာ့ Eminem ဟာ Kim Scott Mathers ဆိုတဲ့ သူ႔ရဲ႕ အထက္တန္းေက်ာင္းတုန္းက ရည္းစားေလးနဲ႔ပဲ ႏွစ္ၾကိမ္တုိင္ လက္ထပ္ခဲ့သူပါ၊ တစ္ခါကြဲသြားျပီးမွ ျပန္ျပီး ေပါင္းသင္းလက္ထပ္ခဲ့တာ ျဖစ္ပါတယ္။  ၁၉၉၉ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကျပီး ၂၀၀၁ ခုႏွစ္မွာ ကြာရွင္းခဲ့ၾကပါတယ္။ ၂၀၀၆ ခုႏွစ္မွာေတာ့ ျပန္လည္လက္ထပ္ခဲ့ျပီး သံုးလအၾကာမွာ Eminem ဘက္က ကြာရွင္းခြင့္ေတာင္းဆိုခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ သမီးေလး Hailie ကိုေတာ့ ပူးတဲြအုပ္ထိန္းခြင့္ ရယူခဲ့ပါတယ္။ Hailie ဟာ ၁၉၉၅ ခုႏွစ္မွာ ေမြးဖြားခဲ့တာ ျဖစ္တဲ့အတြက္ အခုဆို အသက္ ၂၃ ႏွစ္ရွိေနျပီျဖစ္ပါတယ္။

Eminem ဟာ ခင္ပြန္းသည္ေကာင္းဟုတ္ခ်င္မွ ဟုတ္ႏုိင္ေပမယ့္ Hailie အတြက္ေတာ့ လံုးဝကို ဖခင္ေကာင္းတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ( Machine Gun Kelly ျဖစ္တဲ့ ကိစၥဟာ သူ႔သမီး Hailie ကို MGK က စလို႔ဆုိတဲ့ အခ်က္လည္း ပါဝင္ပါတယ္တဲ့)။ ဒါတင္မဟုတ္ဘဲ ခ်စ္တတ္သူၾကီး Eminem ဟာ ဇနီးေဟာင္း Kim ရဲ႕ တျခားခ်စ္သူနဲ႔ ရတဲ့ သမီးေလး Aliana နဲ႔ Kim ရဲ႕ အျမႊာညီအစ္မက ေမြးတဲ့ Dawn ဆိုတဲ့ သမီးေလးကို ေစာင့္ေရွာက္ထားသူပါ။

Eminem ရဲ႕ သမီးေလး Hailie

Eminem ရဲ႕ သမီးေလး Hailie

ဘယ္လိုပဲ ဆိုးရြားပါေစ၊ ပုဂၢလိက ဘဝမွာေတာ့ ကိုယ္ေရးကိုယ္တာေတြကို ထိန္းသိမ္းႏုိင္သူပါ။ သူ႔ရဲ႕ သီခ်င္းေတြနဲ႔ အင္တာဗ်ဴးေတြမွာေတာ့ အရက္နဲ႔ မူးယစ္ေဆးဝါးကို သံုးလိုက္ျပတ္လိုက္ျဖစ္ေနတဲ့ အခက္အခဲကို အရိုးသားဆံုးခ်ျပခဲ့ျပီး ၂၀၀၇ ခုႏွစ္မွာ ေဆးလြန္ျပီး ေသမလို ျဖစ္ျပီးေနာက္ပို္င္္းမွာေတ့ ေဆးသံုးစြဲတာေတြနဲ႔ ေဝးေဝးေနဖုိ႔ သူ႔ကုိယ္သူ ကတိေပးခဲ့ပါတယ္။

လူျမင္ကြင္းေတြ၊ ပါတီေတြမွာလည္း သိပ္မေတြ႔ရတဲ့ Eminem ဟာ ရုပ္ရွင္ၾကည့္ရတာေတာ့ ၾကိဳက္ပါတယ္။ ရုပ္ရွင္ရံုသြားၾကည့္ရင္လည္း ရုပ္ရွင္ရုံတစ္ခုလံုးကို ငွားၾကည့္တတ္သလို အိမ္မွာလည္း TV Shows ေတြ ထုိင္ၾကည့္ေနတတ္သူပါ။

