[Zawgyi]

တေစၦ၊သရဲေတြကို သိပၸံနည္းက် ဘယ္လိုလက္ခံထားသလဲ

တေစၦ၊ သရဲ တကယ္ရွိတယ္ဆိုတဲ့ အသုံးအႏႈန္းမ်ိဳး အၿမဲလိုလိုၾကားဖူးၾကမွာပါ။ ၿပီးရင္ သရဲက ဘယ္လိုေသသြားလို႔ အရမ္းအေျခာက္ၾကမ္းတာ၊ အစြဲႀကီးလို႔၊ ဘယ္လိုအၿငိဳးႀကီးလို႔ဆိုၿပီး သရဲေတြမွာလည္း ပါဝါမ်ိဳးစုံရွိေနတယ္ဆိုတာကို သတိထားမိၾကမွာပါ။ ဒါေၾကာင့္ သရဲ တကယ္ရွိတယ္ေျပာေျပာ၊ မရွိဘူးပဲေျပာေျပာ အသံၾကားလိုက္ၿပီဆိုတာနဲ႔  သတိလစ္သြားတဲ့အထိ အေၾကာက္ႀကီးသူေတြရွိသလို လက္မခံထားတဲ့လူေတြလည္း ဒုနဲ႔ေဒးပါ။ ဒီလိုဆိုေတာ့ ဘာသာေရး အယူဝါဒကို ခဏဖယ္ထားၿပီး သိပၸံပညာနဲ႔ တေစၦ၊သရဲ တကယ္ရွိမရွိဆိုတာကို တင္ျပသြားပါ့မယ္။

Demons can sometimes Manipulate Horrific Nightmares

ဒီေနရာမွာ အျငင္းပြားစရာ ျဖစ္လာမယ့္အခ်က္က ဘာသာအယူဝါဒတခ်ိဳ႕နဲ႔ သြားႏြယ္ေနမွာမလို႔ လက္ေတြ႕က်တဲ့ အေတြးေခၚမ်ိဳးကိုသာ စဥ္းစားေပးဖို႔ အႀကံျပဳခ်င္ပါတယ္။ ဘာလို႔လဲဆိုရင္ တေစၦ၊သရဲေတြမွာလည္း အေပၚမွာေျပာခဲ့သလို ဘယ္လိုပဲေသခဲ့ေသခဲ့ ၂ မ်ိဳးပဲရွိတယ္လို႔ ခရစ္ယာန္ဘာသာမွာ ေဖာ္ျပထားၿပီမလို႔ပါ။ ဒါဆိုရင္ မူကြဲေနတဲ့ တေစၦ၊သရဲေတြနဲ႔ ပတ္သက္လို႔ အျမင္ရွင္းသြားေအာင္ အနီးစပ္ဆုံး ဥပမာကို The Conjuring ႐ုပ္ရွင္နဲ႔ ယွဥ္ေျပာသြားပါ့မယ္။

The Conjuring 2

ဆိုေတာ့ ႐ုပ္ရွင္ဟာ True Story ဆိုေပမယ့္ တေစၦ၊ သရဲေတြနဲ႔ ပတ္သက္လို႔ ကြဲလႊဲခ်က္ေတြ ပါဝင္ေနၿပီး ဒါ႐ိုက္တာက မၾကမ္းၾကမ္းေအာင္ သ႐ုပ္ေဖာ္ထားလို႔ စိတ္ေျခာက္ျခားစရာ ႐ုပ္ရွင္ကားတကားအျဖစ္ ရပ္တည္ေနတာပါ။ ဒါ့အျပင္ Conjuring ႐ုပ္ရွင္ ၂ ကားလုံး ဟာ ခရစ္ယာန္ဘာသာႏြယ္ေနတဲ့ ႐ုပ္ရွင္ဇာတ္ကားျဖစ္တာမလို႔ ကမာၻတဝွမ္းက လက္ခံထားတဲ့ အယူဝါဒကို ထပ္ထည့္ေျပာပါ့မယ္။ ႐ုပ္ရွင္မွာ ဘယ္လိုပဲ အေျခာက္ၾကမ္းတယ္ပဲေျပာေျပာ Spirit နဲ႔ Demon ၂ မ်ိဳးပဲရွိတယ္လို႔ ခရစ္ယာန္ဘာသာမွာ ေဖာ္ျပထားလို႔ပါ။ သူတို႔ရဲ႕ သေဘာသဘာဝနဲ႔ ပတ္သက္လို႔လည္း ႐ုပ္ရွင္ထဲမွာေလာက္ အစြမ္းမထက္ၾကပါဘူး။ Demon လို မေကာင္းဆိုးဝါးဆိုတာမ်ိဳးကလည္း Spirit ကေနပဲ ဆင္းသက္လာတာျဖစ္လို႔ လူတေယာက္ကို ဒုကၡေပးႏိုင္ေလာက္တဲ့အထိ မစြမ္းေဆာင္ႏိုင္ပါဘူး။ ႐ုပ္ရွင္ေတြထဲမွာလို အရာဝတၳဳေတြပစ္ေပါက္ေနတာ၊ ၾကမ္းျပင္တေလွ်ာက္ ပြတ္ဆြဲသြားတာမ်ိဳး ဆိုတာကလည္း လူကလႊဲၿပီး ဘယ္သူမွ မလုပ္ႏိုင္တဲ့အရာေတြပါ။

