[Zawgyi]

စိတ္ဝင္စားဖြယ္ Samsung ရဲ႕ Display Panel ထုတ္လုပ္စမ္းသပ္ပုံအဆင့္ဆင့္

Samsung ကေတာ့ စမတ္ဖုန္းေတြနဲ႔ Wearable Gadget ေတြမွာ အသုံးျပဳေနတဲ့ Display Panel ေတြ အဆင့္ဆင့္ ဘယ္လိုစမ္းသပ္ထုတ္လုပ္ထားသလဲဆိုတာ ေဖာ္ျပလိုက္ပါျပီ။ စက္ရုံကေန Display Panel ထုတ္လုပ္ျပီဆိုတာနဲ႔ Reliability Test Group ကေန အရည္ေသြး ျပည့္မီ၊ မျပည့္မီ ပထမဦးဆုံး စမ္းသပ္ေပးတယ္ဆိုပါတယ္၊ ဒီလိုစမ္းသပ္တဲ့ ေနရာမွာ အသုံးျပဳခ်င္တဲ့ Galaxy Device (ဥပမာ Galaxy A7 ၊ S9) အလိုက္ Specification ကြဲျပားႏိုင္ေသးျပီး အမ်ားဆုံး ၁၂ ၾကိမ္ခန္႔ စမ္းသပ္ရတယ္ဆိုပါတယ္။

Image Quality Test

Image Quality Lab
ဒီစမ္းသပ္မႈမွာ Indoor ၊ Outdoor ၂ မ်ိဳးလုံးပါဝင္ျပီး Indoor အတြက္ဆိုရင္ သဘာဝပတ္ဝန္းက်င္ပုံစံအတိုင္း ျပဳလုပ္ထားတဲ့အခန္းငယ္ထဲမွာ ေနေရာင္၊ လမ္းမီးအလင္းေရာင္ စသျဖင့္ Artificial Light ေတြနဲ႔ စမ္းသပ္ၾကပါတယ္။ ဒီလို သဘာဝနဲ႔အနီးစပ္ဆုံး ျပဳလုပ္ထားတဲ့စမ္းသပ္ခန္းထဲမွာ Image Quality ဘယ္ေလာက္ရွိသလဲဆိုတာကို လိုခ်င္တဲ့အေနထားလိုက္ အၾကိမ္ၾကိမ္စမ္းသပ္ရျပီး Indoor ၊ Outdoor ၂ မ်ိဳးစလုံးမွာ Brightness ၊ Colour Clarity ၊ Image Noise နဲ႔ တျခား Factor ဘယ္ေလာက္ရွိသလဲကအစ တင္ျပရပါတယ္။

Image Quality Test

Heat Lab
ဒါကေတာ့ Display Panel တစ္ခုအေနနဲ႔ Thermal Control ဘယ္ေလာက္ေကာင္းသလဲ၊ အထူးသျဖင့္ အပူလြန္ကဲတဲ့ Exynos Chip အသုံးျပဳထားရတဲ့ Galaxy Device ေတြ မိုဘိုင္းဂိမ္းကစားတာျဖစ္ျဖစ္၊ ကင္မရာရိုက္ကူးေနတဲ့အခါမ်ိဳးမွာ အပူပိုထြက္တာမလို႔ ဘယ္ေနရာက Heat ပိုထြက္သလဲစသျဖင့္ တိုင္းတာတယ္ဆိုပါတယ္။

Image & Thermal Test

Waterproof Lab
အထူးသျဖင့္ ေရစုိ၊ ေရစိမ္ခံ Galaxy Smartphone တခ်ိဳ႕နဲ႔ Smartwatch ေတြအတြက္လိုအပ္ျပီး ဖုန္းအတြက္ဆိုရင္ ေရအနက္ ၁.၅ မီတာမွာ နာရီဝက္အၾကာ စိမ္ထားစမ္းသပ္ရပါတယ္။

Waterproof Test 1

Waterproof Test 2

နာရီအတြက္ဆိုရင္ေတာ့ 5ATM Standard အတိုင္း ေရကူးရင္ Bend Stress ဒဏ္ခံႏိုင္ရဲ႕လားစသျဖင့္ တိုင္းတာေပးရတယ္ဆိုပါတယ္။

Smartwatch Test

Drop Test
ဒီအဆင့္မွာေတာ့ ျပဳတ္က်တဲ့ဒဏ္၊ အရွိန္ေၾကာင့္ မွန္ကြဲတဲ့အခါမ်ိဳးမွာ ဘယ္ေနရာကပိုျပီးႏူးညံ့သလဲ? အားနည္းခ်က္ရွိတဲ့ေနရာေတြကို Frame Rate မ်ားမ်ားရိုက္ကူးႏိုင္တဲ့ကင္မရာေတြနဲ႔ အေသးစိတ္ၾကည့္ရႈစစ္ေဆးတယ္ဆိုပါတယ္။

Drop Test

Durability Test
စမတ္ဖုန္းတစ္လုံးဘယ္ေလာက္ အၾကမ္းခံလဲ၊ မခံသလဲဆိုတဲ့အခ်က္ဟာ Display တစ္ခုထဲၾကည့္ျပီး ဆုံးျဖတ္လို႔မရပါဘူး။ ဒါေပမယ့္လည္း ဘယ္ေလာက္ Pressure အထိ အဖိခံႏိုင္သလဲ?