သူ႔ကိုယ္သူ “ကၽြန္ေတာ္က ကၽြန္ေတာ့္ရဲ႕ ဂီတနဲ႔ပဲ လူေတြရဲ႕ အာရံုစိုက္မႈကို ရရွိေအာင္ ၾကိဳးစားပါတယ္၊ တျခားအေၾကာင္းနဲ႔ေတာ့ လံုးဝမလုပ္ပါဘူး”လို႔ ေျပာခဲ့ျပီး  “လူေတြကို သီခ်င္းထဲမွာ ကလိရတာ ၊ ေနာက္ဆံုး ကိုယ့္ကိုယ္ကိုယ္ ျပန္သေရာ္ရတာထိ သေဘာက်ျပီး အျပင္ဘက္ဘဝမွာေတာ့ Gay ပဲျဖစ္ျဖစ္၊ Straight ပဲ ျဖစ္ျဖစ္၊ Transgender ျဖစ္ျဖစ္ ဘာအာရံုမွ မထားတဲ့သူပါ” လို႔ သူ႔ရဲ႕ ဂီတအေပၚထားတဲ့ သေဘာထားနဲ႔ လက္ေတြ႔ဘဝကုိ ခြဲျခားျပခဲ့ပါတယ္။

ဘဝအနိမ့္အျမင့္ အတက္အက်ေတြလည္း စံုခဲ့တဲ့ Eminem ဟာ အခုဆိုရင္ အသက္ ၄၆ ႏွစ္ျပည့္ျပီး Rap ဘုိးေအၾကီး ျဖစ္ခဲ့ေပမယ့္ Skill တစ္ေပါက္ကေတာ့ လွ်မ္းလွ်မ္းေတာက္ေနဆဲပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

[Unicode]

အောင်မြင်ပေမယ့်လည်း သိုသိုသိပ်သိပ်အနေတတ်ဆုံး Rapper အဖြစ် သတ်မှတ်ခံရတဲ့ Eminem

Eminem ဟာ သူ့ရဲ့ ‘Kamikaze’ Album သြဂုတ်လမှာ ထွက်တုန်းက သူဟာ သူများတွေလို ရေးကြီးခွင်ကျယ် Press Tour တွေ မထွက်ခဲ့ဘဲ အဲဒီအစား Twitter မှာ အခွေဝယ်ဖို့ Link တစ်ခုပေးပြီး “ Tried not 2 overthink this 1’ ဆိုတဲ့ စာသားနဲ့ လက်ခလယ်ထောင်ပြထားတဲ့ Emoji တစ်ခုနဲ့သာ ရောင်းချခဲ့ပါတယ်။

‘Kamikaze’ Album ဟာဆိုရင် တလောကလုံးက Rappers နဲ့ နိုင်ငံရေးသမားတွေကို ဖဲ့ထားသလားလို့တောင် ထင်ရပါတယ်။ ဒါပေမယ့် ‘Kamikaze’ Album ဟာ ငွေကြေးအရလည်း အောင်မြင်မှုရရှိခဲ့ပြီး ပထမဆုံးထွက်ထွက်ချင်းအပတ်မှာတင် အချပ်ရေ ၄၃၄,၀၀၀ ရောင်းရပြီး Billboard 200 Chart မှာ နံပါတ် ၁နေရာထိ ရောက်ခဲ့ပါတယ်။

Eminem ဟာ အောက်တိုဘာလ ၁၇ ရက်မနေ့က အသက် ၄၆ နှစ်ပြည့်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတော့ Marshall Bruce Mathers III လို့လည်း ခေါ်တဲ့ Eminem ဟာ Dr.Dre ရဲ့ စာသင်သားတစ်ယောက်ဖြစ်ပြီး လူမည်းတွေ ကြီးစိုးတဲ့ နယ်ပယ်မှာ လူဖြူ Rapper တစ်ယောက်အနေနဲ့ ရုန်းကန်ခဲ့ရပါတယ်။