A Demon behind Lorraine Warren

ဒါဆို အခုလို Supernatural သဘာဝလြန္ျဖစ္ရပ္မ်ိဳးကို သိပၸံပညာရပ္မွာ Mental Power စိတ္နယ္လြန္စြမ္းအင္လို႔ သုံးႏႈန္းထားသလို Exorcism ပုဏၰကတိုက္တယ္လို႔ ဘာသာေတြမွာ တစ္ခါတေလ သုံးစြဲေလ့ရွိပါတယ္။ အဲ့ဒီလိုဆိုေတာ့ လက္ေတြ႕အယူဝါဒနဲ႔ တက္တက္စင္ေအာင္လႊဲေနတဲ့ Conjuring လို ႐ုပ္ရွင္မ်ိဳးဟာ မၾကည့္သင့္တဲ့ အမ်ိဳးစားထဲပါေနၿပီဆိုတာ ေတြးၾကည့္႐ုံနဲ႔ သေဘာေပါက္မွာပါ။ ဘာလို႔လဲဆိုရင္ အိမ္မွာေနေနလို႔ မီးပ်က္သြားရင္ေတာင္ ဘာသရဲ၊တေစၦမွ ရွိမေနေပမယ့္လည္း ႐ုပ္ရွင္ၾကည့္ထားလို႔ပဲျဖစ္ျဖစ္၊ တေယာက္ေယာက္က တမင္မေၾကာက္ေၾကာက္ေအာင္ ေျပာထားလို႔ပဲျဖစ္ျဖစ္ ႐ုတ္တရက္အေတြးေပၚက္သြားခဲ့ရင္ မလႊဲမေသြ အေၾကာက္တရားနဲ႔ ရင္ဆိုင္ရမွာမလို႔ပါ။

An executed Exorcism by unknown spiritual force

ဒါကို သိပၸံရႈေဒါင့္ကေန ဘယ္လိုျမင္သလဲဆိုရင္ မိမိကိုယ္ကိုေျခာက္လွန႔္ျခင္း ဒါမွမဟုတ္ Physco Break လို႔ ေျပာေလ့ရွိပါတယ္။ ဒီလို အေတြးတစ္စုံတရာေၾကာင့္ အသိတရားကင္းမဲ့သြားတဲ့အထိ ေၾကာက္လန႔္သြားတာမ်ိဳးကို တိတိက်က် အဓိပၸာယ္မဖြင့္ဆိုထားေပမယ့္ Mental Illness စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္တမ်ိဳးလို႔ပဲ သတ္မွတ္ထားပါတယ္။ လူတေယာက္ဟာ တေစၦ၊ သရဲ မွမဟုတ္ဘဲ ထိတ္လန႔္စရာ တစ္ခုခုနဲ႔ ႀကဳံရင္လည္း အခုလို စိတ္ခံစားခ်က္မ်ိဳး ျဖစ္ေလ့ရွိပါတယ္။ ဆိုလိုတာ စိတ္ေျခာက္ျခားစရာတခုခု ဒါမဟုတ္ ခုနေျပာသလို သရဲရွိတယ္ဆိုတဲ့ ၾကားဖူးနားဝ ရွိထားမွသာ အေၾကာက္တရားဆိုတာ ႏွလုံးအိမ္ထဲ ျဖစ္တည္လာတာပါ။ ဒါေၾကာင့္ ေၾကာက္လန႔္ေနသူဟာ ႏွလုံးခုန္ႏႈန္းျမန္ေနမယ္၊ အသိတရားကင္းမဲ့ေနမယ္၊ ဒီလိုပဲ သူ႔ရဲ႕စိတ္ဟာလည္း အစိတ္စိတ္အမႊာမႊာကြဲေနတဲ့အထိ ယိုယြင္းေနမွာမလို႔ Physco Break လို႔ သုံးစြဲတာပါ။

