[ZawGyi]

ၿဗိတိန္ေတာ္ဝင္မိသားစုေတြ ဘယ္ကဝင္ေငြေတြရၿပီး က်ိက်ိတက္ခ်မ္းသာေနရသလဲ?

သာမန္လူေတြအတြက္ေတာ့ ကိုယ့္ေန႔စဥ္အလုပ္ဟာ ကိုယ့္ရဲ႕ဝင္ေငြရေစတဲ့ အေၾကာင္းအရင္းပါပဲ။ ဒါေပမယ့္ ၿဗိတိန္ေတာ္ဝင္မိသားစုေတြအတြက္က်ေတာ့ ဒီေလာက္မ်ားျပားႂကြယ္ဝလွတဲ့ စည္းစိမ္ဥစၥာေတြကုုိ ဘယ္ကရသလဲဆိုတာ ေမးခြန္းထုတ္ စဥ္းစားစရာပါပဲ။

Britain Royal Family

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ၿဗိတိန္ေတာ္ဝင္ဘုရင္မ အဲလိဇဘက္ ( Queen Elizabeth II ) နဲ႔ ၿဗိတိသွ်ေတာ္ဝင္မိသားစုေတြမွာေတာ့ ဝင္ေငြရႏိုင္တဲ့ အရင္းအျမစ္ေတြအမ်ားႀကီးပါပဲ။ သတင္းမီဒီယာေတြရဲ႕ တြက္ခ်က္မႈအရ ဘုရင္မႀကီးရဲ႕ ကိုယ္ပိုင္ဝင္ေငြႂကြယ္ဝမႈဟာ ေပါင္ ၃၆၀ သန္း (အေမရိကန္ေဒၚလာ ၄၆၀ သန္း) ရွိပါတယ္တဲ့။ ဒါေပမယ့္ ဘုရင္မႀကီးထက္ႂကြယ္ဝခ်မ္းသာတဲ့ ၿဗိတိန္လူမ်ိဳး ၃၂၀ ေက်ာ္လည္း ရွိပါေသးတယ္။

Queen Elizabeth II

ေတာ္ဝင္ ဘုရင္မႀကီးနဲ႔ သားေတာ္ မင္းသားႀကီး ခ်ားလ္ (Prince Charles) အေနနဲ႔ သူတို႔ရဲ႕ဝင္ေငြအမ်ားစုကို အစိုးရနဲ႔ ကိုယ္ပိုင္အိမ္ရာေတြကေန ရရွိတာျဖစ္ၿပီး တျခားမိသားစုဝင္ေတြျဖစ္တဲ့ မင္းသား ဝီလ်ံ( Prince William) နဲ႔ ဇနီး ကိတ္မစ္ဒယ္တန္ (Kate Middleton)  ၊ မင္းသားဟယ္ရီ (Prince Harry ) နဲ႔ ေမလ ၁၉ ရက္ေန႔မွာ လက္ထပ္ေတာ့မယ့္ မီဂန္ မာကယ္ (Meghan Markle) တို႔ရဲ႕ ရန္ပံုေငြေတြကလည္း သန္းနဲ႔ခ်ီဝင္ေငြေတြရေနတာျဖစ္ပါတယ္။

Prince Philip, Duke of Edinburgh, Prince Harry, Catherine, Duchess of Cambridge and Prince William, Duke of Cambridge.