Durability Test 1

SIM Card အထုတ္၊ အသြင္း၊ နားၾကပ္ အတပ္၊ အျဖဳတ္လုပ္တဲ့အခါမ်ိဳးမွာပါ စကားေျပာတာမလို႔ ခံႏိုင္ရည္ရွိရဲ႕လား?

Durability Test 2

ဖုန္းကိုေဘာင္းဘီအိတ္ကပ္ထဲထည့္ထားလို႔ မေတာ္တဆတက္ထိုင္မိရင္ေတာင္ ေကြးသြားတဲ့ဒဏ္ခံႏိုင္ရည္ရွိရဲ႕လားဆိုျပီး အမ်ိဳးမ်ိဳး စမ္းသပ္ရတယ္ဆိုပါတယ္။

Durability Test 3

Environment Test Lab
အေပၚက Durability Test မွာ အေျခေနေကာင္းပါရဲ႕၊ စမတ္ဖုန္း Component ေတြ မတူညီတဲ့ ရာသီဥတုအေျခေနေတြမွာ ေျပာင္းလဲႏိုင္သလား? ဥပမာ စိုစြတ္တဲ့မိုးရာသီနဲ႔ အပူခ်ိန္အေျပာင္းလဲျမန္တဲ့ေနရာေတြမွာေရာ ခံႏိုင္ရည္ရွိရဲ႕လားဆိုျပီး ပုံစံငယ္ေလးဖန္တီးျပီး အၾကိမ္ၾကိမ္စမ္းသပ္ရတယ္ဆိုပါတယ္။

Environment Test

Acoustic Lab
ဒီစမ္းသပ္မႈမွာေတာ့ ဖုန္းေရဒီယိုဘယ္ေလာက္အလုပ္လုပ္သလဲ၊ လိုင္းဆြဲအား၊ အသံထြက္အရည္ေသြးနဲ႔ Wi-FI ၊ Bluetooth ခ်ိတ္ဆက္မႈအားလုံး ဘယ္ေလာက္ရွိသလဲစသျဖင့္ အခန္း ၂ ခန္းခြဲျပီး စမ္းသပ္ရပါတယ္။

Acoustic Test 1

ပထမဆုံး ျပင္ပအသံလုံးဝမပါဝင္ေအာင္ အလုံပိတ္အခန္းထဲစမ္းသပ္ရျပီး ဒုတိယတဆင့္မွာေတာ့ လက္ေတြ႔ပတ္ဝန္းက်င္မွာ အသုံးျပဳေနတဲ့ပုံစံနဲ႔ စမ္းသပ္ရပါတယ္။

Acoustic Test 2

2B (akhayar)
www.akhayar.com

[Unicode]

စိတ်ဝင်စားဖွယ် Samsung ရဲ့ Display Panel ထုတ်လုပ်စမ်းသပ်ပုံအဆင့်ဆင့်

Samsung ကတော့ စမတ်ဖုန်းတွေနဲ့ Wearable Gadget တွေမှာ အသုံးပြုနေတဲ့ Display Panel တွေ အဆင့်ဆင့် ဘယ်လိုစမ်းသပ်ထုတ်လုပ်ထားသလဲဆိုတာ ဖော်ပြလိုက်ပါပြီ။ စက်ရုံကနေ Display Panel ထုတ်လုပ်ပြီဆိုတာနဲ့ Reliability Test Group ကနေ အရည်သွေး ပြည့်မီ၊ မပြည့်မီ ပထမဦးဆုံး စမ်းသပ်ပေးတယ်ဆိုပါတယ်၊ ဒီလိုစမ်းသပ်တဲ့ နေရာမှာ အသုံးပြုချင်တဲ့ Galaxy Device (ဥပမာ Galaxy A7 ၊ S9) အလိုက် Specification ကွဲပြားနိုင်သေးပြီး အများဆုံး ၁၂ ကြိမ်ခန့် စမ်းသပ်ရတယ်ဆိုပါတယ်။

Image Quality Test

Image Quality Lab
ဒီစမ်းသပ်မှုမှာ Indoor ၊ Outdoor ၂ မျိုးလုံးပါဝင်ပြီး Indoor အတွက်ဆိုရင် သဘာဝပတ်ဝန်းကျင်ပုံစံအတိုင်း ပြုလုပ်ထားတဲ့အခန်းငယ်ထဲမှာ နေရောင်၊ လမ်းမီးအလင်းရောင် စသဖြင့် Artificial Light တွေနဲ့ စမ်းသပ်ကြပါတယ်။ ဒီလို သဘာဝနဲ့အနီးစပ်ဆုံး ပြုလုပ်ထားတဲ့စမ်းသပ်ခန်းထဲမှာ Image Quality ဘယ်လောက်ရှိသလဲဆိုတာကို လိုချင်တဲ့အနေထားလိုက် အကြိမ်ကြိမ်စမ်းသပ်ရပြီး Indoor ၊ Outdoor ၂ မျိုးစလုံးမှာ Brightness ၊ Colour Clarity ၊ Image Noise နဲ့ တခြား Factor ဘယ်လောက်ရှိသလဲကအစ တင်ပြရပါတယ်။