Emily Rose who died after terrible Exorcism

ဒါေတြသိထားၿပီးသြားရင္ ေမးစရာရွိလာမွာက သရဲတကယ္ရွိသလားဆိုတဲ့ အျငင္းပြားေနတဲ့ေမးခြန္းပါ။ ဒီေမးခြန္းရဲ႕အေျဖကို သိၿပီးသားျဖစ္ေပမယ့္ မွန္ကန္တဲ့ အယူဝါဒမ်ိဳးကိုသာ လက္ခံေစခ်င္ပါတယ္။ ဘာသာတိုင္းမွာလည္း တမလြန္နဲ႔ ပတ္သက္လို႔ အဓိပၸာယ္ အသီးသီးဖြင့္ဆိုထားၿပီ ျဖစ္သလို မသိေသးတဲ့လူရွိရင္ ဗဟုသုတ အေနနဲ႔ထပ္ၿပီး မွတ္သားလို႔ရပါတယ္။ ခရစ္ယာန္ဘာသာမွာ တေစၦ၊သရဲေတြကို Spirit လို႔ သုံးစြဲေလ့ရွိၿပီး Demon ကိုေတာ့ သီးျခားနာမည္တစ္ခုနဲ႔ ေျပာေလ့ရွိပါတယ္။ ဘာလို႔ ဒီလိုေျပာရတာလဲဆိုရင္ လူတေယာက္ေသသြားလို႔ ေနာက္ဘဝမကူးခင္စပ္ၾကားေလးမွာ တေစၦသြားျဖစ္ခဲ့မယ္ဆိုရင္ အတိတ္ဘဝမွာတုန္းက တခုခုနဲ႔သြားၿငိေနခဲ့တာျဖစ္တယ္လို႔ ခရစ္ယာန္ဘာသာမွာ ေဖာ္ျပထားပါတယ္။ ဒါဟာ တစ္စုံတခုကို သြားစြဲလမ္းေနတာမ်ိဳးျဖစ္ႏိုင္သလို အတိတ္ဘဝမွာတုန္းက အေၾကာင္းတခုခုနဲ႔ သြားပတ္သက္ေနတာမ်ိဳးလို႔ ေျပာခ်င္တာပါ။ ဒီလိုအေျခအေနကို ေရာက္ေနတဲ့ Spirit တေကာင္ဟာ အတိတ္ဘဝမွာ ၿငိတြယ္ေနတဲ့ ကိစၥရပ္ေတြကို အျပတ္ရွင္းႏိုင္မွသာ ဘဝတျခားကူးေျပာင္းလို႔ရမွာပါ။

A man in Black Bridegroom

ဒီသေဘာတရားဟာ ဗုဒၶဘာသာ အယူဝါဒနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနၿပီး Spirit ဘဝမွာ မကြၽတ္လႊတ္ႏိုင္ေတာ့ဘူးဆိုရင္ေတာ့ Demon အျဖစ္ေျပာင္းလဲသြားမွာပါ။ အခုလို Spirit ကေန တဆင့္ေျပာင္းလဲလာတဲ့ Demon ေတြေနထိုင္တဲ့ကမာၻကို Darkest Entity အေမွာင္သားေတြ စုေဝးေနတဲ့ ေနရာလို႔ သုံးစြဲေလ့ရွိၿပီး Spirit ေတြထက္ေတာင္ ပိုၿပီး စြမ္းအင္ကင္းမဲ့ေနမွာပါ။ အရာဝတၳဳေတြ ပြတ္တိုက္ခ်တာမ်ိဳး၊ တံခါး႐ြက္ေတြ ေလမတိုက္ပဲ ဖြင့္ပိတ္လုပ္ႏိုင္တာမ်ိဳး၊ တစ္အိမ္ဝင္တစ္အိမ္ထြက္ လုပ္လိုရတာမ်ိဳး၊ လူေတြ ေျပာဆိုေနသံကို နားေထာင္လို႔ရတာမ်ိဳးစတဲ့ စြမ္းအင္ေတြ Demon ဘဝမွာ ဘာတခုမွ မပိုင္ဆိုင္ေတာ့ပါဘူး။ အဲ့ဒါအျပင္ Spirit ေတြထက္စာရင္ Demon အေရအတြက္ အရမ္းပဲမ်ားျပားလြန္းတာမလို႔ ေနစရာ မရွိသလို စားစရာ၊ ေသာက္စရာေတြလည္း နတၳိပါပဲ။ ဒီလိုဆိုေတာ့ Demon ေတြဟာ သနားစရာေကာင္းေနၿပီး ဘာလို႔ မေကာင္းဆိုးဝါးလို႔ သုံးႏႈန္းေနၾကသလဲဆိုရင္ သူတို႔ေတြဟာ ေဒါသတရား၊ အမုန္းတရားအျပည့္နဲ႔ ေနထိုင္ေနရတဲ့ အေမွာင္သားေတြမလို႔ အလြန္ပဲ ခက္ထန္ၾကမ္းတမ္းေနမယ္ ဆိုတဲ့သေဘာကို ဆိုလိုခ်င္တာပါ။

