[Zawgyi]
IBM 350 (RAMAC)
Kyaw Zaw (Akhayar)
www.akhayar.com
[Unicode]
Computer မှာသုံးနေတဲ့ Hard Disk Drive တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ
Storage Component အနေနဲ့ Computer မှာ သုံးနေတဲ့ Storage Device တွေ အမျိုးမျိုး ရှိပါတယ်။ Hard Disk Drive (HDD)၊ Solid State Disk (SSD) နဲ့ Solid State Hybrid Disk (SSHD) ဆိုပြီး အမျိုးအစား ၃ မျိုးရှိတဲ့ Storage Device တွေရဲ့ အားသာချက်၊ အားနည်းချက်ကို နှိုင်းယှဥ်ရ ခက်ခဲပါတယ်။ အဲ့ဒါကြောင့် Computer မှာ အသုံးပြုနေတဲ့ Storage Component တွေ အကြောင်း ကွဲကွဲပြားပြား သိရအောင် ဖော်ပြသွားပါ့မယ်။
Different type of Storage Components
Hard Disk Drive (HDD) တွေ ဘယ်လို အလုပ်လုပ်ပါသလဲ
ပထမဦးဆုံး အနေနဲ့ ဖော်ပြပေးချင်တာကတော့ Mainstream Computer တွေမှာ အများဆုံး အသုံးပြုနေတဲ့ Hard Disk Drive (HDD) ပဲဖြစ်ပါတယ်။ HDD ကို Magnetic Storage Device လို့ နောက်တစ်မျိုး ပြောလေ့ရှိပြီး လှုပ်ရှားနိုင်တဲ့ Electro-magnetic Mechanical Component တွေ ပါဝင်လေ့ရှိပါတယ်။ HDD တွေမှာ Data (Read/Write) ရေး/မှတ်ပေးမယ့် Electro-magnetic Actuator Arm တစ်ခုပါဝင်ပြီး အဲ့ဒီ Arm လေးဟာ လည်ပတ်နေတဲ့ Magnetic Disk ရဲ့ Storage Platter မျက်နှာပြင်ပေါ်မှာ Data တွေကို ရေးသား သိမ်းဆည်းပေးတာဖြစ်ပါတယ်။ Mechanical Component တွေ လှုပ်ရှားနိုင်ဖို့ အတွက် HDD တွေမှာ Electric Motor နှစ်ခု ပါဝင်လေ့ရှိပြီး တစ်ခုဟာ Disk လည်ပတ်ပေးဖို့နဲ့ နောက် တစ်ခုက Actuator Arm အတွက်ဖြစ်ပါတယ်။
A Brief Description of Hard Disk
HDD တွေရဲ့ Data Read Method ဟာ Data တွေကို တစ်ခါတည်း Encrypted လုပ်ထားတာဖြစ်ပြီး Storage Platter ထဲမှာ Data တွေကို Sequentially အစီအစဥ်အတိုင်း ဒါမှမဟုတ် Individually တစ်ခုချင်းစီ သိမ်းဆည်းမှာဖြစ်ပါတယ်။ နောက် HDD တွေဟာ Data တွေကို Non-Volatile Memory (NVM) အနေနဲ့ သိမ်းဆည်းမှာဖြစ်လို့ Data တွေဟာ External Power မရှိလဲ Data ပျောက်ပျက် မသွားဘဲ ကျန်ရှိနေမှာဖြစ်ပါတယ်။ HDD မှာ ပါဝင်တဲ့ Mechanical Component တွေရဲ့ အားနည်းချက်ဟာ မတော်တဆ ထိခိုက်တာမျိုးဖြစ်ဖြစ်၊ ပြုတ်ကျလို့ဖြစ်ဖြစ် Shock Damage ကြောင့် Actuator Arm ရဲ့ Header စောင်းသွားရင် Data ရေးမှတ်လို့ မရတော့ပါဘူး။ နောက် Data (Read/Write) ရေး၊ဖတ်နှုန်းဟာ Revolution per Minute (RPM) လို့ ခေါ်တဲ့ Platter Rotation Speed လည်ပတ်တဲ့နှုန်းပေါ် မူတည်နေတာဖြစ်ပါတယ်။ အဲ့သလို HDD ရဲ့ Data Read/Write နှုန်းကို Rotation Speed နဲ့ ဖောပြလေ့ရှိပြီး 7200 RPM ရှိတဲ့ HDD တစ်လုံးဟာ အများဆုံး 100MB/s နဲ့ Read/Write လုပ်ပေးနိုင်ပါတယ်။
Hard Disk Drive တွေ ဘယ်လို ပေါ်ပေါက်လာတာလဲ
ပထမဦးဆုံး HDD အမျိုးအစား တစ်ခုဖြစ်တဲ့ IBM 350 (RAMAC) ကို IBM (International Business Machines) ကုမ္ပဏီကနေ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ထုတ်လုပ်ခဲ့တဲ့ Hard Disk (HD) ရဲ့ အရွယ်အစားဟာ အခုခေတ် ရေခဲသေတ္တာ နှစ်လုံးစာရဲ့ အရွယ်အစားလောက်ရှိပါတယ်။ အဲ့ဒီ RAMAC (Random Access Method of Accounting and Control) ခေါ် IBM 350 မှာ တစ်ပေခန့် ရှည်လျားတဲ့ Actuator Arm နှစ်ခု ပါဝင်မှာဖြစ်ပြီး အထူ ၁.၈ လက်မနဲ့ အချင်း ၂၄ လက်မ အရွယ်အစားရှိတဲ့ Disk Platter အခု ၅၀ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီလို အရွယ်အစား အကြီးမားဆုံး IBM 350 Hard Disk ဟာ 5 MB (Megabyte) ပမာဏခန့်သာ သိမ်းဆည်းထားနိုင်မှာ ဖြစ်တဲ့အတွက် ဒီ Storage Size ဟာ အခုခေတ် MP3 သီချင်းတစ်ပုဒ်စာရဲ့ Storage Size တောင်မရှိပါဘူး။ [MP3 ဆိုတာက Sound Compression Method တစ်ခုဖြစ်တဲ့ Motion Picture Experts Group (MPEG-) Layer 3 Compression ရဲ့ အတိုကောက် ဖြစ်ပါတယ်။ ဒီ MPEG-3 Compression Method ဟာ Lossy Compression Method တစ်ခုလဲဖြစ်ပါတယ်။]
