PlayStation ၊ XBox နဲ့ မိုဘိုင်းဂိမ်မာတွေ မကျမနပ်ဖြစ်ရဆုံး ပြဿနာကတော့ Controller Aiming အခက်ခဲပါပဲ။ အထူးသဖြင့် fps (First Person Shooter) နဲ့ Action ဂိမ်းတွေ ကစားရင် လွယ်လွယ် ချိန်လို့မရတဲ့ အားနည်းချက်က အခွင့်ရေးကောင်းတွေကို ဆုံးရှုံးသွားရစေတာပါ။ အဲ့ဒါကြောင့် Controller နဲ့ ကစားရင် ဘာကြောင့်ပစ်ရခက်နေတာလဲအပေါ် ကျနော်ကစားခဲ့တဲ့ အတွေ့ကြုံနဲ့ ယှဉ်ပြီး အရေးကြီးဆုံးအချက်ကို ဖော်ပြထားပါတယ် (မိုဘိုင်းဂိမ်မာတွေလည်း ဒီတိုင်းပဲလို့ သဘောထားပြီး ဖတ်ရှုပြီး Suggestion လေးတွေ ပေးသွားပါဦး)

Sample

တနေ့က သတိရလို့ PS4 နဲ့ Call of Duty: WWII ပြန်ကစားဖြစ်တယ်။ စိတ်ထဲမှာလည်း အရင် COD ဂိမ်းတွေလို Headshot ပစ်မယ်၊ ဒုတိယ ကမ္ဘာစစ်နောက်ခံဂိမ်းဆိုတော့ ဂျာမန်တွေကိုင်တဲ့ Kar98k ရိုင်ဖယ်နဲ့ တကောင်ပြီးတကောင်ဖြုတ်ဖို့ ဆန္ဒပျင်းပြနေတာနဲ့ပဲ WWII ကို အခက်ဆုံး Veteran နဲ့ ဆော့ချပစ်လိုက်တယ်။

မဆော့ခင်လေး ဂိမ်းမှာ ဘာ Achievement တွေ လိုနေလည်း ပြန်ကြည့်လိုက်တော့ Mission တိုင်းလိုလို အခက်ဆုံးနဲ့ ဆော့ဖို့ကျန်နေတယ်။ Heroic Action နဲ့ Memento တွေကတော့ ထားပါတော့၊ တွေ့ဖို့မလွယ်တာနဲ့ ဝင်ချလိုက်ရော၊ အဲ့မှာ D-Day ကမ်းတက်ပြီး ဗုန်းတက်ထောင်ဖို့ နေနေသာ ရန်သူပစ်တာ (Controller ကြောင့်) မနည်းရှောင်နေရတယ်။

D-Day Normandy Beach Screenshot

တချက်မှန်တာနဲ့ သွေးက ဟိုက်ခနဲ၊ ဟိုက်ခနဲဖြစ်နေတော့ (ဘာ Damage မှမရဘဲ ကမ်းတက်နိုင်ခဲ့ရင် Achievement ရဦးမယ်ဆိုတော့) ခေါင်းကစားရပြီ။ ဒါတောင် ရန်သူနဲ့မပစ်ရသေးဘူး၊ စိတ်ထဲမှာလည်း Difficulty ကို ပြန်လျှော့ရင် ကောင်းမလားဆိုတဲ့ အတွေးက ဆတ်ခနဲဝင်လာတယ်။ ဒါမယ့် ဘာလို့မကစားနိုင်ရမှာလဲဆိုပြီး ကိုယ့်အထာနဲ့ကိုယ် လျှောက်ပြေး Daniel လေးကို ပြေးရင်းဝပ်ဝပ်ပေး ဆော့လိုက်တာ အမှတ်မထင် (တကယ်က ကံကောင်းလို့များလားပေါ့) တချက်မှ အပစ်မခံရဘဲ ဗုန်းထောင်နိုင်လိုက်တယ်။