Annabelle rocking on a chair

ဒါ့အျပင္ Demon ေတြကို Spirit တမ်ိဳးထဲပဲ ျမင္ႏိုင္စြမ္းတာမလို႔ Conjuring 2 ႐ုပ္ရွင္ထဲမွာပါတဲ့ Valak ဆိုတဲ့ Demon ကို လူသားတေယာက္က ျမင္ေတြ႕ေနရတဲ့အခ်က္က လုံးဝကို ကြဲလႊဲေနခဲ့တာပါ။ ဒါ့အျပင္ မေကာင္းဆိုးဝါး တစ္ေကာင္ရဲ႕ ညစာလိုျဖစ္သြားခဲ့တဲ့ Spirit လို ႐ိုက္ကြက္မ်ိဳး ထည့္သုံးထားတဲ့အထိ အစြမ္းထက္ေနတယ္ဆိုတဲ့အခ်က္ကိုလည္း ခရစ္ယာန္ဘာသာမွာ ေဖာ္မျပထားပါဘူး။ ဒါေပမယ့္ ဘဝမကူးခင္စပ္ၾကားမွာ ေဒါသစိတ္နဲ႔ ေသသြားခဲ့ရင္ အပုပ္ႏွံ႔လႊင့္တာ၊ အိမ္မက္ဆိုးေပးတာ၊ ၾကမ္းၾကမ္းတမ္းတမ္း ျပဳမူႏိုင္တဲ့စြမ္းရည္မ်ိဳး ေဒါသခြန္အားအေလွ်ာက္ Demon ဘဝသာမက Spirit ဘဝမွာပါ ပိုင္ဆိုင္ႏိုင္တယ္လို႔ေတာ့ ထည့္သြင္းေဖာ္ျပထားပါတယ္။ တကယ္လို႔သာ Demon ျဖစ္သြားခဲ့မယ္ဆိုရင္ေတာ့ ပိုဆိုးလာႏိုင္တယ္လို႔ အၾကမ္းဖ်င္းယူဆလို႔ရတာေပါ့ေနာ္။

Particle Accelerator is something like traffic light or camera flashlight

ဒါေၾကာင့္ သုေတသီေတြဟာ Demon တကယ္ရွိတယ္ဆိုတာကို အရမ္းပဲျမင္ေတြ႕လိုၾကၿပီး တေစၦလို ထင္ေယာင္ထင္မွားျဖစ္ေစတတ္တဲ့ အယူအဆကိုေတာင္ လက္ေတြ႕က်က် သက္ေသမျပႏိုင္ၾကေသးပါဘူး။ သိပၸံနယ္ပယ္မွာ တေစၦကို အက္တမ္ထက္ အဆေပါင္းမ်ားစြာ ေသးငယ္လြန္းလွတဲ့ အမႈန္နဲ႔ဖြဲ႕စည္းထားတာျဖစ္ႏိုင္တယ္လို႔ ယူဆထားတာေၾကာင့္ Thermodynamic သီအိုရီအရ အမႈန္ေတြၿပိဳကြဲရင္ စြမ္းအင္ထြက္ေလ့ရွိပါတယ္။ ဒီစြမ္းအင္ဟာ အပူစြမ္းအင္အေနနဲ႔ Second Law အရ ထပ္ၿပီးေျပာင္းလဲေသးတာမလို႔ တေစၦတေကာင္သာ အမႈန္ေတြနဲ႔ ဖြဲ႕စည္းထားမယ္ဆိုရင္ Thermodynamic သီအိုရီနဲ႔ သက္ေသျပလို႔ရမွာပါ။ ဒါေၾကာင့္ သုေတသီေတြဟာ Particle Accelerator လို အရမ္းပဲအႏုစိပ္လြန္းၿပီး အမႈန္ေတြ ၿပိဳကြဲသြားလို႔စြမ္းအင္ထြက္တာကို သိပၸံနည္းက် သိရွိႏိုင္တဲ့ ေခတ္မွီစက္ႀကီးေတြနဲ႔ စမ္းသပ္ခဲ့ပါတယ္။ Particle Accelerator ဆိုတာ အပူစြမ္းအင္ အနည္းငယ္ပါဝင္တဲ့ လမ္းမီးလုံးလို ဒါမွမဟုတ္ Camera Flashlight နဲ႔ သေဘာတရား ခ်င္းအတူတူပဲဆိုေပမယ့္လည္း ေမွ်ာ္လင့္ထားသလို အမႈန္ေတြၿပိဳကြဲသြားလို႔ ဘာစြမ္းအင္မွထြက္လာတာ မေတြ႕ခဲ့ရပါဘူး။ ဒါဟာ တိုက္ဆိုင္မႈတခုပဲလား ဒါမွမဟုတ္ ႐ုတၱိေဗဒကိုပဲ ေက်ာ္လြန္ေနသလား မေျပာတတ္ေပမယ့္ အက္တမ္ဆိုတဲ့ ျဒပ္စင္ဟာ ကမာၻေပၚမွာ အေသးငယ္ဆုံးျဖစ္သလို တေစၦတကယ္မရွိဘူးလို႔  သိပၸံနည္းက်က် သက္ေသျပလိုက္ၿပီဆိုတာကို ႏူးကလိယ သိပၸံပညာရွင္ Professor Cox က ေျပာၾကားထားခဲ့ပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ္ဆေ၊သရဲတွေကို သိပ္ပံနည်းကျ ဘယ်လိုလက်ခံထားသလဲ