IBM 350 (RAMAC)
အဲ့ဒီတုန်းက မိတ်ဆက်ပေးခဲ့ IBM ရဲ့ RAMAC HDD ဟာ ကန်ဒေါ်လာ ၅၀,၀၀၀ ခန့် ($၁၀,၀၀၀ per Megabyte) တန်ဖိုးရှိပြီး Built-in Hard Disk အမျိုးအစား တစ်ခုလဲဖြစ်ပါတယ်။ IBM 350 ရဲ့ နောက်မျိုးဆက်သစ်အနေနဲ့ ၁၉၆၃ ခုနှစ်မှာ Removable လုပ်နိုင်တဲ့ Hard Disk နောက်တစ်မျိုးကို IBM က ထပ်မံမိတ်ဆက်ပေးခဲ့ပြီး Storage ပမာဏ အနေနဲ့ 2.6 MB သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ IBM ကုမ္ပဏီဟာ Hard Disk Development အပိုင်းမှာ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး ၁၉၈၀ လောက်မှာတော့ ပထမဦးဆုံး Hard Disk တွေထဲမှာ Storage အနေနဲ့ 1 GB [Gigabyte] ပမာဏ ဝင်ဆံ့မယ့် Hard Disk ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၃ လောက်မှာ IBM နဲ့ အပြိုင် Rodmie ကုမ္ပဏီကနေ ပထမဦးဆုံး အသေးငယ်ဆုံး Hard Disk ကိုမိတ်ဆက်ပေးခဲ့ပြီး အရွယ်အစားနေနဲ့ ၃.၅ လက်မခန့်သာ ရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Storage ပမာဏ 10 MB ပမာဏခန့်သာ အသုံးပြုနိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၄၀,၀၀၀ ဒေါ်လာ ကျသင့်မယ့် အားနည်းချက်တွေရှိနေခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၈၀ နောက်ပိုင်း Hard Disk တွေ့ရဲ့ အရေးပါမှု သိသိသာသာ တိုးမြှင့်လာခဲ့တာဖြစ်ပြီး Hard Disk ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပြိုင် ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်လောက်မှာတော့ Seagate ကုမ္ပဏီကနေ ပထမဦးဆုံး 7200 RPM ရှိတဲ့ Hard Disk ကိုမိတ်ဆက်ပေးခဲ့ပြီး 10,000 RPM နဲ့ 15,000 RPM ရှိတဲ့ Hard Disk တွေကို ၁၉၉၆ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဆက်လက် မိတ်ဆက်ပေးခဲ့ပါတယ်။
Hard Disk တွေဟာ Data တွေကို ဘယ်လို (Read/Write) ရေးဖတ်သလဲ
Hard Disk တွေမှာ Physical Moving Part တွေ ပါဝင်တယ်လို့ သိပြီးတဲ့အတိုင်း Data Write/Read လုပ်နိုင်ဖို့ HDD ရဲ့ Controller က ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ HDD တွေမှာ Data Read/Write Process ၂ မျိုးပါဝင်မှာ ဖြစ်ပြီး ပထမဦးဆုံး အနေနဲ့ Operating System ကနေ Controller ကို Data Read/Write လုပ်ဖို့ File Location ရွေးချယ်စီစစ်ပေးမှာ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ Controller က Storage Disk ထဲက ဘယ် File Allocation Tab (FAT) ထဲမှာ Data Read/Write လုပ်မယ်ဆိုပြီး Actuator Arm ကို ရွေ့လျားစေမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လည်ပတ်နေတဲ့ Storage Platter ရဲ့ မျက်နှာပြင်အပေါ်မှာ Data တွေကို တစ်ခါတည်း Encrypted လုပ် အလိုအလျောက် ရေးမှတ်သွားမှာ ဖြစ်ပါတယ်။ [Encrypted Data ကို Cipher Text လို့ ရည်ညွန်းလေ့ရှိပြီး Data အလွယ်တကူ Access လုပ်မရအောင် ကာကွယ်တဲ့ Data Protection Method ဖြစ်ပါတယ်။
Data Read/Write Method Description
Digital Electronics မှာ Data Read/Write Method အတိုင်း (Input Command Read “0” Write “1”) HDD မှာ အသုံးပြုလေ့ရှိတဲ့အတွက် Data Read/Write လုပ်တဲ့အခါ ကွန်ပျူတာ နားလည်အောင် Magnetic Polaris သဘောတရားအရ South to North Pole ကို Write “0” Command နဲ့ North to South Pole ကို Read “1” Command လို့ Data တွေကို Sequentially or Individually Data Read/Write လုပ်ပေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Hard Disk တွေကို နောက်တစ်နည်း Magnetic Storage လို့ ခေါ်ကြတာလည်းပါတယ်။ HDD တွေကို အများသောအားဖြင့် IDE (Integrated Drive Electronics) Interface နဲ့ SATA (Serial Advanced Technology Attachment) Interface အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါတယ်။
Kyaw Zaw (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။