ဘုရင္မႀကီးရဲ႕ အဓိက ဝင္ေငြေတြကေတာ့ အစိုးရကေန သက္ဦးဆံပိုင္ဘုရင္ေတြအတြက္ ႏွစ္စဥ္ေပးအပ္တဲ့ ေထာက္ပံ့ေၾကးေငြေတြရယ္၊ ဘုရင့္အပိုင္စား Lancaster ၿမိဳ႕နယ္ပိုင္ေျမေတြနဲ႔ သူမရဲ႕ ကိုယ္ပိုင္ ပိုင္ဆိုင္မႈေတြ၊ ရင္းႏွီးျမဳပ္ႏွံမႈေတြကေန ရရွိေနတာျဖစ္ပါတယ္။

Royal Family

ဘုရင္မႀကီးအတြက္ ေပးအပ္တဲ့ေထာက္ပံ့ေၾကးေငြေတြဟာဆိုရင္ တစ္ႏွစ္စာကို ခရီးသြားစရိတ္၊ လံုျခံဳေရး၊ ဝန္ထမ္းေရးနဲ႔ ေတာ္ဝင္နန္းေတာ္ေရးကိစၥေတြပါ အပါအဝင္ အေမရိကန္ေဒၚလာ ၅၈ သန္းထိ ရရွိတာျဖစ္ပါတယ္။

Queen Elizabeth II with Prince Philip

သူမရဲ႕ ကိုယ္ပိုင္ ရင္းႏွီးျမဳပ္ႏွံမႈေတြဟာဆိုရင္လည္း မိဘဘိုးဘြား ေတာ္ဝင္အေမြေတြျဖစ္တဲ့ “Balmoral Castle” အပါအဝင္ ဘုရင္မႀကီးရဲ႕ ဖခမည္းေတာ္ျဖစ္တဲ့ ဆဌမေျမာက္ ေဂ်ာ့ခ္် ဘုရင္ၾကီး ( King George VI) ရဲ႕ မ်ိဳး႐ိုးစဥ္ဆက္အေမြေတြျဖစ္တဲ့ အႏုပညာေျမာက္ လက္ရာေတြအျပင္ တံဆိပ္ေခါင္းစုစည္းမႈေတြကေန ရရွိတာျဖစ္ပါတယ္။

Balmoral Castle

တျခားဝင္ေငြျဖစ္တဲ့ ဘုရင့္ၿမိဳ႕စားပိုင္နက္ “The Duchy of Lancaster” ဟာဆိုရင္လည္း ႏွစ္ရာေပါင္းမ်ားစြာတည္းက ေတာ္ဝင္မိသားစုပိုင္ျဖစ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ နယ္ေျမပိုင္ဆိုင္မႈစစ္တမ္းေတြအရ ၁၈၄၃၃ ဟက္တာ ထိက်ယ္ျပန္႔ခဲ့တဲ့အျပင္ ေတာ္ဝင္မိသားစုအတြက္ “The Privy Purse” လို႔ေခၚတဲ့ အဓိကဝင္ေငြလမ္းေၾကာင္း ျဖစ္ခဲ့ပါတယ္။

The Duchy of Lancaster Castle

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ၾကြယ္ဝခ်မ္းသာလာတဲ့အခါမွာလည္း ဘုရင္မႀကီးက သူမရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈဝင္ေငြေတြကတဆင့္ အစိုးရကို အခြန္ျပန္ေဆာင္ခဲ့ေပမယ့္ အခြန္ပမာဏကိုေတာ့ လွ်ိဳ႕ဝွက္ထားခဲ့ပါတယ္။ သူမရဲ႕ ပိုင္ဆိုင္မႈေတြအားလံုးကို ျပန္လည္မေရာင္းခ်သေရြ႕ ေတာ္ဝင္မ်ိဳးႏြယ္ဖြားအဆင့္ဆင့္ကသာ လက္ဆင့္ကမ္း ပိုင္ဆိုင္ရေတာ့မွာပါ။

Queen Elizabeth II

ေတာ္ဝင္မိသားစုရဲ႕ ဝင္ေငြေတြ၊ ႂကြယ္ဝခ်မ္းသာမႈအေထြေထြကေတာ့ အေပၚကေဖာ္ျပခဲ့တဲ့ အဓိက လမ္းေၾကာင္း ၃ ခုကေန စီးဆင္းေနတာျဖစ္ပါတယ္။ ေနထိုင္မႈပံုစံ ခမ္းနားအဆင့္ျမင့္သလိုပဲ ပိုင္ဆိုင္မႈေတြလည္း ထင္ထားတာထက္ ရႈပ္ေထြးတဲ့ ၿဗိတိန္ေတာ္ဝင္မိသားစုေတြရဲ႕ ေငြေၾကးႂကြယ္ဝမႈေတြကေတာ့ သားစဥ္ေျမးဆက္ သံုးမကုန္ေအာင္ပါပဲ။