တစ္ဆေ၊ သရဲ တကယ်ရှိတယ်ဆိုတဲ့ အသုံးအနှုန်းမျိုး အမြဲလိုလိုကြားဖူးကြမှာပါ။ ပြီးရင် သရဲက ဘယ်လိုသေသွားလို့ အရမ်းအခြောက်ကြမ်းတာ၊ အစွဲကြီးလို့၊ ဘယ်လိုအငြိုးကြီးလို့ဆိုပြီး သရဲတွေမှာလည်း ပါဝါမျိုးစုံရှိနေတယ်ဆိုတာကို သတိထားမိကြမှာပါ။ ဒါကြောင့် သရဲ တကယ်ရှိတယ်ပြောပြော၊ မရှိဘူးပဲပြောပြော အသံကြားလိုက်ပြီဆိုတာနဲ့  သတိလစ်သွားတဲ့အထိ အကြောက်ကြီးသူတွေရှိသလို လက်မခံထားတဲ့လူတွေလည်း ဒုနဲ့ဒေးပါ။ ဒီလိုဆိုတော့ ဘာသာရေး အယူဝါဒကို ခဏဖယ်ထားပြီး သိပ္ပံပညာနဲ့ တစ္ဆေ၊သရဲ တကယ်ရှိမရှိဆိုတာကို တင်ပြသွားပါ့မယ်။

Demons can sometimes Manipulate Horrific Nightmares

ဒီနေရာမှာ အငြင်းပွားစရာ ဖြစ်လာမယ့်အချက်က ဘာသာအယူဝါဒတချို့နဲ့ သွားနွယ်နေမှာမလို့ လက်တွေ့ကျတဲ့ အတွေးခေါ်မျိုးကိုသာ စဉ်းစားပေးဖို့ အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုရင် တစ္ဆေ၊သရဲတွေမှာလည်း အပေါ်မှာပြောခဲ့သလို ဘယ်လိုပဲသေခဲ့သေခဲ့ ၂ မျိုးပဲရှိတယ်လို့ ခရစ်ယာန်ဘာသာမှာ ဖော်ပြထားပြီမလို့ပါ။ ဒါဆိုရင် မူကွဲနေတဲ့ တစ္ဆေ၊သရဲတွေနဲ့ ပတ်သက်လို့ အမြင်ရှင်းသွားအောင် အနီးစပ်ဆုံး ဥပမာကို The Conjuring ရုပ်ရှင်နဲ့ ယှဉ်ပြောသွားပါ့မယ်။

The Conjuring 2

ဆိုတော့ ရုပ်ရှင်ဟာ True Story ဆိုပေမယ့် တစ္ဆေ၊ သရဲတွေနဲ့ ပတ်သက်လို့ ကွဲလွှဲချက်တွေ ပါဝင်နေပြီး ဒါရိုက်တာက မကြမ်းကြမ်းအောင် သရုပ်ဖော်ထားလို့ စိတ်ခြောက်ခြားစရာ ရုပ်ရှင်ကားတကားအဖြစ် ရပ်တည်နေတာပါ။ ဒါ့အပြင် Conjuring ရုပ်ရှင် ၂ ကားလုံး ဟာ ခရစ်ယာန်ဘာသာနွယ်နေတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တာမလို့ ကမ္ဘာတဝှမ်းက လက်ခံထားတဲ့ အယူဝါဒကို ထပ်ထည့်ပြောပါ့မယ်။ ရုပ်ရှင်မှာ ဘယ်လိုပဲ အခြောက်ကြမ်းတယ်ပဲပြောပြော Spirit နဲ့ Demon ၂ မျိုးပဲရှိတယ်လို့ ခရစ်ယာန်ဘာသာမှာ ဖော်ပြထားလို့ပါ။ သူတို့ရဲ့ သဘောသဘာဝနဲ့ ပတ်သက်လို့လည်း ရုပ်ရှင်ထဲမှာလောက် အစွမ်းမထက်ကြပါဘူး။ Demon လို မကောင်းဆိုးဝါးဆိုတာမျိုးကလည်း Spirit ကနေပဲ ဆင်းသက်လာတာဖြစ်လို့ လူတယောက်ကို ဒုက္ခပေးနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်ပါဘူး။ ရုပ်ရှင်တွေထဲမှာလို အရာဝတ္ထုတွေပစ်ပေါက်နေတာ၊ ကြမ်းပြင်တလျှောက် ပွတ်ဆွဲသွားတာမျိုး ဆိုတာကလည်း လူကလွှဲပြီး ဘယ်သူမှ မလုပ်နိုင်တဲ့အရာတွေပါ။