Eminem ရဲ့ သီချင်းတွေအများစုဟာ အငြင်းပွားဖွယ်ရာတွေများပြီး ‘My Name Is’ နဲ့ ‘The Real Slim Shady’ လို အစောပိုင်းက သီချင်းတွေမှာဆိုရင်လည်း ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေနဲ့ မူးယစ်ဆေးသုံးစွဲတာတွေပါခဲ့သလို Britney Spears နဲ့ Boy Bands တွေ တော်တော်များများကို လှောင်ပြာင်ခဲ့ဖူးပါတယ်။ ဒီလိုတွေ သီဆိုခဲ့လို့လည်း ၂၀၀၀ ခုနှစ်က ကနေဒါအာဏာပိုင်တွေရဲ့ ရှိုးလာဆိုဖို့ကို တားမြစ်တာလည်း ခံခဲ့ရဖူးပါတယ်။

ဘယ်လိုပဲ စာသားနဲ့ သီချင်းတွေက အငြင်းပွားဖွယ်ရာ ဖြစ်ပါစေ၊ Eminem မှာ မွေးရာပါ ပါရမီနဲ့ အရည်အချင်းအပြည့်ရှိတယ်ဆိုတာတော့ ဘယ်သူမှ အငြင်းမပွားကြပါဘူး။ သူဟာ Grammy ၁၅ ဆု၊ American Music Awards ၁၄ ဆုနဲ့ People’s Choice Awards ၇ဆု ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ သူ့ရဲ့ သီချင်း ‘Lose Yourself’ သီချင်းနဲ့ Best Original Song Academy Award ရရှိခဲ့ပါတယ်။ သူ့ကို Kanye West ၊ Lil Wayne ၊ Drake ၊ Kendrick Lamar နဲ့ Jay-Z တို့ကတောင် ချီးကျူးခဲ့ကြပြီး ၂၀၁၁ ခုနှစ်မှာ Rolling Stone Magazine က The King of Hip- Hop လို့ တင်စားခဲ့ပါတယ်။

ဒီလို ချီးကျူးမှုတွေရသလိုပဲ တစ်ဘက်မှာလည်း Christina Aguilera နဲ့ Mariah Carey တို့နဲ့ Beef ဖြစ်ခဲ့သလို Miley Cyrus ၊ Britney ၊ Lana Del Rey ၊ Iggy Azalea တို့လို အမျိုးသမီးအဆိုတော် တော်တော်များများကိုလည်း သီချင်းထဲမှာ ဆော်ခဲ့နှက်ခဲ့ဖူးပါတယ်။ ဒါတင်မဟုတ်ဘဲ Ja Rule ၊ Will Smith ၊ Joe Budden ၊ Lil Xan နဲ့ နောက်ဆုံး Machine Gun Kelly ကအစ Rap တွေနဲ့ ဖြုတ်ခဲ့သူပါ။

Eminem ရဲ့ လူမှုရေးရာဘဝမှာလည်း ကြမ်းတမ်းမှုတွေ ကြုံခဲ့ရပြီး သူ့ရဲ့ မိခင် Debbie Mathers ကို ဆေးစွဲနေတဲ့ မိခင်အဖြစ်စွပ်စွဲခဲ့ပါတယ်။ သူ့ရဲ့ သီချင်းထဲမှာ သူ့အမေကို အကြိမ်ကြိမ်ထည့်ဆိုခဲ့တဲ့အတွက် အသရေဖျက်မှုနဲ့ သူ့အမေက သူ့ကို တရားပြန်စွဲခဲ့ပေမယ့် အရေးယူမှုတော့ မခံခဲ့ရပါဘူး။ ၂၀၁၄ ခုနှစ်က ‘Headlights’ ဆိုတဲ့ သီချင်းမှာတော့ သူ့အမေကို ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။

အချစ်ရေးအချစ်ရာမှာဆိုရင်တော့ Eminem ဟာ Kim Scott Mathers ဆိုတဲ့ သူ့ရဲ့ အထက်တန်းကျောင်းတုန်းက ရည်းစားလေးနဲ့ပဲ နှစ်ကြိမ်တိုင် လက်ထပ်ခဲ့သူပါ၊ တစ်ခါကွဲသွားပြီးမှ ပြန်ပြီး ပေါင်းသင်းလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။  ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ပြန်လည်လက်ထပ်ခဲ့ပြီး သုံးလအကြာမှာ Eminem ဘက်က ကွာရှင်းခွင့်တောင်းဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သမီးလေး Hailie ကိုတော့ ပူးတွဲအုပ်ထိန်းခွင့် ရယူခဲ့ပါတယ်။ Hailie ဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်တဲ့အတွက် အခုဆို အသက် ၂၃ နှစ်ရှိနေပြီဖြစ်ပါတယ်။