EiEiKhineMinn ( Akhayar )
[Unicode]

ဗြိတိန်တော်ဝင်မိသားစုတွေ ဘယ်ကဝင်ငွေတွေရပြီး ကျိကျိတက်ချမ်းသာနေရသလဲ?

သာမန်လူတွေအတွက်တော့ ကိုယ့်နေ့စဉ်အလုပ်ဟာ ကိုယ့်ရဲ့ဝင်ငွေရစေတဲ့ အကြောင်းအရင်းပါပဲ။ ဒါပေမယ့် ဗြိတိန်တော်ဝင်မိသားစုတွေအတွက်ကျတော့ ဒီလောက်များပြားကြွယ်ဝလှတဲ့ စည်းစိမ်ဥစ္စာတွေကိုု ဘယ်ကရသလဲဆိုတာ မေးခွန်းထုတ် စဉ်းစားစရာပါပဲ။

Britain Royal Family

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဗြိတိန်တော်ဝင်ဘုရင်မ အဲလိဇဘက် ( Queen Elizabeth II ) နဲ့ ဗြိတိသျှတော်ဝင်မိသားစုတွေမှာတော့ ဝင်ငွေရနိုင်တဲ့ အရင်းအမြစ်တွေအများကြီးပါပဲ။ သတင်းမီဒီယာတွေရဲ့ တွက်ချက်မှုအရ ဘုရင်မကြီးရဲ့ ကိုယ်ပိုင်ဝင်ငွေကြွယ်ဝမှုဟာ ပေါင် ၃၆၀ သန်း (အမေရိကန်ဒေါ်လာ ၄၆၀ သန်း) ရှိပါတယ်တဲ့။ ဒါပေမယ့် ဘုရင်မကြီးထက်ကြွယ်ဝချမ်းသာတဲ့ ဗြိတိန်လူမျိုး ၃၂၀ ကျော်လည်း ရှိပါသေးတယ်။

Queen Elizabeth II

တော်ဝင် ဘုရင်မကြီးနဲ့ သားတော် မင်းသားကြီး ချားလ် (Prince Charles) အနေနဲ့ သူတို့ရဲ့ဝင်ငွေအများစုကို အစိုးရနဲ့ ကိုယ်ပိုင်အိမ်ရာတွေကနေ ရရှိတာဖြစ်ပြီး တခြားမိသားစုဝင်တွေဖြစ်တဲ့ မင်းသား ဝီလျံ( Prince William) နဲ့ ဇနီး ကိတ်မစ်ဒယ်တန် (Kate Middleton)  ၊ မင်းသားဟယ်ရီ (Prince Harry ) နဲ့ မေလ ၁၉ ရက်နေ့မှာ လက်ထပ်တော့မယ့် မီဂန် မာကယ် (Meghan Markle) တို့ရဲ့ ရန်ပုံငွေတွေကလည်း သန်းနဲ့ချီဝင်ငွေတွေရနေတာဖြစ်ပါတယ်။

Prince Philip, Duke of Edinburgh, Prince Harry, Catherine, Duchess of Cambridge and Prince William, Duke of Cambridge.