A Demon behind Lorraine Warren

ဒါဆို အခုလို Supernatural သဘာဝလွန်ဖြစ်ရပ်မျိုးကို သိပ္ပံပညာရပ်မှာ Mental Power စိတ်နယ်လွန်စွမ်းအင်လို့ သုံးနှုန်းထားသလို Exorcism ပုဏ္ဏကတိုက်တယ်လို့ ဘာသာတွေမှာ တစ်ခါတလေ သုံးစွဲလေ့ရှိပါတယ်။ အဲ့ဒီလိုဆိုတော့ လက်တွေ့အယူဝါဒနဲ့ တက်တက်စင်အောင်လွှဲနေတဲ့ Conjuring လို ရုပ်ရှင်မျိုးဟာ မကြည့်သင့်တဲ့ အမျိုးစားထဲပါနေပြီဆိုတာ တွေးကြည့်ရုံနဲ့ သဘောပေါက်မှာပါ။ ဘာလို့လဲဆိုရင် အိမ်မှာနေနေလို့ မီးပျက်သွားရင်တောင် ဘာသရဲ၊တစ္ဆေမှ ရှိမနေပေမယ့်လည်း ရုပ်ရှင်ကြည့်ထားလို့ပဲဖြစ်ဖြစ်၊ တယောက်ယောက်က တမင်မကြောက်ကြောက်အောင် ပြောထားလို့ပဲဖြစ်ဖြစ် ရုတ်တရက်အတွေးပေါ်က်သွားခဲ့ရင် မလွှဲမသွေ အကြောက်တရားနဲ့ ရင်ဆိုင်ရမှာမလို့ပါ။

An executed Exorcism by unknown spiritual force

ဒါကို သိပ္ပံရှုဒေါင့်ကနေ ဘယ်လိုမြင်သလဲဆိုရင် မိမိကိုယ်ကိုခြောက်လှန့်ခြင်း ဒါမှမဟုတ် Physco Break လို့ ပြောလေ့ရှိပါတယ်။ ဒီလို အတွေးတစ်စုံတရာကြောင့် အသိတရားကင်းမဲ့သွားတဲ့အထိ ကြောက်လန့်သွားတာမျိုးကို တိတိကျကျ အဓိပ္ပာယ်မဖွင့်ဆိုထားပေမယ့် Mental Illness စိတ်ပိုင်းဆိုင်ရာ ခံစားချက်တမျိုးလို့ပဲ သတ်မှတ်ထားပါတယ်။ လူတယောက်ဟာ တစ္ဆေ၊ သရဲ မှမဟုတ်ဘဲ ထိတ်လန့်စရာ တစ်ခုခုနဲ့ ကြုံရင်လည်း အခုလို စိတ်ခံစားချက်မျိုး ဖြစ်လေ့ရှိပါတယ်။ ဆိုလိုတာ စိတ်ခြောက်ခြားစရာတခုခု ဒါမဟုတ် ခုနပြောသလို သရဲရှိတယ်ဆိုတဲ့ ကြားဖူးနားဝ ရှိထားမှသာ အကြောက်တရားဆိုတာ နှလုံးအိမ်ထဲ ဖြစ်တည်လာတာပါ။ ဒါကြောင့် ကြောက်လန့်နေသူဟာ နှလုံးခုန်နှုန်းမြန်နေမယ်၊ အသိတရားကင်းမဲ့နေမယ်၊ ဒီလိုပဲ သူ့ရဲ့စိတ်ဟာလည်း အစိတ်စိတ်အမွှာမွှာကွဲနေတဲ့အထိ ယိုယွင်းနေမှာမလို့ Physco Break လို့ သုံးစွဲတာပါ။