Eminemနဲ႔ ဇနီးသည္

Eminemနဲ႔ ဇနီးသည္

Eminem ဟာ ခင်ပွန်းသည်ကောင်းဟုတ်ချင်မှ ဟုတ်နိုင်ပေမယ့် Hailie အတွက်တော့ လုံးဝကို ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ( Machine Gun Kelly ဖြစ်တဲ့ ကိစ္စဟာ သူ့သမီး Hailie ကို MGK က စလို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်တဲ့)။ ဒါတင်မဟုတ်ဘဲ ချစ်တတ်သူကြီး Eminem ဟာ ဇနီးဟောင်း Kim ရဲ့ တခြားချစ်သူနဲ့ ရတဲ့ သမီးလေး Aliana နဲ့ Kim ရဲ့ အမြွှာညီအစ်မက မွေးတဲ့ Dawn ဆိုတဲ့ သမီးလေးကို စောင့်ရှောက်ထားသူပါ။

Eminem ရဲ့ သမီးလေး Hailie

Eminem ရဲ့ သမီးလေး Hailie

ဘယ်လိုပဲ ဆိုးရွားပါစေ၊ ပုဂ္ဂလိက ဘဝမှာတော့ ကိုယ်ရေးကိုယ်တာတွေကို ထိန်းသိမ်းနိုင်သူပါ။ သူ့ရဲ့ သီချင်းတွေနဲ့ အင်တာဗျူးတွေမှာတော့ အရက်နဲ့ မူးယစ်ဆေးဝါးကို သုံးလိုက်ပြတ်လိုက်ဖြစ်နေတဲ့ အခက်အခဲကို အရိုးသားဆုံးချပြခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဆေးလွန်ပြီး သေမလို ဖြစ်ပြီးနောက်ပိုင်းမှာတေ့ ဆေးသုံးစွဲတာတွေနဲ့ ဝေးဝေးနေဖို့ သူ့ကိုယ်သူ ကတိပေးခဲ့ပါတယ်။

လူမြင်ကွင်းတွေ၊ ပါတီတွေမှာလည်း သိပ်မတွေ့ရတဲ့ Eminem ဟာ ရုပ်ရှင်ကြည့်ရတာတော့ ကြိုက်ပါတယ်။ ရုပ်ရှင်ရုံသွားကြည့်ရင်လည်း ရုပ်ရှင်ရုံတစ်ခုလုံးကို ငှားကြည့်တတ်သလို အိမ်မှာလည်း TV Shows တွေ ထိုင်ကြည့်နေတတ်သူပါ။

သူ့ကိုယ်သူ “ကျွန်တော်က ကျွန်တော့်ရဲ့ ဂီတနဲ့ပဲ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိအောင် ကြိုးစားပါတယ်၊ တခြားအကြောင်းနဲ့တော့ လုံးဝမလုပ်ပါဘူး”လို့ ပြောခဲ့ပြီး  “လူတွေကို သီချင်းထဲမှာ ကလိရတာ ၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်သရော်ရတာထိ သဘောကျပြီး အပြင်ဘက်ဘဝမှာတော့ Gay ပဲဖြစ်ဖြစ်၊ Straight ပဲ ဖြစ်ဖြစ်၊ Transgender ဖြစ်ဖြစ် ဘာအာရုံမှ မထားတဲ့သူပါ” လို့ သူ့ရဲ့ ဂီတအပေါ်ထားတဲ့ သဘောထားနဲ့ လက်တွေ့ဘဝကို ခွဲခြားပြခဲ့ပါတယ်။

ဘဝအနိမ့်အမြင့် အတက်အကျတွေလည်း စုံခဲ့တဲ့ Eminem ဟာ အခုဆိုရင် အသက် ၄၆ နှစ်ပြည့်ပြီး Rap ဘိုးအေကြီး ဖြစ်ခဲ့ပေမယ့် Skill တစ်ပေါက်ကတော့ လျှမ်းလျှမ်းတောက်နေဆဲပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com