ဘုရင်မကြီးရဲ့ အဓိက ဝင်ငွေတွေကတော့ အစိုးရကနေ သက်ဦးဆံပိုင်ဘုရင်တွေအတွက် နှစ်စဉ်ပေးအပ်တဲ့ ထောက်ပံ့ကြေးငွေတွေရယ်၊ ဘုရင့်အပိုင်စား Lancaster မြို့နယ်ပိုင်မြေတွေနဲ့ သူမရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေကနေ ရရှိနေတာဖြစ်ပါတယ်။

Royal Family

ဘုရင်မကြီးအတွက် ပေးအပ်တဲ့ထောက်ပံ့ကြေးငွေတွေဟာဆိုရင် တစ်နှစ်စာကို ခရီးသွားစရိတ်၊ လုံခြုံရေး၊ ဝန်ထမ်းရေးနဲ့ တော်ဝင်နန်းတော်ရေးကိစ္စတွေပါ အပါအဝင် အမေရိကန်ဒေါ်လာ ၅၈ သန်းထိ ရရှိတာဖြစ်ပါတယ်။

Queen Elizabeth II with Prince Philip

သူမရဲ့ ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှုတွေဟာဆိုရင်လည်း မိဘဘိုးဘွား တော်ဝင်အမွေတွေဖြစ်တဲ့ “Balmoral Castle” အပါအဝင် ဘုရင်မကြီးရဲ့ ဖခမည်းတော်ဖြစ်တဲ့ ဆဌမမြောက် ဂျော့ခ်ျ ဘုရင်ကြီး ( King George VI) ရဲ့ မျိုးရိုးစဉ်ဆက်အမွေတွေဖြစ်တဲ့ အနုပညာမြောက် လက်ရာတွေအပြင် တံဆိပ်ခေါင်းစုစည်းမှုတွေကနေ ရရှိတာဖြစ်ပါတယ်။

Balmoral Castle

တခြားဝင်ငွေဖြစ်တဲ့ ဘုရင့်မြို့စားပိုင်နက် “The Duchy of Lancaster” ဟာဆိုရင်လည်း နှစ်ရာပေါင်းများစွာတည်းက တော်ဝင်မိသားစုပိုင်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် နယ်မြေပိုင်ဆိုင်မှုစစ်တမ်းတွေအရ ၁၈၄၃၃ ဟက်တာ ထိကျယ်ပြန့်ခဲ့တဲ့အပြင် တော်ဝင်မိသားစုအတွက် “The Privy Purse” လို့ခေါ်တဲ့ အဓိကဝင်ငွေလမ်းကြောင်း ဖြစ်ခဲ့ပါတယ်။

The Duchy of Lancaster Castle

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ကြွယ်ဝချမ်းသာလာတဲ့အခါမှာလည်း ဘုရင်မကြီးက သူမရဲ့ ရင်းနှီးမြုပ်နှံမှုဝင်ငွေတွေကတဆင့် အစိုးရကို အခွန်ပြန်ဆောင်ခဲ့ပေမယ့် အခွန်ပမာဏကိုတော့ လျှို့ဝှက်ထားခဲ့ပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ပြန်လည်မရောင်းချသရွေ့ တော်ဝင်မျိုးနွယ်ဖွားအဆင့်ဆင့်ကသာ လက်ဆင့်ကမ်း ပိုင်ဆိုင်ရတော့မှာပါ။

Queen Elizabeth II

တော်ဝင်မိသားစုရဲ့ ဝင်ငွေတွေ၊ ကြွယ်ဝချမ်းသာမှုအထွေထွေကတော့ အပေါ်ကဖော်ပြခဲ့တဲ့ အဓိက လမ်းကြောင်း ၃ ခုကနေ စီးဆင်းနေတာဖြစ်ပါတယ်။ နေထိုင်မှုပုံစံ ခမ်းနားအဆင့်မြင့်သလိုပဲ ပိုင်ဆိုင်မှုတွေလည်း ထင်ထားတာထက် ရှုပ်ထွေးတဲ့ ဗြိတိန်တော်ဝင်မိသားစုတွေရဲ့ ငွေကြေးကြွယ်ဝမှုတွေကတော့ သားစဉ်မြေးဆက် သုံးမကုန်အောင်ပါပဲ။

EiEiKhineMinn ( Akhayar )