Emily Rose who died after terrible Exorcism

ဒါတွေသိထားပြီးသွားရင် မေးစရာရှိလာမှာက သရဲတကယ်ရှိသလားဆိုတဲ့ အငြင်းပွားနေတဲ့မေးခွန်းပါ။ ဒီမေးခွန်းရဲ့အဖြေကို သိပြီးသားဖြစ်ပေမယ့် မှန်ကန်တဲ့ အယူဝါဒမျိုးကိုသာ လက်ခံစေချင်ပါတယ်။ ဘာသာတိုင်းမှာလည်း တမလွန်နဲ့ ပတ်သက်လို့ အဓိပ္ပာယ် အသီးသီးဖွင့်ဆိုထားပြီ ဖြစ်သလို မသိသေးတဲ့လူရှိရင် ဗဟုသုတ အနေနဲ့ထပ်ပြီး မှတ်သားလို့ရပါတယ်။ ခရစ်ယာန်ဘာသာမှာ တစ္ဆေ၊သရဲတွေကို Spirit လို့ သုံးစွဲလေ့ရှိပြီး Demon ကိုတော့ သီးခြားနာမည်တစ်ခုနဲ့ ပြောလေ့ရှိပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုရင် လူတယောက်သေသွားလို့ နောက်ဘဝမကူးခင်စပ်ကြားလေးမှာ တစ္ဆေသွားဖြစ်ခဲ့မယ်ဆိုရင် အတိတ်ဘဝမှာတုန်းက တခုခုနဲ့သွားငြိနေခဲ့တာဖြစ်တယ်လို့ ခရစ်ယာန်ဘာသာမှာ ဖော်ပြထားပါတယ်။ ဒါဟာ တစ်စုံတခုကို သွားစွဲလမ်းနေတာမျိုးဖြစ်နိုင်သလို အတိတ်ဘဝမှာတုန်းက အကြောင်းတခုခုနဲ့ သွားပတ်သက်နေတာမျိုးလို့ ပြောချင်တာပါ။ ဒီလိုအခြေအနေကို ရောက်နေတဲ့ Spirit တကောင်ဟာ အတိတ်ဘဝမှာ ငြိတွယ်နေတဲ့ ကိစ္စရပ်တွေကို အပြတ်ရှင်းနိုင်မှသာ ဘဝတခြားကူးပြောင်းလို့ရမှာပါ။

A man in Black Bridegroom

ဒီသဘောတရားဟာ ဗုဒ္ဓဘာသာ အယူဝါဒနဲ့ ခပ်ဆင်ဆင်ဖြစ်နေပြီး Spirit ဘဝမှာ မကျွတ်လွှတ်နိုင်တော့ဘူးဆိုရင်တော့ Demon အဖြစ်ပြောင်းလဲသွားမှာပါ။ အခုလို Spirit ကနေ တဆင့်ပြောင်းလဲလာတဲ့ Demon တွေနေထိုင်တဲ့ကမ္ဘာကို Darkest Entity အမှောင်သားတွေ စုဝေးနေတဲ့ နေရာလို့ သုံးစွဲလေ့ရှိပြီး Spirit တွေထက်တောင် ပိုပြီး စွမ်းအင်ကင်းမဲ့နေမှာပါ။ အရာဝတ္ထုတွေ ပွတ်တိုက်ချတာမျိုး၊ တံခါးရွက်တွေ လေမတိုက်ပဲ ဖွင့်ပိတ်လုပ်နိုင်တာမျိုး၊ တစ်အိမ်ဝင်တစ်အိမ်ထွက် လုပ်လိုရတာမျိုး၊ လူတွေ ပြောဆိုနေသံကို နားထောင်လို့ရတာမျိုးစတဲ့ စွမ်းအင်တွေ Demon ဘဝမှာ ဘာတခုမှ မပိုင်ဆိုင်တော့ပါဘူး။ အဲ့ဒါအပြင် Spirit တွေထက်စာရင် Demon အရေအတွက် အရမ်းပဲများပြားလွန်းတာမလို့ နေစရာ မရှိသလို စားစရာ၊ သောက်စရာတွေလည်း နတ္ထိပါပဲ။ ဒီလိုဆိုတော့ Demon တွေဟာ သနားစရာကောင်းနေပြီး ဘာလို့ မကောင်းဆိုးဝါးလို့ သုံးနှုန်းနေကြသလဲဆိုရင် သူတို့တွေဟာ ဒေါသတရား၊ အမုန်းတရားအပြည့်နဲ့ နေထိုင်နေရတဲ့ အမှောင်သားတွေမလို့ အလွန်ပဲ ခက်ထန်ကြမ်းတမ်းနေမယ် ဆိုတဲ့သဘောကို ဆိုလိုချင်တာပါ။