D-Day Normandy Beach Screenshot

အဲ့မှာ ဂျာမန်တပ်သားတွေနဲ့ ပစ်တော့ သူတချက်၊ ကိုယ်တချက်ပဲ (အပြင်မှာတိုင်းပေါ့နော်) ခက်တာက ကိုယ့် M1 Grand ရိုင်ဖယ်က Kar လောက် ပြင်းအားမရှိဘူး။ ဗုန်းကွဲ လမ်းပွင့်သွားလို့ မြေစာမှုန့်တွေ မြင်ကွင်းထဲကျနေချိန် ရန်သူကို အသားယူပစ်မယ်ကြံတုန်း၊ ငနဲသားက လှည့်ပြီး ထုန်းဆို Surprise Shot လုပ်သွားတာ ကိုယ်က တချက်ထဲသေရော။

Wtf ပေါ့၊ ဒါနဲ့ ဘယ်ရမလဲ Reload ပြန်လုပ်ပြီး အဲ့ငနဲသားကို ပြန်ပစ်တာ Headshot ရဖို့ Controller နဲ့ရင်းနှီးအောင် နာရီဝက်လောက် အချိန်ယူလိုက်ရတယ်။ ဘာဖြစ်တာလဲပေါ့၊ Sensitivity ၊ Aiming တွေကို ဂိတ်ဆုံးကေက်တင်ပစ်လိုက်တယ်။ ပြီးတော့ ကတုတ်ကျင်းထဲက နာဇီတွေကို ဆက်ပစ်တယ်၊ Aim Down Sight က လွဲနေတုန်းပဲ၊ Headshot ရဖို့ နေနေသာ ရန်သူတကောင်ကို ကျည် ၅ တောင့်လောက် ဆက်တိုက်ပစ်နေရတော့ စိတ်တိုလာတယ် (သောက်စုတ် Controller ဘာညာနဲ့ရွတ်) တတောင့်ထိုး Kar နဲ့သာဆို စဉ်းစားကြည့်ပေတာ့။

ဆော့လို့လုံးဝမလွယ်ဘူး၊ ဒါနဲ့ PS4 ကို ခဏထားပြီး PC နဲ့ WWII ကိုပဲ ပြန်ကစားကြည့်တယ်၊ အမယ်လေး လွယ်လိုက်တဲ့ Aiming ။ အဲ့ခါမှ သဘောပေါက်လာတယ်၊ Console ၊ ဖုန်းနဲ့ ဆော့ရင် Control မနိုင်ရင် မလွယ်ဘူး။ ဒါနဲ့ Tomb Raider ၊ Shadow of War နဲ့ Resident Evil ဂိမ်းတွေကို အရင်ဆုံး PlayStation နဲ့ ကစားကြည့်တယ်။ အဲ့မှာ Resident Evil ကလွဲလို့ ကျန်တဲ့ ၂ ဂိမ်းအဆင်ပြေပြီး အသားမကျနိုင်တဲ့ လက်မ Aiming က လက်တခုလုံး Mouse ရွေ့ရတာလောက် လုံးဝအားမရဘူးဖြစ်နေခဲ့တယ်။

ဒါနဲ့ XBox Controller ဖြုတ်ပြီး PC မှာ တပ်ကစားပြန်တော့လည်း ဒီတိုင်းပဲ ဖြစ်နေပြန်တယ်။ WWII မှာ ပထမဆုံးခန်းကနေ မတက်ဘူး။ ပိုဆိုးတာက PlayStation Controller လောက် ကိုင်ရအဆင်မပြေဖြစ်နေတယ်။ အဲ့ဒါနဲ့ ဂွပ်ကနဲ XBox ကို ပိတ်ပစ်လိုက်ပြီး PS4 ရှေ့မှာထိုင် Call of Duty ကို တမုန်းဆော့တော့တာပဲ။

Photo: Future CDN

Veteran နဲ့ဆော့တာ ဘယ်လောက် ခက်လဲမသိ၊ ဆေးအိတ်တောင်းတဲ့ Achievement က ဂိတ်ဆုံးသွားတယ်၊ သေတာလည်း မနည်း၊ ဒါပေမယ့် PS Controller နဲ့အသားကျလာတယ် ထင်ပါ့၊ ရန်သူသတ်နိုင်တော့ ဘဝင်မြင့်ချင်လာတယ်၊Stand > Shot ကနေ Move/Run > Shot ပြေးရင်းနဲ့ပါ ရန်သူကို ပစ်တတ်လာတယ်၊ Headshot တွေလည်း မှန်ချက်၊ Kar နဲ့တောင် မဆွဲပဲ M1912 Pistol နဲ့ချည်းပစ်တာ ဦးထုပ်လေးတွေ လေထဲဝဲဝဲတက်နေလို့ ကျေနပ်မိလာတယ် (အမှန်က Noob နေတုန်းပဲ)