Image Quality Test

Heat Lab
ဒါကတော့ Display Panel တစ်ခုအနေနဲ့ Thermal Control ဘယ်လောက်ကောင်းသလဲ၊ အထူးသဖြင့် အပူလွန်ကဲတဲ့ Exynos Chip အသုံးပြုထားရတဲ့ Galaxy Device တွေ မိုဘိုင်းဂိမ်းကစားတာဖြစ်ဖြစ်၊ ကင်မရာရိုက်ကူးနေတဲ့အခါမျိုးမှာ အပူပိုထွက်တာမလို့ ဘယ်နေရာက Heat ပိုထွက်သလဲစသဖြင့် တိုင်းတာတယ်ဆိုပါတယ်။

Image & Thermal Test

Waterproof Lab
အထူးသဖြင့် ရေစို၊ ရေစိမ်ခံ Galaxy Smartphone တချို့နဲ့ Smartwatch တွေအတွက်လိုအပ်ပြီး ဖုန်းအတွက်ဆိုရင် ရေအနက် ၁.၅ မီတာမှာ နာရီဝက်အကြာ စိမ်ထားစမ်းသပ်ရပါတယ်။

Waterproof Test 1

Waterproof Test 2

နာရီအတွက်ဆိုရင်တော့ 5ATM Standard အတိုင်း ရေကူးရင် Bend Stress ဒဏ်ခံနိုင်ရဲ့လားစသဖြင့် တိုင်းတာပေးရတယ်ဆိုပါတယ်။

Smartwatch Test

Drop Test
ဒီအဆင့်မှာတော့ ပြုတ်ကျတဲ့ဒဏ်၊ အရှိန်ကြောင့် မှန်ကွဲတဲ့အခါမျိုးမှာ ဘယ်နေရာကပိုပြီးနူးညံ့သလဲ? အားနည်းချက်ရှိတဲ့နေရာတွေကို Frame Rate များများရိုက်ကူးနိုင်တဲ့ကင်မရာတွေနဲ့ အသေးစိတ်ကြည့်ရှုစစ်ဆေးတယ်ဆိုပါတယ်။

Drop Test

Durability Test
စမတ်ဖုန်းတစ်လုံးဘယ်လောက် အကြမ်းခံလဲ၊ မခံသလဲဆိုတဲ့အချက်ဟာ Display တစ်ခုထဲကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမယ့်လည်း ဘယ်လောက် Pressure အထိ အဖိခံနိုင်သလဲ?

Durability Test 1

SIM Card အထုတ်၊ အသွင်း၊ နားကြပ် အတပ်၊ အဖြုတ်လုပ်တဲ့အခါမျိုးမှာပါ စကားပြောတာမလို့ ခံနိုင်ရည်ရှိရဲ့လား?

Durability Test 2

ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ထားလို့ မတော်တဆတက်ထိုင်မိရင်တောင် ကွေးသွားတဲ့ဒဏ်ခံနိုင်ရည်ရှိရဲ့လားဆိုပြီး အမျိုးမျိုး စမ်းသပ်ရတယ်ဆိုပါတယ်။

Durability Test 3

Environment Test Lab
အပေါ်က Durability Test မှာ အခြေနေကောင်းပါရဲ့၊ စမတ်ဖုန်း Component တွေ မတူညီတဲ့ ရာသီဥတုအခြေနေတွေမှာ ပြောင်းလဲနိုင်သလား? ဥပမာ စိုစွတ်တဲ့မိုးရာသီနဲ့ အပူချိန်အပြောင်းလဲမြန်တဲ့နေရာတွေမှာရော ခံနိုင်ရည်ရှိရဲ့လားဆိုပြီး ပုံစံငယ်လေးဖန်တီးပြီး အကြိမ်ကြိမ်စမ်းသပ်ရတယ်ဆိုပါတယ်။

Environment Test

Acoustic Lab
ဒီစမ်းသပ်မှုမှာတော့ ဖုန်းရေဒီယိုဘယ်လောက်အလုပ်လုပ်သလဲ၊ လိုင်းဆွဲအား၊ အသံထွက်အရည်သွေးနဲ့ Wi-FI ၊ Bluetooth ချိတ်ဆက်မှုအားလုံး ဘယ်လောက်ရှိသလဲစသဖြင့် အခန်း ၂ ခန်းခွဲပြီး စမ်းသပ်ရပါတယ်။

Acoustic Test 1

ပထမဆုံး ပြင်ပအသံလုံးဝမပါဝင်အောင် အလုံပိတ်အခန်းထဲစမ်းသပ်ရပြီး ဒုတိယတဆင့်မှာတော့ လက်တွေ့ပတ်ဝန်းကျင်မှာ အသုံးပြုနေတဲ့ပုံစံနဲ့ စမ်းသပ်ရပါတယ်။

Acoustic Test 2

2B (akhayar)
www.akhayar.com