Annabelle rocking on a chair

ဒါ့အပြင် Demon တွေကို Spirit တမျိုးထဲပဲ မြင်နိုင်စွမ်းတာမလို့ Conjuring 2 ရုပ်ရှင်ထဲမှာပါတဲ့ Valak ဆိုတဲ့ Demon ကို လူသားတယောက်က မြင်တွေ့နေရတဲ့အချက်က လုံးဝကို ကွဲလွှဲနေခဲ့တာပါ။ ဒါ့အပြင် မကောင်းဆိုးဝါး တစ်ကောင်ရဲ့ ညစာလိုဖြစ်သွားခဲ့တဲ့ Spirit လို ရိုက်ကွက်မျိုး ထည့်သုံးထားတဲ့အထိ အစွမ်းထက်နေတယ်ဆိုတဲ့အချက်ကိုလည်း ခရစ်ယာန်ဘာသာမှာ ဖော်မပြထားပါဘူး။ ဒါပေမယ့် ဘဝမကူးခင်စပ်ကြားမှာ ဒေါသစိတ်နဲ့ သေသွားခဲ့ရင် အပုပ်နှံ့လွှင့်တာ၊ အိမ်မက်ဆိုးပေးတာ၊ ကြမ်းကြမ်းတမ်းတမ်း ပြုမူနိုင်တဲ့စွမ်းရည်မျိုး ဒေါသခွန်အားအလျှောက် Demon ဘဝသာမက Spirit ဘဝမှာပါ ပိုင်ဆိုင်နိုင်တယ်လို့တော့ ထည့်သွင်းဖော်ပြထားပါတယ်။ တကယ်လို့သာ Demon ဖြစ်သွားခဲ့မယ်ဆိုရင်တော့ ပိုဆိုးလာနိုင်တယ်လို့ အကြမ်းဖျင်းယူဆလို့ရတာပေါ့နော်။

Particle Accelerator is something like traffic light or camera flashlight

ဒါကြောင့် သုတေသီတွေဟာ Demon တကယ်ရှိတယ်ဆိုတာကို အရမ်းပဲမြင်တွေ့လိုကြပြီး တစ္ဆေလို ထင်ယောင်ထင်မှားဖြစ်စေတတ်တဲ့ အယူအဆကိုတောင် လက်တွေ့ကျကျ သက်သေမပြနိုင်ကြသေးပါဘူး။ သိပ္ပံနယ်ပယ်မှာ တစ္ဆေကို အက်တမ်ထက် အဆပေါင်းများစွာ သေးငယ်လွန်းလှတဲ့ အမှုန်နဲ့ဖွဲ့စည်းထားတာဖြစ်နိုင်တယ်လို့ ယူဆထားတာကြောင့် Thermodynamic သီအိုရီအရ အမှုန်တွေပြိုကွဲရင် စွမ်းအင်ထွက်လေ့ရှိပါတယ်။ ဒီစွမ်းအင်ဟာ အပူစွမ်းအင်အနေနဲ့ Second Law အရ ထပ်ပြီးပြောင်းလဲသေးတာမလို့ တစ္ဆေတကောင်သာ အမှုန်တွေနဲ့ ဖွဲ့စည်းထားမယ်ဆိုရင် Thermodynamic သီအိုရီနဲ့ သက်သေပြလို့ရမှာပါ။ ဒါကြောင့် သုတေသီတွေဟာ Particle Accelerator လို အရမ်းပဲအနုစိပ်လွန်းပြီး အမှုန်တွေ ပြိုကွဲသွားလို့စွမ်းအင်ထွက်တာကို သိပ္ပံနည်းကျ သိရှိနိုင်တဲ့ ခေတ်မှီစက်ကြီးတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ Particle Accelerator ဆိုတာ အပူစွမ်းအင် အနည်းငယ်ပါဝင်တဲ့ လမ်းမီးလုံးလို ဒါမှမဟုတ် Camera Flashlight နဲ့ သဘောတရား ချင်းအတူတူပဲဆိုပေမယ့်လည်း မျှော်လင့်ထားသလို အမှုန်တွေပြိုကွဲသွားလို့ ဘာစွမ်းအင်မှထွက်လာတာ မတွေ့ခဲ့ရပါဘူး။ ဒါဟာ တိုက်ဆိုင်မှုတခုပဲလား ဒါမှမဟုတ် ရုတ္တိဗေဒကိုပဲ ကျော်လွန်နေသလား မပြောတတ်ပေမယ့် အက်တမ်ဆိုတဲ့ ဒြပ်စင်ဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးဖြစ်သလို တစ္ဆေတကယ်မရှိဘူးလို့  သိပ္ပံနည်းကျကျ သက်သေပြလိုက်ပြီဆိုတာကို နူးကလိယ သိပ္ပံပညာရှင် Professor Cox က ပြောကြားထားခဲ့ပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။