ဒါနဲ့ Death Factory ၊ Hill 493 Mission ရောက်တော့ ဂိမ်းကမတရားခက်လာတယ်၊ နာဇီတင့်ကားနောက် ဗုန်းထောင်ရတဲ့အခန်းကို Normal နဲ့တုန်းက ဘာမှအားမစိုက်ထုတ်လိုက်ရဘဲ အောင်ခဲ့ပေမယ့် Veteran မှာ ၂ နာရီကျော်သွားတဲ့အထိ အဲ့ Mission ကနေ မတက်နိုင်ဘူး။ ကြံရာမရတာနဲ့ နာဇီစစ်သားတွေ ခုန်ချမယ့်နေရာကို ဗုန်း ၄ လုံးစလုံး ပစ်ကျွေးလိုက်တယ်၊ တင့်ကားက Circling လုပ်နေတာ့ ကိုယ့်နားရောက်တာနဲ့ Smoke ဗုန်းထပ်ကြဲပြီး အသေလိုက်ကပ် ဗုန်းထောင်လိုက်မှပဲ အောင်သွားတော့တယ် (ဒါတောင် Checkpoint ရပြီးမှ ကိုယ်သေသွားလို့ ထပ်မ Try လိုက်ရတာ)

ဒါကြောင့် fps ဂိမ်းဆော့တဲအခါ Console ဂိမ်မာတွေကို အသိပေးလိုတာက Gameplay နဲ့ အရင်ဆုံး ရင်းနှီးစေလိုပါတယ်။ Call of Duty နဲ့ပြောရမယ်ဆိုရင် Controller Aiming ကို ကိုယ့်လက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် အရင် Adjust လုပ်လိုက်ပါ။ ဘာလို့လဲဆိုတော့ Suppressive Fire ၊ Ambush နဲ့ Cover Fire လုပ်ရတဲ့အခါ စက္ကန့်ပိုင်းအတွင်း ရန်သူကိုသေအောင်သတ်မှ Survive ဖြစ်မှာဆိုတော့ ကိုယ့် Aiming လုပ်တာနဲ့ Target ချိန်ကွင်းတခါထဲ ထပ်တူကျနေဖို့ ခဏလောက် လေ့ကျင့်လိုက်ပါ (ထင်သလောက် မလွယ်ပါဘူး)

Photo Credit (COD World at War: netdna-ssL)

ဒီလို Practice Makes Perfect ဖြစ်လာခါကျမှ ဂိမ်း Difficulty ကို အမြင့်ဆုံးထားပြီး ကိုယ့်ရဲ့ Accuracy ဘယ်လောက်ရှိနေပြီလဲ၊ Weapon အားလုံးကို Master လုပ်နိုင်ပြီလားလို့ ဆန်းစစ်ကြည့်ပါ။ ကျနော် အခုပြောတဲ့အချက်က အရေးပါဆုံးဆိုပေမယ့် နှစ်သက်သလို လေ့ကျင့်၊ ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပဲ တခြား fps ဂိမ်းတွေနဲ့ Action Shooter ဆော့ရင်လည်း Controller Sensitivity က အရေးပါတာ မမေ့ပါနဲ့။ ပရိသတ်ကြီးထဲမှာရော Console နဲ့ဂိမ်းဆော့တိုင်း Shooter Master ဖြစ်နေပြီလား၊ ဒီလိုပဲ ဖုန်းတွေနဲ့ PUBG ဆော့တဲ့အခါ Sensitivity က ဘယ်လောက် အရေးကြီးသလဲဆိုတာ ကြက်သားစားနေရတဲ့ Rank မြင့်တဲ့ ပရိုပလေယာတွေကို Suggestion ပေးဖို့တောင်းဆိုလိုပါတယ်။

2B (Akhayar)
www.akhayar.com